EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

(၂၀၂၆)ခုနှစ်၊ဇန်နဝါရီလ၊(၁၀/၁၁/၁၂)ရက်‌နေ့များတွင် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၌ တရားမဝင်အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှသတင်းရရှိထားပါသည်။စခရခများသည် မြို့ပေါ်အနှံ့ ကင်းများ၊ကင်းပုန်းများဖြင့် ခြေရှုပ်နေခြင်း၊ဆိုင်ကယ်များ၊ကားကြီး၊ကားလေးများဖြင့် ကင်းပတ်နေကြောင်းလည်းသိရှိရပါသည်။

သို့ဖြစ်ပါ၍ ရှူံးမဲမဲနေသော စကစ၏ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း ဘေးအန္တရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် ဘုတလင်မြို့ပေါ်သို့ (မည်သည့်လမ်းပိုင်းဖြင့်မဆို) ဖြတ်သန်းသွားလာခြင်းများ (လုံးဝလုံးဝ) မပြုလုပ်ကြပါရန် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ ကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီးတွင် နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာအနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးနှိူးဆော်လိုက်ပါသည်။

သက်ဆိုင်ရာ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို အစဉ်လိုက်နာ‌ပေးကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️ (၂၀၂၆)ခုနှစ်၊ဇန်နဝါရီလ၊(၁၀/၁၁/၁၂)ရက်‌နေ့များတွင် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၌ တရားမဝင်အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှသတင်းရရှိထားပါသည်။စခရခများသည် မြို့ပေါ်အနှံ့ ကင်းများ၊ကင်းပုန်းများဖြင့်…»
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားပြီး စခများခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခ အအ အပြည့်ပါ သံပြားကာကား(၂)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 9, 5:36PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ချောင်းဦး🚨 မုံရွာ၊နမခမှ ထွက်လာသော စခ အအ အပြည့်ပါ သံပြားကာကား(၂)စီးသည် ခင်မွန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 9, 6:11PM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformation
🚨ချောင်းဦး🚨

မုံရွာ၊နမခမှ ထွက်လာသော စခ အအ အပြည့်ပါ သံပြားကာကား(၂)စီးသည် ချောင်းဦးမြို့သို့ဝင်ရောက်သွားကြောင်းသတင်းရရှိ။

Update News - ချောင်းဦးမြို့အဝင်၊မြောက်တံတားအနီးတွင်ရပ်ထား၍ စခအအများချနေကြောင်းသတင်းရရှိ။

#EIO
Jan 9, 6:17PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ချောင်းဦး🚨 မုံရွာ၊နမခမှ ထွက်လာသော စခ အအ အပြည့်ပါ သံပြားကာကား(၂)စီးသည် ချောင်းဦးမြို့သို့ဝင်ရောက်သွားကြောင်းသတင်းရရှိ။ Update News - ချောင်းဦးမြို့အဝင်၊မြောက်တံတားအနီးတွင်ရပ်ထား၍ စခအအများချနေကြောင်းသတင်းရရှိ။ #EIO Jan 9, 6:17PM 📬သတင်းပို့ရန် @EagleInf…»
🚨ချောင်းဦး🚨

ချောင်းဦး၊ပခုက္ကူလမ်းခွဲမှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Jan 9, 6:57PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨မုံရွာ🚨

မုံရွာတောင်၊ကြေးမုံရွာထိပ်မှ စခကင်းများ မုံရွေးတိုးဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Jan 9, 7:01PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨မုံရွာ🚨

အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို ယခင်နှစ်များကအတိုင်း ပြန်လည်၍ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။မိမိတို့မှာနေ့စဉ် အသိပေးစာ၊သတိပေးစာများ ထုတ်ပြန်ကြေငြာသော်ငြားလည်း သတိပြုလိုက်နာဖို့ရန်မှာ မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများ၏ တာဝန်သာဖြစ်ပါသည်။ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ စားဝတ်နေရေးကြောင့်သော်လည်းကောင်း၊ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက သက်ဆိုင်ရာဒေသခံကာကွယ်ရေးအဖွဲ့အစည်းများ၏သတိ‌ပေး ထုတ်ပြန်ချက်များ၊‌မြေပြင်သတင်းချန်နယ်များကြည့်ရှု့ခြင်း၊နယ်မြေခံဆွေမျိုးပေါက်ဖော်၊မိတ်ဆွေများနှင့် အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါရန်၊အချင်းချင်းကူညီရိုင်းပင်းကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ အနူးညွတ်မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
https://t.me/eagleinformation
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို ယခင်နှစ်များကအတိုင်း…»
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1