EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.94K links
Download Telegram
🚨ရေဦး🚨

ရေဦးမြို့၊ဘော်ဒါဆောင်လမ်းကြားမှ ထွက်လာသောစခ ခမ အအ(၄၀)ခန့်သည် မြို့၏အနောက်ဘက် ထန်းတောရွာထိပ် သံလမ်း‌ဘောင်ပေါ်တွင်ရောက်ရှိနေပြီး၊အထက(၁)ကျောင်းထဲတွင်လည်း 4wdကားများဖြင့် ပြင်ဆင်စုဖွဲ့နေကြောင်းသတင်းရရှိ။

#EIO
Jan 8, 7:55AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၃)စီးသည် မအူဂိတ်ရပ်ထားကြောင်းသတင်းရရှိ။ #EIO Jan 8, 8:16AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformation
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၃)စီးသည် မအူဂိတ်မှ မြေနဲဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 8, 8:18AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
နွေဦးအရင်းအနှိး

သိန်းတစ်ထောင်ရှိသူက
သ်န်းငါးရာ လှူလိုက်ရင်
သိန်းငါးရာ ကျန်မယ်။

အသက်ကျ
တစ်ဝက်ပဲ ပေးလို့မရ။

ညီမင်ညို
#17,3,2023 Fri am 5:43
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ကြေးမုံရွာထိပ်တွင်(၁)ဖွဲ့နှင့် ရွာထဲသို့ (၁)ဖွဲ့ ခြေလျင်ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Jan 8, 6:42AM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformation
🚨မုံရွာ🚨

မုံရွာတောင်၊ကြေးမုံရွာထိပ်တွင်(၁)ဖွဲ့နှင့် ရွာထဲသို့ (၁)ဖွဲ့ ခြေလျင်ရောက်ရှိနေသော မုံ‌ရွေးတိုးဂိတ်မှ စခကင်းများသည် မုံရွေးတိုးဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Jan 8, 10:22AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨တံတားဦး🚨

မိထီလ္လာ လမသမှ မုံရွာ၊နမခသို့ ပထမကြိမ်ရောက်ရှိလာသော Gyrocopter ဂျိုင်ရိုကော်ပတာ(၃)စီးနှင့် ဒုတိယအကြိမ် ရောက်ရှိလာသော Gyrocopter ဂျိုင်ရိုကော်ပတာ (၃)စီး၊စုစုပေါင်း Gyrocopter ဂျိုင်ရိုကော်ပတာ (၆)စီးသည် ယနေ့ မုံရွာ၊နမခမှ တံတားဦး‌လေတပ်သို့ နံနက်(10:20)AMတွင် ဆင်းသက်ထား‌ကြောင်း သတင်းရရှိထားပါသည်။

#EIO
Jan 8, 10:45AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏2👍1
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🙏2
Forwarded from BBM
မန္တလေးမှာ စစ်အုပ်စုက ခပ်စိပ်စိပ်ပေါ်တာဆွဲလာပြီး စိတ်ကျန်းမာရေးမကောင်းသူပါ ပေါ်တာဆွဲခံရ

BBM - ဇန်နဝါရီ ၈
သတင်း - Richard

မန္တလေးမြို့မှာ စစ်အုပ်စုဟာ ပေါ်တာဆွဲတာတွေ ခပ်စိတ်စိတ်ပြုလုပ်လာတဲ့အပြင် စိတ်ကျန်းမာရေးမကောင်းတဲ့သူကိုပါ ပေါ်တာဆွဲခဲ့ပြီး ပြန်လွှတ်ပေးခဲ့ရတဲ့ ဖြစ်စဉ်လဲရှိခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဒုတိယအပတ်လောက်က ည ၉ နာရီ ၀န်းကျင်မှာ မန္တလေး နာရီစင်အနီး စစ်ကောင်စီတပ်ဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် ၂၀ ကျော် လူငယ်တစ်ဦး အပါအ၀င် လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“အဲ့ကောင်က နဂိုကတည်းက အခံကလည်း ပြား ၈၀ လောက်ရှိတာ၊ ဟိုကောင်တွေက ဟဲ့ကောင် မင်းကားပေါ်တက်ဆိုတော့ အေးဆေးပဲတက်သွားတာ၊ လိုက်မှာလားဆိုတော့ လိုက်မယ်ဆိုပြီး လိုက်ချသွားတာ”လို့ ဆိုပါတယ်။

စစ်ကောင်စီက အဆိုပါ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မျက်ပါးရပ်ရှိ စစ်ကောင်စီတပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ် ပေါ်တာဆွဲခံရတဲ့အပေါ် သူ့ရဲ့ မိသားစုဟာလည်း မန်းမြို့ဈေးနားက ပျုစောထီးခေါင်းဆောင်ဆိုသူရဲ့ အချိတ်အဆက်နဲ့ လိုက်လံစုံစမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

“သူ့အိမ်က လိုက်တာပေါ့၊ သူက ကျပ်မပြည့်ဘူး ဘာညာပေါ့၊ ဟိုကောင်တွေက မဟုတ်ဘူးတဲ့ ဆေးစစ်‌ပြီးပြီတဲ့ ဆေးစစ်တာလည်း အောင်တယ်ဆိုပြီး စစချင်းပြန်မလွှတ်ပေးသေးဘူး”လို့ အဆိုပါ မန္တလေးမြို့ခံက ဆက်ပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက် ၂ ရက်ခန့်ကြာပြီးနောက် စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ်ကို စစ်ကောင်စီတပ် အကြီးပိုင်းက ခေါ်ယူမေးမြန်းရာမှ အမှန်တကယ် စိတ်မနှံ့တဲ့သူဖြစ်ကြောင်းသေချာမှ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

“သူ့ကို မေးတယ်တဲ့၊ သေနတ်ပေးကိုင်မယ်၊ ပစ်မလားဆိုတော့၊ ပစ်မှာပေါ့တဲ့၊ လူသတ်ရမှာနော်ဆိုတော့လည်း သတ်မှာတဲ့၊ ဗိုလ်ကြီးလည်း ပစ်မှာပဲ ဆိုကာမှ ဒီလိုကောင်ထားမရဘူးဆိုပြီး လွတ်လာတာ”လို့ ဆိုပါတယ်။

အဆိုပါ စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ်ဟာ လွတ်မြောက်လာခဲ့ပေမဲ့ အခုလိုလွတ်မြောက်လာဖို့အတွက် စစ်ကောင်စီရဲ့ အောက်ခြေအဆင့်ဆင့်က ငွေညှစ်တာကြောင့် မိသားစုက သိန်း ၂၀ ခန့် ကုန်သွားတယ်လို့ နီးစပ်အသိုင်းအဝိုင်းမှတဆင့် သိရကြောင်း အဆိုပါမြို့ခံက ဆိုပါတယ်။

လက်ရှိ မန္တလေးမြို့မှာ စစ်ကောင်စီဟာ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ခပ်စိတ်စိတ်လုပ်ဆောင်လာနေပြီးတော့ မနက်အလုပ်သွား၊ အလုပ်ပြန်တွေကအစ ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“၄၉ လမ်းနဲ့ ၁၂၀ လမ်းထောင့်မှာဆို ဟိုနေ့မနက်က ဖမ်းသွားတာ မနည်းဘူးကြားတယ်၊ အခုက တစ်မြို့လုံးနီးပါးပဲ၊ မြို့ထဲရော မြို့ပြင်ရော ဆိုင်ကယ်စစ်သလို ကားစစ်သလိုနဲ့ ဖမ်းဖမ်းသွားကြတာ”လို့ နီးစပ်တဲ့ မြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဟာ ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ လူတွေထဲက ငွေကြေးတတ်နိုင်တဲ့သူတွေကို ငွေကျပ်သိန်း ၃၀ တောင်းပြီး ပြန်လွှတ်ပေးနေသလို ငွေကြေးမတတ်နိုင်တဲ့သူတွေကိုတော့ စစ်သားစုဆောင်းရေးထဲ ပို့တယ်လို့ Voice of Mandalay က ဖော်ပြထားပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #MDY #mandalay
https://www.facebook.com/share/p/1AmWF9tDdJ/
1🙏1