EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့်အတူတကွပူးပေါင်း၍ (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့် Admin Teamသည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ ကိုယ်ထူကိုယ်ထ သတင်းကျင့်ဝတ်စည်းကမ်းနှင့်အညီလုပ်ကိုင်နေကြခြင်းသာဖြစ်ပါသည်။

#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝလုံးဝ)အလျင်းမရှိပါ။#EIO နှင့်ပုံစံတူ၊ဖရိမ်တူ၊သတင်းတင်ပုံ၊စာအရေးအသားတူပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO Admin Teamမှ လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။

#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း (လုံးဝ၊လုံးဝ) မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူမှ ပြည်သူသို့
ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့ဖြစ်သည့်အတွက် #Source Credit ပေးစရာမလို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

{ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ}

စခလေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်း၊ယာဥ်တန်းများ၊(စခ+ပခ)များ၏ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများ၊တလရ ရဲ‌ဘော်များအနေနှင့် တာဝန်သိစိတ်ဖြင့် ယုံကြည်စိတ်ချစွာ မိမိတို့ #EIO - (Eagle Information Operator) Admin Teamအား သတင်းများပေးပို့နိုင်ပါသည်။ အချိန်နဲ့တပြေးညီ သတင်းပေးပို့နိုင်သည့် Facebook Page မက်ဆင်ဂျာ၊တယ်လီဂရမ်ချန်နယ်အကောင့်၊Gmail Accထံတွင်သတင်းပေးပို့နိုင်ပါသည်။၊

Be safe, be strong, be of help !

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformation

⚜️#EIO Telegram Chat Box - https://t.me/+Qz1CdgWbtzM2Njg1

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️ #EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့န…»
‼️ တော်လှန်ရေး ဝန်ထမ်းကောင်းများ အလိုရှိသည် ‼️

တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်နေကြသော၊အလုပ်လုပ်နေကြသော ရဲဘော်များ ဘေးကင်းစွာဖြင့် အလုပ်လုပ်နိုင်ဖို့နှင့်အပြစ်မဲ့ပြည်သူတွေ ဘေးကင်းကြစေဖို့ရန်အတွက် #EIO (ဆက်သွယ်‌ရေးနှင့်သတင်းပြန်ကြားရေး)တွင် အချိန်ပိုင်း(သို့မဟုတ်)အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်ပြီး သတင်းပိုင်အားတက်ကြွစွာ (လုပ်ကိုင်ချင်စိတ်၊ပါဝင်လိုစိတ်)ဖြင့် ဆန္ဒပြင်းပြသည့် #Reporter အပိုင်း တာဝန်ထမ်းဆောင်မည့်သူများ အလိုရှိပါသည်။

ဆက်သွယ်မေးမြန်းရန် - http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 စခပါ သံပြားကာကား(၂)စီးသည် နွားခြံကုန်းဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Nov 3, 6:50AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

စခပါ သံပြားကာကား(၂)စီးသည် နွားခြံကုန်းဘက်သို့ရောက်ရှိနေပြီး မုံရွာမြို့တွင်းသီု့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Nov 3, 7:31AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
မိုးလေဝသသတင်း

BBM- နိုဝင်ဘာလ ၃
သတင်း - ဦးထွန်း

♦️ယနေ့မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ် နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဟာ ဆက်လက်တည်ရှိနေပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသတွေသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာဖို့ ရာနှုန်းပြည့် ဖြစ်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီးပါမယ်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊ MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါတယ်။
👍1🙏1
Forwarded from BBM
မုံရွာ-မန္တလေးလမ်းမှာ မိုင်းရှာထွက်လာတဲ့ စကစအဖွဲ့ကို ပဒေသာမိုင်း ၃ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်

BBM-နိုဝင်ဘာ ၂
သတင်း-ကိုဘုဏ်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးတန်ပိုကတ္တားဂိတ်မှ မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Monywa Dynamite - Special Task Force က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၇ နာရီ ၂၅ မိနစ်မှာ မုံရွာ-မန္တလေး လမ်းပေါ်ရှိ မုံရွေးတန်ပိုဂိတ်မှ မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကို ပဒေသမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိတဲ့ ပြည်သူတွေရဲ့ သတင်းပေးချက်အရ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Heart Army (BHA) ၊ Monywa Dynamic (MDF) နဲ့ Chindwin Fighter Group (CFG)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Video - Monywa Dynamite - Special Task Force
👍1🙏1
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၃.၁၁.၂၀၂၅ မှ ၉.၁၁.၂၀၂၅ အထိ)

အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
🌀ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် လာမည့် (၄၈) နာရီအတွင်း မြောက်- အနောက်မြောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်သို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့ ၊ မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင် လေထုအတွင်း အပူချိန် ပြောင်းလဲမှုများနှင့် မိုးသက်လေပြင်းများ ကျရောက်နိုင်ပါသည်။

⛈️မိုးအခြေအနေမှာ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်နှင့် အရှေ့ဘက်မှလာသော လေပွေလှိုင်းများအရှိန်ကြောင့် (ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။) အချိန်အခါမဟုတ် မိုးရွာသွန်းမှုများလည်း ဖြစ်နိုင်သဖြင့် မိုးစပါးရိတ်သိမ်းချိန်တွင် အဖျက်မိုးအဖြစ် ကြုံတွေ့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

🚨လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကမ်းနီးကမ်းဝေးငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ပါသည်။

🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️

#မိုးလေဝသသတင်း
#WeatherForecast
#MOHADM
👍1🙏1
🚨🚨 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၈:၀၃ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၂၅ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။

🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

မှတ်ချက်။ မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။

#2025MyanmarEarthquake
#MyanmarEarthquake
#RebuildMyanmar
#NUGEarthquakeassist
#NUGMyanmar
👍1
🚨ရွှေဘို🚨

ရွှေဘိုမြို့တွင်းမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Nov 3, 10:31AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
စိတ်ဒဏ်ရာရတဲ့ ကလေးအပေါ် ဘယ်လိုစကားတွေပြောရမလဲ?

ကာတွန်း-ဦးကျင်း
🥰1
သတင်းထုတ်ပြန်ခြင်း

(3.11.2025)

အမျိုးသားညီညွတ်​ရေးအစိုးရ ကာကွယ်​ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ​နေပြည်​တော်တိုင်းစစ်ဌာန ပြည်သူ့လုံခြုံ​ရေးဌာန မှ တိုက်ပွဲ​ရှောင် ပြည်သူများအား လူသားချင်းစာနာ​​ထောက်ထားမှုဆိုင်ရာအကူအညီများ ​ကူညီပံ့ပိုးလျှက်ရှိပါသည် ။
အကြမ်းဖက်စစ်​ကောင်စီတပ်သည် မိမိတို့စစ်ဆင်​ရေးနယ်​မြေရပ်ဝန်းရှိ ​ကျေးရွာ​နေပြည်သူ့​နေအိမ်များအား စစ်​ကြောင်းထိုးဝင်​ရောက်မီးရှို့ဖျက်ဆီးခြင်း ၊ ​ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီး​ခေါ်​ဆောင်ခြင်း ၊ ​ကျေးရွာ​နေပြည်သူများရှိရာရပ်ဝန်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ​လေ​ကြောင်းမှ Jet fighter / Drone / Paramotorများ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ််မှုကျူးလွန်ခြင်း၊ လူ့အခွင့်အ​ရေးချိုး​ဖောက်ခြင်းများအား ဆက်တိုက်ကျူးလွန်ပြုလုပ်လျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ ​ဒေသခံပြည်သူများအ​နေဖြင့် ​တော်လှန်သတိ အသိ အမြဲရှိ​နေဖို့ ၊ လက်နက်ကြီး နှင့် ​လေ​ကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ​ဆောင်ရန် ​ရှောင်ရန် သတင်းထုတ်ပြန်ချက်များကို တိကျစွာလိုက်နာ​ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါသည် ။
ပြည်တွင်းပြည်ပရှိ ​တော်လှန်မိဘပြည်သူများအ​နေဖြင့် ကျွန်ုပ်တို့ စစ်ဆင်​ရေးနယ်​မြေရပ်ဝန်းရှိ တိုက်ပွဲ​ရှောင်ပြည်သူများအား အ​​ရေး​ပေါ် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာအကူအညီများ ကူညီလှူတန်းလိုပါက ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် ​နေပြည်​တော်တိုင်းစစ်တိုင်း ပြည်သူ့လုံခြုံ​ရေးဌာန မှတဆင့် တိုက်ရိုက်ချိတ်ဆက်ကူညီလှူတန်းနိုင်ပါ​ကြောင်းလည်း တိုက်တွန်းနှိုး​ဆော် သတင်းပါးအပ်ပါသည် ။

နေပြည်တော်တိုင်းစစ်ဌာန
ပြည်သူ့ကာကွယ်ရေးတပ်မတော်
👍2