EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
🙏2
ပြောက်ကျားစစ်ရဲ့သဘောတရား
------------///------------


လျှိုဝှက်အပ်ရာ၊ အရာရာကို
မိ နှင့် ဖ/သား သူစိမ်းအားသော်
မယားသော်မှ မယုံရ။

လျှို့ဝှက်
လျင်မြန်
လုံ့လ
လုုံခြုံ

(လ) ၄ (လ) ဖြစ်တယ်။အကျယ်ချဲ့ရင် အများကြီးပါ။

စည်းကမ်း
စနစ်
စည်းရုံး
စုစည်း

စ (၄) လုံး

အင်အား
အားအင်
အားပြု
အပြီး

စ ၄ ယံ၊ လ ၄ ယံ၊ အ ၄ ယံ ညီရပါတယ်။

ဒါကြောင့် ထင်ထင်ပေါ်ပေါ်တွေပြော၊
ထင်ထင်ပေါ်ပေါ်တွေ လုပ်နေတာတွေ
ရပ်ကြပါလို့ တိုက်တွန်းရင်း
သမိုင်းကပြည်သူ
တော်လှန်ရမှာက ကျနော့်တို့တွေ ဖြစ်ပါကြောင်း။

#NNA

(စာရေးသူထံတွင် တိုက်ရိုက်ခွင့်တောင်း၍ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
ဝက်လက်ကရွာတွေကို အင်အားအလုံးအရင်းနဲ့တပ်ဖြန့်စစ်ကြောင်းထိုးလာလို့ ဒေသခံ ၆,၀၀၀ ကျော်ထွက်ပြေးနေရ

ဝက်လက်၊ နိုဝင်ဘာ ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၆,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက သိရပါတယ်။

နိုဝင်ဘာ ၅ ရက်ဒီမနက် ၇ နာရီကျော်လောက်ကစပြီး ရွာသာကြီးရွာမှ အင်အား ၈၀ ပါစစ်ကြောင်းက တံတားဦးကျေးရွာဘက်၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာဘက်ကထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနဲ့ လှတောရွာဘက်က ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါစစ်ကြောင်းက စိုင်းနိုင်ကြီး၊ စိုင်းနိုင်လေးကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။

"စစ်ကြောင်းထိုးနေတယ်။ ပစ်တာတွေတော့ရှိတယ်။ ရွာတွေထဲကို ပစ်ခတ်ဝင်တာ။ စစ်ကြောင်းက ၃ ကြောင်း။ ပြည်သူတွေကတော့ ထွက်ပြေးနေရတာလည်းများတယ်။ ပြေးရတဲ့ရွာတွေက ရွာကြီးတွေချည်းဘဲ"လို့ ဝက်လက်မြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန် အချိန်မီထွက်ပြေးနိုင်တာတွေကြောင့် လက်ရှိအချိန်ထိ ဒေသခံ ဖမ်းဆီးပစ်ခတ်ခံရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒီညနေ ၃ နာရီခန့်မှာ ရွာသာကြီးဘက်ကထွက်လာတဲ့ စစ်ကြောင်းက တမာကုန်းကျေးရွာ စာသင်ကျောင်းမှာရောက်နေပြီး ကျန်စစ်ကြောင်းနှစ်ကြောင်းက စိုင်နိုင်လေး၊ စိုင်နိုင်ကြီးရွာတဝိုက်မှာ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာလို့ အိမ်ခြေ ၂၀၀ ကနေ ၇၀၀ ကြားရှိတဲ့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ တံတားဦး၊ သမကုန်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ အုတ်နဲဘုတ်၊ ဆင်တဝဲအပါအဝင် ကျေးရွာ ၈ လောက်က ဒေသခံ ၆,၀၀၀ ကျော်ခန့်ထွက်ပြေးနေရပါတယ်။

စစ်ကြောင်းဝင်လာချိန် စိုင်နိုင်ကြီးနဲ့ဘုန်းဘွဲ့ကျေးရွာအကြားမှာ စစ်ကော်မရှင်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

နိူဝင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းက မောက္ကဒီးကျေးရွာက ပြည်သူ ၄၀ ကျော်ကိုဖမ်းသွားပြီး နိုဝင်ဘာ ၅ ရက် ဒီနေ့အထိပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ
#Myaelatt_Athan
🙏1
ဝက်လက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ငယ်များ လိုက်လံ ပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံး၊ ကျေးရွာ ၂၀ ခန့်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ငယ်များ လိုက်လံ ပစ်ခတ်၍ ပြည်သူ ၁ ဦး သေဆုံးကာ ကျေးရွာ ၂၀ ခန့်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တမာကုန်းရွာ စာသင်ကျောင်းကို စတင်ဝင်ရောက် စီးနင်းနေကြောင်း သိရှိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ရွာသာကြီးရွာရှိ ၎င်းတို့ တပ်စွဲထားသော နေရာကို စစ်ကိုင်းမြို့နယ် ဆားတောင်မှ လာသော စစ်တပ် စစ်ကြောင်းနှင့် စစ်ကိုင်း တပ်မ-၃၃ မှ လာသော Mi-17 ရဟတ်ယာဉ် ၂ စီး၊ ရွှေဘိုမြို့နယ် လကရ-၈ မှလာသော Mi-17 ရဟတ်ယာဉ် ၁ စီး ဖြင့်လည်း လူအင်အား ဖြည့်တင်းထားကြောင်း သိရှိရသည်။

ရွာသာကြီးရွာအတွင်း အင်အားလာရောက်ဖြည့်တင်းခဲ့သော ဆားတောင်ဘက်မှလာသော စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် လှတွေရွာဘက်ကို လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ရွှေဘိုမြို့ဘက်မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘို-မန္တလေးကားအတိုင်း စစ်ကြောင်းထိုးလာပြီး စိုင်နိုင်လေးရွာကို ဝင်ရောက် စီးနင်းနေကြောင်း၊ လက်ရှိချိန်တွင် စိုင်နိုင်လေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

"စစ်ခွေးစစ်ကြောင်းက ၂ ကြောင်းပြိုင်ပြီးထိုးနေတာ ရွာသာကြီးဘက်က စစ်ခွေးတွေကတော့ တပ်ဖြန့်ထားတယ်။ ဘယ်ရွာတွေကို ဆက်ပြီး ထိုးမလဲဆိုတာတော့မသိသေးဘူး။ ရွာသာကြီးဘက်က ခွေးတွေက တမာကုန်းရွာ စာသင်ကျောင်းကို စတင် ဝင်ရောက် စီးနင်းနေတယ်။ အဲခွေးကြောင်းမှာ ပါလာတဲ့ စစ်ခွေးတွေက ရွာထဲကို အကုန်မဝင်ဘဲ တပ်ဖြန့်ထားတယ်။ နောက်တစ်ကြောင်းထပ်ခွဲမလားတော့မသိဘူး။ ရွှေဘိုဘက်က လာတဲ့ စစ်ခွေးစစ်ကြောင်းကတော့ စိုင်နိုင်လေးရွာကို ရောက်နေပြီး ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့တော့မကြားမိသေးဘူး။ အကုန်လုံး ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

#KTM
🙏1
‼️လမ်းပိုင်းဆိုင်ရာ အသိပေး ထုတ်ပြန်ချက်‼️

(မုံရွာ-သာစည်) လမ်းပိုင်းအား စခများရှုပ်နေသောကြောင့် သွားလာခြင်း (လုံးဝလုံးဝ)မပြုလုပ်ကြပါရန်၊ ခေတ္တယာယီပိတ်ထားကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ ကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

ပြန်လည်အသုံးပြုလို့မည့်အချိန်အား အချိန်နှင့်တပြေးညီပြန်လည်ထုတ်ပြန်ပေးသွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#EIO
#Admin Team
Nov 5,
📬သတင်းပို့ရန် @EagleInformationOperator
🙏2
❝ ကျွန်တော်တို့တော်လှန်ရေးဟာ စုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အားကို မြဲမြံစွာ ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ထုတ်ဖို့ဆိုရင် ကျွန်တော်တို့ကြားမှာ ကွဲလွဲတဲ့ သဘောထားအမြင်တွေ ရှိလာရင်လည်း အသိအမှတ်ပြုပြီး စုစည်း ညီညွတ်တဲ့အင်အားကို လက်တွဲ တည်ဆောက်ရပါလိမ့်မယ်၊ ဘုံရန်သူကို ရှင်းလင်းပြတ်သားစွာ ကြည့်မြင်ရပါလိမ့်မယ်။ ဒီတော်လှန်ရေးဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေး ဖြစ်တာ ကြောင့် ကျွန်တော်တို့တော်လှန်ရေးဟာ ပြည်သူလူထုနဲ့ ဝေးကွာမသွားစေရေး အမြဲမပြတ် နှလုံးသွင်း ထားကြဖို့ လိုအပ်ပါတယ်။ ❞

ဒူဝါလရှီးလ
နိုင်ငံတော် ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ

“ ပြည်သူခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း” မှ ကောက်နုတ်ချက်
👍1
Forwarded from MMWeather
ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်ဘက်မှ အခြေအနေများနှင့်မြန်မာနိုင်ငံပေါ်မှ မိုးရွာသွန်းနိုင်သည့် အခြေအနေ
(နိုဝင်ဘာ ၅ ရက် ည ၆ နာရီ ၄၀ မိနစ်)
====

🔸ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ Well-Marked LPA သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်းက အားလျော့သွားပြီး LPA- Low Pressure Area (လေဖိအားနည်းရပ်ဝန်း) အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကိုဒီနေ့ည (နိုဝင်ဘာ ၅ ရက် ည မှာ)ဖြတ်ကျော်ဝင်ရောက်သွားမှာဖြစ်ပါတယ်။

🔸လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချင်းပြည်နယ်မြောက်ပိုင်း "ခန်းပတ်"နဲ့ ကချင်ပြည်နယ်အတွင်းမှ "မြစ်ကြီးနား"၊ "မိုးညှင်း" စတဲ့ မြို့နယ်/ခရိုင်တွေအတွင်း ဒီနေ့(နိုဝင်ဘာ ၅ ရက်)မှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်၍ မိုးရွာတာလျော့နည်းပြီးဆုံးသွားနိုင်ပါမယ်။

🔸အရှေ့ဘက်-တောင်တရုတ်ပင်လယ်ဘက်မှ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို မနက်ဖန် နိုဝင်ဘာ-၆ ရက် ည မှာဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားနိုင်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် -
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုဝင်ဘာ ၆ ရက် မှ ၁၂ ရက်(၇ ရက်အတွင်း) မိုးရေချိန် ၃ လက်မ အထက်မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။

🔸မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေမှာ ၇ ရက် မိုးရေချိန်န် ၂ လက်မအထက်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် ၂ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။

🔸ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း ၁ လက်မ အထက် ၁ လက်မခွဲအောက် ရွာနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန်အနည်းဆုံးရွာသွန်းရရှိနိုင်မည့် ပြည်နယ်တိုင်းများဖြစ်နေနိုင်ပါမယ်။

🔸ပြည်နယ်တိုင်း မြို့များ၏ ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကို ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်ရန် MMWeather Website မှာ စီစဉ်ပေးထားတာပါတယ် - https://www.mmweather.org/divisional-cities-weather
🙏1
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 5, 9:55PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰2
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🥰2
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
🙏2👍1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ စခပခများသည် ကြာပိုင်ရွာဘက်သို့ ဦးတည်၍ထွက်သွားကြောင်းသတင်းရရှိ။

#EIO
Nov 6, 9:46AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်ပေလမ်းဆုံသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 6, 12:13PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ကြေးမုံရွာထိပ် ကျားမင်းမုန့်တီဖိုရှေ့သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 6, 12:15PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
"စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................
🚨🚨ကိုယ်ပိုင်အမှတ်အသား၊ကိုယ်ပိုင်အာ‌ဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း  ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌တယ်။

နောင်လူငယ်‌တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1💯1