"စစ်အုပ်စုရဲ့ ဝါဒဖြန့်ကစားပွဲထဲက အနုပညာနယ်ရုပ်ကလေးများ"
အနုပညာရှင်ဆိုတာ ပရိတ်သတ်ကို ဖျော်ဖြေတင်ဆက်နေရုံ တခုတည်းနဲ့ လုံလောက်ပါသလား။ တကယ်တော့ အနုပညာရှင်စစ်စစ်ဆိုတာ ရပ်တည်ချက်မှန်ကန်ပြီး ကိုယ့်ကိုချစ်ခင်အားပေးတဲ့ လူထုရဲ့ စံပြပုဂ္ဂိုလ် ဖြစ်နေဖို့လည်း လိုပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာတွေကအစ ဇာတ်ပို့ဇာတ်ရံအဆုံး စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်ရှင်၊ သီချင်းတွေမှာ နယ်ရုပ်လေးသဖွယ် ပါဝင်အသုံးတော်ခံနေကြရပါတယ်။
ဒါတင်မကသေးဘဲ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အနုပညာရှင်တွေနဲ့ ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ သွေးခွဲနေပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အကယ်ဒမီဆုရ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တဲ့ ပေါ်လစီကားတကား ထွက်ခဲ့ပါတယ်။ အဲ့ဒီကားထွက်ပြီးနောက်မှာတော့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်အုပ်စုရဲ့ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် အစီအစဥ်တွေကို ဝေဖန်တဲ့သူမှန်သမျှ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာမျိုးရှိပါတယ်။ ဒါဟာ အနုပညာရှင်တွေနဲ့ လူထုအကြား အမုန်းတရားတွေပိုများလာဖို့ သွေးခွဲလိုက်တဲ့ သဘောပါပဲ။
ပြီးနောက်မှာတော့ စစ်ကောင်စီ ပေါ်လစီဇာတ်ကားနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားခဲ့တဲ့ အနုညာရှင် သုံးဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း အမှန်တရားကိုထောက်ခံတဲ့ အနုပညာရှင်ပေါင်းများစွာကို စစ်အုပ်စုက မတရားပုဒ်မတွေနဲ့ အရေးယူ ဖမ်းဆီးနေတာဖြစ်ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း သူတို့ရဲ့ ဝါဒဖြန့်ကဏ္ဍတွေမှာ ပြည်သူချစ်အနုပညာရှင်တွေ ပါဝင်လာဖို့ ဆက်တိုက်ဖိအားပေးနေတာဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်းမှာ ပိုပြီးတင်းကြပ်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်က အနုပညာရှင်တွေကို ခေါ်တွေ့ပြီး စစ်တပ်ရွေးကောက်ပွဲ ဝါဒဖြန့်မှုအစီအစဥ်တွေမှာ အနုပညာရှင်အားလုံး ပါဝင်ပေးရမယ်၊ ငြင်းဆန်တဲ့သူမှန်သမျှ အရေးယူခံရမယ်လို့ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီခြိမ်းခြောက်ပြောဆိုမှု မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ စစ်အုပ်စုရဲ့ တန်ဆောင်တိုင်မီးထွန်းပွဲမှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းကို စစ်တပ်က ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်ပေါင်း (၅၀)ကျော်အထိပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ပါသမျှလူကုန် Boycott သာလုပ်ရမယ်ဆိုရင် အားပေးစရာ အနုပညာရှင်တောင် ကျန်မှာမဟုတ်ပါဘူး။ ပြည်ပမှာ တော်လှန်ရေးလုပ်နေတဲ့ အနုပညာရှင်တွေကလွဲပြီး ပြည်တွင်းမှာရှိသမျှ အကုန်ပစ်လိုက်ရမယ့်အနေအထားတခုကို တဖြည်းဖြည်းရောက်လာတာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ်အားပေးတဲ့အနုပညာရှင်တွေ စစ်တပ်ဝါဒဖြန့် အစီအစဥ်မှာ မပါဝင်အောင်၊ ကိုယ်ချစ်တဲ့ အနုပညာရှင်ကို လွယ်လွယ်နဲ့မဆုံးရှုံးရအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို မဖြစ်မနေ ထည့်သွင်း စဥ်းစားထားသင့်ပါတယ်။
အနုပညာရှင်တွေအနေနဲ့ တဖက်မှာ ဖိအားပေးနေတဲ့ စစ်ကောင်စီရှိသလို တဖက်မှာလည်း
Social Punishment (လူမှုရေးပြစ်ဒဏ်)လုပ်ဖို့ လူထုက အုံကြွနေတဲ့ အဖြစ်မျိုးကို ရင်ဆိုင်နေရတာပါ။
ဒါက ပြည်တွင်းမှာရှိတဲ့ အနုပညာရှင်တွေကို အကြပ်ရိုက်စေတဲ့ ပြဿနာတခုဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ စဥ်းစားဖို့လိုတာက အနုပညာရှင်တွေအနေနဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ယန္တယားမှာ ပါဝင်နေတာက တကယ်ပဲ ဖိအားပေးခံရလို့လား၊ နဂိုကတည်းက စစ်တပ်ဘက်ကို ယိမ်းယိုင်နေတာလားဆိုတဲ့ အချက်ပါပဲ။
မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ မို့မို့မြင့်အောင်တို့လို မင်းသမီးကြီးတွေဟာ စစ်တပ်နဲ့ ဆွေမျိုးတော်စပ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့လိုမျိုး စစ်အုပ်စုနဲ့ မကင်းမရာမကင်းကြောင်း အနုပညာရှင်တွေ ဒုနဲ့ဒေးရှိပါသေးတယ်။ ဒီလို အနုပညာရှင်တွေအနေနဲ့ စစ်အုပ်စုဝါဒဖြန့် အစီအစဥ်တွေမှာပါဝင်နေတာက သိပ်တော့အံ့သြစရာမရှိပါဘူး။ သူတို့ဆီမှာ ဖက်ဆစ်စစ်တပ်ရဲ့ သန္ဓေဆိုးက ကိန်းအောင်းနေပြီးသားဖြစ်လို့ပါ။
အသွေးထဲအသားထဲမှာ စစ်တပ်ဘက်တော်သားဖြစ်နေပေမဲ့ အနေအစားချောင်အောင် ပရိတ်သတ်ကို မျက်ရည်ချူပြလိုက်၊ ပေါ်လစီကားလေး ပြေးရိုက်လိုက်လုပ်နေတဲ့ အနုပညာရှင်အမည်ခံ လူတန်းစားတရပ်အတွက် ဒီအခြေအနေက စိတ်ပူစရာမဟုတ်ပေမဲ့ ဖိအားဒဏ် မခံနိုင်လို့ စစ်ကောင်စီ ကြိုးဆွဲရာကနေရတဲ့ အနုပညာသမားတွေအနေနဲ့တော့ သေချာသုံးသပ်ဖို့ လိုပါတယ်။
အနုပညာသမားတွေအနေနဲ့ ကိုယ့်ရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ သွေဖယ်ပြီး စစ်အုပ်စု အလိုကျ အသုံးတော်ခံမယ်ဆိုရင် အနုပညာရှင်တယောက်ရဲ့ စံနှုန်းတွေနဲ့ လုံးဝဥဿုံ သွေဖယ်နေပါလိမ့်မယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း စစ်ကောင်စီရဲ့ ပေးတာယူ ကျွေးတာစား ဝါဒဖြန့် ယန္တရားထဲမှာပဲ ခွေးသွားစိပ်လေးသဖွယ် ရုန်းကန်လည်ပတ်နေရပါလိမ့်မယ်။
ဒီနေရာမှာ တော်လှန်အနုပညာရှင်တဦးဖြစ်တဲ့ ဒါရိုက်တာ ဇာဏ်ခီရဲ့ ရေးသားချက်တခုကို အမှတ်ရမိပါတယ်။

“သူတို့ကကျဉ်းထဲကြပ်ထဲရောက်နေတော့ ဖိအားတွေကြောင့်လုပ်ရတာနေမှာပေါ့” တဲ့(ဖြစ်နိုင်တယ်လို့တွေးမိတယ်)။ အဲဒီမှာဆက်ပြောတယ်.. “မင်းတို့ရောသူတို့နေရာမှာဆိုရင်ငြင်းရဲမလား” တဲ့။ ကျနော်တို့က အဲလိုဘဝမျိုးရောက်မှာစိုးလို့ အကုန်လုံးထားပြီးထွက်သွားခဲ့တာပါ။ ကျနော်ကလည်း အခုပြန်မေးမယ်.. သူတို့ရောအကုန်ထားပြီး ကျနော်တို့လိုထွက်သွားရဲလားလို့"
သိပ်ကိုရိုးရှင်းပါတယ်။ အနုပညာရှင်တယောက်အနေနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်တခုတည်းအတွက် အောင်မြင်မှုတွေအားလုံးကို ထားခဲ့ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒီနေရာမှာ အနုပညာရှင်တယောက်အတွက် တကယ့်အောင်မြင်မှုအစစ်အမှန်က ဘာလဲလို့ မေးခွန်းပြန်ထုတ်စေချင်ပါတယ်။ အနုပညာသမားတယောက်အတွက် တပါးသူရဲ့ အတင်းအကြပ်ခိုင်းစေမှုမပါဘဲ နှလုံးသားရဲ့အလိုကျ အနုပညာအလုပ်တွေ လုပ်ကိုင်နေနိုင်ခြင်းကသာ တကယ့်အောင်မြင်မှုမဟုတ်ပါလား။
အနုပညာရှင်တွေနဲ့ သူတို့ဖန်တီးလိုက်တဲ့ အနုပညာဆိုတာ သိပ်ကိုနူးညံ့သိမ်မွေ့ပါတယ်။ အနုပညာသမားတယောက်အနေနဲ့ အဲ့ဒီအလှတရားတွေနဲ့ ဆန့်ကျင်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကိုယ်စားပြုဖို့အတွက် တကယ်ပဲ လိပ်ပြာလုံပါရဲ့လား။
အမှန်တရားမှာ နောက်ကျတယ် စောတယ်ဆိုတာ မရှိပါဘူး။ အမှားကိုသိလို့ အမှန်ကိုမြင်၊ အမှန်ကိုမြင်လို့ ပြင်ဆင်လိုက်နိုင်ရင် ကမ္ဘာဟာ ပိုပြီးလှပလာပါလိမ့်မယ်။
အရောင်စုံလှပတဲ့ အနုပညာပန်းပွင့်တွေ ပိုမိုပွင့်လန်းလာပါစေလို့ ဆန္ဒပြုရင်း....
-ဟာရူမီ-
#RejectShamElection
#SayNoJustTrap
#GSCB

🥰1
Forwarded from ပြည်သူ့ပန်းတိုင်-People's Goal
မိုင်းနင်းလိုက်ပြီဆိုတာနဲ့ သတိပေးလိုက်သလိုပဲ”
မိုင်းကွင်းအမျိုးအစားတွေက ဘယ်လိုရှိပါသလဲ။
မိုင်းကွင်းတည်ဆောက်မှုအကြောင်းတွေအပါအဝင် မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး သတိပြုရမယ့် အချက်များကို CDM အရာခံဗိုလ် ဇော်ကြီး၊ CDM တပ်သား ဇော်မျိုးအောင်နှင့် CDM ဗိုလ်ကြီး အောင်မျိုးထက်တို့က ပြည်သူ့စစ်သားစကားဝိုင်း (Episode 24/Part-1) မှာ ဆွေးနွေးထားပါတယ်။
အပြည့်အစုံကို ပြည်သူ့ပန်းတိုင်ရဲ့ Facebook Page နဲ့ YouTube Channel မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/shorts/7sojTW3_8vI

YouTube
“မိုင်းနင်းလိုက်ပြီဆိုတာနဲ့ သတိပေးလိုက်သလိုပဲ”
“မိုင်းနင်းလိုက်ပြီဆိုတာနဲ့ သတိပေးလိုက်သလိုပဲ”မိုင်းကွင်းအမျိုးအစားတွေက ဘယ်လိုရှိပါသလဲ။မိုင်းကွင်းတည်ဆောက်မှုအကြောင်းတွေအပါအဝင် မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ...
🥰1
ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပျူစောထီးများ၏ ခရီးသွားပြည်သူများအပေါ် မတရားပေါ်တာဆွဲ ဖမ်းဆီးခြင်း။
နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့နယ်မှ မြစ်ကြီးနားဘက်သို့ထွက်လာသောကား (၂)စီးကို ကန့်ဘလူမြိုနယ် ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ဇီးကုန်း - မလယ်လမ်းဆုံမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် အဆိုပါကား (၂)စီးပေါ်မှ ခရီးသွားပြည်သူများထံကနေ အတင်းအဓမ္မငွေကြေးတောင်းခံရုံသာမက အလုပ်သွားရောက်လုပ်ကိုင်ကြမည့် ခရီးသွားပြည်သူ လူငယ် (၁၃)ဦးကိုလည်း အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ လူငယ်(၁၃)ဦးကို ကန့်ဘလူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တကရ ၆၀၀၆ သို့ ၆ ဘီးကား ၁ စီးဖြင့် ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ခရီးသွားပြည်သူများထံကနေ အတင်းအဓမ္မငွေကြေးကောက်ခံခြင်း ၊ အမျိုးသမီးများအား အတင်းအဓမ္မပြုကျင့်ခြင်း ၊ သတ်ဖြတ်ညှင်းပန်းခြင်းများ မကြာခဏပြုလုပ်နေပါ၍ မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ဂရုစိုက်သွားလာကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။
#KB4
#ကန့်ဘလူ

ဖေ့စ်ဘုတ်မှာ ‘like’၊ ‘heart’ reaction ပေးရုံနဲ့ မြန်မာပြည်သူတွေ ဖမ်းဆီးခံနေရကြောင်း ကုလမှာ မြန်မာသံအမတ်ကြီးပြော
နိုဝင်ဘာ-၆၊ ၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်ကောင်စီဟာ အွန်လိုင်းပေါ်မှာ ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖိနှိပ်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနဲ့ ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ(စတုတ္ထကော်မတီ)ရဲ့ အစီအစဉ်အမှတ် (၅၃) ‘သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ’ ခေါင်းစဥ် အထွေထွေဆွေးနွေးမှုအဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာပါ။
မကြာသေးမီ ရက်ပိုင်းအတွင်းက အနုပညာရှင်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေဟာ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို ဝေဖန်တဲ့ ပို့စ်တွေမှာ ‘like’ ဒါမှမဟုတ် ‘heart’ reaction ပေးခဲ့ရုံမျှနဲ့ မတရားဖမ်းဆီးခံခဲ့ရကြောင်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ရှင်းလင်းပါတယ်။
အဲဒီလို ဆိုးရွားတဲ့ ဖိနှိပ်မှုအဆင့်ဟာ အမှန်တရားကို လက်ခံနိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်တို့ရဲ့ သိမ်ငယ်စိတ်နဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူတစ်ဦးလို လိုက်လံပိတ်ပင် ထိန်းချုပ်လိုခြင်းကို သိသာမြင်သာစေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ လွတ်လပ်တဲ့ သတင်းများရရှိပိုင်ခွင့်၊ သတင်းအချက်အလက်များ အပြန်အလှန်မျှဝေခြင်းနဲ့ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်ခံရမယ့်အရေးကို ကြောက်ရွံ့နေကြရသဖြင့် ဆောင်ရွက်နိုင်ခြင်းတို့ မရှိတော့ကြောင်း သံအမတ်ကြီးက အစီရင်ခံပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းအချက်အလက်နယ်ပယ်ကို ကြိုးကိုင်ချယ်လှယ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေမှုဟာ အဲဒီနယ်ပယ်ကို ထိန်းချုပ်ဖို့သာမက အရပ်သားပြည်သူတွေအပေါ် နေ့စဉ် ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ဖို့ ကြိုးပမ်းမှုလည်း ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ မီဒီယာ လွတ်လပ်ခွင့်ဟာ လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့ပြီး လွတ်လပ်၊ အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေအနေနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ အရပ်သားပြည်သူတွေအနေနဲ့လည်း လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ရဲ့ အတွေး၊ အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ အမြဲတစေ ကြောက်ရွံ့မှုတို့နဲ့ ရှင်သန်နေထိုင်ရကြောင်း သံအမတ်ကြီးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစလို့ စစ်အုပ်စုဟာ ၎င်းတို့ကို ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့နဲ့ သတင်းအချက်အလက်တွေကို ၎င်းတို့အကျိုးအတွက် လိမ်လည်ဖို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုနေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးကို ပြောပါတယ်။
လက်ရှိအချိန်အထိ သတင်းမီဒီယာသမားပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၅၁ ဦးမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရဆဲဖြစ်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ပျက်သုန်းနေခြင်း၊ သတင်းအချက်အလက်စီးဆင်းမှုများ ဆိုးရွားစွာကန့်သတ်ထားခြင်း၊ အချိန်နဲ့အမျှ ကြောက်ရွံ့စွာ ပြည်သူများနေထိုင်နေရခြင်း စတဲ့ အချက်တွေဟာ စစ်အုပ်စုပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲက တရားမျှတမှု၊ လွတ်လပ်မှု လုံးဝရှိမှာ မဟုတ်ကြောင်း ဖော်ပြနေတဲ့ များစွာသော အရေးကြီးတဲ့ အချက်တွေထဲက အချက်တချို့ပင်ဖြစ်တယ်လို့ သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံတွေကို ရှင်းလင်းပါတယ်။
#People's Spring

Forwarded from BBM
ဖြူးမြို့နယ်မှာ ဗုံးကြဲပြီးပြန်လာတဲ့ စကစရဲ့ Gyrocopter ၁ စီး ပျက်ကျပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
BBM - နိုဝင်ဘာ ၆
သတင်း - နိုင်နိုင်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်းကျည်းကုန်းတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပြီးပြန်လာတဲ့ စစ်ကောင်စီရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာပျက်ကျတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၆ ရက်၊ မနက် ၁၁ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်းတစ်စီးအပါအဝင် မုန်းမြို့အခြေစိုက် ခမရ (၅၉၀) တပ်ရင်းမှ ၁၂၀ မမ တို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၆ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာလည်း စစ်ကောင်စီဟာ မန်းကျည်းကုန်းတောင်ကျေးရွာမှ ပြည်သူလူထုတွေနေထိုင်တဲ့ နေအိမ်တွေကို Gyrocopter ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် မန်ကျည်းကုန်းတောင်ကျေးရွာမှ ဦးမောင်ငယ် (၅၅) နှစ်မှာ ဗိုက်ပွင့်ထွက်၍ သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အဦ (၆) လုံးလည်း ပျက်စီးသွားတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဆိုပါတယ်။
မန်းကျည်းကုန်းတောင်ကျေးရွာကို လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာ ပျက်ကျသွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားတယ်လို့ ပဲခူတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပျက်ကျသွားတဲ့ Gyrocopter ရဟတ်ယာဥ် ၁ စီးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။
Photo-social media

👏3
Forwarded from BBM
MOD တပ်တွေနဲ့ မဟာမိတ်တွေ ဆက်လက်တာဝန်ယူမဲ့ မိုးကုတ်မှာ စစ်တပ်နဲ့ တရုတ်ကြားဝင်မှုကို မြို့လုံးကျွတ်သံပုံးတီးဆန္ဒပြ
BBM-နိုဝင်ဘာ၆
သတင်း-မင်းသော်
MOD တပ်ရင်းတွေနဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေ ဆက်လက်ထိန်းသိမ်းမဲ့ မိုးကုတ်မြို့ပေါ်အတွင်း စစ်ကောင်စီနဲ့ တရုတ်ရဲ့ကြားဝင်မှုတွေကို ဆန့်ကျင်ကြောင်းထုတ်ဖော်တဲ့အနေနဲ့ သံပုံးတီးကာ ဆန္ဒထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ည ၈ နာရီကနေ ၈ နာရီ ၁၀ မိနစ်အထိ မိုးကုတ်မြို့ပေါ်ရှိ ပြည်သူတွေအကုန်လုံးဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်းနဲ့ တရုတ်ရဲ့ကြားဝင်မှုတွေကို မနှစ်မြို့ကြောင်း မိုးကုတ်မြို့ခံပြည်သူတွေရဲ့ သဘောထားကို ပြသလိုတာကြောင့် အခုလို သံပုံးတီးကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဥ်ကို ယနေ့ည ၇နာရီခန့်မှ စတင်ကြေငြာခဲ့ပေမဲ့လည်း ချက်ချင်းပင် မြို့နေလူထုတွေအကုန်လုံးက လက်ဆင့်ကမ်းကာဖြန့်ဝေခဲ့တာကြောင့် ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့ပြီး သံပုံးတီးတဲ့သူတီး၊ စစ်ခေါင်းဆောင်နာမည်တပ်ကာ ဆဲသူကဆဲနဲ့ အတော်လေး မြိုင်ဆိုင်ခဲ့တယ်လို့ မြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။
"တစ်မြို့လုံးကို တီးကြတယ်ဗျ၊ ကျက်သီးတောင်ထတယ်၊ ၇ နာရီကမှ အစီအစဉ်ကို ကြေညာတာ အချိန်တိုတွင်းနဲ့ သပိတ်ရအောင်ပါဝင်ပေးသွားကြတာ ပြည်သူတွေက၊ သတင်းတွေလည်းဖြန့်ပေးကြနဲ့ တော်တော်ညီကြတယ်၊ တချို့ဆို မင်းအောင်လှိုင်ကို ဆဲတောင်ဆဲကြတယ်၊ သံပုံးတီးရင်းနဲ့" လို့ မြို့ခံက ပြောပါတယ်။
အဆိုပါဆန္ဒထုတ်ဖော်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မန္တလေး PDF မှ ဒေါက်တာ စိုးသူရဇော်ကလည်း ၎င်းရဲ့ social media မှ တဆင့် တော်လှန်ရေးအစမှ (၄)နှစ်ကျော်အထိ ပြည်သူတွေ တော်လှန်ရေးစိတ်ဓာတ်ရှင်သန်နေဆဲဖြစ်တယ်ဆိုတာ ကမ္ဘာသိချပြလိုက်ခြင်းဖြစ်တယ်လို့ တင်ထားတာကိုလည်းတွေ့ရပါတယ်။
Video-ဒေသခံ MOD တပ်ရင်းတွေနဲ့ မဟာမိတ်အင်အားစုတွေ ဆက်လက်တာဝန်ယူမဲ့ မိုးကုတ်မှာ စစ်တပ်နဲ့ တရုတ်ကြားဝင်မှုကို ဆန္ဒပြသံပုံးတီးစဉ်

This media is not supported in your browser
VIEW IN TELEGRAM
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
အသိပေးကြေညာချက်(၁/၂၀၂၅)
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)
အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန် ခြိမ်းခြောက်အကျပ်ကိုင်မှုများအား တိုင်ကြားနိုင်ကြောင်း ကြေညာခြင်း
မည်သူမဆို ပြည်သူလူထုအား အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် တနည်းနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း ဖြစ်သလို ဥပဒေနှင့်ငြိစွန်းသော လုပ်ရပ်လည်း ဖြစ်သည်။
သို့ဖြစ်ပါ၍ အတုအယောင်ရွေးကောက်ပွဲတွင် မဲထွက်ပေးရန်၊ ကြိုတင်မဲပေးရန် အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများရှိပါက သက်သေနှင့်တကွ အောက်ပါ လင့်ခ်များမှ တဆင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ တိုင်ကြားနိုင်ပါသည်။
ပြစ်မှုထင်ရှားပါက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။
တိုင်ကြားရန်
Telegram - https://t.me/publicnugmohai
သိလိုသည်များမေးမြန်းရန်နှင့်
အကြံဉာဏ်တောင်းခံရန်
Telegram - https://t.me/nugpublicaffairsbot (နေ့စဉ် ည ၈ နာရီမှ ည ၁၀နာရီအထိ)

Telegram
Ministry of home affairs and immigration
You can contact @publicnugmohai right away.
👍1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨လေကြောင်းတိုက်ခိုက်မှု အန္တာရာယ်ကို ဘယ်လိုကာကွယ်မလဲ???
‼️လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ရန်အချက်များ‼️
(၁) မိမိတို့ အရပ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားခြင်း၊
(၂) မိမိတို့ နေအိမ်နှင့် မိသားစုအတွင်း ကာကွယ်ရေးအစီအမံများ ပြင်ဆင်ထားခြင်း၊
(၃) လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ပြီးဆုံးချိန်တွင် ကယ်ဆယ်ရေး၊ ဆေးကုသရေး နှင့် အခြေခံ အဟာရလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ အတွက် အစီအမံများ ပြုလုပ်ထားခြင်း။
♦️(၁) မိမိတို့ အရပ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားခြင်း
(က) လေကြောင်းရန်သတိပေး ကင်းအဖွဲ့များ စီစဥ်ခြင်း
(ခ) ရပ်ရွာလုထုအတွက် ခိုလှုံရန်နေရာများ ကြိုတင်စီစဥ်ခြင်း
(ဂ) ရပ်ရွာအတွင်း ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားခြင်း
♦️(၂) မိမိတို့ နေအိမ်နှင့် မိသားစုအတွင်း ကာကွယ်ရေးအစီအမံများ ပြင်ဆင်ထားခြင်း
(က) နေအိမ်အတွင်း ပုန်းခိုရန်နေရာ ကြိုတင်သတ်မှတ်ထားခြင်:
(ခ) ကွဲရှနိုင်သောပစ္စည်းများကို အကာအကွယ်များ ပြုလုပ်ခြင်း
(ဂ) အရေးပေါ်လိုအပ်သော ရိက္ခာခြောက်၊ ဆေးဝါး၊ အရေးပေါ်အသုံးအဆောင် စသည်များ ကြိုတင်ပြင်ဆင်ထားခြင်း
♦️(၃) လေကြောင်းတိုက်ခိုက်မှုအန္တရာယ် ပြီးဆုံးချိန်တွင် ရပ်ရွာအတွင်း ကယ်ဆယ်ရေး၊ ဆေးကုသရေး နှင့် အခြေခံအဟာရလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ အတွက် အစီအမံများ ပြုလုပ်ထားခြင်း
(က) ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ရန်ပြင်ဆင်ခြင်း
(ခ) အရေးပေါ်ဆေးကုသရေးလုပ်ငန်းများ ပြုလုပ်ရန် ပြင်ဆင်ခြင်း
(ဂ) စားနပ်ရိက္ခာ ကြိုတင်ပြင်ဆင်ခြင်း
🚨 လေကြောင်းတိုက်ခိုက်မှုခံရချိန် လုပ်ဆောင်ရန်🚨
♦️လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားပါ။
♦️အနီးဆုံးအကာအကွယ်ကိုရှာပါ။ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားပါ။ မိမိနေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်း ဝင်နေပါ။ ကြိုတင်ပြင်ဆင်ထားသည့် အခန်းမရှိပါက ခိုင်ခံ့သည့်စားပွဲပေါ်တွင် စောင်များ၊ မွေ့ယာများ၊ စာအုပ်များ ဖုံးအုပ်၍ အောက်တွင် ဝင်နေပါ။
♦️အကာအကွယ်မရှိသည့်နေရာ (ကွင်းပြင်)တွင် ရှိပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေပါ။ ဦးခေါင်းကို မထိခိုက်စေရန် လက်ဖဝါး(သို့) အင်္ကျီဖြင့်အုပ်ပါ၊ ပေါက်ကွဲမှု အသံ နှင့် တုန်ခါမှုကြောင့် နားစည်ကို ထိခိုက်နိုင်သဖြင့် နားကိုလုံအောင်ပိတ်ပါ၊ လွင့်စင်လာသော အစများ မျက်လုံးထဲ မဝင်စေရန် မျက်စိကို မှတ်ထားပါ၊ ပေါက်ကွဲမှု၏ ပြင်းအားနှင့် လေဖိအားကြောင့် အဆုတ်ကို ထိခိုက်မှု နည်းစေရန် ပါးစပ်ကို အနည်းငယ် ဟ ထားပါ။
(၁) စိတ်ငြိမ်ငြိမ်ထားပါ။
(၂) အနီးဆုံး အကာအကွယ်ရှာ၍ အနိမ့်ဆုံးနေရာတွင်နေပါ။
(၃) အကာအကွယ်မရှိပါက မြေအနိမ့်ဆုံးနေရာကို ရှာ၍ ဝပ်နေပါ။
(၄) ဦးခေါင်းကို လက်ဖဝါးနှင့်အုပ်၊ နားကိုလက်ဖျံဖြင့်ပိတ်၊ တံတောင်ကို မြေတွင်ထောက်ပြီး မှောက်နေပါ။
(၅) ပါးစပ်ကို အနည်းငယ် ဟ ၍ မျက်စိမှိတ်ထားပါ။
🚨လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် ရှောင်ရန်🚨
♦️လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ထွက်မပြေးရ။
♦️လေကြောင်းတိုက်ခိုက်မှုကို စူးစမ်းလိုစိတ်ဖြင့် ထွက်ကြည့်ခြင်း၊ ဓါတ်ပုံ/ဗီဒီယိုမှတ်တမ်းတင်ခြင်း မပြုလုပ်ရ။
♦️မိမိ လုံခြုံရေးကိုသာ အထူးဂရုစိုက်သင့်သည်။ စူးစမ်းလိုစိတ်ကြောင့် အသက်န္တရာယ် ဖြစ်တတ်သည်ကို သတိပြုပါ။
♦️မာကျောသော နံရံများ/သံမံတလင်း(မြေကြီး) ကို မှီနေခြင်း/ ကပ်နေခြင်းသည် တုန်ခါမှုကြောင့် ဒါဏ်ရာရ ထိခိုက်နိုင်သောကြောင့် နံရံများ/ မာကျောသော အရာများနှင့် ခပ်ခွာခွာနေပါ။
♦️ပြတင်းပေါက်မှန်များသည် ပေါက်ကွဲမှုကြောင့်လွင့်စင်လာပြီး အန္တရာယ် ဖြစ်စေနိုင်သောကြောင့် ပြတင်းပေါက်များအနီးတွင် မနေရပါ။
♦️အဆောက်အအုံများအတွင်းမဟုတ်လျှင် လူအများကြီး စုပြုံနေပါက ပစ်ခံရနိုင်ချေများသောကြောင့် တတ်နိုင်သမျှ လူစုလူဝေးနှင့် မနေသင့်ပါ။
(၁) ကြောက်လန့်တကြား၊ ဦးတည်ရာမဲ့ ထွက်မပြေးရ။
(၂) လေကြောင်းတိုက်ခိုက်မှုကို ထွက်မကြည့်ရ။ ဗီဒီယို/ဓါတ်ပုံရိုက်ခြင်းမပြုရ။
(၃) မာကျောသောနံရံများကို မှီနေခြင်း/မြေကြီးတွင်ခေါင်းကိုကပ်ထားခြင်း စသည်တို့ မပြုလုပ်ရ။
(၄) မှန်များ/ပြတင်းပေါက်များ အနီးတွင် မနေရ။
(၅) ဗုံးခိုကျင်းမဟုတ်လျှင် လူအများစုမနေရ။ (အထူးသဖြင့် အဆောက်အအုံပြင်ပတွင်)
🚨လေကြောင်းတိုက်ခိုက်မှုပြီးဆုံးချိန်တွင် ဆောင်ရွက်ရန်🚨
(၁) လေကြောင်းတိုက်ခိုက်မှု လုံးဝ ငြိမ်သွားသည့် အချိန်ကျမှ မိမိတို့ ပုန်းအောင်းရာနေရာမှထွက်ပါ။
(၂) မိမိ လက်ရှိ ပုန်းအောင်နေသော နေရာသည် လုံခြုံသည့် နေရာမဟုတ်ပါက လုံခြုံသည့််နေရာသို့ သွားပါ။
(၃) မိမိတို့ ရပ်ရွာအတွင်း ကြိုတင်သတ်မှတ်ထားသော စုရပ်စုံရပ်များကို သွားပါ။
(၄) အခြားလုံခြုံသော နေရာသို့ထပ်မံရွေ့ပြောင်းရန် လို/မလို သတင်းရယူပါ။
(အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက်များ ဖြစ်ပါသည်။)
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator

🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨လေကြောင်းတိုက်ခိုက်မှု အန္တာရာယ်ကို ဘယ်လိုကာကွယ်မလဲ??? ‼️လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ရန်အချက်များ‼️ (၁) မိမိတို့ အရပ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကာကွယ်ရန် အစီအမံများ ပြင်ဆင်ထားခြင်း၊ (၂) မိမိတို့ နေအိမ်နှင့် မိသားစုအတွင်း က…»
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com

‼️အသိပေးပန်ကြားချက်‼️
သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။
မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

‼️အသိပေး၊သတိပေးပန်ကြားချက်‼️
နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။
♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်းပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။
♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။
♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။
#Admin

"စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................
🚨🚨ကိုယ်ပိုင်အမှတ်အသား၊ကိုယ်ပိုင်အာဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါတယ်။
နောင်လူငယ်တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"
မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)