“လုယူ၊ တောင်းယူ၊ ဝယ်ယူလို့ မရတဲ့အရာတွေ”
🔳 လူတွေအများကြီးနဲ့ တွေ့ဆုံရတာ မကြိုက်ပေမဲ့ ကိုယ်နဲ့ အဆင်ပြေတဲ့သူတွေနဲ့ Deep conversation လုပ်ရတာတော့ ကြိုက်တယ်။ ဒါလည်း စာဖတ်ခြင်းတစ်မျိုးပဲကိုး။
🔳 ဒီနေ့လည်း စကားတစ်ခွန်း ကြားလိုက်ရတယ်။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပေမဲ့ ပြောသူရဲ့ ဖြတ်သန်းမှုအရ ကိုယ့်အတွက် လေးလေးနက်နက် ဖြစ်ခဲ့တယ်။
ဘာလဲဆိုတော့ “Place is earned.” တဲ့။
နေရာဆိုတာ ကိုယ့်ဘက်က ရယူရတာပေါ့။ ဒီနေရာမှာ လူငယ်တွေ၊ အမျိုးသမီးတွေ၊ LGBT တွေကို နေရာမပေးဘူး ဆိုတဲ့ အင်စတီကျူးရှင်းအဆင့်မှာ ဖြစ်နေတာတွေကိုတော့ ထည့်မဆွေးနွေးတော့ဘူး။ တစ်ကိုယ်စာနဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ထဲက နေရာ၊ လူတွေရင်ထဲက နေရာကိုပဲ အဓိကထား ပြောသွားမယ်။
🔳 ရာထူးဆိုတဲ့ Position ဟာ မလိုအပ်ဘူးလားဆို လိုအပ်တယ်။ ဒါပေမဲ့ တကယ့်အလုပ်ခွင်ထဲ နေရာပေးခံရခြင်း၊ မခံရခြင်းက ရာထူးနဲ့ အခါခပ်သိမ်း ဆိုင်မနေဘူး။ သူ့ရဲ့ အရည်အချင်း၊ အလုပ်လုပ်ပုံ၊ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး၊ ဒါတွေက ပိုပြီး အရေးကြီးတယ်။
ဒါကြောင့် အဖွဲ့အစည်းကနေ တပ်ပေးထားတဲ့ ရာထူးထက် ဒီအဖွဲ့ထဲမှာ ကိုယ်နဲ့ တွဲလုပ်တဲ့ လူတွေကနေ သူတို့စိတ်ထဲ ပေးထားတဲ့ နေရာက ပိုအရေးပါတယ်လို့ ဆိုနိုင်တယ်။
မိသားစုတွေမှာလည်း ဒီလိုပဲ။ တစ်ခုခုဖြစ်လာရင် ပြေးသတိရတဲ့၊ အားကိုးကြရတဲ့လူ ဆိုတာ တစ်ယောက်မဟုတ် တစ်ယောက် ရှိတတ်ကြတာပဲ။ အကြောင်းမဲ့တော့ ဒီလိုဖြစ်နေတာ မဟုတ်ဘူးပေါ့။
🔳 တိုင်းပြည်နဲ့ချီတဲ့ကိစ္စတွေ ကြည့်ဦးမလား။ ပြည်သူလူထုရဲ့ ရင်ထဲမှာ သူတို့ကိုယ်တိုင်က လိုလိုလားလား နေရာပေးထားတဲ့သူတွေ အများကြီးရှိတယ်။ ဘယ်လိုဖျောက်ဖျက်ဖျောက်ဖျက် အဲဒီနေရာက ပျောက်မသွားဘူး။ လူက အသက်မရှိတော့ရင်တောင် ပေးထားတဲ့ နေရာက ကျန်နေဆဲပဲ။
ဟော … တစ်ဖက်မှာလည်း အာဏာတွေ၊ အမိန့်တွေ၊ လက်နက်တွေအားကိုးနဲ့ နေရာယူနေသူတွေ ရှိပြန်တာပဲ။ ဘယ်လိုပဲ ဝါဒတွေဖြန့်ဖြန့်၊ ရုပ်တုတွေထုထု၊ သီချင်းတွေစပ်စပ်၊ လူတွေရဲ့ ရင်ထဲကိုတော့ ရောက်မလာဘူး။ ဘယ်တော့မှလည်း ရောက်လာမှာ မဟုတ်ဘူး။
ဘာလို့ဆိုတော့ နေရာဆိုတာ လုယူ၊ တောင်းယူလို့ ရတာမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်ယူရတာ ဖြစ်လို့ပါပဲ။
🔳 လေးစားမှုတို့၊ နာမည်ဂုဏ်သတင်းတို့ကလည်း ဒီလိုပါပဲ။ နှစ်ရှည်လများ တည်ဆောက်လာရတာ။ Popularity က ချက်ချင်းရတယ်။ မိနစ်ပိုင်းလေးအတွင်းတောင် နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်တယ်။ လေးစားမှုကတော့ အချိန်ပေး တည်ဆောက်ရပါတယ်။
🔳 ယုံကြည်မှုကလည်း ထိုနည်းလည်းကောင်းပါပဲ။ ငါ့ကို ယုံကြည်ပါ လိုက်ပြောနေရုံနဲ့ မပြီးပါဘူး။ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အရည်အချင်းက လူယုံကြည်လောက်စရာ ဖြစ်နေရင် ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်နောက်ကို ပါလာကြမှာပါပဲ။
🔳 နောက်ထပ် ဝယ်လို့မရတာတစ်ခုက ကျန်းမာရေး။
ဟုတ်တယ်။ ပိုက်ဆံရှိရင် အားဆေးတွေ ဝယ်လို့ရတယ်။ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်လို့ရတယ်။ ရောဂါဖြစ်လာရင် အကောင်းဆုံးဆေးရုံတွေမှာ အကောင်းဆုံးဆရာဝန်တွေနဲ့ ကုသလို့ရတယ်။ ဒါပေမဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုတော့ ဝယ်လို့ မရဘူး။
အစားအသောက် ဆင်ခြင်မယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်မယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံကို အစဉ်တစိုက် ထိန်းသိမ်းမယ် ဆိုမှ ရလာနိုင်တာမျိုး ဖြစ်တယ်။ တစ်ရက်တစ်မနက် စိတ်ကူးပေါက်တုန်း ထလုပ်လို့ ရလာမယ့်အထဲမှာ ကျန်းမာရေး မပါဘူး။
🔳 နောက်ဆုံးတစ်ခုက ပျော်ရွှင်မှု ဆိုတဲ့ Happiness.
ဒါကိုလည်း ကျွန်တော်တို့ဟာ တခြားနေရာတွေဆီကနေ ရှာကြတယ်။ ဘယ်အခြေအနေဆို ငါပျော်ရမယ်၊ ဘယ်သူက ငါ့ကို ဘယ်လိုဆက်ဆံပေးရင် ပျော်ရမယ် စသဖြင့်ပေါ့။
အဲဒီလို အခြေအနေတစ်ခုခု၊ လူတစ်ဦးတစ်ယောက်ဆီက မျှော်လင့်နေတဲ့ ပျော်ရွှင်မှုကလည်း ဘယ်တော့မှ ရေရှည်မခံဘူး။ သူ့ဘက်က ပြောင်းလဲသွားတာနဲ့ ကိုယ့်စိတ်ပါ လိုက်ပြီး ပြောင်းလဲရရော။
ကိုယ်တိုင်ရယူထားတဲ့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုကသာ အာမခံချက် ပိုပေးနိုင်တာ ဖြစ်ပါတယ်။
🔳 ဒါဖြင့် ဘယ်လိုရယူရမှာလဲ မေးရင်တော့ ရှင်းပါတယ်။ ကိုယ့်ရဲ့ Action နဲ့ Attitude ပါပဲ။
တစ်နေ့ တစ်နေ့ ကိုယ်ဘာတွေလုပ်နေသလဲ၊ ဘဝမှာ ကြုံတွေ့လာရသမျှ အဖြစ်အပျက်တိုင်းကို ဘယ်လိုခံယူချက်မျိုး ထားသလဲ၊ ဘယ်လိုနှလုံးသွင်းပြီး ရင်ဆိုင်သလဲ၊ ဒါတွေကပဲ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ (Inner landscape) ကို ပုံဖော်ပေးလိုက်တာပါ။
စိတ်ခံစားချက်ဖြစ်တာမို့ ရှေ့မှာ ပြောခဲ့တဲ့ နေရာတွေ၊ လေးစားမှုတွေ၊ ယုံကြည်မှုတွေ၊ ကျန်းမာရေးတွေထက်တောင် အပြောင်းအလဲ ပိုမြန်တယ်။ ခုပျော်နေတဲ့ ခံစားချက်၊ ခုရနေတဲ့ ငြိမ်းချမ်းမှုဟာ နောက်မိနစ်၊ နောက်စက္ကန့်မှာ ပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် တောက်လျှောက် လုပ်ယူနေရမယ့် အရာလည်း ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၁.၂၀၂၆

❤2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️ တော်လှန်ရေး ဝန်ထမ်းကောင်းများ အလိုရှိသည် ‼️
တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်နေကြသော၊အလုပ်လုပ်နေကြသော ရဲဘော်များ ဘေးကင်းစွာဖြင့် အလုပ်လုပ်နိုင်ဖို့နှင့်အပြစ်မဲ့ပြည်သူတွေ ဘေးကင်းကြစေဖို့ရန်အတွက် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)တွင် အချိန်ပိုင်း(သို့မဟုတ်)အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်ပြီး သတင်းပိုင်းအားတက်ကြွစွာ (လုပ်ကိုင်ချင်စိတ်၊ပါဝင်လိုစိတ်)ဖြင့် ဆန္ဒပြင်းပြသည့် #Reporter အပိုင်း တာဝန်ထမ်းဆောင်မည့်သူများ အလိုရှိပါသည်။
ဆက်သွယ်မေးမြန်းရန် - http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com

🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

🙏2👍1

စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................
🚨🚨သူတစ်ပါးကိုယ်ပိုင် အမှတ်အသား၊ကိုယ်ပိုင်အာဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါတယ်။
နောင်လူငယ်တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"
မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)
#Admin Team
#Eagle Information Operator

💯2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။
ဒေါ်အောင်ဆန်းစုကြည်
#EIO
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio

❤2🥰1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator

‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️
အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိူးဆော်လိုက်ပါသည်။
မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

🚨မုံရွာ🚨
အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို https://t.me/eagleinformationoperator/194 ယခင်နှစ်များကအတိုင်း ပြန်လည်၍ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။မိမိတို့မှာနေ့စဉ် အသိပေးစာ၊သတိပေးစာများ ထုတ်ပြန်ကြေငြာသော်ငြားလည်း သတိပြုလိုက်နာဖို့ရန်မှာ မိဘပြည်သူ၊ညီအစ်ကိုမောင်နှမများ၏ တာဝန်သာဖြစ်ပါသည်။ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ စားဝတ်နေရေးကြောင့်သော်လည်းကောင်း၊ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက သက်ဆိုင်ရာဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏သတိပေး ထုတ်ပြန်ချက်များ၊မြေပြင်သတင်းချန်နယ်များကြည့်ရှု့ခြင်း၊နယ်မြေခံဆွေမျိုးပေါက်ဖော်၊မိတ်ဆွေများနှင့် အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါရန်၊အချင်းချင်းကူညီရိုင်းပင်းကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ အနူးညွတ်မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator

⚜️လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်များ⚜️
https://t.me/earorg
https://t.me/witnessenemyairscout
https://t.me/nasairscoutteam
https://t.me/WaiHin
အထက်ပါ လေကြောင်းသတင်းနှင့်ပတ်သတ်သည့် တယ်လီဂရမ်သတင်းချန်နယ်များအား စုစည်းတင်ပြလိုက်ပါသည်။ မိမိတို့ #EIO ချန်နယ်သည် လေကြောင်းသတင်းချန်နယ်မဟုတ်သည့်အတွက် မိဘပြည်သူများနှင့် တလရရဲဘော်များ သိရှိစေရန်အနေဖြင့် #EIO Admin Team မှ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။
#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
https://t.me/earorg
https://t.me/witnessenemyairscout
https://t.me/nasairscoutteam
https://t.me/WaiHin
အထက်ပါ လေကြောင်းသတင်းနှင့်ပတ်သတ်သည့် တယ်လီဂရမ်သတင်းချန်နယ်များအား စုစည်းတင်ပြလိုက်ပါသည်။ မိမိတို့ #EIO ချန်နယ်သည် လေကြောင်းသတင်းချန်နယ်မဟုတ်သည့်အတွက် မိဘပြည်သူများနှင့် တလရရဲဘော်များ သိရှိစေရန်အနေဖြင့် #EIO Admin Team မှ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။
#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨အထူးသတိပြုရန်🚨
ယခုရက်ပိုင်းတွင် စကစသည် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊Scout drone များလွှတ်တင်၍ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များမှ သိရှိထားပါသည်။သို့ဖြစ်ပါ၍ တလရ ရဲဘော်များအနေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ လုံခြုံရေးသတိ ရှိကြပါရန် #EIO Admin Teamမှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104
#VTOL 370 Scout Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17105
#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
ယခုရက်ပိုင်းတွင် စကစသည် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊Scout drone များလွှတ်တင်၍ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များမှ သိရှိထားပါသည်။သို့ဖြစ်ပါ၍ တလရ ရဲဘော်များအနေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ လုံခြုံရေးသတိ ရှိကြပါရန် #EIO Admin Teamမှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104
#VTOL 370 Scout Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17105
#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
🚨ရွှေဘို🚨
ရွှေဘို၊လေ့ကျင့်ရေး(၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Jan 21, 10:27AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
ရွှေဘို၊လေ့ကျင့်ရေး(၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Jan 21, 10:27AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation

EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ရွှေဘို🚨 ရွှေဘို၊လေ့ကျင့်ရေး(၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏…»
🚨မုံရွာ🚨
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jan 21, 10:34AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jan 21, 10:34AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 21, 10:34AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨မုံရွာ🚨
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jan 21, 10:36AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jan 21, 10:36AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
👍2❤1
🚨ရွှေဘို🚨
ရွှေဘို၊လေ့ကျင့်ရေး(၈)မှ စခများသည် ထပ်မံ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Jan 21, 10:47AM