EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨🚨 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈:၀၃ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၂၅ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။

🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

မှတ်ချက်။ မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။

#2025MyanmarEarthquake
#MyanmarEarthquake
#RebuildMyanmar
#NUGEarthquakeassist
#NUGMyanmar
👍1
🚨ရွှေဘို🚨

ရွှေဘိုမြို့တွင်းမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 10:31AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
စိတ်ဒဏ်ရာရတဲ့ ကလေးအပေါ် ဘယ်လိုစကားတွေပြောရမလဲ?

ကာတွန်း-ဦးကျင်း
🥰1
သတင်းထုတ်ပြန်ခြင်း

(3.11.2025)

အမျိုးသားညီညွတ်​ရေးအစိုးရ ကာကွယ်​ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ​နေပြည်​တော်တိုင်းစစ်ဌာန ပြည်သူ့လုံခြုံ​ရေးဌာန မှ တိုက်ပွဲ​ရှောင် ပြည်သူများအား လူသားချင်းစာနာ​​ထောက်ထားမှုဆိုင်ရာအကူအညီများ ​ကူညီပံ့ပိုးလျှက်ရှိပါသည် ။
အကြမ်းဖက်စစ်​ကောင်စီတပ်သည် မိမိတို့စစ်ဆင်​ရေးနယ်​မြေရပ်ဝန်းရှိ ​ကျေးရွာ​နေပြည်သူ့​နေအိမ်များအား စစ်​ကြောင်းထိုးဝင်​ရောက်မီးရှို့ဖျက်ဆီးခြင်း ၊ ​ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီး​ခေါ်​ဆောင်ခြင်း ၊ ​ကျေးရွာ​နေပြည်သူများရှိရာရပ်ဝန်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ​လေ​ကြောင်းမှ Jet fighter / Drone / Paramotorများ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ််မှုကျူးလွန်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​ဖောက်ခြင်းများအား ဆက်တိုက်ကျူးလွန်ပြုလုပ်လျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ ​ဒေသခံပြည်သူများအ​နေဖြင့် ​တော်လှန်သတိ အသိ အမြဲရှိ​နေဖို့ ၊ လက်နက်ကြီး နှင့် ​လေ​ကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ​ဆောင်ရန် ​ရှောင်ရန် သတင်းထုတ်ပြန်ချက်များကို တိကျစွာလိုက်နာ​ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါသည် ။
ပြည်တွင်းပြည်ပရှိ ​တော်လှန်မိဘပြည်သူများအ​နေဖြင့် ကျွန်ုပ်တို့ စစ်ဆင်​ရေးနယ်​မြေရပ်ဝန်းရှိ တိုက်ပွဲ​ရှောင်ပြည်သူများအား အ​​ရေး​ပေါ် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာအကူအညီများ ကူညီလှူတန်းလိုပါက ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ​နေပြည်​တော်တိုင်းစစ်တိုင်း ပြည်သူ့လုံခြုံ​ရေးဌာန မှတဆင့် တိုက်ရိုက်ချိတ်ဆက်ကူညီလှူတန်းနိုင်ပါ​ကြောင်းလည်း တိုက်တွန်းနှိုး​ဆော် သတင်းပါးအပ်ပါသည် ။

နေပြည်တော်တိုင်းစစ်ဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော်
👍2
ဒီးမော့ဆိုအနောက်ခြမ်းတနေရာကိုအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတနေရာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ အသေခံ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၇ နာရီဝန်းကျင်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ KSP စခန်း တနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၂၅၀ ဗုံးကျဲချပြီးနောက် မိုးဗြဲမြို့မှ တက်လာသော အသေခံ ဒရုန်းဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ KSP ရဲဘော် ၄ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။

“ဒီမနက် ၇ နာရီမထိုးခင်ပေါ့၊ Location အတိအကျ ရလို့ ချတဲ့သဘောလို့ ပြောလို့ရတယ်။ ဆူဆိုက် ဒရုန်းကတော့ မိုးဗြဲဘက်ကနေ တက်လာတာ။ နေရာ အတိအကျနဲ့ တွယ်တဲ့ အနေအထား မျိုးရှိ တယ်။ ပထမဆုံးကတော့ လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးချတယ်။ နောက် ဆူဆိုက်ဒရုန်းချတာ။ KSP ရဲဘော် ၄ ဦး ကျတယ်လို့ ကြားတယ်၊ ဖြစ်ဖြစ်ချင်းက ၂ ဦးကျတာ။ ထိခိုက်မှုတစ်ချို့လည်းရှိတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုခဲ့သော အသေခံ ဒရုန်းသည် SPV Suicide Drone အမျိုး အစားဖြစ်ကြောင်း သိရှိရသည်။

#KTM
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 1:47PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏 #EIO Nov 3, 1:47PM…
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 1:52PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏 #EIO Nov…
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် တတိယအကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 1:55PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် တတိယအကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် (၅)ကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 2:11PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ် မှ စခများသည် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခ‌တ်နေကြောင်းသတင်းရရှိ။

#EIO
Nov 3, 2:11PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခတချို့သည် နွားခြံကုန်းဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 3, 2:20PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် (၅)ကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် (၆)ကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 2:26PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် (၆)ကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
🚨မုံရွာ🚨

မုံရွာ၊နမခမှ စခများသည် လက်နက်ကြီးဖြင့် (၇)ကြိမ်မြောက် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 2:29PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
ချောင်းဦးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်၊
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကြောင်းမှူးအပါအဝင် နှစ်ဦးဒဏ်ရာရ

MN/MFP ၊ နိုဝင်ဘာ - ၃

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကာ စစ်ကြောင်းမှူးအပါ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ချောင်းဦးမြို့အနီးက စစ်အုပ်စု အထိုင်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်တာတွေရှိပေမဲ့ အတိအကျမသိရသေးဘဲ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ စစ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“မနေ့က မနက် ၆ နာရီလောက်မှာ (စစ်အုပ်စု) စခန်းလေးခုရှိတဲ့အထဲမှာ အလယ်ကစခန်းကို ဝင်တိုက်တာ။ သူတို့ဘက်ကလည်း နှစ်ဖက်ညှပ်ပြီးတော့ ပြန်ပစ်တာ။ တိုက်ပွဲမှာ ရဲဘော်တစ်ဦး ကျတယ်။ ကျွန်တော်တို့အဖွဲ့ထဲက စစ်ကြောင်းမှူးလည်း ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ကျန်တဲ့အဖွဲ့က ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သေးတယ်”

မနေ့က တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း ချောင်းဦးမြို့ပေါ်မှာရှိနေတဲ့ စစ်အုပ်စုအထိုင်စခန်းတွေကနေ အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ငါးလုံးတင်ကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး နေအိမ်တွေထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ဆက်ပြောပါတယ်။

“သူတို့ဘက်က လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်လို့ လက်နက်ကြီးကျပြီးတော့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးနှစ်ယောက်က တစ်စစီဖြစ်သွားတာ အလောင်းကိုကောက်လို့မရတော့ဘူး။ နောက်ထပ် တစ်ယောက်ကလည်း ပခုံးပြတ်ထွက်သွားတာ”

စစ်အုပ်စုစခန်း တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးတွေ ပြနလည်ပစ်ခတ်တာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နှစ်ဖက်ညှပ်တိုက်ခိုက်ခံနေရပြီး ထိခိုက်ကျဆုံးမှုတွေပါရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက ဂိတ်စခန်းဖွင့်ပြီး ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာနဲ့ မိုင်းရှင်းခိုင်းတာတွေ လုပ်ဆောင်နေတာဖြစ်သလို တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားတွေ မကြာခဏ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။

#Mandalay_Free_Press_MFP
👍1