EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.95K links
Download Telegram
🚨မုံရွာ🚨

မုံရွာတောင်၊ပုရစ်ကုန်းတောင်ရွာထဲတွင် ကင်းပတ်‌နေသော တောပုပျူရွာထွက် ပခများသည် ဝါးထောင်အောင်မိုးတိုက်သို့ ပြန်လည်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 13, 1:05PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨မုံရွာ🚨

မုံရွာတောင်၊မြေနဲရွာထိပ်သို့ ရောက်ရှိနေ‌သော စခကင်းများသည် စွမ်းရည်ထက်ဂိတ်သို့ပြန်လည် ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Jan 13, 2:27PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍2
🚨အရာတော်🚨

အရာတော်မြို့ပေါ်မှ ထွက်လာသော စခ(၁)ဖွဲ့သည် အရာတော်မြို့တောင်ဘက်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 13, 2:37PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍2
Forwarded from BBM
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွင်း သီတဂူ၊ ဝီရသူနဲ့ အစွန်းရောက် မဘသ ဘုန်းကြီးတွေကိုပါတရားစွဲဖို့ ဂမ်ဘီယာရှေ့နေတင်ပြ

BBM - ဇန်နဝါရီ ၁၃
သတင်း - Richard

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရဲ့ နောက်ကွယ်မှာ စစ်တပ်အမာခံဘုန်းကြီးတွေဖြစ်တဲ့ သီတဂူ၊ ဝီရသူနဲ့ အစွန်းရောက် မဘသ ဘုန်းကြီးတွေကိုပါ တရားစွဲဆိုဖို့တင်သွင်းခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံ ရှေ့နေ အာဆလန် ဆူလီမန်(Arsalan Suleman)ရဲ့ တရားရုံးတွင်းတင်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။

အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ပြီး ၂ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ကို တရားစွဲဆိုခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ၇ သိန်းခွဲခန့်ကို နေအိမ်တွေကနေ စွန့်ခွာစေခဲ့ပြီး အများစုမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကြပ်တွန်းပို့ခဲ့တဲ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုတွေနဲ့ ရွာလုံးကျွတ် မီးရှို့တာ‌တွေ ပါ၀င်တယ်လို့ သိရပါတယ်။

အဆိုပါ တရားစွဲဆိုထားတဲ့အမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ICJ တရားရုံးမှာ အမှုကို ပြန်လည်စတင်ကြားနားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးတွေက လှုံ့ဆော်ခဲ့မှုတွေကို သက်သေတွေနဲ့တကွ ဂမ်ဘီယာနိုင်ငံဘက်က တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။

“၂၀၁၆ ခုနှစ် ရိုဟင်ဂျာ‌တွေကို စတင်သတ်ဖြတ်တဲ့ ပထမပိုင်းမှာ ဝီရသူဟာ ဗိုလ်ချုပ် မင်းအောင်လှိုင်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တပ်အရာရှိတွေနဲ့‌ တွေ့ဆုံပြီး ရသေ့တောင်ရှိ ကျပ်ပြင်နဲ့ စေတီပြင်ကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်၊ ဒါ့အပြင် ရိုဟင်ဂျာတွေကို မြက်ပင်ပေါင်းပင်တွေလို ခိုင်းနှိုင်းခဲ့ပြီး အပြတ်ရှင်းမှရမယ်၊ မဟုတ်ရင် ထိန်းမနိုင်သိမ်းမရ ပေါက်ဖွားလာလိမ့်မယ်ဟု ဝီရသူက ပြောဆိုခဲ့တယ်” လို့ ရှေ့နေအာဆလန်က တင်ပြခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တယ်လို့ဆိုကာ ဝီရသူကို သီရိပျံချီ ဘွဲ့ အပ်နှင်းခဲ့ကြောင်းကိုလည်း အာဆလန်က တင်ပြခဲ့ပါသေးတယ်။

“ဒီ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တပ်မတော်က ဝီရသူရဲ့စကားကို Facebookမှာ တင်ခဲ့ပါသေးတယ်၊ အဲ့စကားကတော့ 'မြန်မာအမျိုးသမီးတွေအနေနဲ့ ခွေးနဲ့ ကုလား ဘယ်ဟာကိုရွေးမလဲဆိုရင် ကုလားကိုမရွေးနဲ့၊ ခွေးထက်ပိုအမျိုးယုတ်တယ်၊ ခွေးသာယူကြ'ဆိုတဲ့ စကားပါ၊ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ စကားတွေပါ၊ ဒါ့အပြင် ဝီရသူက ရိုဟင်ဂျာတွေကို ခွေးရူး၊ မြွေ၊ အမျိုးယုတ်၊ ဝံပုလွေ စတဲ့ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါသေးတယ်”လို့ အာဆလန်က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘုန်းကြီးတပါးဖြစ်တဲ့ သီတဂူကလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်ရင် ပြစ်မှုကျူးလွန်တာမဟုတ်ဘဲ၊ ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်တာဟာ အကုသိုလ်မမြောက်ကြောင်း ဟောပြောချက်ကိုလည်း အာဆလန်က တင်ပြခဲ့ပါတယ်။

"ဗုဒ္ဓဘာသာ မဟုတ်တဲ့ မကောင်းဆိုးဝါး စစ်သည် ငါးသိန်းဟာ စစ်ပွဲမှာ သေဆုံးခဲ့ပါတယ်၊ ဒါကြောင့် ဘုရင်ကြီးဟာ ညဘက်တွေမှာ အိပ်မပျော်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာအရ လူတွေကိုသတ်တာဟာ အပြစ်တော်တော်ကြီးတာကြောင့်ပါ၊ ဒါကိုရဟန်း ၈ ပါးက ဘုရင်ကြီးကို အရှင်မင်းကြီး စိတ်မပူနဲ့၊ ဘုရင်ကြီးသတ်တဲ့အထဲမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်မှ မပါပါဘူး၊ သူတို့က ဗုဒ္ဓရဲ့အဆုံးအမတွေကို မလိုက်နာကြလို့ ဘာကောင်းလဲ၊ ဘာဆိုးလဲမသိကြပါဘူး၊ ဒါကြောင့် တိရိစ္ဆာန်သာသာပဲ ဖြစ်ပါတယ်၊ ဘုရင်ကြီးသတ်ခဲ့တဲ့ လူ ၅ သိန်းကျော်ထဲမှာ ၁ ယောက်ခွဲလောက်ပဲ လူသားဖြစ်ဖို့ ထိုက်တန်တယ်၊ ဒါကြောင့် ဒါဟာ သေးငယ်တဲ့အပြစ်ဖြစ်ပြီး ဘုရင်ကြီး စိုးရိမ်စရာမလိုပါဘူး" ဆိုတဲ့ သီတဂူဘုန်းကြီးရဲ့ ဟောပြောချက်ကို တင်ပြခဲ့ပါသေးတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူနည်းစုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျယ်လိုက ဇန်နဝါရီလ ၁၂ ရက်၊ တနင်္လာနေ့က ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ပြောကြားခဲ့ပါသေးတယ်။

"ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ နက်နဲခက်ခဲတဲ့ အကြောင်းအရာတွေအပေါ် ငြင်းခုံနေတာ မဟုတ်ပါဘူး၊ ဒါဟာ တကယ့်လူသားတွေ၊ တကယ့်ဖြစ်ရပ်တွေနဲ့ တကယ့်လူသားအုပ်စုတစ်စုအကြောင်း ဖြစ်ပါတယ်၊ သူတို့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေပါ၊ သူတို့ဟာ ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ" လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က ICJ တရားကို တင်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုအတွင်း မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။
👍3
Forwarded from BBM
အဆိုပါ ရုံးတင်စစ်ဆေးမှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ အပြည့်အဝကိုင်တွယ်ခဲ့တဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်သလို ရလဒ်ဟာ မြန်မာနိုင်ငံပြင်ပမှာပါ အကျိုးဆက်တွေ ရှိလာမှာဖြစ်ပြီး ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို ဆန့်ကျင်တဲ့ တောင်အာဖရိကရဲ့ တောင်းဆိုတဲ့အမှုလိုပဲ သက်ရောက်မှုရှိမှာပါ။ ကြားနာမှုတွေဟာလည်း ၃ ပတ်ခန့် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုကလည်း ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ဟာ “လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်‌တွေ” လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်က အဆိုပါလူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားဝင်အကြမ်းဖက်မှုတန်ပြန်လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ချေပပြီး အစီရင်ခံစာကို ပယ်ချခဲ့ကြပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ ဘယ်လိုသက်သေပြနိုင်မလဲ၊ ချိုးဖောက်မှုတွေကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ အရေးကြီးတဲ့ သာဓကတွေကို ဒီအမှုက ချမှတ်နိုင်ဖွယ်ရှိပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ် ကွန်ဂျီယန်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီနေ့အချိန်အထိ ရိုဟင်ဂျာ ၁.၁၇ သန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲလည်း ဖြစ်ပါတယ်။

Reference-Al Jazeera/ Arsalan Suleman

#bbm #bbmnews #သီတဂူ #ဝီရသူ #မဘသ #ရိုဟင်ဂျာ #ဂမ်ဘီယာ
https://www.facebook.com/share/p/1BpwGyiYXy/
👍3
ကျီးကန်းနှင့် ရန်မဖြစ်ပါနဲ့။
မိမိအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ပါ။

သိန်းငှက်ပေါ် ကို တက်ပြီး
ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်၊၊

ကျီးကန်းတိုက်ခိုက် လာရင် သိန်းငှက်ဟာ•••
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး••• ကျီးကန်းကို ပြန်မတိုက်ခိုက်ပါဘူး•••၊၊

သိန်းငှက်က သူ့ရဲ့အတောင်ပံကို ဖြန့်ပြီး•••
မြင့်သထက် မြင့်အောင်
အပေါ် သို့ ရောက်အောင် ထပ်ပြီး ပျံသန်းခဲ့ပါတယ်•••။

အမြင့်သို့ ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ•••
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုပါတယ်•••။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ၊၊

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို ပြန် မတိုက်ခိုက်ပါနဲ့၊၊
အမြင့်ဆုံးသာ တက်လှမ်းပါ၊၊
မယှဥ်နိုင်တဲ့ သူက သူ့ဟာသူ ပြုတ်ကျ ကျန်ပါလိမ့်မယ်•••။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလေ
ကျီးကန်းနဲ့ တူတဲ့ လူတွေ များစွာ ရှိနေတာကိုလေ
သတိရပြီး အကောင်းဆုံး အသက်ရှင်ပါ•••၊၊

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့ အရည်အချင်းရှိအောင် ခွန်အားရှိဖို့ပဲ လိုပါတယ်•••၊၊

#Admin Team
#EAGLE INFORMATION OPERATOR
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
2👍1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခ ခမ အင်အား(၈)ကောင်ခန့်သည် မအူရွာထိပ်တွင် ကင်းများအဖြစ်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 13, 5:30PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌ တောပုပျူရွာမှ ထွက်လာသော ပခများသည် ကြေးမုံ၊သီတာရုံထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 13, 5:56PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 13, 6:15PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းရွာထဲသို့ ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Jan 13, 8:46PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨မုံရွာ🚨

ချောင်းဦးဘက်မှ လာသော စခ အိမ်စီးကား(၁)စီးသည် ကြေးမုံဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 13, 8:48PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 13, 11:02PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မုံရွာတောင်၊မအူဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏 #EIO…»
🚨ဆားလင်းကြီး🚨

ဆားလင်းကြီးနယ်၊ဝမ်ပေါင်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 13, 11:05PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်

#EIO
https://t.me/eagleinformation
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🚨မုံရွာ🚨

အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို https://t.me/eagleinformation/194 ယခင်နှစ်များကအတိုင်း ပြန်လည်၍ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။မိမိတို့မှာနေ့စဉ် အသိပေးစာ၊သတိပေးစာများ ထုတ်ပြန်ကြေငြာသော်ငြားလည်း သတိပြုလိုက်နာဖို့ရန်မှာ မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများ၏ တာဝန်သာဖြစ်ပါသည်။ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ စားဝတ်နေရေးကြောင့်သော်လည်းကောင်း၊ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက သက်ဆိုင်ရာဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏သတိ‌ပေး ထုတ်ပြန်ချက်များ၊‌မြေပြင်သတင်းချန်နယ်များကြည့်ရှု့ခြင်း၊နယ်မြေခံဆွေမျိုးပေါက်ဖော်၊မိတ်ဆွေများနှင့် အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါရန်၊အချင်းချင်းကူညီရိုင်းပင်းကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ အနူးညွတ်မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
https://t.me/eagleinformation
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော အထုပ်အပိုးများနှင့် စခအအများသည် မုံရွာနယ်၊ဖန်ခါးကျင်းရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 14, 6:29AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨ဘုတလင်🚨

ဘုတလင်မြို့တွင်းမှ အထုပ်အပိုးများနှင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့‌တွင် စုဝေးရောက်ရှိနေသော စခများသည် တောင်အရပ်သို့ စတင်ထွက်ခွာ‌ နေကြောင်းသတင်းရရှိ။

#EIO
Jan 14, 6:35AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation