ရန်ကုန်လမ်းများပေါ် စစ်မှုထမ်းအတွက် ပေါ်တာဆွဲမှု လျော့ကျဟုဆို
3 Nov 2025 By Ko Myo/MPA
ရန်ကုန်မြို့လမ်းများပေါ် စစ်မှုထမ်းအတွက် ပေါ်တာဆွဲမှုများ လျော့ကျသွားကြောင်း Rangoon Scout Network-RSN ထံက သိရသည်။
အောက်တိုဘာ၂၇ရက်မှ နိုဝင်ဘာ၂ရက်အထိ ကြည့်မြင်တိုင်၊တောင်ဒဂုံ၊ဒေါပုံနှင့် လှိုင်သာယာမြို့နယ် တို့အတွင်း လမ်းဘေးထိုင်နေစဉ်နှင့် လမ်းမပေါ် ပေါ်တာဆွဲဖမ်းဆီးခံရသူ ၅ဦးနှင့် ရှာဖွေဖမ်းဆီးခံရသူ တစ်ဦး စုစုပေါင်း ၆ဦးသာ ရှိကြောင်း RSN က ယနေ့(နိုဝင်ဘာ၃ရက်)သတင်းထုတ်ပြန်သည်။
“အရင်လတွေကထက် အဖမ်းအဆီးဖြစ်စဉ်တွေ သိရတာ နည်းသွားပါတယ်ဗျ။ လမ်းမပေါ် လိုက် ဆွဲတာလည်း လျော့သွားပါတယ်။ ရွေးကောက်ပွဲကို ဦးစားပေး လုပ်ချင်လို့ ယာယီထိန်းလိုက်ပုံ ရတယ်ဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ထို့အပြင် စစ်ကော်မရှင် တရားမဝင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေ ဖန်ခြင်းနှင့် ဝေဖန်ထားသည့်ပို့စ်များအား React ပေးခြင်းကြောင့်ဟုဆိုကာ ရုပ်ရှင်အနုပညာရှင်၅ဦး အား စစ်တပ်က ယခုအပတ်အတွင်း ဖမ်းဆီးခဲ့သေးသည်။
အောက်တိုဘာ၂၀-၂၆ရက်အတွင်း ရန်ကုန်လမ်းများပေါ် ဖမ်းဆီခံရသူ ၇ဦးနှင့် ရှာဖွေဖမ်းဆီးခံရ သူ၄ဦး အောက်တိုဘာ၁၃-၁၉ရက်အတွင်း လမ်းမပေါ်ဖမ်းဆီးခံရသူ ၁၅ဦးနှင့် ဧည့်စာရင်းစစ်ပြီးဖမ်း ဆီးခံရ သူ ၃ဦး။အောက်တိုဘာ၆-၁၂ရက်အတွင်း လမ်းမပေါ်ဖမ်းဆီးခံရသူ ၄ဦး၊ ရှာဖွေဖမ်းဆီးခံရ သူ၄ဦး နှင့် စက်တင်ဘာ၂၉ရက်-အောက်တိုဘာ၅ရက်အတွင်း လမ်းမပေါ်ဖမ်းဆီးခံရသူ ၄ဦး၊ ဧည့်စာရင်းစစ် ပြီး ဖမ်းဆီးခံရသူ၈ဦးနှင့် စစ်ဆေးပြီးဖမ်းဆီးခံရသူ ၆ဦး ရှိခဲ့ကြောင်း RSN က ထုတ်ပြန်ထားသည်။
စာတည်း-ML
#MPA

‼️ ဆေးပေါင်းခတဲ့ မယ်ဇလီဖူး ‼️
မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။
မယ်ဇလီဖူးမှာ ဘာတွေပါလဲ..
ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ
ကလိုရိုဖီး
ကယ်လ်ဆီယမ်
သံဓာတ်
နီကာဆင်
ဘိုင်အိုတင်
ဖောလစ်အက်ဆစ်
မဂ္ဂနီဆီယမ်
ဖော့စဖရိတ်
ပိုတက်ဆီယမ်
ဗီတာမင် C
ဗီတာမင် D
ဗီတာမင် E
ဗီတာမင် K တို့ပါဝင်နေပါတယ်။
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး က
သွေးချို ကျစေတယ်။
မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချိုဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်။
မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုရော အရေပြားကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးနိုင်တာပါ။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။
မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ဝမ်းမှန်စေတယ်။
မယ်ဇလီဖူးက သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။
မယ်ဇလီဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီး ဆင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
သွေးတွင်းကိုလက်စထရော ကျစေတယ်။
မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။
အရေပြား ကျန်းမာစေတယ်။
မယ်ဇလီဖူးက အရေပြားပေါ်က အမာရွတ်တွေ၊ အမညစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာ လိမ်းပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။
ကိုယ်နံ့ကင်းစေတယ်။
ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေတယ်ဆိုရင် သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။
ဘာတွေ သတိထားရမလဲ
လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။
ဘယ်သူတွေ မစားသင့်ဘူးလဲ
မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်
ရောဂါတစ်ခုခု ရှိတာကြောင့် ဆေးသောက်နေရသူတွေ
ရောဂါအခံ ရှိသူတွေ
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။
#Hello ဆရာဝန်ဆောင်းပါးမှ ကူးယူဖော်ပြသည်။
မိဘပြည်သူအပေါင်းနှင့် တလရရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator

🙏1
🚨ချောင်းဦး🚨
ချောင်းဦးမြို့ထဲမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Nov 3, 8:14PM

Forwarded from MMWeather
ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများနှင့် နိုဝင်ဘာ ၄ ရက် နေ့ ပြည်နယ်တိုင်းများအလိုက် မိုးရွာနိုင်သည့် အခြေအနေများ
နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီ
====
• ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနှင့်ထိစပ်သည့်အပေါ်တွင် ဖြစ်ပေါ်လျှက်ရှိသော လေဖိအားနည်းရပ်ဝန်းက ဆက်လက်တည်ရှိနေပြီး၊ နောက် ၂၄ နာရီအတွင်း မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်ပါတယ်။ မုန်တိုင်းမဟုတ်သဖြင့် စိုးရိမ်ရန်မလိုပါ။
• ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းသို့ ဦးတည်ရွေ့လျားလျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း KALMAEGI သည် နိုဝင်ဘာ ၃ ရက် ည မှာ ပိုမိုအားကောင်းလာကာ ဖိလစ်ပိုင်နိုင်ငံကို CATEGORY-2 ဆိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့်ဖြတ်ကျော်တိုက်ခတ်ပြီးသည့်နောက်၊ နိုဝင်ဘာ ၄ ရက်ည မှာ တောင်တရုတ်ပင်လယ်တွင်း စတင်ဝင်ရောက်လာနိုင်ပါမယ်။
• တောင်တရုတ်ပင်လယ်အတွင်းအနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို “အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်း” CATEGORY-3 Typhoon အဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။
• နိုဝင်ဘာလ ၈ ရက်မှ ၉ ရက်အတွင်း တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ အကြွင်းအကျန်များသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအလယ်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း-ပင်လယ်ပြင်အထိ ရောက်ရှိနိုင်ကြောင်း ECMWF Model လမ်းကြောင်းခန့်မှန်းချက်မှာတွေ့ရပါတယ်။
မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှုရှိနိုင်မည့် မိုးလေဝသအခြေအနေများ
• ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၇ ရက်နေ့ တရက် မိုးလေကင်းစင်နိုင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှုကြောင့် မိုးပြန်ရွာနိုင်ပါမယ်။
• လက်ရှိကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ အားအလွန်ကောင်းသော (CAT-3)တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ အကြွင်းအကျန်များဝင်ရောက်နိုင်သည့် အခြေအနေသည်အလွန်နည်းပါးပြီး မိုးရွာသွန်းနိုင်ချေဆက်လက်၍ နည်းနေပါဦးမယ်။
🔸ပြည်နယ်တိုင်းဒေသများအလိုက် နေ့စဉ်မိုးရွာသွန်းနိုင်မည့် အခြေအနေများကိုလည်းဆက်လက်တင်ပြပေးနေမှာဖြစ်တာကြောင့် ဂရုစိုက်စောင့်ကြည့်ကြစေချင်ပါတယ်။

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com

Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#AdminTeam
#EagleInformationOperator

🚨အသိပေး၊သတိပေး နှိူးဆော်ချက်🚨
အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြန်လည်ပြုလုပ်နေကြောင်းသိရှိရပါသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေး ကိစ္စသော်လည်းကောင်း၊ ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက မြေပြင်သတင်းချန်နယ်များ၊ သက်ဆိုင်ရာ တလရအဖွဲ့အစည်းများ၏သတိပေးထုတ်ပြန်ချက်များ၊နယ်မြေခံများနှင့်အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါ။
မိဘပြည်သူအချင်းချင်းလည်းမြေပြင်သတင်းများအား မျှဝေပေးခြင်းဖြင့် ကူညီရိုင်းပင်းကြပါရန် Eagle Information Operator (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ Admin များမှ အနူးညွတ်မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏
#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#Eagle Information Operator
📬သတင်းပို့ဆက်သွယ်ရန် @EagleInformationOperator

‼️အသိပေး၊သတိပေးပန်ကြားချက်‼️
နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။
♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်းပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။
♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။
♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။
#Admin

မြေငလျင်သတင်း
BBM-နိုဝင်ဘာလ ၄
သတင်း-ဦးထွန်း
မန္တလေးတိုင်း မန္တလေးမြို့မြောက်- အရှေ့မြောက်ဘက် ၅၀ ကီလိုမီတာအကွာ မြေအောက်အနက် ၁ ၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ် ရှိတဲ့ မြေငလျင်တစ်ခု နိုဝင်ဘာလ ၄ ရက်၊ ယနေ့မနက် ၅ နာရီ ၄၈ မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့ကိုလည်း NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM က အသိပေးထားတာ ဖြစ်ပါတယ်။
မြေငလျင်သတင်းကို မိုးလေဝသဌာန၊ MOHADM မှ ရယူ ဖော်ပြထားပါတယ်။

🕯️ နိုင်ငံရေးအကျဉ်းသားများအတွက် တန်ဆောင်တိုင်ဆုတောင်း 🕯️
တန်ဆောင်တိုင်လပြည့်နေ့၏ မင်္ဂလာရှိသော အချိန်အခါသမယတွင် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ကျွန်ုပ်တို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အားလုံးသော နိုင်ငံရေးအကျဉ်းသားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မျှော်လင့်ခြင်းအလင်းတန်း များ မြန်ဆန်စွာ ထွန်းလင်းလာပြီး လွတ်မြောက်ခြင်းတံခါးများ ပွင့်နိုင်ပါစေ။
မိသားစုများ နှင့် အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပြီး နွေးထွေးသောရင်ခွင်များကို ခိုလှုံနိုင်ကြပါစေ။
တရားမျှတခြင်း နှင့် ငြိမ်းချမ်းခြင်းတို့ လွှမ်းခြုံသော လူ့ဘောင်သစ်ကို မကြာမီ မြင်တွေ့ခံစားရပါစေ။
ခက်ခဲကြမ်းတမ်းသော ကာလများကို ခွန်အားအပြည့် ဖြင့် ကျော်ဖြတ်နိုင်ကြပါစေ။
တန်ဆောင်တိုင် မီးထွန်းပွဲတော်၏ အလင်းရောင်များက အမှောင်ထုကို ဖယ်ရှားပေးသလို၊ နိုင်ကျဉ်းများ၏ ဘဝများတွင်လည်း လွတ်လပ်ခြင်း၏ အလင်းရောင် များ ဖြာကျပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် #PPNM

နေဝင်ချိန် နီးနေပြီဖြစ်တဲ့ တတိယအရွယ်တွေပါ၊
ဘုရားတရားရိပ်မှာ အေးချမ်းသင့်တဲ့အရွယ်တွေဟာ
ကျိန်စာသင့်နိုင်ငံတော်မှာ ပြေးရလွှားနေရတုန်း၊
"မျက်ရည်ချူတဲ့ ပို့စ်မဟုတ်ဘူး" ဒါမြေပြင်က ဘဝအစစ်တွေပါ။
အာဏာရှင်စနစ်ဆိုးအောက်ကအမြန်ဆုံးလွတ်မြောက်ကြပါစေ🙏
#Photo credit
#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
ဘုရားတရားရိပ်မှာ အေးချမ်းသင့်တဲ့အရွယ်တွေဟာ
ကျိန်စာသင့်နိုင်ငံတော်မှာ ပြေးရလွှားနေရတုန်း၊
"မျက်ရည်ချူတဲ့ ပို့စ်မဟုတ်ဘူး" ဒါမြေပြင်က ဘဝအစစ်တွေပါ။
အာဏာရှင်စနစ်ဆိုးအောက်ကအမြန်ဆုံးလွတ်မြောက်ကြပါစေ🙏
#Photo credit
#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
😢1🙏1
“ပွဲတော်ရာသီ”
■ ပေး
ဆူညံနေတဲ့ပွဲတော်က လော်စပီကာသံတွေမဟုတ်ရင်
လူတွေအော်နေကြတာက
ဂျက်ဖိုင်တာတစီး စစ်ချီတံပိုးကိုမှုတ်ရင်း
ဗုံးတွေကိုချလိုက်လို့
ပေါက်ကွဲအသံတွေကို ကြားပြီးတဲ့အခါမှာ —
မီးထွန်းပွဲတော်က မီးရှုးမီးပန်းတွေမဟုတ်ရင်
ဘာအသံတွေလဲလို့ သူတို့ကိုမေးကြတာက
သူတို့ရဲ့သူငယ်တန်းကလေးတွေ
မျက်စိရှေ့မှာပဲ မျက်လှည့်ပြပွဲတခုလို မီးခိုးလုံးကြီးတွေထဲမှာ
သူတို့တက်ရတဲ့ကျောင်းဟာ အပိုင်းပိုင်းအစစဖြစ်ပြီး လေထဲကိုပျံတက်သွားတဲ့နောက်မှာ
ရင်ခုန်စိတ်လှုပ်ရှားစရာပွဲတော်က အရှိန်ပြင်းပြင်းလည်တဲ့ချားရဟတ်မဟုတ်ရင်
အသက်ရှုမှန်အောင် သူတို့ကြိုးစားနေရတာက
ချာလပတ်လည်နေတဲ့
ရှင်ခြင်းနဲ့ ငရဲနဲ့ သေခြင်းနဲ့ နတ်ပြည်နဲ့
ပြီးတော့ ထပ်တလဲလဲ —
ဆီညော်အနံ့တွေထွက်နေတဲ့ပွဲတော်က အစားအစာတွေမဟုတ်ရင်
သူတို့စားကြတဲ့ ညစာက
ကစီဓာတ်၊ ပရိုတိန်းနဲ့ ဗီတာမင် အချိုးအစားတွေကို တွက်ချက်ခွင့်မရှိဘူး
ဆန်ပိုးမဲမဲတွေရောနေတဲ့ ထမင်းအကျိုးအကြေက ပန်ကန်အပြည့်နဲ့
မီးတိုက်ခံထားရတဲ့မျှင်ငပိဟာ အဓိကဟင်းပဲ
ဂီတပွဲတော်က စင်ပေါ်မှာမဟုတ်ရင်
သူတို့ သီဆိုတာက
အရပ်ရှစ်မျက်နှာကို အာရုံပြုရက်နဲ့ မေတ္တာပို့ဆုတောင်းတွေ
လူသားမိုင်းရှာစက်အဖြစ်ဆွဲခံလိုက်ရတဲ့ သားတွေအတွက်
အိမ်ပြန်လမ်းမှာထောင်ထားတဲ့ မိုင်းတွေကို မနင်းမိစေဖို့ပဲ
စွဲမက်စရာအပြည့်နဲ့ပွဲတော်က
ဗဒင်ဟောခန်းဆီကို သူတို့မသွားဘဲနဲ့�မျှော်လင့်ချက်မရှိ သူတို့ဟာ အနာဂတ်ဆီ ရှေ့ဆက်ကြတယ်
အချိုမြိန်ဆုံး ငှက်သိုက်မုန့်ကို သူတို့မစားဘဲနဲ့
အလှပဆုံးအိပ်မက်မရှိ သူတို့ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတယ်
ပွဲတော်ကြီးပြီးသွားတဲ့အခါ သူတို့ပင်ပန်းနွမ်းလျနေရင်တောင်
လကွယ်နေ့ရဲ့ ဒီရေလိုမြင့်တက်နေတဲ့ ဆန်ဈေးအကြောင်းရယ်
မြို့ပေါ်ဖြတ်သွားဖို့ ထောက်ခံစာအတွက်ပေးရမယ့် ပိုက်ဆံအကြောင်းရယ်
သူတို့ တပြားတချပ်မှမရခင် စဉ်းစားနေဖို့အခွင့်မသာဘဲနဲ့
သူတို့ဟာ နိုးထကြရတယ်။
.
.
.
#ပေး
#TheCall
#ခေါ်သံ

🥰1🙏1
Forwarded from MMWeather
Less or No-Rain after 12th November!
နိုဝင်ဘာ ၄ ရက် နေ့လည် ၂ နာရီ
====
🔸နိုဝင်ဘာ ၁၂ ရက်ကျော်လျှင် မြန်မာတနိုင်ငံလုံးတွင် မိုးလျော့နည်းသွားနိုင်ပါတယ်။
🔸အားပျော့သော လာနီညာ (အေးမြစိုစွတ်သောအစွန်းရောက်ရာသီဥတုဖြစ်စဉ်)ကြောင့် နေရာကျဲကျဲမိုးအနည်းငယ်သာရွာနိုင်တော့မှာဖြစ်ကြောင်း သင်္ချာပုံစံပြု ကြိုတင်ခန့်မှန်းရေး model များတွင် တွေ့နေရပြီဖြစ်ပါတယ်။
၁၂ ရက် ရှေ့ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI တို့ရဲ့ သက်ရောက်မှုအနည်းငယ်ကြောင့် မိုးအသင့်အတင့်ရွာနိုင်ချေရှိသေးတာကြောင့် -
🔸နိုဝင်ဘာ ၄ ရက် ည ၆နာရီ ခွဲမှ နိုဝင်ဘာ ၆ ရက် ည ၆ နာရီခွဲအထိ ပြည်နယ်တိုင်းများအလိုက် မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်ကို သတိပြုစောင့်ကြည့်ကြရပါမယ်။
(FORECAST - MONITOR and COMMUNICATE)

🙏2