EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊‌မုံ‌ေရွးတိုးဂိတ်မှ ထွက်လာသော စခများသည် ကြေးမုံရွာထိပ် ကျားမင်းမုန့်တီဖိုရှေ့သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Dec 25, 4:05PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨ချောင်းဦး🚨

ချောင်းဦး၊ကျီကုန်းရွာသို့ ရောက်ရှိ‌နေသောစခများသည် ပြည်သူပိုင်နေအိမ်များကို ထပ်မံ၍မီးရှို့နေကြောင်းသတင်းရရှိ။

#EIO
Dec 25, 4:38PM
📬သတင်းပို့ရန် @EagleInformationOperator
😢2
🚨မုံရွာ🚨

မုံရွာ၊ဇလုပ်အဝိုင်းပတ်နှင့် ဦးကုမာရဘုန်းကြီးနားတွင် စခများသည် ပြည်သူအသွားအလာများအားအစစ်‌ေဆးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Dec 25, 4:56PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Dec 25, 5:47PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မုံရွာတောင်၊မအူဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏 #EIO…»
တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း။

ရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ရက်

၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့မှစ၍ ပေါက်မြို့နယ် ကပစ(၂၄)မှ ဇီးပြား၊ တရော်ကိုင်း စစ်တပ်စခန်းနှင့် ပျူစောထီးရွာများသို့ ထွက်လာသော အင်အား(၂၁၁)ဦးပါ ရန်သူ့စစ်ကော်မရှင်စစ်ကြောင်းနှင့် မိမိတို့ မဟာမိတ်ပူးပေါင်းတပ်များ ဒီဇင်ဘာလ (၉)ရက်၊ (၁၀)ရက်၊ (၁၆)ရက်နေ့နှင့် (၂၀)ရက်နေ့များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၂။ တိုက်ပွဲများအတွင်း ရန်သူ့စစ်ကော်မရှင်စစ်ကြောင်းမှ စစ်သား(၁၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၃၇)ဦးခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။
👍3
၃။ အဆိုပါတိုက်ပွဲများအတွင်း မဟာမိတ်ပူးပေါင်းတပ်များမှ ရဲဘော် (၂)ဦး ကျဆုံးခဲ့ပြီး ရဲဘော်(၅)ဦးခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

၄။ မိမိတို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/ PDA)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပခုက္ကူ) (Borderless)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrila Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊မြိုင် (ပကဖ)၊BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျွန်ုပ်တို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်သည် လူထုလွတ်မြောက်ရေး နှင့် နိုင်ငံတော်သစ်ဆီသို့ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။

ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနကြီး
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်
🫡2
ပြောက်ကျားစစ်ရဲ့သဘောတရား
------------///------------

လျှိုဝှက်အပ်ရာ၊ အရာရာကို
မိ နှင့် ဖ/သား သူစိမ်းအားသော်
မယားသော်မှ မယုံရ။

လျှို့ဝှက်
လျင်မြန်
လုံ့လ
လုုံခြုံ (လ) ၄ (လ) ဖြစ်တယ်။အကျယ်ချဲ့ရင် အများကြီးပါ။

စည်းကမ်း
စနစ်
စည်းရုံး
စုစည်း (စ) ၄ (စ)ဖြစ်တယ်။

အင်အား
အားအင်
အားပြု
အပြီး (အ) ၄ (အ)ဖြစ်တယ်။

စ ၄ ယံ၊ လ ၄ ယံ၊ အ ၄ ယံ ညီရပါတယ်။

ဒါကြောင့် ထင်ထင်ပေါ်ပေါ်တွေပြော၊
ထင်ထင်ပေါ်ပေါ်တွေ လုပ်နေတာတွေ
ရပ်ကြပါလို့ တိုက်တွန်းရင်း..........။
သမိုင်းကပြည်သူ
တော်လှန်ရမှာက ကျနော့်တို့တွေ ဖြစ်ပါကြောင်း။

#NNA

(စာရေးသူထံတွင် တိုက်ရိုက်ခွင့်တောင်း၍ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
🥰3
မေး: မင်းတို့ရွေးကောက်ပွဲက ဘယ်ပါတီနဲ့ပြိုင်နေတာလဲ မသိလို့ပြောခဲ့ပါလား ?

ဖြေ: အိမ်ခွေးကို ဆေးသုတ်ပီး ပြိုင်ခိုင်းတာ


#EIO
#Cartoon
#RejectShamElection
#SayNoJustTrap
#WhatsHappeningInMyanmar
#RejectMilitaryCoup
#JusticeForMyanmar
👍4
🚨အသိပေး၊သတိ‌ပေးပန်ကြားချက်🚨

လက်ရှိအချိန်တွင် စစ်ရှုံးကောင်စီ စကစမှ ရှုံးမဲမဲနေကာ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန်နီးကပ်လာသမျှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးပေါ်တာဆွဲခြင်းကိုလည်း နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ ခပ်စိပ်စိပ်ပြုလုပ်‌နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရှိထားပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စ‌သော်လည်းကောင်း၊ ကိစ္စအရေးကြီးငယ်ရှိ၍လည်းကောင်း ခရီး၊အနီးအဝေး သွားလာရမည်ဆိုပါက မြေပြင်သတင်းချန်နယ်များ၊သက်ဆိုင်ရာ တလရအဖွဲ့အစည်းများ၏ သတိ‌ပေးထုတ်ပြန်ချက်များ၊နယ်မြေခံများနှင့်‌အချိတ်ဆက်လုပ်ပြီးမှသာ အသွားအလာလုပ်ခြင်းများကို ပြုလုပ်ကြပါရန်။

မိဘပြည်သူအချင်းချင်းလည်း‌ မြေပြင်သတင်းများအား မျှဝေပေးခြင်းဖြင့် ကူညီရိုင်းပင်းကြပါရန် Eagle Information Operator (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အနူးညွတ် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ ဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Dec 26, 6:39AM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
🚨ချောင်းဦး🚨

ခင်မွန်သိန်းတရာနားသိူ့ရောက်ရှိနေသောစခများသည် ပြည်သူအသွားအလာများကို စစ်ဆေး၍ထိုင်ခိုင်ထားကြောင်းသတင်းရရှိ။

#EIO
Dec 26, 6:44AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Dec 26, 7:04AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Dec 26, 7:04AM
📬သတင်းပို့ရန် @EagleInformationOperator
👍3