EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
🚨တံတားဦး🚨

မိထီလ္လာ လမသမှ မုံရွာ၊နမခသို့ ပထမကြိမ်ရောက်ရှိလာသော Gyrocopter ဂျိုင်ရိုကော်ပတာ(၃)စီးနှင့် ဒုတိယအကြိမ် ရောက်ရှိလာသော Gyrocopter ဂျိုင်ရိုကော်ပတာ (၃)စီး၊စုစုပေါင်း Gyrocopter ဂျိုင်ရိုကော်ပတာ (၆)စီးသည် ယနေ့ မုံရွာ၊နမခမှ တံတားဦး‌လေတပ်သို့ နံနက်(10:20)AMတွင် ဆင်းသက်ထား‌ကြောင်း သတင်းရရှိထားပါသည်။

#EIO
Jan 8, 10:45AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏2👍1
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🙏2
Forwarded from BBM
မန္တလေးမှာ စစ်အုပ်စုက ခပ်စိပ်စိပ်ပေါ်တာဆွဲလာပြီး စိတ်ကျန်းမာရေးမကောင်းသူပါ ပေါ်တာဆွဲခံရ

BBM - ဇန်နဝါရီ ၈
သတင်း - Richard

မန္တလေးမြို့မှာ စစ်အုပ်စုဟာ ပေါ်တာဆွဲတာတွေ ခပ်စိတ်စိတ်ပြုလုပ်လာတဲ့အပြင် စိတ်ကျန်းမာရေးမကောင်းတဲ့သူကိုပါ ပေါ်တာဆွဲခဲ့ပြီး ပြန်လွှတ်ပေးခဲ့ရတဲ့ ဖြစ်စဉ်လဲရှိခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယအပတ်လောက်က ည ၉ နာရီ ၀န်းကျင်မှာ မန္တလေး နာရီစင်အနီး စစ်ကောင်စီတပ်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၂၀ ကျော် လူငယ်တစ်ဦး အပါအ၀င် လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“အဲ့ကောင်က နဂိုကတည်းက အခံကလည်း ပြား ၈၀ လောက်ရှိတာ၊ ဟိုကောင်တွေက ဟဲ့ကောင် မင်းကားပေါ်တက်ဆိုတော့ အေးဆေးပဲတက်သွားတာ၊ လိုက်မှာလားဆိုတော့ လိုက်မယ်ဆိုပြီး လိုက်ချသွားတာ”လို့ ဆိုပါတယ်။

စစ်ကောင်စီက အဆိုပါ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မျက်ပါးရပ်ရှိ စစ်ကောင်စီတပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ် ပေါ်တာဆွဲခံရတဲ့အပေါ် သူ့ရဲ့ မိသားစုဟာလည်း မန်းမြို့ဈေးနားက ပျုစောထီးခေါင်းဆောင်ဆိုသူရဲ့ အချိတ်အဆက်နဲ့ လိုက်လံစုံစမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

“သူ့အိမ်က လိုက်တာပေါ့၊ သူက ကျပ်မပြည့်ဘူး ဘာညာပေါ့၊ ဟိုကောင်တွေက မဟုတ်ဘူးတဲ့ ဆေးစစ်‌ပြီးပြီတဲ့ ဆေးစစ်တာလည်း အောင်တယ်ဆိုပြီး စစချင်းပြန်မလွှတ်ပေးသေးဘူး”လို့ အဆိုပါ မန္တလေးမြို့ခံက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၂ ရက်ခန့်ကြာပြီးနောက် စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ်ကို စစ်ကောင်စီတပ် အကြီးပိုင်းက ခေါ်ယူမေးမြန်းရာမှ အမှန်တကယ် စိတ်မနှံ့တဲ့သူဖြစ်ကြောင်းသေချာမှ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

“သူ့ကို မေးတယ်တဲ့၊ သေနတ်ပေးကိုင်မယ်၊ ပစ်မလားဆိုတော့၊ ပစ်မှာပေါ့တဲ့၊ လူသတ်ရမှာနော်ဆိုတော့လည်း သတ်မှာတဲ့၊ ဗိုလ်ကြီးလည်း ပစ်မှာပဲ ဆိုကာမှ ဒီလိုကောင်ထားမရဘူးဆိုပြီး လွတ်လာတာ”လို့ ဆိုပါတယ်။

အဆိုပါ စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ်ဟာ လွတ်မြောက်လာခဲ့ပေမဲ့ အခုလိုလွတ်မြောက်လာဖို့အတွက် စစ်ကောင်စီရဲ့ အောက်ခြေအဆင့်ဆင့်က ငွေညှစ်တာကြောင့် မိသားစုက သိန်း ၂၀ ခန့် ကုန်သွားတယ်လို့ နီးစပ်အသိုင်းအဝိုင်းမှတဆင့် သိရကြောင်း အဆိုပါမြို့ခံက ဆိုပါတယ်။

လက်ရှိ မန္တလေးမြို့မှာ စစ်ကောင်စီဟာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်လာနေပြီးတော့ မနက်အလုပ်သွား၊ အလုပ်ပြန်တွေကအစ ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“၄၉ လမ်းနဲ့ ၁၂၀ လမ်းထောင့်မှာဆို ဟိုနေ့မနက်က ဖမ်းသွားတာ မနည်းဘူးကြားတယ်၊ အခုက တစ်မြို့လုံးနီးပါးပဲ၊ မြို့ထဲရော မြို့ပြင်ရော ဆိုင်ကယ်စစ်သလို ကားစစ်သလိုနဲ့ ဖမ်းဖမ်းသွားကြတာ”လို့ နီးစပ်တဲ့ မြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဟာ ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ လူတွေထဲက ငွေကြေးတတ်နိုင်တဲ့သူတွေကို ငွေကျပ်သိန်း ၃၀ တောင်းပြီး ပြန်လွှတ်ပေးနေသလို ငွေကြေးမတတ်နိုင်တဲ့သူတွေကိုတော့ စစ်သားစုဆောင်းရေးထဲ ပို့တယ်လို့ Voice of Mandalay က ဖော်ပြထားပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #MDY #mandalay
https://www.facebook.com/share/p/1AmWF9tDdJ/
1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ပြင်ဦးလွင်🚨 တံတားဦး‌လေတပ်မှ ပြန်တက်လာသော Gyrocopter ဂျိုင်ရိုကော်ပတာ(၆)စီးသည် ပြင်ဦးလွင်အနီးစခန်းသို့ ဆင်းသက်ထား‌ကြောင်း သတင်းရရှိထားပါသည်။ #EIO Jan 8, 12:43PM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformation»
🚨အရာတော်🚨

အရာ‌တော်နယ်၊စပါးတွင်းပျူရွာမှ ထွက်လာ‌သော စခပများသည် စပါးတွင်ပျူရွာတောင်ဘက်ရွှေပုကန်ဘုရားတောင်ဘက်သို့‌ ရောက်ရှိပြီး တောတိုက်တချို့အား မီးရှို့၍မိုင်းရှင်လင်းရေးလုပ်နေကြကြောင်းသတင်းရရှိ။

#EIO
Jan 8, 2:55PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨မုံရွာ🚨

မုံရွာမြို့၊အီကိုကျောင်းပေါက်တွင်စခများသည် ကင်းများအဖြစ်ရှိနေကြပြီး အစစ်ဆေးပြုလုပ်ရန်လည်းပြင်ဆင်နေကြောင်းသတင်းရရှိ။

#EIO
Jan 8, 3:18PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨မုံရွာ🚨

မုံရွာမြို့၊ရေဦးဆန်ဆိုင်ဂိတ်တွင် ရခ၊စခများသည် အိမ်စီးကားများဖြင့် ရောက်ရှိနေပြီး ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ်‌နေကြောင်းသတင်းရရှိ။

#EIO
Jan 8, 4:10PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
တော်လှန်ဆရာဝန်/သူနာပြု
====================

အရှေ့မှာစစ်ပွဲ တအုံးအုံးကျဲ ၍၊ထိခိုက်ဒဏ်ရာဖြစ်လာကာဝယ်။ မငြီးမငြူ၊ခွဲစိတ် သူ။

အရေးပေါ် ရောက်လာ ၊ရဲဘော်ခမျာဝယ်။ အော်ဟစ်ငြီးငြူ။ ကယ်ရာ ကူရာပြေးလွှား လှုပ်ရှား၊ သွေးလိုပြေးရှာသူနာပြုများ။

ခွဲစိတ်ချိန်ဝယ်၊ လေယာဉ် တစ်ဝုန်းဝုန်း လက်နှက်ကြီးအုံးလည်း။ လူမမာပစ်မသွား၊ ရင်ဝယ်သားသို့ ၊မေတ္တာစိတ် ရွှင်။ကြောက်စိတ်မဝင်။အသက်ကိုကယ်ရေး၊ဤလူတွေတွေး။

ပစ္စည်းမစုံ၊ဆေးဝါးမစုံလည်းရအောင်ကျိုးကုတ် ဒီလူတွေလုပ်။

စားချိန်မမှန်၊အိပ်ချိန်မမှန်၊ ခွဲစိတ်ခန်းတွင်တနေကုန် ခါးညောင်း၊ခဏလျောင်းချိန်၊ မရှိခါသည်။ အားတင်းအလုပ်လုပ် ဤ သူတို့ လုပ်။

ငွေကြေးပြတ်တောက်၊ချေးငှါးလျှောက်လှမ်း။ဘယ်ခါမငြီး။ တော်လှန်ခရီးသို့ ကြမ်းတမ်လျှောက်လှမ်းရောင်နီသန်းမည်။ မေတ္တာရှင်တို့ ခရီးတည်း။

( တော်လှန်ဆရာဝန်သူနာပြုများအတွက် ဂုဏ်ပြု ကဗျာ)

ကဗျာရေးသူ - ကွီးဆိတ်။

https://www.facebook.com/share/1A5vCb8TFQ/
🫡1
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်းတွင် စကစသည် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊Scout drone များလွှတ်တင်၍ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များမှ သိရှိထားပါသည်။သို့ဖြစ်ပါ၍ တလရ ရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ လုံခြုံရေးသတိ ရှိကြပါရန် #EIO Admin Teamမှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformation/14184?single https://t.me/eagleinformation/17104

#VTOL 370 Scout Drone ‌အကြောင်း‌လေ့လာရန် - https://t.me/eagleinformation/17105

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨ရေဦး🚨

ယနေ့နံနက်အချိန်က ရေဦးမြို့အတွင်းမှ ထွက်လာသော စခပခ ခမ အအ(၈၀)ခန့်သည် ကျောက်စာကုန်းရွာထဲ၌ အကုန်ဝင်ရောက်ထားပြီး ယာယီညအိပ်ဝပ်ကျင်းချနေကြောင်းသတင်းရရှိ။

#EIO
Jan 8, 8:30PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

Update - တောင်ကုန်းရွာထဲ၌ ကင်းပတ်နေကြောင်းထပ်မံသိရ။(8:57)PM

#EIO
Jan 8, 8:43PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨မြင်းမူ🚨

မြင်းမူနယ်၊၊ဂရုရွာရောက် စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 8, 9:08PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏21
🚨ဘုတလင်🚨

မုံရွာနယ်၊ဖန်ခါးကျင်းရွာမှ မြောက်အရပ်သို့ ထွက်လာသော စခများသည် ဘုတလင်နယ်၊အနောက်ဇီးတောရွာ တောင်ဘက် စေတနာဆီဆိုင်အနီးတွင် ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 8, 9:09PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မြင်းမူ🚨 မြင်းမူနယ်၊၊ဂရုရွာရောက် စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏»
🚨မြင်းမူ🚨

မြင်းမူနယ်၊၊ဂရုရွာရောက် စခများသည် ထပိမံ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 8, 9:37PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
2🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မြင်းမူ🚨 မြင်းမူနယ်၊၊ဂရုရွာရောက် စခများသည် ထပိမံ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏»
Forwarded from MPANews
မန္တလေးမြို့တွင် ငလျင် နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ်မှုဖြစ်ပွား၊ မြေအော်သံကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရ

8 Jan 2026 By Mon Lay / MPA

ယနေ့( ဇန်နဝါရီ ၈ရက်) ၊ ည ၉ နာရီ ၃၃ မိနစ်ခန့်တွင် မန္တလေးမြို့နှင့် အနီးတစ်၀ိုက်တါင် စက္ကန့်ပိုင်းအတွင်း ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပထမအကြိမ်လှုပ်ခတ်ခဲ့သည့် ငလျင်သည် မြေအော်သံပါ ပါရှိခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ပထမတစ်ချက်က ငြိမ့်ခနဲဖြစ်သွားပြီး နောက်မှာ မြေအောက်ကနေ ဝုန်းဝုန်းနဲ့ အသံကြီး ထွက်လာတာပါ။ အဲဒီနောက်မှာ ဒုတိယတစ်ချက်က တော်တော်လေး ပြင်းပြင်းထန်ထန်ကို ဆောင့်ပြီး ခါသွားတာပါ" ဟု ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/4646/
🙏1