Forwarded from MMWeather
🔸တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်များကြောင့် နိုဝင်ဘာ ၈ ရက် မှ ၁၂ ရက်အတွင်း မိုးရာသီ၏ နောက်ဆုံးနှုတ်ဆက်မိုးများရွာသွန်းနိုင်ပါတယ်။
🔸ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ နေ့စဉ်မိုးရေချိန် အများဆုံးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းများရှိနိုင်တာကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးခင်းများ သတိထားကြရပါမယ်။
🔸စပါး/ပဲ ကြဲပက်စိုက်ပျိုးလိုသည့်တောင်သူများအနေဖြင့် နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်းမှာ မိုးလျော့နည်းသွားမှာဖြစ်လို့ မိုးများနိုင်/သည်းထန်နိုင်သော ပြည်နယ်တိုင်း ၄ ခု မှ တောင်သူများအနေဖြင့် ၁၂ ရက် နောက်ပိုင်းမှ ကြဲပက်စိုက်ပျိုးတာ ပြုလုပ်သင့်ပြီး၊
🔸မိုးနည်းနိုင်သည့် ပြည်နယ်တိုင်းများမှ တောင်သူများသည် ရိတ်သိမ်းပြီးစပါးသီးနှံများ အမိုးအကာအောက်ရောက်ရန်ပြင်ဆင်ပြီးလျှင်-
🔸ပဲ/စပါး ကြဲပက်စိုက်ပျိုးရန် အချိန်သင့်ပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုပါတယ်။
🔺 ၄ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များ
🔺 ကိုယ်တိုင်လေ့လာလို/သိလိုလျှင် ကြည့်ရန် https://www.mmweather.org/divisional-cities-weather

🙏1
ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာသို့ ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၆
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုချက်များအရ သိရှိရသည်။
ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ မန်ကျည်း ကုန်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ် တပ်၏ မုန်းမြို့အခြေစိုက် ခမရ ၅၉၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Gyrocopter ၂ စီးသည် မန်ကျည်းကုန်းတောင်ရွာရှိ နေအိမ်များကို ဗုံး ၂ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း မန်ကျည်းတောင်ရွာသား အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် ဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စက်တပ်၏ Gyrocopter ၁ စီးသည် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် ပျက်ကျခဲ့ပြီး မောင်းနှင်းသူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
"ဖြူးမြို့နယ်ဘက်ကို ဗုံးလာကျဲပြီး အပြန်မှာ Gyrocopter ၁ စီးက ပဒက်ခင်ရွာနဲ့ တံခွန်တိုင်ရွာ အကြားမှာ ပျက်ကျတာ မောင်းနှင်လာတဲ့ စစ်ခွေး ၂ ကောင်သေဆုံးတယ်။ စစ်ခွေးတွေ ဗုံးကျဲသွားတာလည်း ပြည်သူ ၁ ဦး သေဆုံးတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#KTM

👍2
အရာတော် အမှတ် (၂)ကျောင်း၊ စကမ စစ်ဆေးရေး ဂိတ်စခန်းကို ပကဖ များ စီးနင်း တိုက်ခိုက်
နိုဝင်ဘာလ (၆)ရက်၊ ၂၀၂၅ ခုနှစ်
မုံရွာခရိုင် အရာတော်မြို့၊ အမှတ်( ၂) ကျောင်း စကမ စစ်ဆေးရေး ဂိတ်စခန်းအား အရာတော်မြို့နယ် ပကဖတာဝန်ခံ ရဲဘော် သော်က စီစဥ်မှုဖြင့် အရာတော်မြို့နယ် ပကဖ ရဲဘော် မိုက်တီး ဦးစီးသော အရာတော်မြို့နယ်ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ကျားသစ်နက် LDF ပူးပေါင်း အင်းအား ( ၃၀) ဦးတို့မှ ၅.၅၆ ကျည် ( ၇၆၀) တောင့်၊ ကေအေကျည် ( ၁၃၁၇) တောင့်၊ ၇.၆၂ ကျည် ( ၁၈၅) တောင့်၊ Panding ကျည် ( ၁) လုံး၊ လက်ပစ်ဗုံး ( ၃) လုံး အသုံးပြု၍ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်များ စခန်းမှ စွန့်ခွာထွက်ပြေးသွားခဲ့ပြီး ရန်သူ့ထိခိုက်သေဆုံးစာရင်းကို စိစစ်နေဆဲဖြစ်ပါတယ်။ စကမ စခန်းအား ဝင်ရောက်ရှင်းလင်းရာ ၇.၆၂ = 511 တောင့်၊ ၅.၅၆=400 တောင့်၊ Icon = 4လုံး၊ ပိုက်ဆံ = 294600 ကျပ်၊ စစ်သုံးခရာ=1 လုံး၊ ကျည်ကာဦးထုပ်=1လုံး၊ ခမောက်ဝိုင်း = 1 လုံး၊ စစ်သုံးလွယ်အိတ်= 4 လုံး၊ ကပ်ကြေး= 1 လက်၊ ဓားတို= 2လက်၊ ဆိုင်ကယ်= 3 စီး၊ Equipment = 1 စုံနှင့် အဝတ်အစား= 3စုံ သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် စစ်ကူလာနိုင်သော ခတ ၁၀ နှင့် တကရ ၅၀၀၄ တပ်များကို ဖြတ်တောက်နိုင်ရေးအတွက်လည်း ပကဖ ရဲဘော်များမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
Telegram Link
https://t.me/pakapha_voice
#ပကဖအသံ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ပကဖ

🥰3
ဆားလင်းကြီးမှာ စစ်အုပ်စုရဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တူးဖော်ရှင်းလင်းပေးနေ
MN/MFP ၊ နိုဝင်ဘာ - ၆
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေကို စစ်အုပ်စုတပ်က ပါရာမိုတာနဲ့ ဗုံးကြဲချခဲ့ချိန်မှာ မပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့ ဗုံးသီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တူးဖော်ရှင်းလင်းပေးနေတယ်လို့ ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
မုံရွာအခြေစိုက် စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စက်တပ်လေထီးပါရာမိုတာတွေနဲ့ မကြာခဏ ဗုံးကြဲသတ်ဖြတ်နေရာမှာ မပေါက်ကွဲခဲ့တဲ့ ဗုံးသီးတွေ ကျန်ရှိနေတာဖြစ်ပါတယ်။
နိုဝင်ဘာ ၆ ရက် ဒီနေ့မှာ ကျေးရွာတစ်ရွာမှာ မပေါက်ကွဲဘဲ ကျန်ရှိနေသေးတဲ့ ဗုံးသီးနှစ်လုံးကို တော်လှန်ရေးတပ်ဖွဲ့တွေ တူးဖော်ရှင်းလင်းပေးနိုင်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ကျွန်တော်တို့ တတ်ကျွမ်းလို့ရယ်တော့ မဟုတ်ပါဘူးဗျ။ ပြည်သူတွေ ဒုက္ခရောက်မှာစိုးတာကြောင့် မဖြစ်မနေ တူးဖော်ရတာပါ။ ဒီလို မပေါက်ကွဲတဲ့ ဗုံးသီးတွေရှိနေတာကြောင့် သွားလာနေတဲ့ပြည်သူတွေနဲ့ ဆော့ကစားနေတဲ့ ကလေးငယ်တွေ ထိခိုက်နိုင်တယ်။ အခု တူးဖော်ရတဲ့ ဗုံးသီးတွေက ပေါင် ၂၅၀ တို့ ပေါင် ၃၀၀ တို့ရှိတဲ့ ဗုံးသီးတွေ ဖြစ်နေတာဆိုတော့ ကျွန်တော်တို့မှာ အတွေ့အကြုံမရှိဘဲနဲ့ ရအောင်တူးဖော်နေရတာပါ။ အခု တူးဖော်တဲ့အခါမှာ ပေါက်ကွဲနိုင်တာကြောင့် အနီးပတ်ဝန်းကျင်ကလူတွေကို တူးဖော်နေတဲ့အချိန်မှာ အဝေးကို တိမ်းရှောင်ခိုင်းထားရတယ်။ ပေါက်ကွဲခဲ့ရင်လည်း တူးဖော်တဲ့သူတွေရော အနီးနားကလူတွေပါ တစဆီဖြစ်သွားမှာ။ အဲဒီလိုပေါက်ကွဲခဲ့ရင် ဘေးမှာ မီတာ ၃၀၀ ကျော်နဲ့ ၄၀၀ အတွင်းမှာရှိနေရင် လွတ်မှာမဟုတ်ဘူးလေ။ ဒီကောင်တွေ(စစ်အုပ်စု)က အခုနောက်ပိုင်းတွေမှာ ရွာတွေထဲမှာ ဗုံးသီးချတာများတယ်။ အခုတခေါက်မှာ ရှစ်လုံးချတာ ခြောက်လုံးကွဲပြီးတော့ နှစ်လုံးမကွဲဘူး။ သူတို့ တခါတခါ ဗုံးသီးချရင် တစ်စီးကို လေးလုံးပါလာတာဆိုတော့ နှစ်စီးလာချရင် ရှစ်လုံးချသွားတာပေါ့။ အခုနောက်ပိုင်း ဗုံးသီးချတာတွေက ပေါင် ၂၀၀ ကျော်နဲ့ ၃၀၀ ကျော် ဗုံးသီးတွေ လာချနေတာ။ အခု ကျွန်တော်တို့ တူးဖော်ပေးနေရတာ စုစုပေါင်း သုံးလုံးရှိသွားပြီ”
ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်အုပ်စုက စက်တပ်လေထီး ပါရာမိုတာနဲ့ ဗုံးကြဲရာမှာ တချို့ဗုံးသီးတွေက မပေါက်ကွဲဘဲ ကျေးရွာတွေနဲ့ အနီးဝန်းကျင်မှာ ကျန်ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ တူးဖော်ထားတဲ့ ဗုံးသီးတွေထဲက ပြန်လည်အသုံးပြုလို့ရတဲ့ ဗုံးသီးတွေကိုတော့ စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ချင်းတွင်းဒိုင်းနမိုက်တာဝန်ရှိသူက ဆိုပါတယ်။
မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ဆားလင်းကြီးအပါဝင် ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဘုတလင်၊ အရာတော်၊ ဝက်လက်၊ ချောင်းဦး၊ မုံရွာ စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေကို စက်တပ်လေထီး ပါရာမိုတာ၊ gyrocopter စတဲ့ စက်တပ်ယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ မကြာခဏ သေဆုံးထိခိုက်တာတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။
#Mandalay_Free_Press_MFP

🥰1🫡1
"စစ်အုပ်စုရဲ့ ဝါဒဖြန့်ကစားပွဲထဲက အနုပညာနယ်ရုပ်ကလေးများ"
အနုပညာရှင်ဆိုတာ ပရိတ်သတ်ကို ဖျော်ဖြေတင်ဆက်နေရုံ တခုတည်းနဲ့ လုံလောက်ပါသလား။ တကယ်တော့ အနုပညာရှင်စစ်စစ်ဆိုတာ ရပ်တည်ချက်မှန်ကန်ပြီး ကိုယ့်ကိုချစ်ခင်အားပေးတဲ့ လူထုရဲ့ စံပြပုဂ္ဂိုလ် ဖြစ်နေဖို့လည်း လိုပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာတွေကအစ ဇာတ်ပို့ဇာတ်ရံအဆုံး စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်ရှင်၊ သီချင်းတွေမှာ နယ်ရုပ်လေးသဖွယ် ပါဝင်အသုံးတော်ခံနေကြရပါတယ်။
ဒါတင်မကသေးဘဲ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အနုပညာရှင်တွေနဲ့ ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ သွေးခွဲနေပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အကယ်ဒမီဆုရ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တဲ့ ပေါ်လစီကားတကား ထွက်ခဲ့ပါတယ်။ အဲ့ဒီကားထွက်ပြီးနောက်မှာတော့ ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်အုပ်စုရဲ့ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် အစီအစဥ်တွေကို ဝေဖန်တဲ့သူမှန်သမျှ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာမျိုးရှိပါတယ်။ ဒါဟာ အနုပညာရှင်တွေနဲ့ လူထုအကြား အမုန်းတရားတွေပိုများလာဖို့ သွေးခွဲလိုက်တဲ့ သဘောပါပဲ။
ပြီးနောက်မှာတော့ စစ်ကောင်စီ ပေါ်လစီဇာတ်ကားနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားခဲ့တဲ့ အနုညာရှင် သုံးဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း အမှန်တရားကိုထောက်ခံတဲ့ အနုပညာရှင်ပေါင်းများစွာကို စစ်အုပ်စုက မတရားပုဒ်မတွေနဲ့ အရေးယူ ဖမ်းဆီးနေတာဖြစ်ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့လည်း သူတို့ရဲ့ ဝါဒဖြန့်ကဏ္ဍတွေမှာ ပြည်သူချစ်အနုပညာရှင်တွေ ပါဝင်လာဖို့ ဆက်တိုက်ဖိအားပေးနေတာဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်းမှာ ပိုပြီးတင်းကြပ်လာတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်က အနုပညာရှင်တွေကို ခေါ်တွေ့ပြီး စစ်တပ်ရွေးကောက်ပွဲ ဝါဒဖြန့်မှုအစီအစဥ်တွေမှာ အနုပညာရှင်အားလုံး ပါဝင်ပေးရမယ်၊ ငြင်းဆန်တဲ့သူမှန်သမျှ အရေးယူခံရမယ်လို့ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီခြိမ်းခြောက်ပြောဆိုမှု မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ စစ်အုပ်စုရဲ့ တန်ဆောင်တိုင်မီးထွန်းပွဲမှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်းကို စစ်တပ်က ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်ပေါင်း (၅၀)ကျော်အထိပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ပါသမျှလူကုန် Boycott သာလုပ်ရမယ်ဆိုရင် အားပေးစရာ အနုပညာရှင်တောင် ကျန်မှာမဟုတ်ပါဘူး။ ပြည်ပမှာ တော်လှန်ရေးလုပ်နေတဲ့ အနုပညာရှင်တွေကလွဲပြီး ပြည်တွင်းမှာရှိသမျှ အကုန်ပစ်လိုက်ရမယ့်အနေအထားတခုကို တဖြည်းဖြည်းရောက်လာတာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ်အားပေးတဲ့အနုပညာရှင်တွေ စစ်တပ်ဝါဒဖြန့် အစီအစဥ်မှာ မပါဝင်အောင်၊ ကိုယ်ချစ်တဲ့ အနုပညာရှင်ကို လွယ်လွယ်နဲ့မဆုံးရှုံးရအောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို မဖြစ်မနေ ထည့်သွင်း စဥ်းစားထားသင့်ပါတယ်။
အနုပညာရှင်တွေအနေနဲ့ တဖက်မှာ ဖိအားပေးနေတဲ့ စစ်ကောင်စီရှိသလို တဖက်မှာလည်း
Social Punishment (လူမှုရေးပြစ်ဒဏ်)လုပ်ဖို့ လူထုက အုံကြွနေတဲ့ အဖြစ်မျိုးကို ရင်ဆိုင်နေရတာပါ။
ဒါက ပြည်တွင်းမှာရှိတဲ့ အနုပညာရှင်တွေကို အကြပ်ရိုက်စေတဲ့ ပြဿနာတခုဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ စဥ်းစားဖို့လိုတာက အနုပညာရှင်တွေအနေနဲ့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ယန္တယားမှာ ပါဝင်နေတာက တကယ်ပဲ ဖိအားပေးခံရလို့လား၊ နဂိုကတည်းက စစ်တပ်ဘက်ကို ယိမ်းယိုင်နေတာလားဆိုတဲ့ အချက်ပါပဲ။
မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ မို့မို့မြင့်အောင်တို့လို မင်းသမီးကြီးတွေဟာ စစ်တပ်နဲ့ ဆွေမျိုးတော်စပ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့လိုမျိုး စစ်အုပ်စုနဲ့ မကင်းမရာမကင်းကြောင်း အနုပညာရှင်တွေ ဒုနဲ့ဒေးရှိပါသေးတယ်။ ဒီလို အနုပညာရှင်တွေအနေနဲ့ စစ်အုပ်စုဝါဒဖြန့် အစီအစဥ်တွေမှာပါဝင်နေတာက သိပ်တော့အံ့သြစရာမရှိပါဘူး။ သူတို့ဆီမှာ ဖက်ဆစ်စစ်တပ်ရဲ့ သန္ဓေဆိုးက ကိန်းအောင်းနေပြီးသားဖြစ်လို့ပါ။
အသွေးထဲအသားထဲမှာ စစ်တပ်ဘက်တော်သားဖြစ်နေပေမဲ့ အနေအစားချောင်အောင် ပရိတ်သတ်ကို မျက်ရည်ချူပြလိုက်၊ ပေါ်လစီကားလေး ပြေးရိုက်လိုက်လုပ်နေတဲ့ အနုပညာရှင်အမည်ခံ လူတန်းစားတရပ်အတွက် ဒီအခြေအနေက စိတ်ပူစရာမဟုတ်ပေမဲ့ ဖိအားဒဏ် မခံနိုင်လို့ စစ်ကောင်စီ ကြိုးဆွဲရာကနေရတဲ့ အနုပညာသမားတွေအနေနဲ့တော့ သေချာသုံးသပ်ဖို့ လိုပါတယ်။
အနုပညာသမားတွေအနေနဲ့ ကိုယ့်ရဲ့ ခံယူချက်၊ ရပ်တည်ချက်နဲ့ သွေဖယ်ပြီး စစ်အုပ်စု အလိုကျ အသုံးတော်ခံမယ်ဆိုရင် အနုပညာရှင်တယောက်ရဲ့ စံနှုန်းတွေနဲ့ လုံးဝဥဿုံ သွေဖယ်နေပါလိမ့်မယ်။ ခေတ်တွေဘယ်လိုပြောင်းပြောင်း စစ်ကောင်စီရဲ့ ပေးတာယူ ကျွေးတာစား ဝါဒဖြန့် ယန္တရားထဲမှာပဲ ခွေးသွားစိပ်လေးသဖွယ် ရုန်းကန်လည်ပတ်နေရပါလိမ့်မယ်။
ဒီနေရာမှာ တော်လှန်အနုပညာရှင်တဦးဖြစ်တဲ့ ဒါရိုက်တာ ဇာဏ်ခီရဲ့ ရေးသားချက်တခုကို အမှတ်ရမိပါတယ်။

“သူတို့ကကျဉ်းထဲကြပ်ထဲရောက်နေတော့ ဖိအားတွေကြောင့်လုပ်ရတာနေမှာပေါ့” တဲ့(ဖြစ်နိုင်တယ်လို့တွေးမိတယ်)။ အဲဒီမှာဆက်ပြောတယ်.. “မင်းတို့ရောသူတို့နေရာမှာဆိုရင်ငြင်းရဲမလား” တဲ့။ ကျနော်တို့က အဲလိုဘဝမျိုးရောက်မှာစိုးလို့ အကုန်လုံးထားပြီးထွက်သွားခဲ့တာပါ။ ကျနော်ကလည်း အခုပြန်မေးမယ်.. သူတို့ရောအကုန်ထားပြီး ကျနော်တို့လိုထွက်သွားရဲလားလို့"
သိပ်ကိုရိုးရှင်းပါတယ်။ အနုပညာရှင်တယောက်အနေနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်တခုတည်းအတွက် အောင်မြင်မှုတွေအားလုံးကို ထားခဲ့ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဒီနေရာမှာ အနုပညာရှင်တယောက်အတွက် တကယ့်အောင်မြင်မှုအစစ်အမှန်က ဘာလဲလို့ မေးခွန်းပြန်ထုတ်စေချင်ပါတယ်။ အနုပညာသမားတယောက်အတွက် တပါးသူရဲ့ အတင်းအကြပ်ခိုင်းစေမှုမပါဘဲ နှလုံးသားရဲ့အလိုကျ အနုပညာအလုပ်တွေ လုပ်ကိုင်နေနိုင်ခြင်းကသာ တကယ့်အောင်မြင်မှုမဟုတ်ပါလား။
အနုပညာရှင်တွေနဲ့ သူတို့ဖန်တီးလိုက်တဲ့ အနုပညာဆိုတာ သိပ်ကိုနူးညံ့သိမ်မွေ့ပါတယ်။ အနုပညာသမားတယောက်အနေနဲ့ အဲ့ဒီအလှတရားတွေနဲ့ ဆန့်ကျင်နေတဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ကိုယ်စားပြုဖို့အတွက် တကယ်ပဲ လိပ်ပြာလုံပါရဲ့လား။
အမှန်တရားမှာ နောက်ကျတယ် စောတယ်ဆိုတာ မရှိပါဘူး။ အမှားကိုသိလို့ အမှန်ကိုမြင်၊ အမှန်ကိုမြင်လို့ ပြင်ဆင်လိုက်နိုင်ရင် ကမ္ဘာဟာ ပိုပြီးလှပလာပါလိမ့်မယ်။
အရောင်စုံလှပတဲ့ အနုပညာပန်းပွင့်တွေ ပိုမိုပွင့်လန်းလာပါစေလို့ ဆန္ဒပြုရင်း....
-ဟာရူမီ-
#RejectShamElection
#SayNoJustTrap
#GSCB

🥰1
Forwarded from ပြည်သူ့ပန်းတိုင်-People's Goal
မိုင်းနင်းလိုက်ပြီဆိုတာနဲ့ သတိပေးလိုက်သလိုပဲ”
မိုင်းကွင်းအမျိုးအစားတွေက ဘယ်လိုရှိပါသလဲ။
မိုင်းကွင်းတည်ဆောက်မှုအကြောင်းတွေအပါအဝင် မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး သတိပြုရမယ့် အချက်များကို CDM အရာခံဗိုလ် ဇော်ကြီး၊ CDM တပ်သား ဇော်မျိုးအောင်နှင့် CDM ဗိုလ်ကြီး အောင်မျိုးထက်တို့က ပြည်သူ့စစ်သားစကားဝိုင်း (Episode 24/Part-1) မှာ ဆွေးနွေးထားပါတယ်။
အပြည့်အစုံကို ပြည်သူ့ပန်းတိုင်ရဲ့ Facebook Page နဲ့ YouTube Channel မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/shorts/7sojTW3_8vI

YouTube
“မိုင်းနင်းလိုက်ပြီဆိုတာနဲ့ သတိပေးလိုက်သလိုပဲ”
“မိုင်းနင်းလိုက်ပြီဆိုတာနဲ့ သတိပေးလိုက်သလိုပဲ”မိုင်းကွင်းအမျိုးအစားတွေက ဘယ်လိုရှိပါသလဲ။မိုင်းကွင်းတည်ဆောက်မှုအကြောင်းတွေအပါအဝင် မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ...
🥰1
ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပျူစောထီးများ၏ ခရီးသွားပြည်သူများအပေါ် မတရားပေါ်တာဆွဲ ဖမ်းဆီးခြင်း။
နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့နယ်မှ မြစ်ကြီးနားဘက်သို့ထွက်လာသောကား (၂)စီးကို ကန့်ဘလူမြိုနယ် ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ဇီးကုန်း - မလယ်လမ်းဆုံမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် အဆိုပါကား (၂)စီးပေါ်မှ ခရီးသွားပြည်သူများထံကနေ အတင်းအဓမ္မငွေကြေးတောင်းခံရုံသာမက အလုပ်သွားရောက်လုပ်ကိုင်ကြမည့် ခရီးသွားပြည်သူ လူငယ် (၁၃)ဦးကိုလည်း အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ လူငယ်(၁၃)ဦးကို ကန့်ဘလူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တကရ ၆၀၀၆ သို့ ၆ ဘီးကား ၁ စီးဖြင့် ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ခရီးသွားပြည်သူများထံကနေ အတင်းအဓမ္မငွေကြေးကောက်ခံခြင်း ၊ အမျိုးသမီးများအား အတင်းအဓမ္မပြုကျင့်ခြင်း ၊ သတ်ဖြတ်ညှင်းပန်းခြင်းများ မကြာခဏပြုလုပ်နေပါ၍ မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် ဂရုစိုက်သွားလာကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။
#KB4
#ကန့်ဘလူ

ဖေ့စ်ဘုတ်မှာ ‘like’၊ ‘heart’ reaction ပေးရုံနဲ့ မြန်မာပြည်သူတွေ ဖမ်းဆီးခံနေရကြောင်း ကုလမှာ မြန်မာသံအမတ်ကြီးပြော
နိုဝင်ဘာ-၆၊ ၂၀၂၅။ People’s Spring
အာဏာသိမ်းစစ်ကောင်စီဟာ အွန်လိုင်းပေါ်မှာ ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖိနှိပ်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနဲ့ ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ(စတုတ္ထကော်မတီ)ရဲ့ အစီအစဉ်အမှတ် (၅၃) ‘သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ’ ခေါင်းစဥ် အထွေထွေဆွေးနွေးမှုအဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာပါ။
မကြာသေးမီ ရက်ပိုင်းအတွင်းက အနုပညာရှင်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေဟာ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို ဝေဖန်တဲ့ ပို့စ်တွေမှာ ‘like’ ဒါမှမဟုတ် ‘heart’ reaction ပေးခဲ့ရုံမျှနဲ့ မတရားဖမ်းဆီးခံခဲ့ရကြောင်း သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ရှင်းလင်းပါတယ်။
အဲဒီလို ဆိုးရွားတဲ့ ဖိနှိပ်မှုအဆင့်ဟာ အမှန်တရားကို လက်ခံနိုင်ခြင်းမရှိတဲ့ စစ်အာဏာရှင်တို့ရဲ့ သိမ်ငယ်စိတ်နဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူတစ်ဦးလို လိုက်လံပိတ်ပင် ထိန်းချုပ်လိုခြင်းကို သိသာမြင်သာစေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ လွတ်လပ်တဲ့ သတင်းများရရှိပိုင်ခွင့်၊ သတင်းအချက်အလက်များ အပြန်အလှန်မျှဝေခြင်းနဲ့ နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကို ဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်ခံရမယ့်အရေးကို ကြောက်ရွံ့နေကြရသဖြင့် ဆောင်ရွက်နိုင်ခြင်းတို့ မရှိတော့ကြောင်း သံအမတ်ကြီးက အစီရင်ခံပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းအချက်အလက်နယ်ပယ်ကို ကြိုးကိုင်ချယ်လှယ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေမှုဟာ အဲဒီနယ်ပယ်ကို ထိန်းချုပ်ဖို့သာမက အရပ်သားပြည်သူတွေအပေါ် နေ့စဉ် ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ဖို့ ကြိုးပမ်းမှုလည်း ဖြစ်ကြောင်း သံအမတ်ကြီးက ထောက်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ မီဒီယာ လွတ်လပ်ခွင့်ဟာ လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့ပြီး လွတ်လပ်၊ အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေအနေနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ အရပ်သားပြည်သူတွေအနေနဲ့လည်း လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ရဲ့ အတွေး၊ အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ အမြဲတစေ ကြောက်ရွံ့မှုတို့နဲ့ ရှင်သန်နေထိုင်ရကြောင်း သံအမတ်ကြီးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစလို့ စစ်အုပ်စုဟာ ၎င်းတို့ကို ဆန့်ကျင်သူတွေကို ဖိနှိပ်ဖို့နဲ့ သတင်းအချက်အလက်တွေကို ၎င်းတို့အကျိုးအတွက် လိမ်လည်ဖို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုနေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးကို ပြောပါတယ်။
လက်ရှိအချိန်အထိ သတင်းမီဒီယာသမားပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၅၁ ဦးမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံနေရဆဲဖြစ်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ပျက်သုန်းနေခြင်း၊ သတင်းအချက်အလက်စီးဆင်းမှုများ ဆိုးရွားစွာကန့်သတ်ထားခြင်း၊ အချိန်နဲ့အမျှ ကြောက်ရွံ့စွာ ပြည်သူများနေထိုင်နေရခြင်း စတဲ့ အချက်တွေဟာ စစ်အုပ်စုပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲက တရားမျှတမှု၊ လွတ်လပ်မှု လုံးဝရှိမှာ မဟုတ်ကြောင်း ဖော်ပြနေတဲ့ များစွာသော အရေးကြီးတဲ့ အချက်တွေထဲက အချက်တချို့ပင်ဖြစ်တယ်လို့ သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံတွေကို ရှင်းလင်းပါတယ်။
#People's Spring

Forwarded from BBM
ဖြူးမြို့နယ်မှာ ဗုံးကြဲပြီးပြန်လာတဲ့ စကစရဲ့ Gyrocopter ၁ စီး ပျက်ကျပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
BBM - နိုဝင်ဘာ ၆
သတင်း - နိုင်နိုင်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်းကျည်းကုန်းတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပြီးပြန်လာတဲ့ စစ်ကောင်စီရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာပျက်ကျတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၆ ရက်၊ မနက် ၁၁ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်းတစ်စီးအပါအဝင် မုန်းမြို့အခြေစိုက် ခမရ (၅၉၀) တပ်ရင်းမှ ၁၂၀ မမ တို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၆ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာလည်း စစ်ကောင်စီဟာ မန်းကျည်းကုန်းတောင်ကျေးရွာမှ ပြည်သူလူထုတွေနေထိုင်တဲ့ နေအိမ်တွေကို Gyrocopter ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် မန်ကျည်းကုန်းတောင်ကျေးရွာမှ ဦးမောင်ငယ် (၅၅) နှစ်မှာ ဗိုက်ပွင့်ထွက်၍ သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အဦ (၆) လုံးလည်း ပျက်စီးသွားတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဆိုပါတယ်။
မန်းကျည်းကုန်းတောင်ကျေးရွာကို လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာ ပျက်ကျသွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားတယ်လို့ ပဲခူတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပျက်ကျသွားတဲ့ Gyrocopter ရဟတ်ယာဥ် ၁ စီးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။
Photo-social media

👏3