EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မြင်းမူ🚨 ယမန်နေ့က မြင်းမူနယ်၊တွင်းကြီးရွာမှ ရွှေယင်းမာရွာသို့ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့သော (မြင်းမူနယ်၊ဂွေးပင်တော စခခြံမှထွက်) စခများသည် ယနေ့နံနက်တွင် လက်ပန်ရွာနှင့်ဂရုရွာတွင်ရောက်ရှိ၍ ယခုတိုင်ရှိနေသေးကြောင်းသတင်းရရှိ။ #EIO Jan 4, 6:50PM 📬သတင်းပို့ရန်…
🚨မြင်းမူ🚨
ယမန်နေ့က မြင်းမူနယ်၊လက်ပန်ရွာနှင့်ဂရုရွာသို့ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့သော (မြင်းမူနယ်၊ဂွေးပင်တော စခခြံမှထွက်) စခများသည် ရှိနေဆဲဖြစ်ကြောင်းသတင်းရရှိထားပါသည်။
လက်နက်ကြီးများဖြင့်လည်း ရံဖန်ရံခါရမ်းသမ်းပစ်ခတ်ခြင်းလည်းရှိသဖြင့် အနီးဝန်းကျင်ရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ နေထိုင်ကြပါရန်🙏
#EIO
Jan 5, 11:40AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation

🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မြင်းမူ🚨 ယမန်နေ့က မြင်းမူနယ်၊လက်ပန်ရွာနှင့်ဂရုရွာသို့ရောက်ရှိ၍ ညအိပ်ဝပ်ကျင်းချခဲ့သော (မြင်းမူနယ်၊ဂွေးပင်တော စခခြံမှထွက်) စခများသည် ရှိနေဆဲဖြစ်ကြောင်းသတင်းရရှိထားပါသည်။ လက်နက်ကြီးများဖြင့်လည်း ရံဖန်ရံခါရမ်းသမ်းပစ်ခတ်ခြင်းလည်းရှိသဖြင့် အနီးဝန်းကျင်ရွာများမှ…
🚨မြင်းမူ🚨
မြင်းမူနယ်၊ပဲတောင်း တောင်ရွာ၊မြောက်ရွာ၊ကုန်းရွာနှင့်ရွှေယင်းမာရွာတို့တွင်လည်း ဂွေးပင်တောစခခြံမှ ထွက်လာသော စခများသည် တပ်ဖြန့်၍ ရှိနေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jan 5, 11:50AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
မြင်းမူနယ်၊ပဲတောင်း တောင်ရွာ၊မြောက်ရွာ၊ကုန်းရွာနှင့်ရွှေယင်းမာရွာတို့တွင်လည်း ဂွေးပင်တောစခခြံမှ ထွက်လာသော စခများသည် တပ်ဖြန့်၍ ရှိနေကြောင်းသတင်းရရှိထားပါသည်။
#EIO
Jan 5, 11:50AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
မကွေးအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ယခုချိန်အထိ တိုက်ပိတ်ထားခြင်း
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်။
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ထောင်အာဏာပိုင်များက ရိုက်နှက်ကာ မတရား ဖိနှိပ်မှုများကိုပြုလုပ်ပြီးနောက် ယနေ့(ဇန်နဝါရီလ ၅ရက်)အထိ တစ်လနီးပါး တိုက်ပိတ်ခံထားရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးအကျဉ်းထောင်ရှိ အမျိုးသားဆောင်(၄)တွင် နိုင်ငံရေးအကျဉ်းသားများအား အကျဉ်းထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်များကို လူ ၁၀ ဦးတစ်ဖွဲ့စီဖြင့် ထောင်အာဏာပိုင်များက ဆေးကြောရန် ခိုင်းစေခဲ့ပြီး မဆောင်ရွက်နိုင်ကြောင်း ပြောဆိုသည့် နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ မဆောင်ရွက်နိုင်ကြောင်း ပြောဆိုသူများကို ခေါင်းငုံ့ထိုင်ခိုင်းခြင်း၊ ခေါင်းမငုံ့သူများကို မျက်နှာအဝတ်စည်းပြီး ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်းများ ပြုလုပ်ခဲ့ပြီး ခေါင်းကွဲဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါသည်။ ထို့ပြင် နိုင်ငံရေးအကျဥ်းသားတချို့ကိုလည်း မြေပြင်ပေါ် အမှောက်ခိုင်းပြီး နံပါတ်တုတ်များ၊ ဝါယာကြိုးနှင့် မိန်းကြိုးအတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း PPNMမှ အတည်ပြုရရှိထားသည်။
အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ဦး တိုက်ပိတ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၈ ရက်မှ ယနေ့အထိ ဆက်လက် တိုက်ပိတ်ခံထားရဆဲဖြစ်ပါသည်။ လက်ရှိအချိန်အထိ အရိုက်ခံရသူများ၏ ကျန်းမာရေးအခြေအနေများကို မိသားစုဝင်များမှ အတိအကျ မသိရှိရသေးပါ။
ထိုသို့ အကြမ်းဖက်မှုများကို ထောင်ဝန်ထမ်းများဖြစ်သည့် သက်ပိုင်စိုးက ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ပြီး၊ အဆောင် (၁)မှ တန်းစီး တင်အောင်ထွန်း၊ အဆောင် (၃)မှ တန်းစီး စစ်သားကြီး၊ အဆောင် (၂)မှ တန်းစီး ငပွေး နှင့် အဆောင် (၄)မှ အခန်းလူကြီး မြတ်ကိုတို့အား ထောင်ဝန်ထမ်းများက လုပ်ပိုင်ခွင့်ပေးပြီး နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခိုင်းခဲ့ကြောင်း PPNM မှ စုံစမ်းသိရှိရပါသည်။
မကွေးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများသည် ထောင်တွင်း၌ ရောင်းချသည့် ဈေးဘားများအား မတန်တဆ ဈေးများဖြင့် ရောင်းချနေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများသည် ထောင်ဝန်ထမ်းများ၏ဝင်ငွေကို ဖြတ်တောက်နိုင်ရန် ထောင်မှ ရောင်းသည့်ကွမ်းယာများကို ဝယ်မစားဘဲ ကွမ်းဖြတ်တောက် ရေးလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၇ရက် နေ့တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါပြုလုပ်ခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသား ၁၁ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်ကာ ခြေကျင်းများခတ်ပြီးနောက် ယနေ့အထိ တိုက်ပိတ်ထားကြပါသည်။
လက်ရှိတွင် ထောင်ဝင်စာအဖြစ် ဆီနှင့် သစ်သီးများကို ခွင့်မပြုခြင်း၊ ဧည့်တွေ့ခွင့်ကို တစ်ဦးသာ ခွင့်ပြု၍ နှစ်ဦးတွေ့လိုပါက ငွေပေးရခြင်းများလည်း ရှိနေသည်။
အဆိုပါ လုပ်ရပ်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာအကျဉ်းသားဆိုင်ရာ စံချိန်စံညွှန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း PPNM အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ မကွေးအကျဉ်းထောင်အတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် စောင့်ကြည့်မှတ်တမ်းတင်သွားမည်ဖြစ်ပြီး အတည်ပြုနိုင်သော သတင်းအချက်အလက်များ ရရှိလာပါက ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)
#မကွေးထောင်
#PoliticalPrisoners
#PPNM

😢1
⚜️အထူးကျေးဇူးတင်ရှိခြင်း⚜️
တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်နေကြသော၊အလုပ်လုပ်နေကြသည့် ရဲဘော်များ ဘေးကင်းဖို့နှင့် အပြစ်မဲ့အရပ်သား မိဘပြည်သူတွေ ဘေးကင်းကြစေဖို့၊ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)နှင့် စတည်ထောင်စဥ်အချိန်မှ စ၍ ယနေ့အချိန်ထိ အတူလက်တွဲ၍ ယုံကြည်စိတ်ချစွာဖြင့် အချိန်နဲ့တပြေးညီ (သတင်းပို့၊သတင်းယူ)ပြီး ကိုယ်ထူကိုယ်ထ ပါဝင်ပေးကြပါသော အနယ်နယ်အရပ်ရပ်မှ၊မြို့နယ်ပေါင်းစုံမှ သတင်းတာဝန်ခံ ညီအကိုမောင်နှမတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ပါသည်။
အချင်းချင်း ရိုင်းပင်းကူညီဖေးမပြီး၊အာဏာရှင်စနစ်အဆုံးသတ်ချိန်အထိ ပြည်သူကိုအလုပ်အကျွေးပြုရင်း ကျန်းမာ၍ ဘေးဘယာကင်းပြီး အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့လို့ ဆန္ဒပြုရင်း။ ။
#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com

👍1
🚨ချောင်းဦး🚨
ငါးယှန်စခခြံမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Jan 5, 2:59PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
ငါးယှန်စခခြံမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Jan 5, 2:59PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ချောင်းဦး🚨 ငါးယှန်စခခြံမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏 #EIO Jan…»
🚨မုံရွာ🚨
မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်လမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jan 5, 3:04PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်လမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jan 5, 3:04PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🚨ချောင်းဦး🚨
ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Jan 5, 3:51PM

👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ချောင်းဦး🚨 ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏 #EIO…»
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု သုံးသပ်ချက်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ စုစုပေါင်း (၁၁၉) ကြိမ် ဖြစ်ပွားခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အပါအဝင် (၁၇၆) ဦး သေဆုံး၊ (၃၂၅) ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အများဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး၊ စစ်ကိုင်းတိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် သေဆုံးမှုနှင့် ထိခိုက်ဒါဏ်ရာရရှိမှု အမြင့်ဆုံးဖြစ်ပါသည်။
သုံးသပ်ချက်
ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကိုင်းတိုင်းတွင် အများဆုံး(၄၂% ခန့်)ဖြစ်ပြီး မကွေးနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း အပြင်းအထန် တိုက်ခိုက်ခံခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခြင်း။ နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက လေကြောင်းတိုက်ခိုက်မှု (၆၆) ကြိမ်မှ (၁၁၉) ကြိမ်သို့ သိသိသာသာ တိုးမြှင့်လာပြီး သေဆုံး/ဒဏ်ရာရမှုနှုန်းမှာလည်း နှစ်ဆနီးပါး မြင့်တက်လာပါသည်။
ညပိုင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာခြင်း။ ညပိုင်းတိုက်ခိုက်မှုနှုန်း (၂၇%) အထိ တိုးမြင့်ပြုလုပ်လာပြီး အရပ်သားပြည်သူများအား အိပ်စက်ချိန်တွင် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနှင့် အထိအခိုက်များစေရန် ရည်ရွယ်လာကြောင်း တွေ့ရသည်။
အရပ်ဘက်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံများ နှင့် ရွှေလုပ်ကွက်၊ ရေနံမှော် စသော စီးပွားရေးလုပ်ငန်းများကိုပါ တိုက်ခိုက်လာခြင်းမှာ အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ အဖျက်စွမ်းအားမြင့် တိုက်ခိုက်မှုများဖြင့် စစ်ရေးဖိအားပေးမှုကို တိုးမြှင့်လုပ်ဆောင်လာကြောင်း သုံးသပ်ရသည်။
စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု၏ အဓိကပစ်မှတ်ထားခံနေရသော ဒေသများဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် အကြိမ်ရေ၊ သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အမြင့်ဆုံး ဖြစ်ပေါ်နေသည်။ ယင်းသည် မြေပြင်စစ်ဆင်ရေးတွင် ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာသဖြင့် လေကြောင်းအားကို အလွန်အကျွံ အားထားလာခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း သုံးသပ်ရသည်။ စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်စစ်ဆင်ရေးများကိုလည်း တိုးမြှင့်ဆောင်ရွက်လာနိုင်ခြေ ရှိနေပါသည်။
#လေကြောင်းတိုက်ခိုက်မှု #စစ်ရေးသတင်း
#MDSI #သုံးသပ်ချက်

🥰1
🚨မုံရွာ🚨
ညနေ(၄:၀၀)အချိန်ခန့်တွင် အရာတော်နယ်၊ လကရ စခတ(၁၀)မှ ထွက်လာသော စခ ခမ အအ (၅၀)ခန့်သည် ခြေရာတော်ဘုရား၏ မုဒ်ပေါက်သို့ရောက်ရှိပြီး စက်မှု့လယ်ယာဂိတ်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jan 5, 4:34PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
ညနေ(၄:၀၀)အချိန်ခန့်တွင် အရာတော်နယ်၊ လကရ စခတ(၁၀)မှ ထွက်လာသော စခ ခမ အအ (၅၀)ခန့်သည် ခြေရာတော်ဘုရား၏ မုဒ်ပေါက်သို့ရောက်ရှိပြီး စက်မှု့လယ်ယာဂိတ်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Jan 5, 4:34PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
Development Media Group ကရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့်စပ်လျဉ်းသည့် လေ့လာဆန်းစစ်တွေ့ရှိချက်များ
• အစီရင်ခံစာတွင် စစ်ပွဲများဖြစ်ပွားပြီးနောက် အချိန်ကာလကြာမြှင့်သည်အထိ ဆက်လက်သက်ရောက်နေသော မြေမြှုပ်မိုင်းအန္တရာယ်များကို ဖော်ပြထားသည်။
• ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများစတင်ခဲ့သည့်၂၀၁၈ခုနှစ်မှ ၂၀၂၅ခုနှစ်အတွင်းမြို့နယ် (၃)မြို့နယ်တွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်ခံစားရသူများသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများသာမက မိသားစုတကွဲတပြားဖြစ်ခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများစွာကို ကြုံတွေ့ခဲ့ကြရသည်။
• အစီရင်ခံစာအရ မပေါက်ကွဲသေးသော စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူများ၏ တစ်ဝက်နီးပါး (၄၉%)ခန့်သည် မိမိတို့နေအိမ်အနီး သို့မဟုတ် အိမ်ပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး အလုပ်သွားစဥ်လမ်းခရီး၌ ဖြစ်ပွားသူများလည်း ရှိသည်။
• အများပိုင် လမ်းသွားလမ်းလာနေရာများ၊ ရေခပ်ထင်းခွေသည့်နေရာများ၊ သစ်တောများနှင့် တိရစ္ဆာန်များလွှတ်ကျောင်းရာနေရာသည် အန္တရာယ်ရှိသည့် နေရာများအဖြစ် ပြောင်းလဲသွားသည်ကို ပြသနေသည်။
• အဆိုပါသက်ရောက်မှုများကို ကလေးများ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါ ခံစားနေရပြီး စိတ်ဖိစီးမှုနှင့် ကြောက်ရွံ့မှုများသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ဆက်လက်ကူးပြောင်းခံစားနေကြရသည်။
• မြေမြှုပ်မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများ၏ ပြဿနာသည် ရေရှည်ဖြေရှင်းဆောင်ရွက်ရမည့်ပြဿနာရပ်တစ်ခုဖြစ်ပြီး တွေ့ရှိချက်များအရ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေသည်။
• မြေမြှုပ်မိုင်း အန္တရာယ်သတိပေးဆိုင်းဘုတ်များ၊ ကျောင်းသင်ကြားရေးအစီအစဉ်များ၊ အရေးပေါ်သတင်းပေးစနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအမံများကို တိုးမြှင့်လုပ်ဆောင်ပေးနိုင်မှသာ လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများကိုလျှော့ချနိုင်မည် ဖြစ်သည်။
• ဝန်ကြီးဌာနအနေဖြင့် မြေမြှုပ်မိုင်းနှင့်စစ်လက်ကျန်ပစ္စည်းများ၏အန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့်နည်းပညာဆိုင်ရာအကြံပြုခြင်းများကို စဥ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိပြီး ဒေသအလိုက် ရပ်ရွာအခြေပြု မိုင်းအန္တရာယ်ပညာပေးရေးလုပ်ငန်းများနှင့် ပြည်တွင်းပြည်ပပညာရပ်ဆိုင်ရာအဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
https://www.facebook.com/share/17h1D8QRQh/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🚨အရာတော်🚨
အရာတော်မြို့ မြောက်ထွက် အမှတ်(၂)ဂိတ်တွင် စခသံပြားကာကား(၂)စီးဖြင့် စခ ခမ အအ(၁၀၀)ခန့်သည် အသင့်အနေအထားဖြင့် ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jan 5, 5:15PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
အရာတော်မြို့ မြောက်ထွက် အမှတ်(၂)ဂိတ်တွင် စခသံပြားကာကား(၂)စီးဖြင့် စခ ခမ အအ(၁၀၀)ခန့်သည် အသင့်အနေအထားဖြင့် ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Jan 5, 5:15PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။
ဒေါ်အောင်ဆန်းစုကြည်
#EIO
https://t.me/eagleinformation
https://www.facebook.com/eagleinformationoperator
https://www.x.com/Eagleeio

❤1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️
အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိူးဆော်လိုက်ပါသည်။
မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏
#Admin Team
#EagleInformationOperator