အဆိုပါဆုံးဖြတ်ချက်များတွင် ပိုမို ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လစ်ဟင်းနေ သည့်တိုင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၊ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် အခြားသောသက်ဆိုင်သူများ၏ အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များမှတဆင့် ဆုံးဖြတ်ချက်များပါပြဋ္ဌာန်းချက်များသည် မြေပြင်ရှိ အချက်အလက်အမှန်များကို ရှင်းလင်းစွာ ထင် ဟပ် စေကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအနေဖြင့် အဆိုပါဆုံးဖြတ်ချက်များပါ အကြံပြုချက်များအား အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်အုပ်စုကို ပိုမို ဖိအားပေး ပေးကြရန် တောင်းဆိုလိုပါကြောင်း၊ စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် ကြီးလေး သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိရုံသာမက အဆိုပါပြစ်မှုများအား ဖုံးလွှမ်းစေရန် သတင်း အချက်အလက်အမှားများနှင့် ဖန်တီးထားသော အချက်အလက်များကို ဖြန့်ဝေလျက်ရှိကြောင်း သူက ဆိုသည်။
သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား တခဲနက် ဝိုင်းဝန်းကန့်ကွက်ကြရန်နှင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု ရန်စွယ်မှ ကယ်တင်နိုင်ရန် ဆုံးဖြတ်ချက်များပါ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လေးနက်၊ လျင်မြန်စွာ အရေးယူ ဆောင်ရွက်ရန် သံအမတ်ကြီးက တောင်းဆိုသည်။
#KTM

🚨မုံရွာ🚨
မုံရွာမြို့တွင်း၌ စခများမှ ကထိန်များပြုလုပ်၍ လှည့်လည်နေကြပြီး စခကင်းပုန်းများလည်း နေရာအနှံ့ယူထားကြောင်းလည်းသတင်းရရှိ။
#EIO
Nov 1, 3:05PM
📬သတင်းပို့ရန် @EagleInformationOperator

👍2
🚨မုံရွာ🚨
မုံရွာ၊အီကိုကျောင်းပေါက်ဝတွင် စခများမှ ပြည်သူအသွားအလာများအား အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။
#EIO
Nov 1, 3:20PM

ကန့်ဘလူ ပအဖ အကောက်အခွန်အရာရှိအပါ ၇ ဦးကို အဂတိမှုနဲ့ ဖမ်းဆီးထိန်းသိမ်း
နိုဝင်ဘာ-၁၊ ၂၀၂၅။ ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးဌာနက အကောက်ခွန်အရာရှိအပါအဝင် ၇ဦးဟာ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
အကောက်ခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် ၇ဦးကို အခွန်တော်အဖွဲ့ဝင်ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာအား အသုံးပြုအလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်းအတုပြုလုပ်မှု၊ သက်သေခံပစ္စည်းများ ဖျောက်ဖျက်မှု၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်တွေနဲ့ဆက်သွယ်မှုတွေကြောင့် အောက်တိုဘာ ၁၂ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
"ပအဖရဲ့ ဘဏ္ဍာရေးဌာနအောက်မှာရှိတဲ့အဖွဲ့။ သူတို့တွေရဲ့ အဂတိမှုတွေ၊ လွဲသုံးစားမှုတွေကို စစ်ဆေးနေတာ မှန်ပါတယ်။ အချိန်တော်တော်ကြာ လေ့လာပြီးကာမှ ဖမ်းဆီးခဲ့တာပါ"လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
မြေပြင်အခြေအအရ စစ်ဘက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး တာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့ တွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ အရပ်ဘက်တရားစီရင်ရေးသို့ လွှဲပြောင်းအရေးယူဆောင်ရွက်နေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကောက်ခွန်အရာရှိဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေက သယံဇာတနဲ့ လမ်းပမ်းဆက်သွယ်ရေးကဏ္ဍတွေအပြင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့တရားဝင်သတ်မှတ်ချက်အရ ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံဆီ အပ်နှံရတာပါ။အကောက်ခွန်အရာရှိမြင့်ကျော်အပါအဝင် ၇ဦးသာ စစ်ကောင်စီအုပ်စုနဲ့ ဆက်ဆံခဲ့သလို ငွေကြေးအမြောက်အများကိုလည်း အလွဲသုံးစားလုပ်ခဲ့တယ်လို့ ကန့်ဘလူမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
"ပြဿနာတွေက အများကြီးရှိပါတယ်။ တော်လှန်ရေးကို နှောင့်နှေးစေပြီး လူထုကို တိုက်ရိုက်ထိခိုက်စေတဲ့ ပြဿနာတွေကိုတော့ ချက်ချင်းရှင်းလင်းတာကောင်းပါတယ်" လို့ သူက မှတ်ချက်ပြုပါတယ်။
ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေလည်း ရှိနေပြီး ရွာတချို့မှာ စစ်ရေးတင်းမာတဲ့အခြေအနေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
#People's Spring

👍1
မုံရွာမှာ တန်ဆောင်တိုင်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးပြီး လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်အုပ်စု ပြင်ဆင်နေ
MN/MFP ၊ အောက်တိုဘာ - ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁ ရက် ဒီနေ့ကနေ ၄ ရက်နေ့အထိ လေးရက်ကြာ ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးမှာဖြစ်သလို လာရောက်လည်ပတ်မဲ့ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းတပ်သားသစ်စုဆောင်းဖို့ ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ မြို့ခံတွေက MFP ကိုပြောပါတယ်။
တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲအဖြစ် စစ်အုပ်စုလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရက နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့(တန်ဆောင်မုန်းလပြည့်)အထိ ရွှေလိမ္မော်ကျွန်းမှာ ဖျော်ဖြေရေးပွဲတွေထည့်သွင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မုံရွာမြို့ပေါ်မှာ ပွဲတော်ကာလတွေမဟုတ်တဲ့ သာမန်နေ့ရက်တွေမှာ စစ်အုပ်စုက နေ့စဉ် လူငယ် ငါးဦးထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီးနေသလို လူငယ်တွေအများဆုံး လာရောက်ပျော်ပါးတဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ပေါ်တာဆွဲဖို့အတွက် အရပ်ဝတ်တွေနဲ့ စစ်အုပ်စုက ကင်းပတ်နေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“ပုံမှန်ဆိုရင် မြို့ပေါ်မှာက အိမ်စီးကားတွေနဲ့ ပတ်ပြီးတော့ သူတို့(စစ်အုပ်စု)ဆွဲနေတာ။ တနေ့ကို ငါးဦးမကဘူး ဆွဲတာ။ ရှောင်နိုင်ရင်တော့ လွတ်တာပေါ့။ အခု တန်ဆောင်တိုင်ပွဲက ခါတိုင်းလုပ်နေကျဖြစ်တဲ့ ပြည်သူ့ဥယျာဉ်ထက် စည်ကားအောင်လုပ်မယ်လို့ သိရတယ်။ လာတဲ့လူငယ်တွေကို ပေါ်တာဆွဲမယ်။ သူတို့ စစ်မှုထမ်းဖို့ လူအင်အားက အရမ်းလိုအပ်နေတာလေ"
ဒါ့အပြင် မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူငယ်အများစု မြို့ပေါ်ကနေ ရှောင်တိမ်းသွားကြပေမဲ့ စစ်အုပ်စုနဲ့နီးစပ်သူတွေနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လူငယ်အများစုကတော့ မြို့ပေါ်မှာ ကျန်ရှိနေသေးတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
"အများစုက အပြင်ကို မထွက်ရဲကြဘူး။ အလုပ်ရှိတဲ့နေ့ဆိုရင် စောစောသွား စောစောပြန်ပဲ။ ပုံမှန်ဆိုရင်ကို မုံရွာမြို့ပေါ်မှာက ရပ်ကွက်တွေထဲပါမကျန် ပေါ်တာလိုက်ဆွဲနေတာ။ အခုလို ပျော်ပွဲရွှင်ပွဲတွေမှာဆိုရင် ပိုဆိုးတာပေါ့။ သီတင်းကျွတ်လပြည့် ဘုရားကြီးပွဲတုန်းကလည်း လူငယ်တွေ ပေါ်တာဆွဲခံရတယ်။ အခုလည်း တန်ဆောင်တိုင်ပွဲလုပ်ပြီးတော့ ဆွဲဦးမှာပဲ။ မကြောက်တဲ့သူတွေ ပွဲကြိုက်တဲ့သူတွေကတော့ သွားကြမှာ"လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ဆိုပါတယ်။
စစ်အုပ်စု ဦးဆောင်ကျင်းပသွားမဲ့ တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းကစပြီး မြို့တွင်းမှာ စစ်အုပ်စုလက်အောက်ခံ Non CDM ဝန်ထမ်းတွေပါတဲ့ စုပေါင်းဘုံကထိန်ပွဲ ပဒေသာလှည့်တဲ့ပွဲ ကျင်းပမှာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မနက်ပိုင်းမှာ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ဘုရားအနေကဇာတင်လှူပွဲနဲ့ သံဃာအပါး ၁,၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မုံရွာမြို့ပေါ်က ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ပြည်ထောင်စုရင်ပြင်ပေါ်မှာ စတုဒီသာကျွေးတာ၊ မီးပုံးပျံ အလုံးရေ ၅၀၀ နဲ့ မီးပုံးပျံအသေး ၂၀၀၀ လွှတ်တင်တာတွေအပြင် ကာ မီးရှူးမီးပန်း ပစ်ဖောက်ကာ ပျော်ပွဲရွှင်ပွဲတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက မီးထွန်းပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့သလို ကျေးရွာတွေမှာ ပြုလုပ်နေတဲ့ ချောင်းဦးနယ်ထဲက မီးထွန်းပွဲတော်နဲ့ ဆီမီးသပိတ်ကို စစ်အုပ်စုက ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။
#Mandalay_Free_Press_MFP

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်း သို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Nov 1, 5:26PM
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ် ပေလမ်း သို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Nov 1, 5:26PM
📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨
မုံရွာမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၄)စီးနှင့် ဘုန်းကြီးကား(၁)စီးသည် မြေနဲဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Nov 1, 5:29PM

ချောင်းဦးမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၅)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Nov 1, 6:30PM

Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
ပြောက်ကျားစစ်ရဲ့သဘောတရား
------------///------------
လျှိုဝှက်အပ်ရာ၊ အရာရာကို
မိ နှင့် ဖ/သား သူစိမ်းအားသော်
မယားသော်မှ မယုံရ။
လျှို့ဝှက်
လျင်မြန်
လုံ့လ
လုုံခြုံ
(လ) ၄ (လ) ဖြစ်တယ်။အကျယ်ချဲ့ရင် အများကြီးပါ။
စည်းကမ်း
စနစ်
စည်းရုံး
စုစည်း
စ (၄) လုံး
အင်အား
အားအင်
အားပြု
အပြီး
စ ၄ ယံ၊ လ ၄ ယံ၊ အ ၄ ယံ ညီရပါတယ်။
ဒါကြောင့် ထင်ထင်ပေါ်ပေါ်တွေပြော၊
ထင်ထင်ပေါ်ပေါ်တွေ လုပ်နေတာတွေ
ရပ်ကြပါလို့ တိုက်တွန်းရင်း
သမိုင်းကပြည်သူ
တော်လှန်ရမှာက ကျနော့်တို့တွေ ဖြစ်ပါကြောင်း။
#NNA
(စာရေးသူထံတွင် တိုက်ရိုက်ခွင့်တောင်း၍ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com

Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
(စစ်အာဏာရှင်စနစ်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်) No Need Dictator ✊
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

🙏5
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️
#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (Route Direction) ၊ အချိန် (Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........
ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့်ယုံကြည်စိတ်ချစွာ တာဝန်သိစိတ်ဖြင့် သတင်းများအားပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။
#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️#EIO Telegram Channel - https://t.me/eagleinformation
⚜️#EIO Telegram Chat Box - https://t.me/+Qz1CdgWbtzM2Njg1
⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
⚜️#EIO Twitter - https://www.x.com/Eagleeio
⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com
⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator

👍5
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#AdminTeam
#EagleInformationOperator

🙏4👍1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨အသိပေး၊သတိပေး နှိူးဆော်ချက်🚨
အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြန်လည်ပြုလုပ်နေကြောင်းသိရှိရပါသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေး ကိစ္စသော်လည်းကောင်း၊ ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည်ဆိုပါက မြေပြင်သတင်းချန်နယ်များ၊ သက်ဆိုင်ရာ တလရအဖွဲ့အစည်းများ၏သတိပေးထုတ်ပြန်ချက်များ၊နယ်မြေခံများနှင့်အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများကို ပြုလုပ်ကြပါ။
မိဘပြည်သူအချင်းချင်းလည်းမြေပြင်သတင်းများအား မျှဝေပေးခြင်းဖြင့် ကူညီရိုင်းပင်းကြပါရန် Eagle Information Operator (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ Admin များမှ အနူးညွတ်မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏
#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#Eagle Information Operator
📬သတင်းပို့ဆက်သွယ်ရန် @EagleInformationOperator

‼️အသိပေး၊သတိပေးပန်ကြားချက်‼️
နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။
♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်းပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။
♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။
♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။
#Admin

‼️တော်လှန်ရေး ဝန်ထမ်းကောင်းများ အလိုရှိသည်‼️
တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်နေကြသော၊အလုပ်လုပ်နေကြသော ရဲဘော်များ ဘေးကင်းစွာဖြင့် အလုပ်လုပ်နိုင်ဖို့နှင့်အပြစ်မဲ့ပြည်သူတွေ ဘေးကင်းကြစေဖို့ရန်အတွက် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)တွင် အချိန်ပိုင်း(သို့မဟုတ်)အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင်ပြီး သတင်းပိုင်အားတက်ကြွစွာ (လုပ်ကိုင်ချင်စိတ်၊ပါဝင်လိုစိတ်)ဖြင့် ဆန္ဒပြင်းပြသည့် #Reporter အပိုင်း တာဝန်ထမ်းဆောင်မည့်သူများ အလိုရှိပါသည်။
ဆက်သွယ်မေးမြန်းရန် - http://t.me/EagleInformationOperator

‼️အသိပေးပန်ကြားချက်‼️
သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။
မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။
မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🙏1💯1
စကစအထိုင်ဂိတ်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများနေထိုင်ရာ ရွာတွင်းသို့ပစ်ခတ်လိုက်သည့်(၆၀-မမ)လက်နက်ကြီးဖြစ်ပြီး မပေါက်ကွဲသည့်အတွက် တော်လှန်ရေးရဲဘော်များမှ သွားရောက်ပြီးရှင်းလင်းသိမ်းဆည်းခဲ့ရသောပုံဖြစ်ပါသည်။
အရပ်သားများသည်
စစ်ရေးပစ်မှတ် မဟုတ် ❌
#Not_A_Target
#အရပ်သားများသည်စစ်ရေးပစ်မှတ်မဟုတ်
#EIO
အရပ်သားများသည်
စစ်ရေးပစ်မှတ် မဟုတ် ❌
#Not_A_Target
#အရပ်သားများသည်စစ်ရေးပစ်မှတ်မဟုတ်
#EIO
🙏2
🚨မုံရွာ🚨
မုံရွာနမခမှ ထွက်လာသော ကထိန်ယာဥ်တန်းလို့ယူဆရသည့် အိမ်စီးကားများနှင့် စခပါသံပြားကာကား(၁)စီးသည် မုံရွာမြို့တွင်းသို့ ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Nov 2, 8:26AM
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာနမခမှ ထွက်လာသော ကထိန်ယာဥ်တန်းလို့ယူဆရသည့် အိမ်စီးကားများနှင့် စခပါသံပြားကာကား(၁)စီးသည် မုံရွာမြို့တွင်းသို့ ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Nov 2, 8:26AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨
မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲနှင့်အောင်သာ ကြားလမ်းကူးသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Nov 2, 2:05PM

ချောင်းဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်အသက် ၁၆ နှစ်နှင့် ၂၂ နှစ် အရွယ် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် စိုးရိမ်ရ ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ရာ အသက် ၁၆ နှစ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် စိုးရိမ်ရ ဒဏ် ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၄ လုံး ရမ်း သမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၆ နှစ်အရွယ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပြင်းအထန် စိုးရိမ်ရရှိကာ နေအိမ် မီးဖိုဆောင်တစ်ဆောင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှမရှိပဲ အကြောင်းမဲ့ ပစ်တာပါ။ မိသားစုဝင်က ၂ ဦးပါပါတယ်။ သေဆုံးသူ အမျိုးသမီး တစ်ယောက်နဲ့ ဒဏ်ရာရအမျိုးသမီးတစ်ယောက် မိသားစုဝင်ပါ။ ကျန်တဲ့တစ်ယောက်ကလည်း ဆွေးမျိုးသားချင်းတော်စပ်သူပါ။ သူကလည်း စိုးရိမ်ရပါတယ်။ အခုတော့ တစ်ရွာလုံး ရှောင်နေကြရပါ တယ်။ ထပ်ပြီး လက်နက်ကြီးနဲ့ ပစ်မှာကြောက်ရလို့ပါ။ ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ငါးလုံးတင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အောက်တို ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ပြည်သူ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မေလ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ကလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ် ၁၂ လုံးမီးလောင်ပြာကျခဲ့သေးကြောင်း သိရသည်။
ထို့အပြင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းလည်း လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

😢1