ချောင်းဦးတွင် စစ်ယာဉ်တန်းကို PDF မိုင်းဆွဲပြီးနောက် ပစ်ခတ်၊ ၃ ဦးသေဆုံးဟုဆို
15 Nov 2025 By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲပြီးနောက် ပစ်ခတ်ခဲ့ရာ ၃ဦးသေဆုံးကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါက်ကုမ္ပဏီမှထွက်လာသည့် ကြေးနီကား ၂၂စီးနှင့် သံပြားကာကား ၈စီးကို နိုဝင်ဘာ ၁၄ရက်၊ နံနက် ၉နာရီခန့်တွင် ပဒေသာမိုင်း ၅လုံးတွဲတစ်ပွိုင့်ဖြင့် မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တွဲကားတစ်စီး မိုင်းထိပြီး ခင်မွန်ရွာအနီး၌ ထိုးရပ်သွားသဖြင့် လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army - BHA အဖွဲ့က သတင်းထုတ်ပြန်သည်။
" မိုင်းဆွဲပြီးတာနဲ့ လက်နက်ငယ်တွေ ဝိုင်းပစ်တာဗျ။ သူတို့jammer ကားပေါ်ကလည်း ပြန်ပစ်တယ် ဗျ။ ပစ်ရင်းမောင်းသွားတာဗျ" ဟု Brave Heart Army - BHAအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သား ၆ဦးလည်း ဒဏ်ရာရရှိကာ မုံရွာမြို့တွင်းမှ လူနာတင်ယာဉ် ၆စီးဖြင့် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ထဲသို့ သယ်ဆောင်သွားကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို ပြည်သူတို့၏ မျက်မြင်တွေ့ရှိမှုအရ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး မိုင်းထိခြင်းကြောင့်လား၊ပစ်ခတ်ခံရခြင်းကြောင့် သေဆုံး၊ဒဏ်ရာရသလားဆိုသည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း Brave Heart Army - BHAအဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
" သူတို့ jammer ကားပေါ်က ပြန်ပစ်လို့ ထိတာ။ ကျည်ထိမှန်တာဗျ။ နောက်ကျောဘက်ကို ထိတာဗျ" ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို BHARE HEART ARMY-BHA၊ CHINDWIN FIGHTER GROUP.CFGနှင့် MONYWA DYNAMITE .STFအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။
ဓာတ်ပုံ - Brave Heart Army-BHA
ပုံစာ - စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်စဉ်။
စာတည်း-ML
#ချောင်းဦးမြို့နယ် #စစ်ယာဉ်တန်း #မိုင်းဆွဲ #MPA #Ra_Wai

👍2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

🙏2
တရားမျှတ လွတ်လပ်သန့်ရှင်းသည့် (၂၀၂၀)ရွေးကောက်ပွဲရလဒ်အား ဖျက်ဆီးပြီးနိုင်ငံ့ခေါင်းဆောင်များအား အမှုဆင်ဖမ်းဆီးထောင်ချသည့် အာဏာလု စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီး အပြစ်ပေးအရေးယူ
နိုဝင်ဘာ ၁၅ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေ၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုနေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သက်ဝေ ကို ပြည်သူများရဲ့ သတင်းပေးပို့မှုအရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ဖမ်းဆီးရမိထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်းက တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နေတဲ့အတွက် ပြည်သူအား အကြမ်းဖက်မှုပြုလုပ်နေတာပါ။
တရားခံ သက်ဝေ (အဖ) ဦးခင်မောင်ထွန်း အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ရန် စလင်းမြို့နယ် တရားရေးအဖွဲ့မှာ တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိနယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၅ ဩဂုတ် ၂၄ ရက်မှာ စစ်ကောင်စီရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရန် "တရားမဝင်အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နှင့်သဘောထားထုတ်ပြန်ကြေညာချက်"ကို ထုတ်ပြန်ထားပြီးဖြစ်သကဲ့သို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း နိုဝင်ဘာ ၆ ရက်မှာအကြမ်းဖက် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် အတင်းအကြပ် မဲပေးစေခိုင်းသူများကို တိုင်ကြားနိုင်ရန်အတွက် အသိပေးထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်ကြားမယ်ဆိုရင် Telegram - https://t.me/publicnugmohai
ကနေ တိုင်ကြားနိုင်ပါတယ်။
အထက်ပါ သတင်းအား PVTV facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Telegram
Ministry of home affairs and immigration
You can contact @publicnugmohai right away.
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com

လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။
ဒေါ်အောင်ဆန်းစုကြည်

🥰2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေးပန်ကြားချက်‼️
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား ယခုအချိန်ကာလသည် ဒေသမရွေး၊နယ်မြေတိုင်းတွင် စခဂိတ်များ၊စခစစ်ကြောင်းများ၊စခကင်းပုန်းများနှင့်စစ်ရေး ရှုပ်ထွေးနေသောအချိန်ဖြစ်ပါသဖြင့် မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာနယ်မြေခံ၊တာဝန်ခံများနှင့် ချိတ်ဆက်သတင်းပို့ပြီးမှသာ သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများ၏ကိုယ်စား #EIO Admin Teamမှ ဘေးကင်းစေဖို့အတွက် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
https://www.x.com/Eagleeio

🚨မုံရွာ🚨
မုံရွာတောင်၊မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် တောင်ဘက် ဆီဆိုင်အနီးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Nov 16, 9:29AM
📬သတင်းပို့ရန် @EagleInformationOperator

မုံရွာတောင်၊တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Nov 16, 9:35AM

Forwarded from NUG Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများနှင့် ဆိုက်ဘာရာဇဝတ်စင်တာများဆိုင်ရာ ထုတ်ပြန်ချက်
(၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်)
မြန်မာနိုင်ငံအတွင်းမှ ကျူးလွန်နေသည့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ လုပ်ရပ်များအပေါ် မကြာသေးမီက နိုင်ငံတကာ၏အာရုံစိုက်၊ တိုးမြှင့်အရေးယူဆောင်ရွက်မှုများအတွက် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရမှ ကြိုဆိုပါသည်။ ဤထုတ်ပြန်ချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် လူကုန်ကူးမှု၊ ဖြားယောင်းလိမ်လည်မှု နှင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ကြေညာချက်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ KNPP (ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ WLB (Women League Burma) ၏ ၂၀၂၅ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ မြန်မာနိုင်ငံတွင် ဆိုက်ဘာ ရာဇ၀တ်မှုများ ကြီးထွားလာနေသော အကျပ်အတည်း နှင့် ပတ်သက်၍ ပူးတွဲကြေညာချက်များနှင့် ဆက်စပ်ပါသည်။
သတင်းအရင်းအမြစ်များ၏ ဖေါ်ပြချက်များအရ အရှေ့တောင်အာရှတွင် အဓိကအားဖြင့် လှုပ်ရှား နေသော ဆိုက်ဘာ လိမ်လည်ဂိုဏ်းများသည် ကမ္ဘာတစ်ဝှမ်းရှိ အပြစ်မဲ့သူများထံမှ တစ်နှစ်လျှင် ဒေါ်လာ ၆၅ ဘီလီယံခန့် လိမ်လည်လှည့်ဖြားနေပြီး မြန်မာပြည်သူပေါင်း ၁၂၀,၀၀၀ သည် အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင်ရန် ဖိအားပေး ထိန်းသိမ်းခံနေရပါသည်။
မြန်မာအကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်တပ်များ၊ မဟာမိတ် ပြည်သူ့စစ်အဖွဲ့များနှင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းများသည် အထက်ပါလိမ်လည်မှု စင်တာများ၏ အကျိုးခံစားခွင့်များကို ရရှိနေသူများဖြစ်သည်။ ထိုအကျိုးအမြတ်ငွေများဖြင့် အခြားရာဇ၀တ်မှုများနှင့် မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို မီးလောင်ရာလေပင့် ဖြစ်စေသည်။ လိမ်လည်မှုနှင့် လူကုန်ကူးမှု နှစ်ခုလုံး၏ သားကောင်များတွင် မရေမတွက်နိုင်သော မြန်မာနိုင်ငံသားများနှင့် ကမ္ဘာတစ်ဝှမ်းမှ လူများစွာ ပါဝင်ပါသည်။
ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ မြန်မာပြည်တွင်းနှင့် ပြည်ပမှ လိမ်လည်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးတရားစွဲဆိုရန် လုပ်ဆောင်ခြင်းများ၊ အမေရိကန်နိုင်ငံ မှ United States Scam Center Strike Force ဖွဲ့စည်းခြင်း၊ ရာဇ၀တ်အဖွဲ့အစည်းများအား စီးပွါးရေးဆိုင်ရာ ပိတ်ဆို့အရေးယူခြင်း နှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် ဘဏ္ဍာရေးဌာန၏ ကြေညာခဲ့သော လုပ်ဆောင်ခြင်းများ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအားလုံး၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုပါသည်။
ရာဇဝတ်ဂိုဏ်းများ၏ အမြင့်ဆုံး ခေါင်းဆောင် အဆင့်ရှိသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန်၊ ရာဇ၀တ်မှုများ ရပ်တန့်ရန်၊ လိမ်လည်ခံရသူများ၏ ငွေကြေးပြန်လည်ရရှိနိုင်ရန်နှင့် လူကုန်ကူး ခံရသူများကို ၎င်းတို့၏ လူ့အခွင့်အရေး အလေးထားပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် နိုင်ငံတကာမှ တိုးမြှင့်ကြိုးပမ်း မှုများလိုအပ်ပါသည်။ဤလုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်နိုင်ရန်နှင့် ဒေသတစ်ခုလုံးအတွက် လိုအပ်သော တည်ငြိမ်အေးချမ်းရန် အခြေအနေ ကောင်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနှင့် မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို နှိမ်နင်းအမြစ်ဖြတ်ရန်နှင့် ထိခိုက်သူများကို ပံ့ပိုးကူညီနိုင်ရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (ERO)၊ ကြားဖြတ် မိတ်ဖက်အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့များ၊ အခြားသက် ဆိုင်ရာ အဖွဲ့များနှင့်အတူ ညှိနှိုင်းဆောင်ရွက်သွားရန် ကတိကဝတ်ကို ဆက်လက်ကျင့်သုံး သွားပါမည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အလုပ်အဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့က ကူညီပံ့ပိုးသည့်အပိုင်းတွင် ပါဝင်လျက်ရှိသည်။ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် စစ်အာဏာရှင်များ ၏ ရာဇ၀တ်မှုဆိုင်ရာလုပ်ငန်းများကို နှိမ်နှင်းနေကြသော နိုင်ငံတကာနှင့် ပြည်တွင်းရှိ သက်ဆိုင်ရာအဖွဲ့များနှင့် မိမိတို့ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါသည်။ မြန်မာစစ်တပ်၏ ရာဇဝတ်မှုများမှ ရရှိနေသည့် တရားမဝင် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ကာ ထိုငွေများကို အသုံးပြုပြီး ကျုးလွန်ထားသော ရာဇဝတ်မှုများ အဆုံးသတ်နိုင်ရေး နှင့် လိမ်လည်ခံထား ရသူများ တရားမျှတမှု ရရှိစေရေး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အစဉ်တစိုက် လက်တွဲဆောင်ရွက်ရန် ကတိပြုပါသည်။

Forwarded from BBM
AA လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြင်ရေဒါစခန်းမှာ ဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်နေတဲ့ စကစ ၂၀ ကျော်သေဆုံး
BBM - နိုဝင်ဘာ ၁၆
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရေဒါစခန်းကို အာရက္ခတပ်တော် AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝါဒဖြန့်ဖို့ ဓာတ်ပုံရိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦး အစုလိုက်အပြုံလိုက် သေဆုံးသွားတယ်လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA က ဆုတ်ခွာပေးလိုက်ရပြီး စစ်ကောင်စီက သိုင်းချောင်းကျေးရွာနဲ့ သိုင်းချောင်းဆည်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီဟာ သိုင်းချောင်းကျေးရွာကနေ AA ခုခံစစ် အခိုင်အမာပြုလုပ်ထားတဲ့ မင်းပြင်ကျေးရွာကို ထိုးစစ်ဆင်လာပြီး မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ ဝါဒဖြန့်ဓာတ်ပုံတွေ ရိုက်ကူးဖို့ပြင်ဆင်နေစဥ် AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၄ ဦးခန့် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
"စကစကတော့ ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ကနေ သိုင်းချောင်းတို့ မင်းပြင်တို့ဖက်ကို စစ်ကြောင်းထိုးနေတာပါ၊ AA ကလည်း အဲဒီဖက်တွေမှာ အခြေကုပ်နေရာယူထားကြတာပါ၊ သူတို့က သိုင်းချောင်းကို ထိန်းထားနိုင်တော့ မင်းပြင်ကို အင်အားအများအပြားနဲ့ထိုးလာတာရှိပါတယ်၊ AA ကလည်းဆုတ်ပေးတာမျိုးရှိတယ်တဲ့၊ သူတို့က ဝါဒဖြန့်ဓာတ်ပုံတွေ ရိုက်ကူးဖို့ ပြင်ဆင်နေစဥ် AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရပါတယ် " လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းက ပြောပါတယ်။
စစ်ကောင်စီဟာ မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်တယ်လို့ သူတို့ရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပေမဲ့လည်း မင်းပြင်၊ သိုင်ချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
"မင်းပြင်ဖက်ကို စကစ စစ်ကြောင်းတွေ ရောက်နိုင်ဖို့ဆိုတာက မလွယ်ကူပါဘူး၊ ဒါပေမဲ့ သူတို့ရောက်နိုင်ခဲ့ရင်လည်း AA ပြန်လည်တိုက်ခိုက်မှာ ဖြစ်ပါတယ်" လို့ ကျောက်ဖြူဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် မင်းပြင်၊ ဂေါ်ဒူတောင်တန်းတွေကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA ဟာ အကျအဆုံးနည်းပါးအောင် သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကို ဆုတ်ခွာလိုက်၊ ထိုးစစ်ဆင်တိုက်ခိုက်လိုက် စတဲ့စစ်ရေးနည်းဗျူဟာကို ကျင့်သုံးနေတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးအများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

This media is not supported in your browser
VIEW IN TELEGRAM
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည် အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိတယ်လီဂရမ် အကောင့် ဆက်တင်ထဲတွင်(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိနှင့်မသိကျွမ်းသူများသော်လည်းကောင်း၊သိကျွမ်းသူများသော်လည်းကောင်း ဝက်ဆိုဒ် လင့်များပေးပို့လာပါက ဝင်ရောက်ခြင်း(လုံးဝ၊လုံးဝ) မပြုပါနှင့်။
မသမာသူများသည် မိမိမိတ်ဆွေများ၏ တယ်လီဂရမ်အကောင့်များကို ခိုးယူသုံးစွဲ၍ လိုက်လံပေးပို့နေခြင်းဖြစ်ပြီး ၎င်းလင့်များအားဝင်ရောက်မိပါက မိမိ အကောင့်အားခိုးယူသုံးစွဲခံရပြီး လုံခြုံရေးချိုးဖောက်ခံရမည်ဖြစ်ပါသည်။
ဖော်ပြပါ အကောင့်ပိုင်ရှင်သည် အကောင့်ခိုးယူရန် ဝက်ဆိုဒ်လင့်များပေးပို့နေခြင်းအား နမူနာ Screen shot များဖြင့်ဖော်ပြလိုက်ပါသည်။