EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
Forwarded from MMWeather
ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်ဘက်မှ အခြေအနေများနှင့်မြန်မာနိုင်ငံပေါ်မှ မိုးရွာသွန်းနိုင်သည့် အခြေအနေ
(နိုဝင်ဘာ ၅ ရက် ည ၆ နာရီ ၄၀ မိနစ်)
====

🔸ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ Well-Marked LPA သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်းက အားလျော့သွားပြီး LPA- Low Pressure Area (လေဖိအားနည်းရပ်ဝန်း) အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကိုဒီနေ့ည (နိုဝင်ဘာ ၅ ရက် ည မှာ)ဖြတ်ကျော်ဝင်ရောက်သွားမှာဖြစ်ပါတယ်။

🔸လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချင်းပြည်နယ်မြောက်ပိုင်း "ခန်းပတ်"နဲ့ ကချင်ပြည်နယ်အတွင်းမှ "မြစ်ကြီးနား"၊ "မိုးညှင်း" စတဲ့ မြို့နယ်/ခရိုင်တွေအတွင်း ဒီနေ့(နိုဝင်ဘာ ၅ ရက်)မှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်၍ မိုးရွာတာလျော့နည်းပြီးဆုံးသွားနိုင်ပါမယ်။

🔸အရှေ့ဘက်-တောင်တရုတ်ပင်လယ်ဘက်မှ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို မနက်ဖန် နိုဝင်ဘာ-၆ ရက် ည မှာဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားနိုင်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် -
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုဝင်ဘာ ၆ ရက် မှ ၁၂ ရက်(၇ ရက်အတွင်း) မိုးရေချိန် ၃ လက်မ အထက်မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။

🔸မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေမှာ ၇ ရက် မိုးရေချိန်န် ၂ လက်မအထက်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် ၂ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။

🔸ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း ၁ လက်မ အထက် ၁ လက်မခွဲအောက် ရွာနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန်အနည်းဆုံးရွာသွန်းရရှိနိုင်မည့် ပြည်နယ်တိုင်းများဖြစ်နေနိုင်ပါမယ်။

🔸ပြည်နယ်တိုင်း မြို့များ၏ ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကို ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်ရန် MMWeather Website မှာ စီစဉ်ပေးထားတာပါတယ် - https://www.mmweather.org/divisional-cities-weather
🙏1
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 5, 9:55PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰2
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🥰2
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
🙏2👍1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ စခပခများသည် ကြာပိုင်ရွာဘက်သို့ ဦးတည်၍ထွက်သွားကြောင်းသတင်းရရှိ။

#EIO
Nov 6, 9:46AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်ပေလမ်းဆုံသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 6, 12:13PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ကြေးမုံရွာထိပ် ကျားမင်းမုန့်တီဖိုရှေ့သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 6, 12:15PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
"စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................
🚨🚨ကိုယ်ပိုင်အမှတ်အသား၊ကိုယ်ပိုင်အာ‌ဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း  ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌တယ်။

နောင်လူငယ်‌တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1💯1
🚨မုံရွာ🚨

မုံရွာတောင်၊‌မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ကြေးမုံရွာထိပ်မှ မုံရွေးတိုးဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Nov 6, 12:37PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
Forwarded from MMWeather
🔸တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်များကြောင့် နိုဝင်ဘာ ၈ ရက် မှ ၁၂ ရက်အတွင်း မိုးရာသီ၏ နောက်ဆုံးနှုတ်ဆက်မိုးများရွာသွန်းနိုင်ပါတယ်။
🔸ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တွေမှာ နေ့စဉ်မိုးရေချိန် အများဆုံးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်ခြင်းများရှိနိုင်တာကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးခင်းများ သတိထားကြရပါမယ်။
🔸စပါး/ပဲ ကြဲပက်စိုက်ပျိုးလိုသည့်တောင်သူများအနေဖြင့် နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်းမှာ မိုးလျော့နည်းသွားမှာဖြစ်လို့ မိုးများနိုင်/သည်းထန်နိုင်သော ပြည်နယ်တိုင်း ၄ ခု မှ တောင်သူများအနေဖြင့် ၁၂ ရက် နောက်ပိုင်းမှ ကြဲပက်စိုက်ပျိုးတာ ပြုလုပ်သင့်ပြီး၊
🔸မိုးနည်းနိုင်သည့် ပြည်နယ်တိုင်းများမှ တောင်သူများသည် ရိတ်သိမ်းပြီးစပါးသီးနှံများ အမိုးအကာအောက်ရောက်ရန်ပြင်ဆင်ပြီးလျှင်-
🔸ပဲ/စပါး ကြဲပက်စိုက်ပျိုးရန် အချိန်သင့်ပြီဖြစ်ကြောင်း အကြံပြုတင်ပြလိုပါတယ်။
🔺 ၄ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များ
🔺 ကိုယ်တိုင်လေ့လာလို/သိလိုလျှင် ကြည့်ရန် https://www.mmweather.org/divisional-cities-weather
🙏1
ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာသို့ ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုချက်များအရ သိရှိရသည်။

ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ မန်ကျည်း ကုန်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ် တပ်၏ မုန်းမြို့အ‌ခြေစိုက် ခမရ ၅၉၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Gyrocopter ၂ စီးသည် မန်ကျည်းကုန်းတောင်ရွာရှိ နေအိမ်များကို ဗုံး ၂ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း မန်ကျည်းတောင်ရွာသား အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် ဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စက်တပ်၏ Gyrocopter ၁ စီးသည် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် ပျက်ကျခဲ့ပြီး မောင်းနှင်းသူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

"ဖြူးမြို့နယ်ဘက်ကို ဗုံးလာကျဲပြီး အပြန်မှာ Gyrocopter ၁ စီးက ပဒက်ခင်ရွာနဲ့ တံခွန်တိုင်ရွာ အကြားမှာ ပျက်ကျတာ မောင်းနှင်လာတဲ့ စစ်ခွေး ၂ ကောင်သေဆုံးတယ်။ စစ်ခွေးတွေ ဗုံးကျဲသွားတာလည်း ပြည်သူ ၁ ဦး သေဆုံးတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#KTM
👍2