EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨မုံရွာ🚨

မုံရွာတောင်၊‌ မြေနဲ၊အောင်သာလမ်းကူးသို့ရောက်ရှိနေသော စခကင်းများသည် စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်‌ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Jan 21, 5:33PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍3
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လအလိုက် အရပ်သားပြည်သူ ထိခိုက်သေဆုံး၊ ပျက်ဆီးမှုပြ ဇယား

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း (၂,၃၂၆) ဦး၊ ဒဏ်ရာရရှိမှု စုစုပေါင်း (၄,၁၄၆) ဦးထိ ရှိခဲ့ပြီး အောက်တိုဘာလ၊ ဩဂုတ်လ နှင့် ​မေလ တို့တွင် လေကြောင်းက အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
😢2
🚨ရေစကြို🚨

ရေစကြိုမြို့ ခလရ ဖူလုံတပ် မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်‌နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 21, 10:00PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်

#EIO
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
2🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3
🚨မုံရွာ🚨

အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို https://t.me/eagleinformationoperator/194 ယခင်နှစ်များကအတိုင်း ပြန်လည်၍ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။မိမိတို့မှာနေ့စဉ် အသိပေးစာ၊သတိပေးစာများ ထုတ်ပြန်ကြေငြာသော်ငြားလည်း သတိပြုလိုက်နာဖို့ရန်မှာ မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများ၏ တာဝန်သာဖြစ်ပါသည်။ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ စားဝတ်နေရေးကြောင့်သော်လည်းကောင်း၊ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက သက်ဆိုင်ရာဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏သတိ‌ပေး ထုတ်ပြန်ချက်များ၊‌မြေပြင်သတင်းချန်နယ်များကြည့်ရှု့ခြင်း၊နယ်မြေခံဆွေမျိုးပေါက်ဖော်၊မိတ်ဆွေများနှင့် အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါရန်၊အချင်းချင်းကူညီရိုင်းပင်းကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ အနူးညွတ်မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
🙏3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲ-မိုးညှင်း ပေလမ်းဆုံသို့ရောက်ရှိနေပြီး ပြည်သူအလာကားများအား ငတ်ကြီးကျတောင်းရမ်း‌နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 6:53AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🥰2🤬1
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 22, 6:56AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍2🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် အရှေ့ ပေလမ်းမဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 7:44AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍3
🚨ချောင်းဦး🚨

ခင်မွန်၊ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 22, 8:59AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏3
🚨ဆားလင်းကြီး🚨

ဆားလင်းကြီးနယ်၊ဝမ်ပေါင်မှထွက်လာသော စခစစ်ကြောင်းသည် ဖောင်းကားမြောက်ရွာသို့ စတင်ဝင်ရောက်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 9:10AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏4
🚨မုံရွာ🚨

မုံရွာမြို့ ၊သာစည်လမ်း၊ ကန်သာဘုန်းကြီးကျောင်း၊ကြက်မှုဇုန်နှင့်အက်‌တောအဝိုင်းပတ် စသည့်‌နေရာများသည် ပုံမှန်နေ့စဉ် စခများမှ အိမ်စီးကားများဖြင့် လှည့်ပတ်ပြီး ကင်းပုန်းယူ၍ ပြည်သူအသွားအလာများကို ရှောင်တခင်၊မထင်ရင်မထင်သလို အစစ်ဆေးများပြုလုပ်၍ဖမ်းဆီးကြောင်း ပေါ်တာဆွဲကြောင်းသတင်းရရှိထားပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ဂရုစိုက်၍သွားလာကြပါရန် #EIO မှ အနူးညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏4
🚨ဆားလင်းကြီး🚨

ဆားလင်းကြီးနယ်၊ဝမ်ပေါင်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 22, 9:41AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏3
🚨မုံရွာ🚨

မုံရွာနယ်၊ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင် အထိုင်ဝပ်ကျင်းချ‌ရာမှ ထွက်လာသော စခကင်းများသည် ကျောက်ကာမြောက်ရွာတွင် ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 9:45AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏3
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏4
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🙏2
Forwarded from BBM
သားစဥ်မြေးဆက် စစ်ကျွန်ဘဝမရောက်စေဖို့ အချင်းချင်းထိန်းကြောင်းပေးမှရတော့မယ့် တော်လှန်ရေး
(ဆောင်းပါးရုပ်သံ)
ရေးသားသူ - မင်းသော်

ဒီနောက်ပိုင်း ကျွန်တော်တို့ဟာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းဆိုသူတွေရဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပွတ်တိုက်မှုတွေ၊ မကျေလည်မှုတွေ၊ လက်နက်နဲ့ဖြေရှင်းနေတာမဟုတ်တောင် အပေါ်ယံအသေးအဖွဲဖြေရှင်းနည်းနဲ့မဟုတ်တဲ့ ဖြေရှင်းမှုတွေကို ခပ်စိပ်စိပ်မြင်တွေ့နေရတာတွေရှိနေပါတယ်။ ဒါတွေကို မြင်သာအောင်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တောင်ပိုင်းတိုင်းထဲကNUGလက်အောက်ခံ စစ်ဒေသမှူးနဲ့အဖွဲ့ကို KNLAတပ်ဖွဲ့က ခေတ္တထိန်းသိမ်းတာတွေ၊ အညာဘက်က NUG လက်အောက်ခံတပ်တွေနဲ့ တချို့သော Local တပ်ဖွဲ့တွေကြား ဂိတ်ကိစ္စ၊ အခွန်ကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏအငြင်းပွါးနေကြတာတွေအပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့အချို့နဲ့ ပြည်ပထောက်ပို့အချို့ ပဋိပက္ခဖြစ်နေပြီး သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ သဘောထားကွဲနေကြတာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

ရွှေတွင်းနဲ့ စီးပွါးရေးလုပ်ကွက်တွေ ပေါတဲ့မန္တလေး-မတ္တရာ-ဖော့တော-မိုးကုတ်လမ်းပိုင်းတွေကို ခုဆို စစ်တပ်က ပြန်ထိန်းချုပ်သွားပြီ၊ ပြီးတော့ မန္တလေး-သပိတ်ကျင်း-တကောင်း-ကြာညှပ် လမ်းပိုင်းတွေကနေတဆင့် ကသာ၊ ဗန်းမောက်နဲ့ ကချင်ပြည်နယ်အတွင်းထိ လမ်းကြောင်းပွင့်အောင်လည်း စစ်တပ်ရဲ့ထိုးစစ်တွေဟာ အခု သပိတ်ကျင်းကိုပင် ကျော်လာနေပြီ၊ ဒါ့အပြင် ကရင်ပြည်မှာဆိုရင်လည်း စီးပွါးရေးအရ အရေးပါတဲ့ မြဝတီ အာရှလမ်းမကြီးကို တော်လှန်ရေးအင်အားစုတွေက ပြန်ပြီလက်လွှတ်ထားရရုံတင်သာမက မြဝတီမြို့ရဲ့တောင်ဘက်ခြမ်းဘက်ဖြစ်တဲ့ မင်းလက်ပံ၊ ဖလူးလေးဒေသကိုပါ ထိုးစစ်ဆင်ခံနေရတဲ့အနေအထားမျိုးနဲ့ရင်ဆိုင် နေရပါတယ်။မြဝတီမြို့ရဲ့တောင်ဘက်ခြမ်းဘက်ဖြစ်တဲ့ မင်းလက်ပံ၊ ဖလူးလေးဒေသကိုပါ ထိုးစစ်ဆင်ခံနေရတဲ့ အနေအထားမျိုးနဲ့ရင်ဆိုင် နေရပါတယ်။

ဆောင်းပါးရုပ်သံအပြည့်အစုံကို ကြည့်လိုက်ရအောင်။

#bbmtv #ArticleVideo #Revolution #Myanmar #MilitaryCouncil #PDF


https://www.facebook.com/share/p/1Dbg1AHGuq/
👍2