EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨အရာတော်🚨

နေ့လည်(၂:၂၀)အချိန်ခန့်တွင် အရာ‌တော်နယ် လကရ စခတ(၁၀)မှ ထွက်လာသော စခ ပခ ခမ အအ(၈၀)ခန့်သည် ကျောက်ပြောက်ရွာ၊ရွှေကြေးစည်ကျောင်းထဲတွင်ရောက်ရှိ့နေကြောင်းသတင်းရရှိ။

#EIO
Jan 7, 4:45PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍2🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်မှ စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိ။

#EIO
Jan 7, 5:22PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1
မုံရွာမြို့မှာ လျှပ်စစ်မီးပြတ်နေလို့ ထရန်စဖော်မာမီးကြိုးတွေ ခိုးယူနေ

ဇန်နဝါရီ-၇၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေချိန် သူခိုးတွေက ထရန်စဖော်မာက မီးကြိုးတွေကို နေ့ဘက်မှာ ပေါ်ပေါ်တင်တင် ခိုးယူနေကြောင်း မြို့ခံတွေက ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေတဲ့ မုံရွာမြို့ပေါ်မှာ မနေ့က ဇန်နဝါရီ ၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က နေဇာလမ်းမှာရှိတဲ့ ထရန်စဖော်မာတစ်ခုကို သူခိုးတွေက ဝင်ရောက်ပြီး မီးကြိုးတွေ ခိုးယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဓာတ်အားယာယီရအောင်လုပ်ပေးမဲ့ အဖွဲ့တွေကလူတွေလို ဟန်ဆောင်ပြီး ဝင်ခိုးတာ"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ရပ်ကွက်နေသူပြည်သူတွေ သတိထားမိရာကနေ သူခိုးတွေဟာ ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်မှု တစ်ပတ်ကျော်ကြာမြင့်လာပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ဒါကြောင့် ရေတင်နိုင်အောင် မြို့ခံအချို့က မီးစက်တွေနဲ့ ရပ်ကွက်အလိုက် အလှည့်ကျ နှစ်နာရီစီ လိုက်လံမီးပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရက်ရှည် လျှပ်စစ်မီးပြတ်တောက်နေချိန် ထရန်စဖော်မာတွေကို ဂရုစိုက်ကြဖို့ မီးပေးနေသူတွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာကနေ ညောင်ပင်ကြီးဓာတ်အားခွဲရုံကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်း ထိခိုက်မှုကြောင့် မုံရွာမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာဖြစ်ပါတယ်။ အဲဒီဓာတ်အားလိုင်းကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေကြောင်း၊ လမ်းပိုင်းအခြေအနေအရ သွားရောက်ပြင်ဆင်နိုင်ခြင်း မရှိသေးဘူးလို့ သတင်းရရှိပါတယ်။

#People's Spring
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မြင်းမူ🚨 စစ်ကိုင်း၊တမခ(၃၃)မှ ထွက်လာသော စခသံပြားကာကားယာဉ်တန်း (၁၂)ဘီးကား(၂)စီး၊4wdကား(၂)စီး၊ကာစတန်ကား(၂)စီး၊အိမ်စီးကား(၂)စီး၊light truckကား(၁)စီးနှင့် မြင်းမူမြို့မှထွက်လာသော ထပ်တိုး စခသံပြားကာကား(၁)စီးသည် မြင်းမူနယ်၊မြောင်လမ်းခွဲတွင်ရပ်ထားကြောင်းသတင်းရရှိ။…
🚨မြင်းမူ🚨

ဇန်ဝါရီလ(၂)ရက်နေ့တွင် စစ်ကိုင်း၊တမခ(၃၃)မှ ထွက်လာပြီး မြင်းမူနယ်၊ဂွေးပင်တောမှ တဆင့် မြင်းမူနယ်၊လက်ပန်ရွာနှင့်ဂရုရွာတွင် ရောက်ရှိနေသော စခများသည် ယခုအချိန်ထိ ရှိနေဆဲဖြစ်ကြောင်းသတင်းရရှိ။

#EIO
Jan 7, 5:35PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 7, 6:15PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationဋ
👍1
Forwarded from BPLA
BamarRebel_January2026.pdf
15.1 MB
ဇန်နဝါရီလထုတ် ဗမာသူပုန်စာစဉ် 📘

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၃)၊ အမှတ်(၁)၊ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။
2
🚨မြင်းမူ🚨

မြင်းမူနယ် ဂွေးပင်တော စခခြံမှ စခများသည် လက်နက်ကြီးဖြင့် (၃)ကြိမ်မြောက် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 7, 8:25PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
မုံရွာတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ဓာ-းပြတိုက်လူသ-တ်မှု ကျူးလွန်ခဲ့သည့် တော် လှန်ရေးအယောင်ဆောင် Monywa Force အဖွဲ့အား NUG အစိုးရ၊ မုံရွာမြို့နယ်တရားရုံးက အလုပ် ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်

သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ဓာ-းပြတိုက်လူသ-တ်မှု ကျူး လွန်ခဲ့သည့် တော်လှန်ရေး အယောင်ဆောင် Monywa Force အဖွဲ့အား NUG အစိုးရ၊ မုံရွာမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၃ နာရီခန့်က မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ် ကွက်၊ နယ်မြေ ၄ တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် မအေးငြိမ်းသူ (ခ) သဲသဲ၏ နေအိမ်အတွင်း သို့ ကျွဲကြီး (ခ) ဘိုငွေ ဦး ဆောင်ပြီး ပြုံးကြီး (ခ) ကျော်စိုးထွန်း ၊ အောင်ကြီး (ခ) အောင်မြင့်ခိုင်၊ ဘ ဂျမ်း (ခ) ကျော်သူစံ၊ တက် တူး (ခ) မိုးမင်းထက် ၊ ကရင် (ခ) အောင်ဆန်းဦး နှင့် ကျားလေး (ခ) ဝင်း မင်းထက်တို့ ၇ ဦးက လက်လုပ်သေနတ်ဖြင့် ဝင်ရောက်ပစ်သ-တ်ကာ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ယူဆောင်သွားကြောင်း သိရသည်။

ထိုသို့ လူသတ်ဓာတ်ပြတိုက်သည့်အဖွဲ့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖက နေ့တွင်းချင်း ဖမ်းဆီးခဲ့ပြီး အမှုတည်ဆောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၅ / ၃၉၆ /၃၉၇ အရ တရားစွဲဆိုတင်ပို့ခဲ့ရာ ယခုအခါ‌ ၎င်းတို့အဖွဲ့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အနှစ် ၂၀ ချလိုက်တယ်။ အလုပ်ကြမ်းနဲ့ထောင်ဒဏ်အနှစ် ၂၀ ချလိုက်တယ်။ အဲဒီအမှုစဖြစ် က တည်းက ကျနော်တို့က ရဲလုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ပြီးတော့ တရားရေးကို အမှုတွဲ တင် တယ်။ တရားရေးကနေ အဆင့်ဆင့်သော ညွှန်ကြားမှုတွေနဲ့ အမိန့်ချလိုက်တာ။ မုံရွာမြို့နယ် တရား သူကြီးကနေချလိုက်တာ၊ အမိန့်ချလိုက်တာကတော့ နည်းနည်းတော့ ကြာပါပြီ။” ဟု မုံရွာမြို့နယ် ပြည်သူ့ လုံခြုံ ရေး အဖွဲ့ - ပလဖ တာဝန်ခံ ကိုအာကူးက ပြောကြားသည်။

အဆိုပါ ကျွဲကြီးဦးဆောင်သော အဖွဲ့သည် Monywa Force အမည်ဖြင့် တော်လှန်ရေးအယောင် ဆောင်ကာ စစ်တပ်ခိုင်းသမျှလုပ်ကိုင်ခဲ့သူများဖြစ်ပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ တော်လှန်ရေးပုံဖျက်သည့် အလုပ်များကို လုပ်ကိုင်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။
👍1
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖက နေ့တွင်းချင်း ဖမ်းဆီးခဲ့ပြီး အမှုတည်ဆောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၅ / ၃၉၆ /၃၉၇ အရ တရားစွဲဆိုတင်ပို့ခဲ့ရာ ယခုအခါ‌ ၎င်းတို့အဖွဲ့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ခြင်း
👍1
🚨ချောင်းဦး🚨

ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 7, 10:05PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ချောင်းဦး🚨 ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏 #EIO…»
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

‼️စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်

#EIO
https://t.me/eagleinformation
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio
1👍1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

(၂၀၂၆)ခုနှစ်၊ဇန်နဝါရီလ၊(၈/၉/၁၀/၁၁)ရက်‌နေ့များတွင် အရာတော်မြို့‌ပေါ်၌ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှသတင်းရရှိထားပါသည်။စခရခများသည် မြို့ပေါ်အနှံ့ ကင်းများ၊ကင်းပုန်းများဖြင့် ခြေရှုပ်နေခြင်း၊ဆိုင်ကယ်များ၊ကားကြီးများဖြင့် ကင်းပတ်နေကြောင်းလည်းသိရှိရပါသည်။

သို့ဖြစ်ပါ၍ ရှူံးမဲမဲနေသော စကစ၏ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း ဘေးအန္တရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် အရာတော်မြို့ပေါ်သို့ (မည်သည့်လမ်းပိုင်းဖြင့်မဆို) ဖြတ်သန်းသွားလာခြင်းများ (လုံးဝလုံးဝ) မပြုလုပ်ကြပါရန် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ ကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီးတွင် နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာအနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးနှိူးဆော်လိုက်ပါသည်။

သက်ဆိုင်ရာ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည် ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Jan 8, 6:27AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ကြေးမုံရွာထိပ်တွင်(၁)ဖွဲ့နှင့် ရွာထဲသို့ (၁)ဖွဲ့ ခြေလျင်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 8, 6:42AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨ယင်းမာပင်🚨

ယင်းမာပင်နယ်၊ရဲတပ်ရင်း(၂၈)မှ စခများသည် မြောက်အရပ်သို့ထွက်နေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

လမ်းဘေးဝဲယာတွင်ကင်းပုန်းများဝပ်နေကြောင်းထပ်မံသိရ။(7:16)AM

#EIO
Jan 8, 6:53AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲအောင်သာလမ်းကူးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 8,6:53AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 8, 6:53AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို
ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင်
မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့်
ဦးတည်ရာလမ်းကြောင်း (Route Direction) ၊
အချိန် (Time) တို့ကို
ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များ ထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် တာဝန်သိစိတ်ဖြင့် (မြေပြင်နှင့်လေကြောင်း)သတင်းများအား ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။
🙏

#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformation

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator
🙏1