EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
“စိတ်ဓါတ်ကျတာလည်း ကျပါ၊ ဒါပေမဲ့ …”

🔳 စိတ်ကျန်းမာရေးဟာ သိပ်အရေးကြီးပါတယ်။ ခေတ်ကာလ အခြေအနေကလည်း စိတ်ကို ကျန်းမာအောင် ထားဖို့ ဘယ်လိုမှကို မလွယ်တဲ့ အနေအထား။ အဲဒီလို ကျန်းမာမနေရင်လည်း နေ့စဉ် လုပ်ဆောင်စရာတွေကိုတောင် မှန်မှန်မလုပ်နိုင်တော့ဘူး။ အအိပ်မမှန်၊ အစားမမှန် ဖြစ်လာတယ်။ မဟုတ်တဲ့နည်းတွေနဲ့ စိတ်ထွက်ပေါက် ပေးမိလာတယ်။

နောက်တစ်ခုက မျှော်လင့်ချက် ကင်းမဲ့မှု။ အထူးသဖြင့် ပြည်တွင်းမှာ ဆက်ရှိနေရတဲ့သူတွေ၊ တခြားနိုင်ငံတစ်ခုကို တရားမဝင် ရောက်လာရတဲ့သူတွေ၊ အောက်ခြေအလုပ်တွေလုပ်ရင်း ရုန်းကန်နေရသူတွေမှာ ဒီပြဿနာကို တွေ့ရတယ်။

ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ဘယ်လိုကောင်းတာတွေပဲ လုပ်လုပ်၊ ထူးလာမှာ မဟုတ်ဘူး ဆိုတဲ့ ခံစားချက်ပေါ့။ မဟုတ်တာ လုပ်တဲ့သူတွေ၊ ပေါပေါပဲပဲတွေကပဲ နေရာရ၊ နာမည်ရ၊ ပိုက်ဆံရနေတဲ့ ခေတ်ကြီး။

🔳 သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ရှင်သန်ကြရဦးမှာပဲ။ ဒါကို မေ့မထားဖို့တော့ လိုတယ်။

🔳 ခေတ်စနစ်ဟာ လူတွေအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိတယ် ဆိုတာ မကြာခဏလည်း ရေးခဲ့ဖူးတယ်။ အဲဒီအတွက်ပဲ နိုင်ငံရေးစနစ် ပြန်ကောင်းလာဖို့ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားနေတာပါ။

တစ်ဖက်မှာလည်း အဲဒီစနစ်တွေ၊ အခြေအနေတွေကိုပဲ လက်ညှိုးထိုးနေလို့ မရပြန်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်၊ တိုးတက်နေအောင်၊ အလုပ်တွေ ပြီးမြောက်အောင်လည်း ကြိုးစားနေကြဖို့ လိုတယ်။

🔳 မတရားမှုကို တွန်းလှန်တယ်၊ တရားတဲ့ဘက်က ရပ်တည်တယ် ဆိုတာ ကောင်းတဲ့ကိစ္စ။ တော်ရုံလူ လုပ်နိုင်ခဲတဲ့အရာ။ လုပ်နိုင်ရင်တောင် ကာလတာရှည် တောင့်ခံနိုင်ဖို့ ဖြစ်နိုင်ခဲတဲ့အရာ။

သို့သော် အဲဒီလို ရပ်တည်ခဲ့တယ်၊ ရပ်တည်နေတယ်ဆိုတိုင်း ပိုက်ဆံတွေ ကိုယ့်အကောင့်ထဲ အလိုလို ဝင်လာမှာ မဟုတ်ဘူး။ တက္ကသိုလ်တစ်ခုခုကနေလည်း ဘွဲ့လာပေးမှာ မဟုတ်သလို၊ တိုးနေတဲ့သွေး၊ တက်နေတဲ့ ဆီးချိုကလည်း ကျသွားမှာ မဟုတ်ဘူး။

သြော် သူ့ခမျာ စိတ်ဓါတ်ကျစရာတွေ များတာကိုး၊ ဘဝက ကြမ်းတာကိုး ဆိုပြီး ဆေးရုံက ပြေစာမှာ FOC တုံး ဘယ်သူကမှ ထုမပေးဘူး။

ဒါကြောင့် ဘယ်လိုအခြေအနေတွေပဲရှိရှိ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ကိုတော့ မေ့လျော့မနေစေချင်ဘူး။

🔳 ဒီလိုပြောရတာ ခုချိန်ထိ ၁၀၀% အများအတွက် ပေးဆပ်ထားတဲ့သူတွေ၊ ကိုယ့်အတွက်ကိုယ် လုံးဝငဲ့မကြည့်အားတဲ့ လူငယ်တွေကို အားတော့နာမိတယ်။

ဒါပေမဲ့ သူတို့တွေထဲမှာတောင် အချိန်ရရင် ရသလို ကိုယ်ဝါသနာပါတာကို လေ့လာနေတဲ့သူတွေ ရှိတယ်။ သိပ်အတုယူစရာ ကောင်းတယ်။ စိတ်ခွန်အားလည်း ဖြစ်ရတယ်။ သူတို့ထက် ပိုအဆင်ပြေနေသေးတဲ့ ငါတို့က စိတ်လေမနေသင့်ဘူး ဆိုတာမျိုး တွေးမိလာတယ်။

🔳 မေးစရာတော့ ရှိတယ်။ အနာဂတ် ပျောက်နေပါတယ်ဆို ဘာကို မျှော်လင့်ပြီး ကြိုးစားရမှာလဲ၊ အထောက်အထားတောင် တရားဝင် မရှိသေးပါဘူးဆို ဘာတွေ လုပ်ရဦးမှာလဲ၊ အထက်တန်းတောင် မအောင်၊ ဘွဲ့တောင် မရသေးပါဘူးဆို ကျွန်တော်တို့ လူငယ်တွေက ဘာဆက်လုပ်ရမှာလဲ စသဖြင့်ပေါ့။

ဒီအတွက် ကျွန်တော့်တသက်လုံး စွဲကိုင်လာခဲ့တဲ့ ဘဝနေနည်းတစ်ခုကို ပြောပြချင်တယ်။

🔳 ကြားဖူးကြလိမ့်မယ်။ “Connecting the dots” ဆိုတာ။ ဘာသာပြန်ရရင်တော့ “အမှတ်စက်များကို ဆက်ခြင်း” တဲ့။ စတိဗ်ဂျော့ဘ်စ်ဆီကနေ ကြားဖူးခဲ့တာ။

ဘဝဆိုတာ အမှတ်စက်ကလေးတွေ တစ်ခုနဲ့တစ်ခု ဆက်ပြီး ပုံဖော်ရတာတဲ့။ ဒါပေမဲ့ အဲဒီအမှတ်စက်တွေကို မင်း ရှေ့ကို မျှော်ပြီး ဆက်လို့မရဘူး၊ နောက်ပြန်ဆက်ကြည့်လို့ပဲ ရတယ်တဲ့။

အားလုံးအတွက်တော့ ကိုက်ညီချင်မှ ကိုယ်ညီလိမ့်မယ်။ ကျွန်တော့်ဘဝကတော့ အဲဒီအတိုင်းပဲ။ ခုလက်ရှိလို အနာဂတ်က မှောင်မိုက်နေတဲ့ အချိန်မှာလည်း သိပ်အသုံးတည့်ပါတယ်။

🔳 နားလည်အောင် ဥပမာပေးရရင် ကျွန်တော် ခုလို စာရေးသူတစ်ယောက် ဖြစ်လာတာမှာ ရှေ့ကို မျှော်တွေးပြီး ကြိုးစားပြင်ဆင်ခဲ့တာ မဟုတ်ဘူး။ ဥပမာ ငါ ဘယ်နှနှစ်နေရင် စာရေးဆရာ ဖြစ်ရမယ်၊ စာအုပ်ထုတ်နိုင်ရမယ်၊ ဒီအတွက် ငါ ဘာစာတွေရေးမယ်၊ ဘယ်ထုတ်ဝေသူတွေနဲ့ မိတ်ဆက်မယ် စသဖြင့် ကြိုတွေးခဲ့တာ မဟုတ်ဘူး။

စာရေးရတာ ဝါသနာပါလို့ ရေးတယ်။ ကိုယ့်အတွေးအမြင်၊ ကိုယ့်အတွေ့အကြုံတွေကို မျှဝေရတာ ကြိုက်တယ်။ ဒါပဲ။ တစ်ဖက်မှာလည်း အလုပ်တွေလုပ်ရင်း ဘဝတွေအကြောင်း ပိုသိလာတယ်။ ပိုပြီး ရေးဖြစ်လာတယ်။ အမှတ်စက်တစ်ခုစီ တစ်ခုစီ ဖြစ်လာတာပေါ့။

အဲဒါတွေအကုန် ပေါင်းစပ်လိုက်တဲ့အခါ စာရေးဆရာ ဆိုတဲ့ ပုံရိပ်တစ်ခု ပေါ်လာတာ။ အခုချိန် နောက်ပြန်လှည့်ပြီး စဉ်းစားလိုက်မှသာ သြော် ငါ အဲဒီတုန်းက လုပ်ခဲ့တဲ့အလုပ်၊ ဖတ်ခဲ့တဲ့စာ၊ တွေ့ခဲ့တဲ့လူ၊ ဒီလိုအမှတ်စက်တစ်ခုစီ တစ်ခုစီက ငါ့ကို ဒီဘဝရောက်လာအောင် ပုံဖော်ပေးလိုက်တာပဲလို့ မြင်လာတာ။

🔳 ဒါကြောင့် အခုချိန်မှာ ရရာအလုပ်တစ်ခုကို လုပ်နေရတယ် ဆိုပါစို့။ စိတ်တော့ ပျက်ချင်စရာပဲ။ ကိုယ်လည်း မလုပ်ချင်ဘူး၊ လစာလည်း လောက်ငှရုံလောက်ပဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျမနေနဲ့။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်။ တချိန်မှာ ဒါဟာ ကိုယ့်ဘဝအတွက် အမှတ်စက်တစ်ခု ဖြစ်လာမလား ပြောလို့မရဘူး။

အထက်တန်းတောင် မပြီးခဲ့ဘူး၊ တက္ကသိုလ်ကနေ ဘွဲ့မရလိုက်ဘူး၊ စိတ်လေမနေနဲ့။ အင်္ဂလိပ်စာဖြစ်ဖြစ် ဘာသာစကား တစ်ခုခုကို တတ်ကျွမ်းအောင်လုပ်။ လမ်းတော်တော်များများ ပွင့်သွားနိုင်တယ်။
ဘာဝါသနာပါမှန်း မသိဘူး၊ ဘာဆက်လုပ်ရမှန်း မသိဘူး စသဖြင့် လမ်းပျောက်နေမယ့်အစား အဲဒီလို တစ်ခုခုကို ဇောက်ချလေ့လာနေလိုက်တာက ကိုယ့်စိတ်ကိုလည်း ကျန်းမာစေတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မြင့်တက်လာတယ်။ အနာဂတ်အတွက်လည်း အသုံးတည့်ကောင်း တည့်လာပါလိမ့်မယ်။

🔳 ရည်မှန်းချက်ဆိုတဲ့နေရာမှာ နှစ်မျိုးနှစ်စား ရှိတယ်။

တစ်မျိုးက Achievement Goal.

အောင်မြင်ပြီးမြောက်မှုနဲ့ ပတ်သက်တယ်။ ဥပမာ အသက်ဘယ်လောက်ဆို အိမ်တစ်လုံး ပိုင်ရမယ်တို့၊ ဘွဲ့ဘယ်နှခု ရရမယ်တို့။ ဒါတွေက ခုလို အနာဂတ်က မှောင်မိုက်နေတဲ့အချိန်မှာ ထားရသိပ်ခက်တယ်။

မျှော်လင့်ထားရင် ဖြစ်မလာတာ များလို့ ဘာကိုမှ မမျှော်လင့်တတ်တော့တဲ့ ကျွန်တော့်မှာဆို အဲဒီလို Achievement Goal တွေ တစ်ခုမှ မရှိဘူး။

🔳 နောက်တစ်မျိုးကတော့ Performance Goal.

ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ။ ဥပမာ တစ်လကို စာတစ်အုပ်ဖတ်မယ်၊ တစ်ပတ်ကို လေ့ကျင့်ခန်း ဘယ်နှရက်လုပ်မယ်၊ တစ်နေ့ကို ဘယ်နှမိနစ် အင်္ဂလိပ်စာ လေ့လာမယ်၊ ဒါတွေကို ဆိုလိုတယ်။

ဒီစာအုပ်ဖတ်လို့ နောင်အနာဂတ်မှာ ဘာဖြစ်မယ် မသိဘူး။ ဒီလေ့ကျင့်ခန်းလုပ်လို့ ဘယ်နေ့ဘယ်လ ပိုကျန်းမာလာမယ် မပြောတတ်ဘူး။ ဒီဘာသာစကား လေ့လာနေလို့ ဘယ်တော့ကျ နိုင်ငံခြားတက္ကသိုလ်ကနေ Scholarship ရမယ် မသေချာဘူး။

ဒါပေမဲ့ ကိုယ်လုပ်နေတယ်။ ကြိုးစားနေတယ်။ ရှေ့ဆက်နေတယ်။

🔳 ချက်ချင်းလက်ငင်းရမယ့် ဆုလာဘ်တွေက အပေါ်မှာ ရေးခဲ့သလို၊ စိတ်ကျန်းမာခြင်းနဲ့ မိမိကိုယ်မိမိ လေးစားမှု။

နောင်မှာ ရချင်ရလာနိုင်တာက အခု ကိုယ်စိတ်အားထက်သန်စွာနဲ့ လုပ်ခဲ့သမျှတွေဟာ အမှတ်စက်ကလေးတွေ ဖြစ်လာပြီး ကိုယ့်ဘဝကို ပုံဖော်ပေးမှာပါပဲ။

🔳 ကျွန်တော်ဆိုလည်း ဘယ်လိုစိတ်ညစ်စရာတွေရှိရှိ၊ တစ်ပတ် စာ ၃ ပုဒ်တော့ ရအောင်ရေးတယ်။ ဘယ်တော့ စာအုပ်ထုတ်နိုင်မယ် မသိဘူး။ ရေးစရာရှိတာ ရေးနေတာပဲ။ ကိုယ့်စိတ်ရော၊ လူရောကိုလည်း ကျန်းမာအောင် နေတယ်။ လေ့လာစရာရှိတာ လေ့လာတယ်။ ဘယ်သူရယ် ဘယ်ဝါရယ် မဟုတ်ဘဲ ကိုယ်တတ်နိုင်တာ ဘယ်သူ့ကိုမဆို ကူညီပေးတယ်။

နောင် ၅ နှစ်စာ ခင်ဗျားမှာ ဘာစဉ်းစားထားတာရှိလဲ၊ နောက် ၃ နှစ်ကျ မင်း ဘာဖြစ်နေချင်လဲ လာမမေးနဲ့။ ကျွန်တော် မသိဘူး။ ဒါပေမဲ့ နေ့နေ့ညည ကျွန်တော့်ကို မောင်းနှင်နေတဲ့ Performance Goal တွေတော့ ရှိတယ်။

အရင်ကတည်းကလည်း ကိုယ့်ရဲ့ အစွဲကြောင့် ဒီအတိုင်းပဲ ရှင်သန်လာခဲ့တာ ဖြစ်သလို၊ အခုလည်း ဒီပုံစံနဲ့ပဲ ကျော်ဖြတ်နေတယ်။ ဒါကြောင့်လည်း ဒီစာကနေတဆင့် မျှဝေလိုက်တာပါ။

🔳 စိတ်ဓါတ်ကျတာလည်း ကျပါ၊ ဒါပေမဲ့ ရေစုန်တော့ မျှောမနေပါနဲ့။

ကျွန်တော်တို့မှာ လုပ်စရာတွေရော၊ လုပ်နိုင်တာတွေပါ အများကြီး ရှိနေပါသေးတယ်။

ဒေါက်တာ ဖြိုးသီဟ
၃၀.၁၀.၂၀၂၅
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် တောင်အရပ်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 30, 10:03PM
📬သတင်းပို့ရန် @EagleInformationOperator
‼️Boycott (သို့မဟုတ်) ဥပေက္ခာ

#Boycott ဆိုတဲ့ စာလုံးက လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ....

ပစ္စည်းတစ်ခုကို မဝယ်တာ မသုံးတာပေါ့လေ......၊

ဒါပေမယ့် ဒီစကားလုံးက အဲ့ဒီထက်ပိုတဲ့ အဓိပ္ပါယ်တွေရှိနေပါသေးတယ်.......၊

အဲ့တာကတော့ ဥပက္ခာပြုခြင်းပဲ ဖြစ်ပါတယ်......၊

စကစနဲ့ပတ်သတ်နေတဲ့ အဆိုတော်တွေ ရှိုးပွဲလုပ်တာကို အားမပေးဘူး.......၊

စကစစီစဥ်တဲ့ အငြိမ့်တွေ၊ပြဇာတ်တွေမကြည့်ဘူး........၊

စကစရဲ့ TV channel တွေမကြည့်ဘူး အစရှိတာတွေပါ........၊

‼️သဘောကတော့ စကစနဲ့ ပတ်သတ်ရင် လုံးဝကို စောက်ရောမဝင်ဖို့ပါပဲ......

#BOYCOTT ( ဥပေက္ခာပြုခြင်း )

#EIO
#Eagle Information Operator
(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🥰1
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ
၂။ တရေးတမောအိပ်စက်အနားယူပါ
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ
၆။ ရေများများသောက်ပေးပါ
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပါစေ🙏

#EIO
#Admin Team
📬သတင်းပေးပို့ရန်
@EagleInformationOperator
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် တောင်အရပ်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 31, 8:04AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
‼️သတင်းထုတ်ပြန်ခြင်း ‼️

၂၉၊၁၀၊၂၀၂၅ ရက်နေ့တွင် မိခင်တပ်ရင်း ဆသရ ၆ (ကလေး) မှ ရခိုင်သို့ပို့ခံရသဖြင့် ထွက်ပြေးလာသည့် စကမတပ်ကြပ်(၁)ဦး မုံရွာမြို့နယ် ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ နှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ပါသည်။ ၎င်းသည် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှု ရှိမရှိ ဆက်လက်စစ်ဆေးလျက်ရှိပါသည်။ မိမိတို့အနေဖြင့် အလင်းဝင် ရန်သူ့တပ်သားများကို ရိုက်နှက်ခြင်း၊ အကြမ်းဖက် နှိပ်စက်များ အလျဉ်း မရှိပါ။ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှုမရှိလျှင် ၎င်း ဖြစ်‌ချင်သော ဆန္ဒအတိုင်း ဆက်လက် ဆောင်ရွက်ပေးပါမည်။

စိတ်လုံခြုံမှု ခံစားချင်သလား၊ ပြည်သူ့မေတ္တာခံယူလိုသလား အခုပဲ အလင်းဝင်လိုက်ပါ။

လေးစားစွာဖြင့်

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

#MPDO
#Info
#EIO
👍3
🚨မုံရွာ🚨

မုံရွာတောင်၊မုံရွေးတိုးဂိတ်မှစခများသည် လမ်းဘေးဝဲယာအမှိုက်များမီးရှို့နေကြောင်းသတင်းရရှိ။

#EIO
Oct 31, 10:28AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာနမခမှထွက်လာသော စခ အိမ်စီးကား(၄)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 31, 11:56AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
"Spy Balloon အန္တရာယ်နှင့် တုံ့ပြန်ရန် နည်းလမ်းများ"

မျက်မှောက်ခေတ် စစ်မြေပြင်နှင့် ထောက်လှမ်းရေး နယ်ပယ်တွင် မြင့်မားသော ကောင်းကင်ယံမှ တိတ်တဆိတ် သတင်းအချက်အလက် စုဆောင်းနေသည့် နည်းပညာတစ်ခုမှာ "Spy Balloon (သူလျှိုပူဖေါင်း)” ပင် ဖြစ်သည်။ ၎င်းသည် အလွန်မြင့်မားသော အမြင့်ပေ (High-Altitude) တွင် ပျံဝဲနိုင်ပြီး မြေပြင်ရှိ ပစ်မှတ်များ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် အထူး ဒီဇိုင်းထုတ်ထားသော ကိရိယာ ဖြစ်သည်။

သုံးသပ်ချက်
Spy Balloon ၏ အဓိက ခြိမ်းခြောက်မှုမှာ ၎င်း၏ တည်ရှိမှုထက် ထောက်လှမ်းစုဆောင်းသွားသော သတင်းအချက်အလက်များ ဖြစ်သည်။ ၎င်းကို တိုက်ခိုက် ဖျက်ဆီးရန် ကြိုးပမ်းခြင်းထက် ၎င်း၏ တည်ရှိမှုကို အချိန်မီသိရှိပြီး မိမိတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန်၊ ၎င်း၏ ဆက်သွယ်ရေးကို နှောင့်ယှက်ရန် နှင့် ၎င်း၏ လှုပ်ရှားမှုလမ်းကြောင်းကို ပြန်လည် မှတ်တမ်းတင်ပြီး တန်ပြန်ထောက်လှမ်းရန် ကြိုးစားခြင်းက ပိုမိုထိရောက်နိုင်ပါသည်။

#SpyBalloon #သူလျှိုပူပေါင်း
#သတင်းထောက်လှမ်းမှု
#MDSI #စစ်ရေးသတင်း
👍3🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ စခများသည် (၆)ဘီးကားဖြင့် အလံနီထောင်၍ မြောက်ဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 31, 3:20PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ စခများသည် (၆)ဘီးကားဖြင့် အလံနီထောင်၍ မြောက်ဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Oct 31, 3:20PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ စခများသည် (၆)ဘီးကားဖြင့် အလံနီထောင်၍ မြောက်ဘက်သို့ဦးတည်ရာ သီတာရုံထိပ်တွင် ဆင်း၍ ပြည်သူအသွားအလာကားများအား တားဆီး၍ ငတ်ကြီးကျ တောင်းရမ်းနေကြောင်းသတင်းရရှိ။

#EIO
Oct 31, 3:33PM
📬သတင်းပို့ရန် @EagleInformationOperator
👍2