EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
မိုးလေဝသသတင်း

BBM-နိုဝင်ဘာ၁
သတင်း-ဦးထွန်း

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်ထူထပ်နေပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေ မှ ၁၀ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးလေဝသသတင်းအစီအစဥ်ကို မိုးလေဝသဌာန၊ MOHADM နဲ့ Windy.com တို့မှ ရယူဖော်ပြထားပါတယ်။
🥰2
🚨ဘုတလင်🚨

ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ Oct 28ရက်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော စခများသည် ပေလမ်းတွင် ပြည်သူကားများအားတားဆီး၍ စစ်ဆေးနေကြောင်းသတင်းရရှိ။

#EIO
Nov 1, 9:49Am
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းရွာနှင့်ကြေးမုံရွာကြား၊သီတာရုံနားသို့ ရောက်ရှိနေပြီး လက်နက်ကြီးများပြင်ဆင်နေကြောင်းသတင်းရရှိ။

#EIO
Nov 1, 10:07AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
မြန်မာ့ အလှူ တအားဆူ
နားပူမှကျေနပ်။

တစ်ရာဖိုးလှူ တသောင်းဖိုးဆူ
ပါတ်ဝန်းကျင်တိုင်ပတ်။

ကထိန်ကျောင်းရောက်
ငါတို့သောက် မူးပြီး ပလန်လက်။

ဘုန်းဘုန်းတဆ ငါးဆ စက်ဖိုး ဆထက်တိုးး
တွက်နည်းအလွန်ခက်။

သက်ကြီးဘိုးဘွား နားပိတ်ထားမှ
အထအလှူ မြောက်သည်ဟူ၍
ယူဆအမှား နောင်လာသားများ
မှတ်ယူကုန်သော် ခက်ပေတော့မည်။

#crd_to_owner_with_respect #crd_to_owner_with_respecter
🙏2
Forwarded from PSLF/TNLA News
တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ပြည်သူလူထု (၄၉)ဦးသေဆုံး၊ သံဃာတော်နှင့် ပြည်သူလူထု (၇၁)ဦးထိခိုက်ဒဏ်ရာရ

တအာင်းပြည်၊ နိုဝင်ဘာလ ၁ရက်

တအာင်းပြည်တွင် အောက်တိုဘာအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၁၀)ဦး၊ အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး (၂၁)ဦးသေဆုံးသွားခဲ့ပြီး သံဃာတော် (၆)ပါး၊ ကလေး (၂၆)ဦး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၇၅)အိမ်၊ စာသင်ကျောင်း (၅)ကျောင်း၊ ဘုန်းကြီးကျောင်း (၇)ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ အဆောက်အဦး (၆)ခု၊ မွေးမြူးရေးခြံ (၂)ခြံ၊ ဆိုင်ခန်း (၅)ခန်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၁၀)စီးတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာနှင့် ဒရုန်းဖြင့် (၃)ကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၂)ပါးထိမှန်ဒဏ်ရာရရှိကာ ဘုန်းကြီး ကျောင်း (၁)ကျောင်း၊ ဆွမ်းစားဆောင် (၁)ဆောင်နှင့် အဆောက်အဦး (၃)ခုတို့ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

ထိုအပြင် နမ္မတူမြို့နယ်လည်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် ဒရုန်းကိုအသုံးပြု၍ (၇)ကြိမ်ဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦးသေဆုံးခဲ့ပြီးကလေး(၂)ဦး၊အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၆)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂၁)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် ကျောင်းဆောင် (၆)ဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့သည်။

အလားတူ မန်တုံမြို့နယ်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂)ကြိမ်လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၆)အိမ်ထိခိုက်ပျက်စီးသွားခဲ့သည်။ သီပေါမြို့လည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ (၆)ကြိမ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၂)ဦးသေဆုံးခဲ့ပြီးအမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂၄)အိမ်၊ စာသင်ကျောင်း (၂)ကျောင်း၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် အဆောက်အဦး (၁)ခုတို့ထိမှန်ပျက်စီးသွားခဲ့သည်။

မိုင်းလုံမြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်(၅)ကြိမ်လာရောက်ကြဲချသောကြောင့် သံဃာတော် (၂)ပါး၊ ကလေး (၃)ဦး၊ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ သေဆုံးခဲ့ပြီး သံဃာတော် (၄)ပါး၊ ကလေး (၂)ဦး၊ အမျိုးသား (၁)ဦးနှင့်အမျိုးသမီး (၂)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၈)အိမ်၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် ကျောင်းဆောင်(၁)ဆောင်တို့ထိမှန်ပျက်စီးသွားခဲ့သည်။

၎င်းအပြင် မိုင်းငေါ့မြို့နယ်လည်းစစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၃)ကြိမ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၈)အိမ်၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ကျောင်းဆောင် (၁)ဆောင်နှင့် ဆိုင်ခန်း(၅)ခန်းတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုအတူ နမ့်ဆန်မြို့နယ်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာကို အသုံးပြု၍ (၆)ကြိမ်ဖြင့် ဗုံးများကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၂)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၉)ဦးသေဆုံးခဲ့ပြီးကလေး(၉)ဦး၊အမျိုးသား(၆)ဦးနှင့်အမျိုးသမီး(၄)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆၂)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၂)ကျောင်း၊ လက်ဖက်စက်ရုံ (၁)ရုံ၊ ဆိုင်ကယ် (၄)စီးနှင့် ကား (၉)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ (၄)ကြိမ်ဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၃)ဦးနှင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး ကလေး (၁၂)ဦးနှင့် အမျိုးသမီး (၁)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)အိမ်နှင့် မွေးမြူးရေးခြံ (၂)ခြံထိမှန်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် မိုးမိတ်မြို့နယ်လည်း ဂျက်ဖိုက်တာဖြင့် (၅)ကြိမ်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး (၂)ဦး၊ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးခဲ့ပြီး ကလေး (၁)ဦး၊ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၄)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၄)အိမ်နှင့် ကား(၁)စီးတို့ ထိမှန်ပျက်စီးသွားခဲ့သည်။

ထိုကြောင့်မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
😢2
🚨ရန်ကုန်🚨

ဆလွန်း မီးတန်းဖွင့်ပြီး အနောက်တွင် Fawကား အကြီးပုံစံ ရခများပါရှိပြီး (၄)စီးလျှင် (၁)စီးကို ခန့်မှန်း အင်အား (၂၀)ခန့် လနပါ 0mileမှ ထောက်ကြန့်ဘက်သို့ ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Nov 1, 11:20AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
မြန်မာအမျိုးသမီးတွေကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုတွေရပ်ဖို့ သရုပ်ပြလှုပ်ရှားမှု ထိုင်းမှာပြုလုပ်

နေ့စဉ်နီးပါးလိင်ပိုင်းဆိုင်ရာနှောင့်ယှက်အနိုင်ကျင့်မှုတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ မြန်မာအမျိုးသမီး တွေအတွက်ရည်ရွယ်ပြီး “Stop The Rape” ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သရုပ်ပြ လှုပ်ရှားမှုတခု မနေ့ အောက်တိုဘာ ၃၁ ရက်ညနေပိုင်းမှာပြုလုပ်ခဲ့ပါတယ်။

ဒါဟာ စစ်ကော်မရှင်တပ်အပါအဝင် လက်နက်ကိုင်အင်အားစုတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန် နှောင့်ယှက်ခြိမ်းခြောက်မှုတွေကို ဖိဖိစီးစီးဖြေရှင်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ Miss LGBT Thailand က အလှမယ်တဦးဖြစ်တဲ့ ဒီမွန်းသက္ကရာဇ်က သရုပ်ဖော်လှုပ်ရှားမှုလုပ်ခဲ့တာလို့ သိရပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက် ဘီဘီစီရဲ့ နိုင်ငံတဝန်း သတင်းများ အနှစ်ချုပ်ကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c0qppn3jz9do ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဓာတ်ပုံ - Kyaw Ko Ko (Revographer) ၊ ND
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #အမျိုးသမီး #လိင်ပိုင်းဆိုင်ရာ #စစ်ကော်မရှင် #စစ်တပ် #တော်လှန်ရေး
မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်နိုင်ရန်နှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ အချိန်မီ ကာကွယ်နိုင်ရန် ကုလသမဂ္ဂသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မေးခွန်းထုတ်၊ မြန်မာစစ်တပ်ကို အရေးယူမှု မရှိလျှင် ပြည်သူများခံစားနေရသည့် ဒုက္ခဆင်းရဲများ ပိုမိုပြင်းထန်လာမည်ဟု သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၁

မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်နိုင်ရန်နှင့် ပြည်သူများအပေါ် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေမှုမှ အချိန်မီ ကာကွယ်နိုင်ရန် ကုလသမဂ္ဂသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနှင့် အပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်နိုင်ရန်နှင့် ပြည်သူ များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ယခုထက် ပိုမိုကျူးလွန်နေခြင်းမှ အချိန်မှီ ကာကွယ်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းအင်္ဂါများအကြားတွင် ပိုမိုထိရောက်သော ညီညွတ်မှုအား ခိုင်မာစေရန် လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌအနေဖြင့် မည်သို့လုပ်ဆောင်ရမည်ဟု ထင်မြင်သည်ကို မေးမြန်းလိုကြောင်း ဦးကျော်မိုးထွန်းက မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် လူ့အခွင့်အရေး အခြေအနေများခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက် ၅၈/၂၀နှင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားသောလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက် ၅၉/၂ တို့ကို တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့သည့်အပေါ် ကြိုဆိုပါကြောင်း၊ ယင်းဆုံးဖြတ်ချက်နှစ်ခုလုံးသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မြေပြင်အခြေအနေအား ထင်ဟင်ပြသနေပါကြောင်း၊အဆိုပါဆုံးဖြတ်ချက်များပါ အကြောင်းအရာများသည် ထိခိုက်ခံစားနေရသည့် ပြည်သူလူထုမှ ကြံ့ကြံ့ခံအံတုနေရသည့် အကြမ်းဖက်မှုများ၏ အတိုင်းအတာကို ပြည့်စုံစွာ မဖော်ပြနိုင် သော်လည်း နိုင်ငံတကာထံမှ မြန်မာ့ဒုက္ခအပေါ်ပိုမိုအာရုံစိုက်မှုရှိလာမည်ဟု လှိုက်လှိုက်လှဲလှဲမျှော်လင့်ရပါကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုများကို ကြိုဆိုကြောင်း၊ ယင်းဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မြေပြင်အခြေအနေအား ထင်ဟင်ပြသနေကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်များပါ အကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်အုပ်စုကို ပိုမို ဖိအားပေးပေးကြရန်ု သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လျက် ရှိရုံသာမက အဆိုပါပြစ်မှုများအား ဖုံးလွှမ်းစေရန် သတင်းအချက်အလက်အမှားများနှင့် ဖန်တီးထားသော အချက်အလက်များကို ဖြန့်ဝေလျက်ရှိကြောင်း၊ ယင်း ကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုမှ ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲမှာ မည်သို့မျှ တရားမျှတ ၍ လွတ် လပ်မှုနှင့် မျှတမှုတို့ မရှိနိုင်ကြောင်းကို ခိုင်လုံစွာ သက်သေပြသနေ၊ ယင်းအစား အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကိုသာ ပိုမို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

စစ်အုပ်စုအနေဖြင့် မည်သူ့ကိုမဆို ချနင်းလျက် ၎င်းတို့သာ အနိုင်ပိုင်း အသာစီးရလိုသည့် သဘောထား (zero sum game mentality) ဖြင့် ပြည်သူများအပေါ်တွင် ရက်စက် ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်အုပ်စု၏ ပိုမို ပြင်းထန်သည့် အသွင်ဆောင်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များကြောင့် ဒုက္ခကြီးစွာ ခံစားနေရကြောင်း၊ ကုလသမဂ္ဂစနစ်၏ ပင်မအင်္ဂါအဖွဲ့အစည်းများဖြစ်သည့်အားလျော်စွာ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့၏ ရလဒ်များသည် ပူးပေါင်းညှိနှိုင်းမှုနှင့် ညီညွတ်မှုရှိသင့်ကြောင်း၊
ဤအင်္ဂါအစိတ်အပိုင်းများအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် နှောင့်နှေးကြန့်ကြာနေသည်နှင့်အမျှ ပြည်သူများနေ့စဉ်ခံစားရသည့်ဒုက္ခဆင်းရဲသည်လည်း ပိုမို ပြင်းထန်လာမည်သာဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များတွင် ချမှတ်ထားသည့် အကြံပြုချက်များကို အသိအမှတ်ပြု ထောက်ခံအားပေးပါကြောင်း၊ ထို့အတူ အဆိုပါဆုံးဖြတ်ချက်များ ပေါ်ထွက်လာရေးအတွက် ပြင်ဆင်မှုအပိုင်းနှင့် အတည်ပြုခြင်းတို့တွင် ပါဝင်အားဖြည့်ပေးကြသည့် အဖွဲ့ဝင်နိုင်ငံအားလုံးကို လည်း ကျေးဇူးတင်ပါကြောင်း ၎င်းက ဆိုသည်။
အဆိုပါဆုံးဖြတ်ချက်များတွင် ပိုမို ထိရောက်သည့် အရေးယူဆောင်ရွက်ချက်များ လစ်ဟင်းနေ သည့်တိုင် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၊ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် အခြားသောသက်ဆိုင်သူများ၏ အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များမှတဆင့် ဆုံးဖြတ်ချက်များပါပြဋ္ဌာန်းချက်များသည် မြေပြင်ရှိ အချက်အလက်အမှန်များကို ရှင်းလင်းစွာ ထင် ဟပ် စေကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် အဆိုပါဆုံးဖြတ်ချက်များပါ အကြံပြုချက်များအား အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်အုပ်စုကို ပိုမို ဖိအားပေး ပေးကြရန် တောင်းဆိုလိုပါကြောင်း၊ စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် ကြီးလေး သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိရုံသာမက အဆိုပါပြစ်မှုများအား ဖုံးလွှမ်းစေရန် သတင်း အချက်အလက်အမှားများနှင့် ဖန်တီးထားသော အချက်အလက်များကို ဖြန့်ဝေလျက်ရှိကြောင်း သူက ဆိုသည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား တခဲနက် ဝိုင်းဝန်းကန့်ကွက်ကြရန်နှင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု ရန်စွယ်မှ ကယ်တင်နိုင်ရန် ဆုံးဖြတ်ချက်များပါ အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လေးနက်၊ လျင်မြန်စွာ အရေးယူ ဆောင်ရွက်ရန် သံအမတ်ကြီးက တောင်းဆိုသည်။

#KTM
🚨မုံရွာ🚨

မုံရွာမြို့တွင်း၌ စခများမှ ကထိန်များပြုလုပ်၍ လှည့်လည်‌နေကြပြီး စခကင်းပုန်းများလည်း နေရာအနှံ့ယူထား‌ကြောင်းလည်းသတင်းရရှိ။

#EIO
Nov 1, 3:05PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာ၊အီကိုကျောင်း‌ပေါက်ဝတွင် စခများမှ ပြည်သူအသွားအလာများအား အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Nov 1, 3:20PM
📬သတင်းပို့ရန် @EagleInformationOperator
ကန့်ဘလူ ပအဖ အကောက်အခွန်အရာရှိအပါ ၇ ဦးကို အဂတိမှုနဲ့ ဖမ်းဆီးထိန်းသိမ်း

နိုဝင်ဘာ-၁၊ ၂၀၂၅။ ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဘဏ္ဍာရေးဌာနက အကောက်ခွန်အရာရှိအပါအဝင် ၇ဦးဟာ အဂတိလိုက်စားမှုတွေရှိနေတာကြောင့် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

အကောက်ခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် ၇ဦးကို အခွန်တော်အဖွဲ့ဝင်ငွေကြေးအလွဲသုံးစားပြုလုပ်မှု၊ လုပ်ပိုင်ခွင့်အာဏာအား အသုံးပြုအလျော်ဩဇာပြုလုပ်မှု၊ မြို့နယ်ပအဖတံဆိပ်စည်းအတုပြုလုပ်မှု၊ သက်သေခံပစ္စည်းများ ဖျောက်ဖျက်မှု၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်တွေနဲ့ဆက်သွယ်မှုတွေကြောင့် အောက်တိုဘာ ၁၂ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

"ပအဖရဲ့ ဘဏ္ဍာရေးဌာနအောက်မှာရှိတဲ့အဖွဲ့။ သူတို့တွေရဲ့ အဂတိမှုတွေ၊ လွဲသုံးစားမှုတွေကို စစ်ဆေးနေတာ မှန်ပါတယ်။ အချိန်တော်တော်ကြာ လေ့လာပြီးကာမှ ဖမ်းဆီးခဲ့တာပါ"လို့ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

မြေပြင်အခြေအအရ စစ်ဘက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး တာ၀န်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့ တွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်များအရ အရပ်ဘက်တရားစီရင်ရေးသို့ လွှဲပြောင်းအရေးယူဆောင်ရွက်နေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကောက်ခွန်အရာရှိဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေက သယံဇာတနဲ့ လမ်းပမ်းဆက်သွယ်ရေးကဏ္ဍတွေအပြင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့တရားဝင်သတ်မှတ်ချက်အရ ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံဆီ အပ်နှံရတာပါ။အကောက်ခွန်အရာရှိမြင့်ကျော်အပါအဝင် ၇ဦးသာ စစ်ကောင်စီအုပ်စုနဲ့ ဆက်ဆံခဲ့သလို ငွေကြေးအမြောက်အများကိုလည်း အလွဲသုံးစားလုပ်ခဲ့တယ်လို့ ကန့်ဘလူမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

"ပြဿနာတွေက အများကြီးရှိပါတယ်။ တော်လှန်ရေးကို နှောင့်နှေးစေပြီး လူထုကို တိုက်ရိုက်ထိခိုက်စေတဲ့ ပြဿနာတွေကိုတော့ ချက်ချင်းရှင်းလင်းတာကောင်းပါတယ်" လို့ သူက မှတ်ချက်ပြုပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းတွေလည်း ရှိနေပြီး ရွာတချို့မှာ စစ်ရေးတင်းမာတဲ့အခြေအနေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

#People's Spring
👍1
မုံရွာမှာ တန်ဆောင်တိုင်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးပြီး လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်အုပ်စု ပြင်ဆင်နေ

MN/MFP ၊ အောက်တိုဘာ - ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၁ ရက် ဒီနေ့ကနေ ၄ ရက်နေ့အထိ လေးရက်ကြာ ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပပေးမှာဖြစ်သလို လာရောက်လည်ပတ်မဲ့ လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းတပ်သားသစ်စုဆောင်းဖို့ ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ မြို့ခံတွေက MFP ကိုပြောပါတယ်။

တန်ဆောင်တိုင် ပျော်ပွဲရွှင်ပွဲအဖြစ် စစ်အုပ်စုလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရက နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့(တန်ဆောင်မုန်းလပြည့်)အထိ ရွှေလိမ္မော်ကျွန်းမှာ ဖျော်ဖြေရေးပွဲတွေထည့်သွင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မုံရွာမြို့ပေါ်မှာ ပွဲတော်ကာလတွေမဟုတ်တဲ့ သာမန်နေ့ရက်တွေမှာ စစ်အုပ်စုက နေ့စဉ် လူငယ် ငါးဦးထက်မနည်းကို ပေါ်တာဆွဲဖမ်းဆီးနေသလို လူငယ်တွေအများဆုံး လာရောက်ပျော်ပါးတဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ပေါ်တာဆွဲဖို့အတွက် အရပ်ဝတ်တွေနဲ့ စစ်အုပ်စုက ကင်းပတ်နေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

“ပုံမှန်ဆိုရင် မြို့ပေါ်မှာက အိမ်စီးကားတွေနဲ့ ပတ်ပြီးတော့ သူတို့(စစ်အုပ်စု)ဆွဲနေတာ။ တနေ့ကို ငါးဦးမကဘူး ဆွဲတာ။ ရှောင်နိုင်ရင်တော့ လွတ်တာပေါ့။ အခု တန်ဆောင်တိုင်ပွဲက ခါတိုင်းလုပ်နေကျဖြစ်တဲ့ ပြည်သူ့ဥယျာဉ်ထက် စည်ကားအောင်လုပ်မယ်လို့ သိရတယ်။ လာတဲ့လူငယ်တွေကို ပေါ်တာဆွဲမယ်။ သူတို့ စစ်မှုထမ်းဖို့ လူအင်အားက အရမ်းလိုအပ်နေတာလေ"

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် လူငယ်အများစု မြို့ပေါ်ကနေ ရှောင်တိမ်းသွားကြပေမဲ့ စစ်အုပ်စုနဲ့နီးစပ်သူတွေနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ လူငယ်အများစုကတော့ မြို့ပေါ်မှာ ကျန်ရှိနေသေးတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

"အများစုက အပြင်ကို မထွက်ရဲကြဘူး။ အလုပ်ရှိတဲ့နေ့ဆိုရင် စောစောသွား စောစောပြန်ပဲ။ ပုံမှန်ဆိုရင်ကို မုံရွာမြို့ပေါ်မှာက ရပ်ကွက်တွေထဲပါမကျန် ပေါ်တာလိုက်ဆွဲနေတာ။ အခုလို ပျော်ပွဲရွှင်ပွဲတွေမှာဆိုရင် ပိုဆိုးတာပေါ့။ သီတင်းကျွတ်လပြည့် ဘုရားကြီးပွဲတုန်းကလည်း လူငယ်တွေ ပေါ်တာဆွဲခံရတယ်။ အခုလည်း တန်ဆောင်တိုင်ပွဲလုပ်ပြီးတော့ ဆွဲဦးမှာပဲ။ မကြောက်တဲ့သူတွေ ပွဲကြိုက်တဲ့သူတွေကတော့ သွားကြမှာ"လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ဆိုပါတယ်။

စစ်အုပ်စု ဦးဆောင်ကျင်းပသွားမဲ့ တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းကစပြီး မြို့တွင်းမှာ စစ်အုပ်စုလက်အောက်ခံ Non CDM ဝန်ထမ်းတွေပါတဲ့ စုပေါင်းဘုံကထိန်ပွဲ ပဒေသာလှည့်တဲ့ပွဲ ကျင်းပမှာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ မနက်ပိုင်းမှာ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ ဘုရားအနေကဇာတင်လှူပွဲနဲ့ သံဃာအပါး ၁,၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မုံရွာမြို့ပေါ်က ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ပြည်ထောင်စုရင်ပြင်ပေါ်မှာ စတုဒီသာကျွေးတာ၊ မီးပုံးပျံ အလုံးရေ ၅၀၀ နဲ့ မီးပုံးပျံအသေး ၂၀၀၀ လွှတ်တင်တာတွေအပြင် ကာ မီးရှူးမီးပန်း ပစ်ဖောက်ကာ ပျော်ပွဲရွှင်ပွဲတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က မုံရွာမြို့ပေါ်မှာ စစ်အုပ်စုက မီးထွန်းပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့သလို ကျေးရွာတွေမှာ ပြုလုပ်နေတဲ့ ချောင်းဦးနယ်ထဲက မီးထွန်းပွဲတော်နဲ့ ဆီမီးသပိတ်ကို စစ်အုပ်စုက ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ၂၀ ကျော်သေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

#Mandalay_Free_Press_MFP
#EIO
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်‌ ပေလမ်း သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 1, 5:26PM
📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၄)စီးနှင့် ဘုန်းကြီးကား(၁)စီးသည် မြေနဲဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Nov 1, 5:29PM
📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

ချောင်းဦးမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၅)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Nov 1, 6:30PM
📬သတင်းပို့ရန် @EagleInformationOperator
ပြောက်ကျားစစ်ရဲ့သဘောတရား
------------///------------


လျှိုဝှက်အပ်ရာ၊ အရာရာကို
မိ နှင့် ဖ/သား သူစိမ်းအားသော်
မယားသော်မှ မယုံရ။

လျှို့ဝှက်
လျင်မြန်
လုံ့လ
လုုံခြုံ

(လ) ၄ (လ) ဖြစ်တယ်။အကျယ်ချဲ့ရင် အများကြီးပါ။

စည်းကမ်း
စနစ်
စည်းရုံး
စုစည်း

စ (၄) လုံး

အင်အား
အားအင်
အားပြု
အပြီး

စ ၄ ယံ၊ လ ၄ ယံ၊ အ ၄ ယံ ညီရပါတယ်။

ဒါကြောင့် ထင်ထင်ပေါ်ပေါ်တွေပြော၊
ထင်ထင်ပေါ်ပေါ်တွေ လုပ်နေတာတွေ
ရပ်ကြပါလို့ တိုက်တွန်းရင်း
သမိုင်းကပြည်သူ
တော်လှန်ရမှာက ကျနော့်တို့တွေ ဖြစ်ပါကြောင်း။

#NNA

(စာရေးသူထံတွင် တိုက်ရိုက်ခွင့်တောင်း၍ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏5
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
👍2💯2🥰1
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (Route Direction) ၊ အချိန် (Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့်ယုံကြည်စိတ်ချစွာ တာဝန်သိစိတ်ဖြင့် သတင်းများအားပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformation

⚜️#EIO Telegram Chat Box - https://t.me/+Qz1CdgWbtzM2Njg1

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator
👍5
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏4👍1