EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
🚨မုံရွာ🚨

မုံရွာနယ်၊‌ကျောက်စစ်ပုံ အမတ(၅၀၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Dec 26, 8:45PM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မုံရွာနယ်၊‌ကျောက်စစ်ပုံ အမတ(၅၀၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏»
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာနယ်မြောက်ခြမ်း၊ရေအိုးစင်ဂိတ်တွင် ရောက်ရှိနေသော စခများသည် ဖန်းခါးကျင်းရွာဘက်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Dec 26, 9:29PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာနယ်မြောက်ခြမ်း၊ရေအိုးစင်ဂိတ်တွင် ရောက်ရှိနေသော စခများသည် ဖန်းခါးကျင်းရွာမှတဆင့် မြောက်အရပ်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Dec 26, 9:42PM
📬သတင်းပို့ရန် @EagleInformationOperator
အသက်ရှင်ပါ
မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့............

အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ..,

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ..........။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)
🙏1
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Dec 26, 10:16PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏 #EIO Dec 26…»
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
🥰2
မေး: မင်းတို့ရွေးကောက်ပွဲက ဘယ်ပါတီနဲ့ပြိုင်နေတာလဲ မသိလို့ပြောခဲ့ပါလား ?

ဖြေ: အိမ်ခွေးကို ဆေးသုတ်ပီး ပြိုင်ခိုင်းတာ


#EIO
#Cartoon
#RejectShamElection
#SayNoJustTrap
#WhatsHappeningInMyanmar
#RejectMilitaryCoup
#JusticeForMyanmar
👍1
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် ရှူံးမဲမဲနေသော စကစ၏ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ (၂၀၂၅)ခုနှစ်၊ဒီဇင်ဘာလ၊ (၂၇)ရက်‌နေ့နှင့်(၂၈)ရက်နေ့တွင် ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် (မုံရွာ-ချောင်းဦး)လမ်းပိုင်းနှင့် မုံရွာမြို့ပေါ်သို့ (မည်သည့်လမ်းပိုင်းဖြင့်မဆို)၊ စခအထိုင်ဂိတ်များအား ဖြတ်သန်းသွားလာခြင်းများ (လုံးဝလုံးဝ) မပြုလုပ်ကြပါရန် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့် သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီးတွင် နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာအနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေးနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၃)စီးသည် မုံရွာနယ်မြောက်ခြမ်း၊ဖန်ခါးကျင်းရွာတွင်စခ အအများ ချထားခဲ့ပြီး စခသံပြားကာကားအခွံ(၂)စီးသည် မုံရွာ၊နမခသို့ ပြန်လည်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Dec 27, 5:35AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................

🚨🚨သူတစ်ပါးကိုယ်ပိုင် အမှတ်အသား၊ကိုယ်ပိုင်အာ‌ဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌တယ်။

နောင်လူငယ်‌တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 မုံရွာနယ်မြောက်ခြမ်း၊ဖန်ခါးကျင်းရွာတွင် ရောက်ရှိနေသော စခများသည် ဘုတလင်နယ်၊အနောက်ဇီးတောရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Dec 27, 6:18AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ဘုတလင်🚨

မုံရွာနယ်မြောက်ခြမ်း၊ဖန်ခါးကျင်းရွာတွင် ရောက်ရှိနေသော စခများသည် ဘုတလင်နယ်၊အနောက်ဇီးတောရွာတောင်ဘက် တန်ပိုဂိတ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Dec 27, 6:55AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် ဒေါနခြံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Dec 27, 7:32AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
👍1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံထိပ်သို့ ရောက်ရှိနေကြပြီး ပြည်သူအသွားအလာများအား တားဆီး၍ ငတ်ကြီးကျ တောင်းရမ်းနေကြောင်းသတင်းရရှိ။

#EIO
Dec 27, 7:59AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformation
🙏1