EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်းတွင် စကစသည် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊Scout drone များလွှတ်တင်၍ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များမှ သိရှိထားပါသည်။သို့ဖြစ်ပါ၍ တလရ ရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ လုံခြုံရေးသတိ ရှိကြပါရန် #EIO Admin Teamမှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone ‌အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏2👍1
🚨မြင်းမူ🚨

မြင်းမူနယ်၊ပျော့ရွာ စာသင်ကျောင်းထဲတွင် အခြေပြုအထိုင်ချ တပ်စွဲထားသော စခများသည် လက်နက်ကြီးဖြင့် (၃)ကြိမ်တိတိ ရမ်းသမ်းပစ်ခတ်ထားကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 19, 4:15PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်

#EIO
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
1🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
🚨မုံရွာ🚨

အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို https://t.me/eagleinformationoperator/194 ယခင်နှစ်များကအတိုင်း ပြန်လည်၍ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။မိမိတို့မှာနေ့စဉ် အသိပေးစာ၊သတိပေးစာများ ထုတ်ပြန်ကြေငြာသော်ငြားလည်း သတိပြုလိုက်နာဖို့ရန်မှာ မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများ၏ တာဝန်သာဖြစ်ပါသည်။ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ စားဝတ်နေရေးကြောင့်သော်လည်းကောင်း၊ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက သက်ဆိုင်ရာဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏သတိ‌ပေး ထုတ်ပြန်ချက်များ၊‌မြေပြင်သတင်းချန်နယ်များကြည့်ရှု့ခြင်း၊နယ်မြေခံဆွေမျိုးပေါက်ဖော်၊မိတ်ဆွေများနှင့် အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါရန်၊အချင်းချင်းကူညီရိုင်းပင်းကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ အနူးညွတ်မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
🙏2
🚨ဘုတလင်🚨

ဘုတလင်မြို့တွင်းမှ ထွက်လာသော စခများသည် ကံသစ်ရွာ၏ ပေလမ်းအရှေ့ဘက် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 20, 5:21AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍2
🚨ဝက်လက်🚨

ဝက်လက်နယ်အရှေ့ခြမ်း အင်ဒေါင်းရွာသို့ ရောက်ရှိနေသော စခပခများသည် မြောက်သို့ ဦးတည်၍ထွက်နေကြောင်းသတင်းရရှိ။

#EIO
Jan 20, 6:50AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍21
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား အခွံ(၆)စီးသည် ဖန်ခါးကျင်းရွာဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 20, 7:11AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား အခွံ(၆)စီးသည် ဖန်ခါးကျင်းရွာဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 20, 7:11AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨ဘုတလင်🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား အခွံ(၆)စီးသည် ဘုတလင်နယ်၊အနောက်ဇီးတောရွာ၏တောင်ဘက်တွင်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 20, 7:20AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍21
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 20, 7:57AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား အခွံ(၆)စီးသည် ဘုတလင်နယ်၊အနောက်ဇီးတောရွာ၏တောင်ဘက်တွင်ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Jan 20, 7:20AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨မုံရွာ-ဘုတလင်🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားများသည် ဘုတလင်နယ်၊အနောက်ဇီးတောရွာမှ စခများတင်ဆောင်၍မုံရွာနမခသို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။
အနောက်ဇီးတောရွာတွင် စခသံပြားကာကား(၁)စီးနှင့် .5စက်လက်ကြီးပါကား(၁)စီးကျန်ရှိနေသေးကြောင်းထပ်မံသိရ။

#EIO
Jan 20, 8:08AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍1🙏1
🚨စစ်ကိုင်း🚨

စစ်ကိုင်း၊အုန်းတော တကရ(6005)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 20, 8:10AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 20, 7:57AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် မုံရွာမြို့၊အောင်ချမ်းသာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 20, 8:10AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍1🙏1
🚨ချောင်းဦး🚨

နတ်ရေကန်ဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 20, 8:30AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် မုံရွာမြို့၊အောင်ချမ်းသာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 20, 8:10AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨မုံရွာ-ဆားလင်းကြီး🚨

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်မှ မြစ်အနောက်ဘက်ကမ်းကူး၍ ဆားလင်းကြီးနယ်၊ဝမ်ပေါင်သို့ ဝင်‌ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Jan 20, 8:58AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍1
🚨ဝက်လက်🚨

(11:30)အချိန်ခန့်တွင် ဝက်လက်နယ်အရှေ့ မြောက်ခြမ်း ထုံးဘိုရွာနှင့်ရှားကွဲရွာသို့ ရောက်ရှိနေသော စခပခများသည် တောင်ဘက်သို့ ဦးတည်၍ထွက်နေကြောင်းသတင်းရရှိ။

#EIO
Jan 20, 11:50AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
အရာတော်နယ်ကို စစ်အုပ်စု လေးရက်ဆက်တိုက်ဗုံးကြဲ အရပ်သားလေးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ၊

ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ - ၂၀

စစ်ကိုင်းတိုင်း၊ အရာတော်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းအတွင်းက ကျေးရွာတွေကို ဇန်နဝါရီလ ၁၇ ရက်ကနေ ၂၀ ရက်အထိ လေးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ လေးဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်က အရာတော်နယ်တောင်ပိုင်း ကံရင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းအနီးကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်မှာတော့ အရာတော်နယ်မြောက်ခြမ်းက ကျေးရွာတစ်ရွာကို ဂျိုင်ရိုကော်ပတာနဲ့လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတာကလွဲရင် အရပ်သားထိခိုက်သေဆုံးတာမျိုး မရှိဘဲ ဇန်နဝါရီလ ၁၉ ရက် လေကြောင်းတိုက်ခိုက်မှုမှာတော့ အရပ်သားတစ်ဦး သေဆုံးကာ ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာတော့ အရာတော်မြောက်ပိုင်းက ကျေးရွာတစ်ရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးတွေ ကြဲချခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအောင်စည်က ပြောပါတယ်။

"ထိခိုက်ကတော့ လောလောဆယ်မရှိပါဘူး။ နေအိမ်တွေတော့ ပျက်စီးတာရှိပါတယ်။ ဗုံးက တော်တော်ဝေးဝေးကို ကျသွားလို့ သက်သာသွားတာပါ။ မနေ့က ဖြစ်စဉ်မှာတော့ တစ်ဦးသေဆုံးပြီး ခြောက်ဦးလောက် ဒဏ်ရာရတယ်"

အရာတော်မြို့နယ်ကို အခုရက်ပိုင်းအတွင်းမှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို ဆက်တိုက်နားစွင့်နေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ အရာတော်မြို့နယ်ကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲကာ ပြည်သူတွေကို အကြောက်တရားပေးနေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

MFPရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ အချက်အလတ်တွေအရ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ဇန်နဝါရီလ ၁၉ ရက် တစ်ရက်ထဲမှာပဲ လေကြောင်းဗုံးကြဲခံရတာကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

#Mandalay_Free_Press_MFP
#အည#စစ်ကိုင်း #မန္တလေး #မကွေး
1😢1
နိုင်ငံရေးလုပ်ပြီး
မိမိကိုယ်ကျိုးစီးပွားမရှာတဲ့
သူရဲကောင်းများ အလိုရှိသည်

တက္ကသိုလ်စိန်တင်
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး):
“Gyrocopter၊ Paramotor တို့ကို တန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ”

🔹ဇော်ထူး(CDM)

အကြမ်းဖက်စစ်ကော်မရှင်တပ် အသုံးပြုနေသော စက်တပ် လေထီး/လေယာဉ်နှစ်မျိုးအကြောင်းနှင့်တကွ ပြည်သူနှင့်တော်လှန်ရေးတပ်များအနေဖြင့် သတိပြုရန်၊ ကာကွယ်ရန်၊ တုံ့ပြန်ရန် လိုအပ်သည့်အချက်များအား ရေးသားတင်ပြလိုပါသည်။

၂၀၂၃ ခုနှစ်မှစ၍ မြန်မာစစ်ကော်မရှင်တပ်သည် စစ်ဆင်ရေးအတွက် မြန်မာပြည်မြေပြန့်ဒေသများတွင် သေးငယ်သည့် လေထီးစက်တပ်ယာဥ် နှစ်မျိုးကို စမ်းသပ် အသုံးပြုလာသည်။ ၎င်းတို့မှာ (ဂျိုင်ရိုကော်ပတာနှင့် စက်တပ်လေထီးပါရာမော်တာ)တို့ ဖြစ်ကြပါသည်။

အဆိုပါစက်များသည် ဓာတ်ဆီ (Octane.91/ 95/ Avgas.100.LL95) ဆီသုံး အင်ဂျင်ဖြင့် လည်ပတ်ပြီး လေယာဉ်ကွင်းမလိုအပ်ဘဲ မြေပြန့်၊ လွင်ပြင်နှင့် တောင်တန်းဒေသများအထိပင် လွယ်လွယ်ကူကူ မောင်းနှင်ဗုံးကြဲ ပစ်ခတ်နိုင်သောကြောင့် စစ်တပ်အတွက် အထောက်အကူဖြစ်လာခဲ့သဖြင့် ပြည်သူလူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များအတွက် လေကြောင်းအန္တရာယ်အသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် အခြေခံအားဖြင့် လေ့လာသိရှိနိုင်ကြစေရန်နှင့်ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် လေ့လာသိရှိ နားလည်သမျှတို့ကို တင်ပြရေးသားအပ်ပါသည်။

၁။ ဂျိုင်ရိုကော်ပတာ(Gyrocopter)

(က) အခြေခံအချက်အလက်
- အင်ဂျင်တပ်ဆင်ထားသော သေးငယ်သည့် ရဟတ်ယာဉ်ဖြစ်သည်။
- တစ်ဦးတည်း မောင်းနှင်နိုင်ပြီး လေထုအနိမ့်တွင် ပျံသန်းနိုင်သည်။

(ခ) အသုံးပြုသည့်နယ်ပယ်များ
- စစ်တပ်အတွက် သတင်း‌ထောက်လှမ်းရယူခြင်း၊
- လေထုအနိမ့်မှ ဗုံးငယ်များချကြဲနိုင်ခြင်း၊
- ဗွီဒီယိုကင်မရာ တပ်ဆင်ထားပြီး မြေပြင်မှ မိမိ့တပ်တည်နေရာများ၊ လှုပ်ရှားမှုများနှင့် သတင်းအချက်အလက်များ ထောက်လှမ်းရယူနိုင်ခြင်း။

(ဂ) အားသာချက်များ
- လေယာဉ်ကွင်းမလိုအပ်၊
- မောင်းသူအပါ လူနှစ်ဦးအထိလိုက်ပါနိုင်၊
- လေထုတည်ငြိမ်ပြီး ပျံသန်းနိုင်ချိန် ရှည်ကြာသည်၊
- ဗီဒီယိုနှင့် ဂျီပီအက်စ်ကိရိယာများတပ်ဆင်လွယ်၊
- လေထုအနိမ့်တွင် ထိန်းချုပ်ရလွယ်။

(ဃ) အားနည်းချက်များ
- အနိမ့်ပိုင်းများမှာသာ ပျံသန်းနိုင်သဖြင့် စက်လက်(စက်လက် ၇.၆၂ ကျည်သုံး)နှင့်( ဒဿ ၅ စက်သေနတ်ကြီး)မြေပြင်မှပြန်လည် ပစ်ခတ်နိုင်သည်။
- မိုးလေဝသ မတည်ငြိမ်ချိန်တွင် အသုံးမပြုနိုင်၊
- ပျက်ကျလျှင် ထိခိုက်မှုကြီးမား၊
- လေကြောင်း ထိန်းသိမ်းရန် လွန်စွာခက်ခဲခြင်း စသည်တို့ ဖြစ်သည်။

(င) တိုက်ခိုက်မှုစွမ်းရည်
- စကမ၏ ကပစတပ်ထုတ်စက်သေနတ်ငယ်များပါသယ်ဆောင်ပစ်ခတ်နိုင်၊
- အသေးစား/ အလတ်စား ဗုံးများကို မြေပြင် သို့ချကြဲ တိုက်ခိုက်နိုင်သဖြင့် တော်လှန်ရေးတပ်တည်နေရာများ၊ လူစုရာနေရာများကို မြေပြန့်လွင်ပြင်ဒေသများ၌ တိုက်ခိုက်မှု အချိန်မရွေးပြုလုပ်နိုင်။

(စ)ဝယ်ယူရရှိနိုင်သောနိုင်ငံနှင့်ထုတ်လုပ်သည့်ကုမ္ပဏီများ၊ သင်တန်း သင်ကြားမှု၊ သင်ခန်းစာနှင့် အချိန်ကာလ......
-ဂျာမဏီနိုင်ငံ.Auto Gyro Gmbh
- စပိန်.Ela Aviacion
- ရုရုား.Aerovolga/Rotor Fly
- တရုတ်.Shaanxi Baoji Special Vehicles Co.Ltd
- အိန္ဒိယ.Bhrarat Aerospace/General Aviation India
စသည်တို့ ဖြစ်ပြီး စစ်ရေးအနေဖြင့် သင်တန်းပေးနေသောနိုင်ငံများမှာ ရုရှာ၊ တရုတ်၊ ပိုလန်၊ စပိန်၊ အမေရိကန် စသောနိုင်ငံများတွင် စစ်ရေးသုံးအဖြစ် နိုင်ငံတစ်ခုreconnaissanceအတွက် သတ်မှတ်သင်တန်းပေးပြီး သင်တန်းကာလမှာ ၃ ပတ်မှ ၈ ပတ်အထိကြာမြင့်ပြီး engine system communication weep mount mission သင်ခန်းစာများလေ့ကျင့်သင်ကြားပေးသည်။ အဓိကအားဖြင့် တိုက်ပွဲနေရာများကိုလေထုအတွင်းစောင့်ကြည့်ခြင်း၊ မြေပြင်တပ်များကို နယ်နိမိတ်သတ်မှတ်ပေးခြင်း၊ တော်လှန်ရေးတပ်များလှုပ်ရှားမှုကို စစ်ဆေးအစီရင်ခံခြင်း၊ သဘာဝအန္တရာယ်ကြောင့် ပျောက်ဆုံးသူများကို ရှာဖွေကူညီပေးခြင်း၊ မိုးလေဝသ သတင်းအချက်အလက် ရယူခြင်းများကို အဓိကထား သင်ကြားလေ့ကျင့်ပေးကြောင်း သိရှိရပါသည်။

(ဆ)လေယာဥ်ငယ်များဖြစ်သည့်အတွက် အလွယ်တကူအသုံးပြုတိုက်ခိုက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များ လေ့လာသိရှိနိုင်စေရန် တိုင်း/တပ်မ အခြေချစစ်ဌာနချုပ်များနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်များ၊ စကမလက်အောက်ခံ လေတပ်ဌာနချုပ်များတွင် စစ်မဟာဗျူဟာအရ တိုက်ခိုက်မှုအသုံးပြုရန် အရန်သင့် ထားရှိအသုံးပြုနေကြောင်း လေ့လာသိရှိရပါသည်။

၂။ စက်တပ်လေထီး ပါရာမော်တာ(Paramotor)

(က) အခြေခံအချက်အလက်
- လေထီးပုံစံရှိပြီး နောက်ကျောပေါ်တွင် အင်ဂျင်တပ်ဆင်ထားသည်။
- လေပြန်လာသည့်အခါ လေထီးထောက်ကာ ပျံသန်းနိုင်၊
- တစ်ဦးတည်းသာ မောင်းနှင်နိုင်။

(ခ) အသုံးပြုသည့်နယ်ပယ်များ
- လေကြောင်းမှ ပင်မတပ်များအနီး သတင်းရယူခြင်း။
- ဗုံးအသေးများကြဲချတိုက်ခိုက် ခြင်း။
- တော်လှန်ရေးတပ်တည်နေရာများနှင့်တပ်လှုတ်ရှာများကို မှတ်တမ်းတင်ခြင်း။

(ဂ) အားသာချက်များ
- အင်ဂျင်သေးပြီး အကုန်အကျသက်သာ။
- လေယာဉ်ကွင်းမလို။
- မောင်းသူတစ်ဦးတည်းနဲ့ လွယ်ကူစွာ သုံးနိုင်။

(ဃ) အားနည်းချက်များ
- မိုးလေဝသမတည်ငြိမ်ချိန်တွင် ပျံသန်း၍မရ။
- ပျံသန်းအမြင့်ပေ နည်းသောကြောင့် မြေပြင်တပ်များမှလက်နက်ငယ် ၇.၆၂ စက်လက်များဖြင့် ပစ်ခတ်နိုင်။
- ဗုံးချနိုင်သော်လည်း တိကျမှုနည်း။

(င) ဝယ်ယူရရှိနိုင်သောနိုင်ငံနှင့် ထုတ်လုပ်သည့်ကုမ္ပဏီများ၊ သင်တန်း သင်ကြားမှုသင်ခန်းစာနှင့် အချိန်ကာလ...

- အမေရိကန်.Black Hawk/Scout/Parajet USA.
- ပြင်သစ်.Adventure Paramotor/Fresh Breeze France.
- အီတလီ.Fly Products.
- အိန္ဒိယ.Indus Aviation/Flyboy Aviation.
- ထိုင်း.Power 2 Fly Asia/Thai Paramotor.

အာရှစျေးကွက်တွင် လွယ်ကူစွာရရှိနိုင်ပြီး သင်တန်းကာလမှာ ၂ ပတ်မှ ၄ ပတ်ကာလအထိ ကြာမြင့်သည်။

လေထုအခြေခံ Navigation/Night Operation/ Low Altitude Flight တို့ကို သတင်းမီဒီယာရိုက်ကူးရေးနှင့် အပျော်တမ်းခရီးသွား၊ လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန် ပျံသန်းမှုအခြေခံသဘောတရားများကို သင်ကြားလေ့ကျင့်ပေးကြောင်း သိရှိရပါသည်။

(စ) စကမတပ်များအနေဖြင့် မြေပြန့်ဒေသလွင်ပြင်များသို့ တိုက်ခိုက်ရေးအတွက် ဗုံးကြဲချခြင်းများကို ပြုလုပ်နိုင်စေရန်အတွက်အလွယ်တကူအသုံးပြုနိုင်ရန် စစ်တိုင်း/တပ်မများတွင် အရန်သင့် တွဲဖက်ထားရှိကြောင်း လေ့လာသိရှိရပါသည်။

၃။ တိုက်ခိုက်နည်းနှင့် ထိရောက်မှုများ။
- ကပစ ထုတ် အပေါ့စားဗုံးများဖြင့် လူစုလူဝေးနှင့် စခန်းများအပေါ် ကြဲချတိုက်ခိုက်နိုင်၊
- မြေပြန့်လွင်ပြင်များတွင် အကန့်အသတ်ဖြင့်သာ မောင်းနှင်တိုက်ခိုက်နိုင်ပါသည်။

အထက်ပါရဟတ်ယာဉ်ငယ်နှင့် စက်တပ်လေထီး နှစ်မျိုးစလုံးသည်ပျံသန်းအမြင့် ၂၀၀ - ၆၀၀ မီတာ၊ ဗုံးချနိုင်သည့်အမြင့် ၅၀ - ၃၀၀ မီတာခန့် ရှိပြီး အကြမ်းဖျဉ်းသတင်းရယူနိုင်မှု၊ ပစ်ခတ်တိုက်ခိုက်ဗုံးကြဲမှုနှင့် ရုတ်တရက်ပျံသန်းပြီး တိုက် ခိုက်မှုတို့ကို ထိရောက်စွာ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၄။ ပြည်သူနှင့် တော်လှန်ရေးတပ်များအနေဖြင့် သတိထားတုန့်ပြန်ရမည့်အချက်များ။

(က) အင်ဂျင်စက်သံ
ရာသီဉတု‌ ကောင်း မွန်ချိန်တွင် စက်တပ်လေထီး၏ အင်ဂျင်စက်သံကို အဝေးမှပင် ကြားရတတ်သည်။ ညပိုင်းတွင် အသံတိတ်ဆိတ်သည့်အတွက် သတိထားပါက အသံပိုမိုကြားနိုင်သည်။

(ခ) တည်နေရာဖျောက်ခြင်း
- တည်နေရာ တနေရာထဲ မနေဘဲ နေ့စဉ် (သို့မဟုတ်) အချိန်အလိုက် ပြောင်းရွှေ့‌နေထိုင်ခြင်း အခြေချစခန်းများအားဖုံးကွယ်ပုံဖျက်ခြင်း ။
- တပ်ဖွဲ့များအနေဖြင့် မိမိ့တို့စိုးမိုးထားသောနယ်‌မြေများအတွင်း အစဉ်မပြတ် သတင်းရယူခြင်းသတင်း စုဆောင်းထားပြီး အခြားတပ်များသိုပြန်လည်သတင်းမျှဝေခြင်းကိုအထူးဆောင်ရွက်သက့်ပြဖိး တပ်တည်တပ်ဖျောက်ခြင်း ပြုလုပ်ခြင်း။

(ဂ) တိုက်ခိုက်မှုအကြို သတိပေးခြင်း
- လေယာဥ်သံကြားရပါက လေကြောင်းစုံစမ်းရေးအဖွဲ့များ၊ ကင်းထောက်များမှ အစုအဖွဲ့အသီးသီးသို့ အချိန်မီ သတိပေးခြင်း၊ သံချောင်းခေါက်အချက်ပြပြီး လုံခြုံသည့်နေရာများတွင် ပုန်းခို‌စေခြင်း စသည်တို့ကို ကြိုတင်စီမံ ဆောင်ရွက်ထားရှိသင့်။
- သတင်းထောက်လှမ်းရေးအဖွဲ့များကလည်း အသံကြားချိန်၊ လာရာလမ်းကြောင်း၊ အကွာအဝေး၊ ဦးတည်မောင်းနှင်ရာအရပ်မျက်နှာများ စသည်ဖြင့်အချိန်မှီအခြားတပ်များသို့ဆက်သွယ်သတင်းပေးမှုဆောင်ရွက်ကြရမည်။

(ဃ) သေနတ်ဖြင့် တုံ့ပြန်ပစ်ခတ်ခြင်း
- စက်တပ်ယာဉ်နှစ်မျိုးလုံးသည် ပျံသန်းသောအမြင့်ပေ နည်းသောကြောင့် သေနတ်ဖြင့် ပစ်ခတ်နိုင်သည်။
ဥပမာ- ပွိုင့်ဖိုက် ဒဿမ၅ စက်သေနတ်ကြီး၊ ၇.၆၂ ကျည်သုံး ငါကြင်းမီးစက်သေနတ်များဖြင့် ကောင်းစွာပစ်ခတ်နိုင်၊
- မြေပြင်အထိုင်ချတပ်များအနေဖြင့်သဘာဝအတားအဆီးအကာအကွယ်များအောက်တွင်သာ စခန်းများတည်ဆောက်ခြင်းနှင့်ဗွီဒီယိုမှတ်တမ်းရိုက်ကူသတင်းရယူမှုမရရှိနိုင်စေရန် အဆောက်အဦးစခန်းများအားပုံများအား သဘာဝနှင်လျှော်ညီအောင်ပုံဖျက်ထားရှိရန်အထူးလိုအပ်ပါသည်။

(င) သတင်းချိတ်ဆက်သွယ်တန်းမှု
- အသံကြားချိန်၊ လမ်းကြောင်း၊ ဗုံးကျရာအချိန်များကို မှတ်တမ်းတင်ထားပါ။
- သတင်းအဖွဲ့များ၊ ဒေသခံများအကြား သတိပေးစနစ်တည်ဆောက်ပါ ဒေသခံပြည်သူများနှင့်ကလေးသူငယ်သက်ကြီးရွယ်အိုများကို အကာအကွယ်ရှိရာတွင်အမြန်ဆုံးပြောင်းရွေ့နိုင်ရေးကိုဦးစားပေးစီစဥ်ဆောင်ရွက်ရန်။
- ဗုံးကြဲတိုက်ခိုက်ခံရပါက ဒေသခံပြည်သူလူထု ထိခိုက်မှုများ ပျက်ဆီးဆုံးရှုံးနစ်နာမှုများကိုအသေးစိတ်မှတ်တမ်းထားရှိပြီးသက်ဆိုင်ရာများမှတဆင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု မှတ်တမ်းကောက်ယူရေးဌာနများသို့ဖြစ်စဥ်ဖြစ်ရပ်များရေးသွင်းပြီးအချိန်မှီပေးပိုပေးရန်။

၅။ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တုံ့ပြန်ရာတွင် သတိပြုရမည့်အချက်များ။

(က) သတင်းနည်းပညာ အသုံးချခြင်း။
- စတင်သိရှိသည့်အချိန်တွင် သတင်းပေးစနစ် ချက်ချင်းတုံ့ပြန်ရန်။
- မိုဘိုင်းကင်မရာများ၊ အသံမှတ်တမ်းကိရိယာများ၊ အသံပို့စနစ်၊ အချက်ပြစနစ်များ သုံး၍ သတင်းကို ချက်ချင်းမျှဝေပါ။

(ခ) သေနတ်ဖြင့် ပြန်လည်တုံ့ပြန်ရာတွင် အချိန်မီ ပစ်ခတ်နိုင်စေရန် စိုးမိုးနေရာများတွင် ကြိုတင်‌ေနရာသတ်မှတ်ပေးထားပြီး ကာကင်းအဖြစ် အမြဲမပြတ်ထားရှိရန်နှင့် တပ်စခန်း၊ မြို့ရွာအခြေချ နေရာများတွင် တန်ပြန်ပစ်ခတ်နိုင်ရန် အချိန်ပြည့်ကာကင်းနေရာများ လိုအပ်သလို ထားရှိပြီး လက်လှမ်းမီ‌လောက်သော ပွိုင့်ဖိုက် (သို့မဟုတ်) ၇.၆၂မမ စက်လက် ကို ကြိုတင်နေရာချထားပေးရန် အထူးလိုအပ်ပါသည်။
(ဂ) မိမိတို့စိုးမိုးသော နယ်မြေများအတွင်းနှင့် အခြား နယ်နိမိတ်ထိစပ်နေသောဒေသကာကွယ်ရေးတပ်ဖွဲ့များ အချင်းချင်း လေကြောင်းအချက်ပေးဆက်သွယ်မှုစနစ်များကို အမြဲတမ်း ချိတ်ဆက် သတင်းရယူပြီး ထူးခြားမှု အန္တရာယ် ကြားသိရပါ ဗုံးခိုကျင်းများအတွင် နေရာယူခြင်း လူစုလူဝေးဖြင့်နေထိုင်ခြင်းများနှင့် လှုပ်ရှားမှုများရပ်တန့်ပြီး အကာအကွယ်များအတွင်း စနစ်တကျနေရာယူပြီး စခန်းအဆောက်အဦးနှင့် အဓိကအရေးကြီးသော လက်နက်ခဲယမ်းများကို ကြိုတင်ပြီးသဘာဝနှင့်လိုက်လျှော်ညီအောင်ပုံဖျက်ထားရှိကာ ဗုံးဒဏ် လက်နက်ကြီးဒဏ်ခံနိုင်စေရန် သစ်လုံး မြေအိပ် ကားတာယာများဖုံးအုပ်ပြီးခိုင်မာစွာပြုလုပ်ဆောင်ရွက်ထားရှိရန်လိုအပ်ပါသည်။

အထက်ပါစက်တပ်ယာဉ်များသည် စစ်တပ်အတွက် စုံစမ်းသတင်းရယူခြင်းနှင့် ဗုံးချတိုက်ခိုက်မှုအတွက် အသုံးများသော်လည်း ပြည်သူများတော်လှန်ရေးတပ်များအနေဖြင့် အချိန်မီ သတင်းရယူပေးပို့ခြင်း၊ တည်နေရာပြောင်းခြင်း၊ လက်လှမ်းမီသော လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်တုန့် ပြန်နိုင်ပါသည်။ မိမိတပ်များအချင်းချင်း သတင်းကွန်ရက်စနစ် တည်ဆောက်ထားခြင်းဖြင့်လည်း အသက်အန္တရာယ်ထိခိုက်မှုကို လျော့ပါးစေမည်ဖြစ်သည်။

(၆) အဓိက သိရှိထားရမည့် အချက်များ

-ဂျိုင်ရိုကော်ပတာအမျိုးအစားနောက်ဆုံးထုတ် မော်ဒယ်တွေဟာ စက်တပ်လေထီးတွေထက် အသံပိုပြီးဆူညံပါတယ်။
-အမျိုးအစားအလိုက် ပျံသန်းနိုင်တဲ့ အကွာအဝေးနဲ့ အမြန်နှုန်းကွာခြားချက်တွေ ရှိပါတယ်။
- အနည်းဆုံး တစ်နာရီကို ပျမ်းမျှ မိုင် (၆၀) ကနေ အမြန်ဆုံး မိုင် (၁၂၀) ဝန်းကျင်ခန့်အထိ ပျံသန်းနိုင်ပြီး (ဆီတိုင်ကီအရွယ်အစားပေါ်မူတည်ပြီး) တချို့အမျိုးအစားတွေက အကွာအဝေး မိုင် (၆၀၀) ဝန်းကျင်အထိ (၄ နာရီမှ ၅ နာရီအကြာ) ရောက်ရှိ မောင်းနှင်ပျံသန်း နိုင်ပါတယ်။

ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးတွေထက် အလေးချိန် အများအပြား ပိုမိုတင်ဆောင်နိုင်တာကြောင့် ၁၂၀ မမ မော်တာဗုံးသီးတွေအပြင် တခြား တိုက်ခိုက်ရေးလက်နက်၊ ဗုံးနဲ့ ဝေဟင်ကနေ မြေပြင်ပစ် လက်နက်ငယ်တွေပါ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

ဂျိုင်ရိုကော်ပတာဟာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေထက် ကုန်ကျစရိတ် သက်သာတာ၊ ပြုပြင်ထိန်းသိမ်းဖို လွယ်ကူတာ၊ ပျံတက်ဖို့ ပြေးလမ်းတိုသာ လိုအပ်တာ၊ တိုက်ခိုက်ရေး လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ လက်နက်ငယ်တွေကို တပ်ဆင်အသုံးပြုနိုင်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။

ပြည်သူများနှင့် တော်လှန်ရေးတပ်များအနေဖြင့်အသက်အန္တရယ် ကာကွယ်ဖို့ ဒါတွေကို လိုက်နာကြဖို့ လိုပါတယ်။

- ဂျိုင်ရိုကော်ပတာ ပျံသန်းလာတဲ့ စက်အင်ဂျင်သံ၊ ဒလက်ပန်ကာသံ စတဲ့ အသံတွေ ကြားရပါက ပတ်ဝန်းကျင်အကို အထူးသတိပြုပါ။
- ဂျိုင်ရိုကော်ပတာကို မြင်ပါက (သို့မဟုတ်) စက်အင်ဂျင်သံနဲ့ ဒလက်ပန်ကာသံတွေ ကြားပါက (သို့မဟုတ်) အန္တရာယ် သတိပေးချက် ရလျင်ရချင်း အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ပုန်းခိုပါ။
- ကျေးရွာတွေ၊ လူထူထပ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံကဲ့သို့ အဆောက်အဦးတွေနဲ့ စစ်ရေး အခြေစိုက်စခန်းတွေကို ဦးတည် တိုက်ခိုက်နိုင်တာကြောင့် အဲ့ဒီလို နေရာတွေကို သတိပြု ရှောင်ရှားပါ။
- လူအုပ်စုလိုက် တနေရာတည်း စုဝေးပုန်းခိုတာမျိုး မလုပ်ပါနဲ့ ။ အတတ်နိုင်ဆုံး လူစုခွဲပြီး ပုန်းခိုပါ။

အချုပ်ဆိုရသော် စစ်အုပ်စုသည် စစ်အာဏာသိမ်းမှုကို မထောက်ခံသော ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင်တပ်များအပြင် အရပ်သား ပြည်သူတွေနဲ့ မြို့ပြကျေးလက်တွေအထိပါ အကြောက်တရားကြီးမားစေရန် ရည်ရွယ်ပြီး လေကြောင်းလက်နက် မျိုးစုံ အသုံးပြုကာ အချိန်အခါမရွေး တိုက်ခိုက် သ-တ်ဖြတ်နေကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် ခုခံတော်လှန်မှု အားကောင်းတဲ့ မြန်မာပြည် အလယ်ပိုင်း အညာဒေသကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ သာမက တန်ဖိုးနည်း၊ စရိတ်သက်သာတဲ့ Paramotor (ပါရာမော်တာ)- စက်တပ်လေထီး၊ Gyrocopter (ဂျိုင်ရိုကော်ပတာ) - ရဟတ်ယာဉ်ငယ်တွေပါ အသုံးပြုပြီးတော့ အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ၊ ရဟန်းသံဃာများပါမချန် နေ့စဉ် ပြောင်ပြောင်တင်းတင်း ဗုံး ကြဲသ-တ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်နေတာကြောင့် စကမတပ်ရဲ့ အကြောင်းမဲ့သ-တ်ဖြတ်မှုများကို ကာကွယ်ပေးနိုင်ကြဖို့ လိုပါတယ်။

ထိခိုက်နစ်နာမှုများကိုလည်း ပြည်သူများရော တာဝန်ရှိအုပ်ချုပ်သူများကပါ တိကျသေချာစွာ သတင်းမှတ်တမ်း ရယူထားရှိရန်နှင့် အကြမ်းဖက်စစ်တပ်၏ ပါရာမော်တာ/ ဂျိုင်ရိုကော်ပတာ အသုံးပြုတိုက်ခိုက်ခံရမှုအန္တရာယ်နှင့် ကြုံ တွေ့ ရပါက အသက်ဆုံးရှုံးမှု မရှိစေရေးနှင့်ကြိုတင် ကာကွယ်နိုင်ကြစေရန် တိုင်းရင်းသားမိဘပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်မပေါ့မဆဘဲ ကြိုတင်ပြင်ဆင် သိရှိဆောင်ရွက်ထားနိုင်ကြစေရန်အတွက် ရေးသားတင်ပြအပ်ပါသည်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

#People's Goal
#EIO
👍1