EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨ဘုတလင်🚨

ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ ယမန်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော စခများသည် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 29, 8:16PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
မိုးကုတ်မြို့ကို ချစ်ကြသော မိဘပြည်သူအပေါင်းတို့ခင်ဗျာ

၁။ နွေဦးတော်လှန်ရေးခရီး စတင်ခဲ့သည့်အချိန်မှစပြီး ကဏ္ဍအသီးသီးမှ အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီး မိုးကုတ်မြို့အပါအဝင် လွတ်မြောက်နယ်မြေများစွာကို စိုးမိုးနိုင်သည့်အထိ တော်လှန်ရေးခရီးကို အောင်မြင်မှုများစွာဖြင့် လျှောက်လှမ်း နိုင်ခဲ့ကြပါသည်။
၂။ ယခုအချိန်တွင် အကြမ်းဖက်စစ်တပ်၏ ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ် စဥ်းလဲမှုမျိုးစုံနှင့် တိုက်ခိုက်ခြေမှုန်းနေသော်လည်း တော်လှန်ရေးရဲဘော်များ အနေဖြင့် တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ ဆက်လက်တော်လှန်နေကြပါသည်။
၃။ တော်လှန်ရေး ခရီးတစ်လျှောက် မည်သို့ပင်ခက်ခဲသည့် အချိုးအကွေ့များဖြင့် ကြုံရသည်ဖြစ်စေ မိုးကုတ်ဗျူဟာနှင့်အတူ မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့များမှ ကျွန်တော်တို့၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ မမှိတ်မသုန် မဆုတ်တမ်း ဆက်လက်ချီတက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက် တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားပါမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုပါသည်။

#အရေးတော်ပုံအောင်ကိုအောင်ရမည်။
#မိုးကုတ်ဗျူဟာ
🫡2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ ယမန်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော စခများသည် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။ #EIO Oct 29, 8:16PM 📬သတင်းပို့ရန် @EagleInformationOperator
🚨ဘုတလင်🚨

ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ ယမန်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော စခများသည် ထပ်မံ၍ လက်နက်ကြီး၊လက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 29, 9:12PM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
🚨မုံရွာ🚨

မုံရွာနယ်၊မင်းတဲရွာမှ ထွက်လာသော ဆိုင်ကယ်နှင့်ပုဇဉ်းခေါင်းဖြင့် စခများသည် သပြေတောရွာမှတဆင့် ဖန်ခါးကျင်းရွာဘက်သို့ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

Update - ပုဇင်းခေါင်းသည် သပြေတောရွာအနောက်တွင် စခများချထားခဲ့ပြီး သပြေတောရွာသို့ပြန်လည်ဦးတည်ပြီး စခခြေလျင်များနှင့်ဆိုင်ကယ်(၂)စီးသည် ဖန်ခါးကျင်းရွာသို့ ဆက်လက်ဦးတည်ကြောင်းသိရ။(9:26)PM

#EIO
Oct 29, 9:15PM
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
Forwarded from NUG Myanmar
🌧 ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၂၇.၁၀.၂၀၂၅ မှ ၂.၁၁.၂၀၂၅ အထိ)
အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
🌀ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ယခုရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ မြန်မာနိုင်ငံဘက်သို ဦးတည်ရွေ့လျားခြင်းမရှိဟု ခန့်မှန်းရပါသည်။
မိုးအခြေအနေမှာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
🗓 နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။
🌨📌🌥📌☁️📌🌩📌📌🌤
#မိုးလေဝသသတင်း
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰1
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊GTC ကျောင်းမှ ထွက်လာသော စခ ခမ အအ(၁၀)ကောင်ခန့်သည် ငြိမ်းချမ်းအေးကျောင်းနားသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 30, 7:09AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊GTC ကျောင်းမှ ထပ်မံ၍ ထွက်လာသော စခများသည် GTC‌အနီးဝန်းကျင်၊မိုးညင်းဘုရားအနီးဝန်းကျင်သို့ရောက်ရှိ၍ ကင်းများနေရာယူထားကြောင်းသတင်းရရှိ။

မိဘပြည်သူများနှင့် တလရရဲဘော်များအနေဖြင့်အထူးဂရုစိုက်၍ သွားလာကြပါရန် #EIO မှတိုက်တွန်းနှိူးဆော်လိုက်ပါသည်။

#EIO
Oct 30, 7:24AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲနှင့်မိုး
ညင်းလမ်းဆုံသို့တစ်ဖွဲ့၊ မြေနဲနှင့်‌အောင်သာလမ်းကူးသို့တစ်ဖွဲ့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 30, 7:44AM
📬သတင်းပို့ရန် @EagleInformationOperator
👍2