EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
ဝက်လက်မြို့နယ်၊ မောက်ကဒီးရွာကို စစ်တပ်က ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးထား၊ မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မောက်ကဒီးရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးထားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းအစောပိုင်းတွင် ဝက်လက်မြို့နယ် ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောက်ကဒီးရွာကို သေနတ်များ ပစ်ဖောက်ကာ ထပ်မံ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာချိန်တွင် လယ်ကွင်းအတွင်း ရေသွင်းနေသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားကလည်း မောက်ကဒီးရွာထဲမှ စစ်သားများနှင့် လာရောက် ပူးပေါင်းထားကြောင်း သိရှိရသည်။

"စစ်ခွေးစစ်ကြောင်းက နံနက် အစောပိုင်းကြီး ဝင်လာတာဆိုတော့ ပြည်သူတွေက မသိလိုက်တာ စစ်ခွေးတွေသေနတ် ပစ်ဖောက်မှ သိတော့ ပြေးချိန်မရလိုက်ဘူး။ ပြည်သူဘယ်နှဦး ဖမ်းဆီးခံထားရလဲဆိုတာတော့ မသိသေးဘူး။ စစ်ခွေးတွေ ရှိနေသေးတယ်။ မနေ့ကလည်း ပြည်သူတွေ ဖမ်းဆီးခံရသေးတယ်။ အဲဖမ်းဆီးခံရသူတွေကို ရွာသာကြီးရွာထဲကို ခေါ်သွားတယ်လို့ သိရတယ်" ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် မောက်ကဒီးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ မူးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၀ တပ်ရင်းမှ အောင်ချမ်းသာကျေးရွာ အတွင်းကို ၈၁ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ကျေးရွာနေ ပြည်သူ အသက် ၅၈ နှစ်အရွယ် ဦးပါးဝင်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ နေအိမ်လည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်။

#KTM
🤬1
"စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................
🚨🚨ကိုယ်ပိုင်အမှတ်အသား၊ကိုယ်ပိုင်အာ‌ဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း  ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌တယ်။

နောင်လူငယ်‌တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
🚨ရန်ကုန်🚨

(၁၀)မိုင်မှ လေဆိပ်လမ်းသို့ အဝင် လေကြောင်းသိပ္ပံအနီး ရခ ဂိတ်တွင် DC (၁)စီး ရပ်ထားပြီး ရခ (၁၅)ကောင်ခန့်အား ရခ အကောင်ကြီးသည် ပြည်သူအသွားအလာကားများအား စစ်ဆေးရန် ခွေးစကားများပြောရျ် မှာကြားနေကြောင်းသတင်းရရှိ။

#EIO
Nov 4, 4:35PM
📬သတင်းပို့ရန် @EagleInformationOperator
🤬1
“တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ မင်္ဂလာအခါသမယမှစ၍ ဘေးရန်ကင်းကွာ ကောင်းကျိုးဖြာပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေဆုမွန်ကောင်း တောင်းအပ်ပါသည်။”

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ
🥰2🙏2
🚨ချောင်းဦး🚨

ငါးယှန်ဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 4, 7:49PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
“နှိုင်းစရာ မဟုတ်တာတွေကို မနှိုင်းယှဉ်ပါနဲ့”

🔳 ရယ်စရာဟာသတစ်ခု ရှိတယ်။

တစ်ယောက်ယောက်က မင်းကိုကျော်ပြီး တခြားလူကို ရွေးသွားလို့ စိတ်မညစ်နဲ့တဲ့။ ပျားရည်က ငှက်ပျောသီးထက် ပိုချိုတယ် ဆိုတာကို မျောက်တွေ နားလည်အောင် မင်းရှင်းပြလို့ မရဘူးတဲ့။

ရည်းစားက ထားသွားတာတို့၊ တတိယလူ ပေါ်လာတာတို့၊ ကိုယ့်ပြန်မကြိုက်တာတို့ကြောင့် အသည်းကွဲနေသူတွေအတွက်ပေါ့ 😝

🔳 အတည်ဆက်ပြောရရင် တကယ်တမ်း လူ့ဘဝမှာ ပျော်ရွှင်ချင်တယ်ဆို ယှဉ်စရာ မဟုတ်တာတွေကို မနှိုင်းယှဉ်ကြဖို့ သိပ်အရေးကြီးတယ်။

🔳 လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေရတယ်။ အဲဒီအခါ အများနဲ့ ကိုယ်နဲ့ကို နှိုင်းယှဉ်ကြတယ်။ ငါ ဘယ်အနေအထား ရှိနေလဲ၊ ဘယ်အခြေအနေ ရောက်နေလဲ အကဲဖြတ်ကြတယ်။ သဘာဝပဲလို့တောင် ပြောရမယ်။ ကျွန်တော်တို့ရဲ့ ဗီဇစိတ်မှာ ပါလာပြီးသား။

အဲဒီလို နှိုင်းကြည့်မှလည်း လွဲနေရင် ပြင်မိမယ်။ နောက်ကျနေရင် အရှိန်မြှင့်ပြီး လိုက်မယ်။ အောက်အရမ်းရောက်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲတင်မယ်။

🔳 သို့သော် မဇ္ဈိမ ပဋိပဒါ ဆိုသလိုပဲ အစွန်းမရောက်ဖို့ကသာ အဓိကကျဆုံးပဲ။ နှိုင်းယှဉ်တာ မကောင်းဘူး ဆိုလို့ လုံးဝမနှိုင်းယှဉ်ဘဲရော နေလို့ရသလား။ မရဘူး။ အလွန်အမင်း နှိုင်းယှဉ်နေရင်၊ ငှက်ပျောသီးနဲ့ ပျားရည်လို နှိုင်းစရာ မဟုတ်တာကို နှိုင်းနေရင်ရော ပျော်ရပါ့မလား။ ပျော်ရမှာ မဟုတ်ဘူး။

ဒါကြောင့် လောကမှာ အရေးကြီးဆုံးဟာ Self-awareness ပဲလို့ မကြာခဏ ပြောတာ။ မိမိကိုယ်မိမိ သိရှိဖို့ဟာ အင်မတန် အရေးပါတယ်။ အရာအားလုံးရဲ့ အစဟာ အဲဒါပဲ။

🔳 မျောက်အတွက်ကတော့ ငှက်ပျောသီးဟာ အချိုမြိန်ဆုံး ဖြစ်မှာပေါ့။ ကိုယ့်အတွက်ကျ ပျားရည်က ပိုချိုချင် ချိုနေမယ်။ ဘာလို့ဆိုတော့ ကိုယ်က မျောက်မှ မဟုတ်တာ။

မျောက်ကိုသွားပြီးတော့လည်း နင် အကောင်းမကြိုက်တတ်လိုက်တာ ပြောလို့ မရဘူးလေ။ သူက မျောက်ကိုး။ လူမှ မဟုတ်တာ။ (မျောက်နဲ့လူ ဘယ်သူပိုမြင့်မြတ်တယ် မဆိုလိုဘူးနော်။ သတ္တဝါတစ်မျိုးစီလိုပဲ သဘောထားပြီး ဖတ်)

🔳 အဓိကက ကိုယ့်ကိုယ်ကိုယ် သိဖို့ပဲ။ ကိုယ့်ပုံစံအတိုင်း ခိုင်ခိုင်မာမာ ရှင်သန်နေထိုင်ဖို့ပဲ။

အပေါ်က ဥပမာအတိုင်း ဆက်ပြောရရင် မျောက်က ပျားရည်လိုက်လျက်လို့ သူ ပျော်မှာမဟုတ်ဘူး။ လူကလည်း ငှက်ပျောသီးချည်းပဲ စားနေလို့ မဖြစ်ဘူး။

ကိုယ့်အကြိုက်ကိုယ်သိ။ ကိုယ့်လမ်းကိုယ်လျှောက်။ လမ်းမတူသူတွေနဲ့ သွားမနှိုင်းနဲ့။ ဒါ အဓိကပဲ။

🔳 ဒီကာလအတွင်း လူပေါင်းများစွာနဲ့ ထိတွေ့စကားပြောရတယ်။ ကိုယ်ယုံကြည်တဲ့လမ်းကို လျှောက်နေသူတွေပေါ့။

သူတို့မှာလည်း မိသားစုဘဝတွေ ရှိတယ်။ ပိုက်ဆံလိုချင်တယ်။ အောင်မြင်ချင်တယ်။ ရာထူးတိုးချင်တယ်။ လူတွေပဲကိုး။ သို့သော် လတ်တလောမှာတော့ ရပ်တန့်နေရတယ်။

အဲဒီအခါ ရှေ့ဆက်သွားခွင့် ရနေတဲ့သူတွေကို ကြည့်ပြီး နှိုင်းယှဉ်မိတယ်။ သိမ်ငယ်စိတ်တွေ ဖြစ်တယ်။ ကိုယ့်ဘဝကိုယ် မကျေနပ်တာတွေ၊ အားမရတာတွေ ဖြစ်လာတယ်။ ကျွန်တော်လည်း ဒီလိုပဲ။

🔳 ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးကြည့်ရတယ်။ ငါ့ဘဝကို ဘယ်လိုဖြစ်ချင်တာလဲ။ ဘယ်လိုရှင်သန်ချင်တာလဲ။

လူများစု ဒုက္ခပင်လယ်ဝေနေချိန်မှာ ကိုယ်နဲ့ မဆိုင်သလို သဘောထားပြီး ကိုယ့်တစ်ကိုယ်စာ ရှင်သန်ရေးကိုပဲ လုပ်နေရရင် ငါပျော်မလား။

ငါ့စာကို ဖတ်ပါတယ်၊ ငါ့ကို လေးစားပါတယ် ဆိုတဲ့ လူငယ်တွေ လမ်းပျောက်နေကြတယ်။ သူတို့အနာဂတ်အတွက် သူတို့ကိုယ်တိုင် တိုက်ပွဲဝင်နေကြတယ်။ အဲဒီအချိန်မှာ ငါ လက်ပိုက်ကြည့်နေခဲ့ပြီး အခြေအနေတွေ အေးဆေးဖြစ်သွားတော့မှ လူငယ်တွေကို ကျွန်တော် ဘယ်လိုချစ်တယ်၊ ကောင်းစေချင်ပါတယ် စင်ပေါ်တက်ပြောမယ့် စာရေးဆရာမျိုး ငါဖြစ်ချင်သလား။

ငါ လွတ်လပ်ချင်တယ်။ ဆဲဖို့ ဆိုဖို့ ဝေဖန်ဖို့ မပြောနဲ့၊ ရီအက်ရှင်လေး ပေးမိရင်တောင် ဖမ်းခံရနိုင်တဲ့ အကျဉ်းထောင်ထဲ ငါနေချင်သလား။

ဒီမေးခွန်းတွေ မေးလိုက်တဲ့အခါ ကိုယ် ဘာဆက်လုပ်ရမလဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ်။

ဘယ်သူကမှလည်း အတင်းအကြပ် ခိုင်းခဲ့တာမဟုတ်။ နောက်ပြန်လှည့်လို့ ရခဲ့တဲ့ အခွင့်အရေးတွေလည်း မြောက်များစွာ။ လွန်ခဲ့တဲ့ ၅ နှစ်ကို နောက်ပြန်ဆုတ်ပေးပြီး မင်း အခု ၅ နှစ်အတွင်း ဘာတွေဖြစ်မယ် သိပြီးပြီ၊ ဒါဆို ဒီလမ်းကို လျှောက်ဦးမှာလား မေး။ နှစ်ခါမစဉ်းစားဘူး။ လျှောက်ဦးမယ်လို့ပဲ ဖြေမှာ။

🔳 ပျားရည်ကြိုက်တဲ့သူ ကြိုက်မှာပဲ။ ငှက်ပျောသီး ကြိုက်တဲ့သူလည်း ရှိမှာပဲ။ တူကြတာမှ မဟုတ်တာ။ ကိုယ့်အကြိုက်ကိုယ်သိပြီး ကိုယ်စားချင်တာ စားရဖို့သာ အရေးကြီးဆုံး ဖြစ်လိမ့်မယ် ထင်တယ်။

သူတို့များ ပျော်ရွှင်နေလိုက်တာ ဆိုပြီး သူတို့စားနေတဲ့ ငှက်ပျောသီး ကိုယ်လိုက်မစားနဲ့။ ပျော်ရမှာ မဟုတ်ဘူး။ ကိုယ်စားနေတဲ့ ပျားရည် သူတို့လာစားလို့လည်း ပါးစပ်ထဲ ချိုမှာမဟုတ်ဘူး။

🔳 အပေါ်မှာ ရေးခဲ့သလို၊ လူဆိုတာ နှိုင်းယှဉ်တတ်တဲ့ သတ္တဝါပါပဲ။ တစ်ခါတလေတော့လည်း တွေဝေတာ၊ အားငယ်တာ၊ သိမ်ငယ်တာ၊ နောက်ကျနေပြီထင်တာ စသဖြင့် ခံစားကြရပါလိမ့်မယ်။

အဲဒီအခါတိုင်း ဒီဥပမာလေးကို သတိရလိုက်ပါ။ ကိုယ်ဘယ်လိုလူ ဖြစ်ချင်တာလဲ ရှင်းအောင်ပြန်မေးပါ။

🔳 နှိုင်းစရာ မဟုတ်တာတွေကို မနှိုင်းတော့တဲ့နေ့မှာ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်လာကြမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၄.၁၁.၂၀၂၅
🥰1
🚨ချောင်းဦး🚨

ချောင်းဦးမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 4, 9:18PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰2
"စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................
🚨🚨ကိုယ်ပိုင်အမှတ်အသား၊ကိုယ်ပိုင်အာ‌ဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း  ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌တယ်။

နောင်လူငယ်‌တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ် မှ စခ များသည် လမ်းသွားလမ်းလာပြည်သူများအား ဖုန်းနှင့်မှတ်ပုံတင်များကို စစ်ဆေးနေကြောင်းသတင်းရရှိ။

#EIO
Nov 5,8:37AM
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🙏1
Forwarded from Ministry of Human Rights
လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး နဲ့ အမေရိကန်ပြည်ထောင်စုကလွှတ်တော်အမတ် Julie Johnson တွေ့ဆုံပြီးအကြမ်းဖက်စစ်အုပ်စုကိုအရေးယူနိုင်ရေးနဲ့ရိုဟင်ဂျာအရေးတွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်က အမျိုးသားပြည်သူ့လွှတ်တော် အမတ် Julie Johnson တို့ ပြီးခဲ့တဲ့ အောက်တိုဘာ၃၀ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုအတွင်းမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ၊ နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှု၊ စိန်ခေါ်မှုများ၊ နိုင်ငံတကာ တရားစီရင်ရေးမှာ အကြမ်းဖက်စစ်အုပ်စုကိုအရေးယူဆောင်ရွက်နိုင်မယ့်အခြေအနေတွေနဲ့ အတူဘင်္ဂလားဒေရှ့်ရောက်ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ ထို့ပြင် ဒုတိယဝန်ကြီးက လွှတ်တော်အမတ် Julie Johnson ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုများကို ထောက်ခံအားပေးသူတဦးအနေနဲ့ အမေရိကန် လွှတ်တော်အတွင်းမှာ Congressional Burma Caucus အဖွဲ့ဝင်အဖြစ် ပါဝင်ရန်လည်း အကြံပြုခဲ့ပါတယ်။

#US #Myanmar #Burmacaucus
#HumanRights #MoHR
#Accountability #Rohingya #EndsImpunity #CrimesofJunta
👍1