EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
🚨အထူးသတိပြု‌နေထိုင်ကြပါရန်⚠️

📌 မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် စခ၊ပခများ၏ အထိုင်ချစခန်းများမှ နေ့/ည အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


⚠️ #SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

⚠️ #VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

⚠️ #Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

⚠️ #Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#EIO #Eagle_Information_Operator #SafeMovement #MilitaryTerrorists #WarCrimes #SaveMyanmar #WhatsHappeningInMyanmar
👍1
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့်အတူတကွပူးပေါင်း၍ (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့် Admin Teamသည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ ကိုယ်ထူကိုယ်ထ သတင်းကျင့်ဝတ်စည်းကမ်းနှင့်အညီလုပ်ကိုင်နေကြခြင်းသာဖြစ်ပါသည်။

#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝလုံးဝ)အလျင်းမရှိပါ။#EIO နှင့်ပုံစံတူ၊ဖရိမ်တူ၊သတင်းတင်ပုံ၊စာအရေးအသားတူပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO Admin Teamမှ လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။

#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း (လုံးဝ၊လုံးဝ) မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူမှ ပြည်သူသို့
ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့ဖြစ်သည့်အတွက် #Source Credit ပေးစရာမလို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

{ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ}

စခလေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်း၊ယာဥ်တန်းများ၊(စခ+ပခ)များ၏ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများ၊တလရ ရဲ‌ဘော်များအနေနှင့် တာဝန်သိစိတ်ဖြင့် ယုံကြည်စိတ်ချစွာ မိမိတို့ #EIO - (Eagle Information Operator) Admin Teamအား သတင်းများပေးပို့နိုင်ပါသည်။ အချိန်နဲ့တပြေးညီ သတင်းပေးပို့နိုင်သည့် Facebook Page မက်ဆင်ဂျာ၊တယ်လီဂရမ်ချန်နယ်အကောင့်၊Gmail Accထံတွင်သတင်းပေးပို့နိုင်ပါသည်။၊

Be safe, be strong, be of help !

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformation

⚜️#EIO Telegram Chat Box - https://t.me/+Qz1CdgWbtzM2Njg1

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator
🙏1
🚨မုံရွာ🚨

မုံရွာနယ်မြောက်ခြမ်း၊ရေအိုးစင်ဂိတ်တွင်ရပ်ထားသော စခ ကားကြီး(၂)စီးသည် မြောက်အရပ်သို့စတင်ထွက်နေကြောင်းသတင်းရရှိ။

#EIO
Oct 31, 7:44PM
📬သတင်းပို့ရန် @EagleInformationOperator
အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေးထဲပါဝင်နေတဲ့ လူငယ်တွေဟာ လမ်းပျောက်နေသူအဖြစ် ဝါဒဖြန့် ပုံဖျက်နေကြပါတယ်။ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်တပ်ကို တော်လှန်ပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့က ဒီနိုင်ငံရဲ့ သမိုင်းပေး တာဝန်တခုဆိုရမယ်ဆိုရင်လည်း ဟုတ်ပါတယ်။ တော်လှန်ရေးလုပ်ဆောင်နေသူတွေဟာ လမ်းပျောက်နေကြသူတွေမဟုတ်ဘဲ လမ်းဖောက်နေကြသူတွေဖြစ်တယ်ဆိုတာ နွေဦးတော်လှန်ရေးက သက်သေထူပြနေနိုင်ပါပြီ။ ခေတ်အဆက်ဆက် တော်လှန်ရေးကို အာဏာရှင်တွေ ပုံဖျက်ထားသမျှ နွေဦးတော်လှန်ရေးဟာ ဖယ်ခွာချပစ်ပြီး အာဏာရှင်တွေရဲ့ တကယ့်အစစ်အရုပ်မှန်ကို ကမ္ဘာသိအောင် ချပြနိုင်ခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေးနဲ့ တော်လှန်သူတွေရဲ့ အောင်မြင်မှု တခုပါ။

ဆက်လက်ပြီးတော့လည်း တော်လှန်ရေးနဲ့ တော်လှန်သူတို့ရဲ့ အောင်မြင်မှုတွေက အာဏာရှင်ကို ဖြုတ်ချဖို့ လုံလောက်တယ်ဆိုတာ နောက်ထပ်သော အချိန်အပိုင်းအခြားတွေက သိသာလာစေမှာပါ။ ကျနော်တို့ တော်လှန်ရဲဘော်များရဲ့ ချစ်ခြင်းမေတ္တာတွေ၊ စွန့်လွှတ်အနစ်နာခံခြင်းတွေနဲ့ ကိုယ့်ဆီမလာမယ့် အလင်းရောင်ဆီ ရောက်ဖို့ကြိုးစားမှုတွေကို ခံစားမိစေဖို့ ဒါရိုက်တာ Eve ပုံဖော်ရိုက်ကူးထားတဲ့ " ကြက်သွေးရောင်ဆည်းဆာ" AI Flim ကို BPLA-Venture YouTube Channel ကနေ ကြည့်ရှုခံစားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကြည့်ရှုပြီးလို့ ကြိုက်နှစ်သက်တယ်ဆိုရင် အခြားသူတွေလည်း ခံစားကြည့်ရှုနိုင်အောင်မျှဝေပေးကြပါဦးဗျ။ ဝေဖန်အကြံပြုလိုတာရှိရင်လည်း maytheingi.edu@gmail.com ကို ဆက်သွယ်လို့ရပါတယ်ခင်ဗျာ။
🛡 ပြောက်ကျားစစ်ရဲ့ အခြေခံသဘောတရား (၃) ရပ် 🛡

​တော်လှန်ရေးခရီးမှာ အောင်မြင်မှုရဖို့ဆိုရင် စည်းကမ်းနဲ့ လျှို့ဝှက်မှုကို အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။ အောင်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ "လ၊ စ၊ အ" (၄) လုံးဖြစ်ပါတယ်။

🔐 (လ) ၄ လုံး - လုံခြုံရေးအတွက်

၁။ လျှို့ဝှက် (အရာရာကို လျှို့ဝှက်ပါ)
၂။ လျင်မြန် (လုပ်ဆောင်ချက်တိုင်း ထက်မြက်ပါ)
၃။ လုံ့လ (ဇွဲရှိရှိ ကြိုးစားပါ)
၄။ လုံခြုံ (စနစ်တကျ ကာကွယ်ပါ)

"မိဘ၊ သားမယား၊ သူစိမ်းမဆို အရာရာကို လျှို့ဝှက်အပ်ရာ၏"

(စ) ၄ လုံး - စုစည်းမှုအတွက်

၁။ စည်းကမ်း
၂။ စနစ်
၃။ စည်းရုံး
၄။ စုစည်း

✊🏻 (အ) ၄ လုံး - အောင်ပွဲအတွက်

၁။ အင်အား
၂။ အားအင်
၃။ အားပြု
၄။ အပြီး

​ဒါကြောင့် ထင်ပေါ်လိုစိတ်တွေကို ဘေးဖယ်ပြီး စနစ်တကျနဲ့ တိတ်တဆိတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

​"သမိုင်းက ပြည်သူ - တော်လှန်ရမှာက ကျွန်ုပ်တို့"

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်-
👉 Telegram Bot: @EIO2021_bot
👉 Telegram Bot: @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram Channel: https://t.me/eagleinformationoperator
👍3
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰1
🚨ချောင်းဦး🚨

ဘက်စုံခြံမှထွက်သော စခကင်းများသည် ခင်မွန်ရွာထဲသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 1, 7:27AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြောက်ကုန်းလမ်းနှစ်ခွဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 1, 8:07AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြန်မာ့မဏ္ဍိုင်ဆီဆိုင်ရှေ့သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Nov 1, 8:07AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Nov 1, 8:18AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာ-‌ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🛡 ပြောက်ကျားစစ်ရဲ့ အခြေခံသဘောတရား (၃) ရပ် 🛡 ​တော်လှန်ရေးခရီးမှာ အောင်မြင်မှုရဖို့ဆိုရင် စည်းကမ်းနဲ့ လျှို့ဝှက်မှုကို အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။ အောင်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ "လ၊ စ၊ အ" (၄) လုံးဖြစ်ပါတယ်။ ​🔐 (လ) ၄ လုံး - လုံခြုံရေးအတွက် ၁။ လျှို့ဝှက်…»
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးရွာထိပ်သို့‌ရောက်ရှိနေပြီး ပြည်သူအသွားအလာကားများအား တားထားကြောင်းသတင်းရရှိ။

#EIO
Nov 1, 8:48AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨 မိမိလုံခြုံရေးအတွက် အထူးသတိပြုရန် 🚨

​Facebook အသုံးပြုရာတွင် ဘေးကင်းစေရန်အတွက် သတင်း စာမျက်နှာများနှင့် တော်လှန်ရေး Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်၍ ဆင်ခြင်ပေးကြပါ -

🔹 Profile - မိမိအချက်အလက်အမှန်များ မတင်ထားခြင်းနှင့် Profile Lock ချထားခြင်းတို့ကို စစ်ဆေးပါ။

🔹 Safety - မိမိရောက်ရှိနေသည့်နေရာသည် လုံခြုံမှုရှိမရှိ အမြဲသတိပြုပါ။

🔹 Action - လုံခြုံစိတ်ချရသည့် အခြေအနေရှိမှသာ React / Comment / Share ပြုလုပ်ပါ။

#EIO အဖွဲ့သားများအတွက် မိဘပြည်သူတို့၏ ဘေးကင်းလုံခြုံမှုသည်သာ "ပထမဦးစားပေး" ဖြစ်ပါသည်။

📲 သတင်းပေးပို့ရန်နှင့် ဆက်သွယ်ရန်

​မြေပြင်အခြေအနေ အရေးကြီးသတင်းများကို EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

🤖 Telegram: @EIO2021_bot | @EagleInformationOperator_bot
🌐 Telegram Channel: t.me/eagleinformationoperator
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: facebook.com/eagleinformation

#EIO #EagleInformationOperator #PublicSafety #DigitalSecurity #Myanmar
👍3🙏2