EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် ရေပုလဲရွာတောင်ဘက်သို့ ရောက်ရှိ‌‌နေကြောင်း သတင်းရရှိ။

#EIO
Oct 28,4:32PM
📬သတင်းပို့ရန် @EagleInformationOperator
ဆိပ်ဖြူစစ်ဆေးရေးဂိတ်ကို PDFဝင်တိုက်၊ စစ်သား ၄ ဦးသေဆုံးပြီး PDF စစ်ကြောင်းမှူးကျဆုံး

28 Oct 2025 By Nway / MPA

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦးသေဆုံးပြီး PDF စစ်ကြောင်းမှူး ကျဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ရက်၊ နံနက် ၅နာရီခွဲခန့်တွင် ဆိပ်ဖြူမြို့နယ်၊ဂွေးပင်ချောင်းကျေးရွာနှင့် တောင်ငယ်လုံးကျေးရွာ ကြားရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို PDFတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် တပ်ရင်း၁၉ က ယနေ့ ( အောက်တိုဘာ ၂၈ရက် ) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

" ဂိတ်မှာက အင်အားက နှစ်စိတ်စာ ၁၅ ယောက်ပါ။ တစ်ခါတလေကျ အနည်းဆုံး ၁၂ ယောက်ထိ ရှိတယ်။ တိုက်ပွဲကြာချိန်က မိနစ် ၄၀ ပါ။ စစ်ဆေးရေးဂိတ်ထဲထိ တိုက်စစ်ဖွင့်ပြီး တိုက်ခဲ့တာပါ။ ဆိပ်ဖြူ၊ ဘောလုံးကွင်းကနေ စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့တာပါ။ ရန်သူ့သေဆုံးမှုက ၄ဦးပါ။ ဒါကတော့ မျက်မြင်ပေါ့" ဟု ပခုက္ကူခရိုင် တပ်ရင်း၁၉မှ ရဲဘော်တစ်ဦးက MPA ကို ပြောသည်။

ယင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော် ဟိန်းမင်းသူမှာ Yenathar Column ( မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း) မှဖြစ်သည်။

" စစ်ကြောင်းမှူးက ဆိပ်ဖြူမြို့ဘောလုံးကွင်းကနေ စစ်ကူ ရောက်လာတော့ ကျနော်တို့ ပြန်အဆုတ်မှာ လက်နက်ငယ်ထိခဲ့ပြီး ကျခဲ့တာပါ " ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းမှူး၏ ဖုန်းကို စစ်တပ်က ရရှိ‌သွားသောကြောင့် အဆက်အသွယ်ရှိသူများ ကြိုတင်ရှောင်ရှားကြရန်လည်း Yenathar Column က သတိပေးထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)နှင့် Yenanthar column (မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး သေနတ် တစ်လက် နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၅ရက်ကလည်း ဆိပ်ဖြူမြို့နယ်တွင် PDF နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

ဓာတ်ပုံ - ရဲဘော်ဟိန်းမင်းသူ Facebook

ပုံစာ - ကျဆုံးသွားသည့် မှ စစ်ကြောင်းမှူး ရဲဘော်ဆိပ်ဖြူ (ခ) ရဲဘော် ဟိန်းမင်းသူ

စာတည်း-ML

#ဆိပ်ဖြူမြို့နယ် #စစ်တပ်စစ်ဆေးရေးဂိတ် #စစ်ကြောင်းမှူးကျဆုံး #MPA #Nway
😢2
🚨မုံရွာ🚨

မုံရွာနယ်၊‌တောပုပျူရွာမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Oct 28, 7:55PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာနယ်၊‌တောပုပျူရွာမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏 #EIO…
🚨မုံရွာ🚨

မုံရွာနယ်၊‌တောပုပျူရွာမှ စခများသည် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Oct 28, 8:06PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော တောင်ပုံရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 28, 8:10PM
📬သတင်းပို့ရန် @EagleInformationOperator
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰2
🚨🚨 ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁၂:၀၁ မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့အနီး၊ မြေအောက်အနက် ၃၇ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။

🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

မှတ်ချက်။ မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။

#2025MyanmarEarthquake
#MyanmarEarthquake
#RebuildMyanmar
#NUGEarthquakeassist
#NUGMyanmar
🥰1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြာပိုင်ရွာတောင်ဘက် ထန်းခြံအနီးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 29, 1:25PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာ၊‌ညောင်ပင်စောက် စာသင်ကျောင်းထဲသို့ စခအိမ်စီးကား(၄)စီးရောက်ရှိနေ
ကြောင်းသတင်းရရှိ။

#EIO
Oct 29, 1:32PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြာပိုင်ရွာတောင်ဘက် ထန်းခြံအနီးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Oct 29, 1:25PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြာပိုင်ရွာတောင်ဘက် ထန်းခြံအနီးသို့ ရောက်ရှိနေပြီး မီးစတင်ရှို့နေကြောင်းသတင်းရရှိ။

Update - ယာခင်းများရှင်းလင်းပြီး ပခ မသာများမီးရှိူ့နေခြင်းဖြစ်ကြောင်းသိရပြီးလက်နက်ငယ်များလည်းပစ်ခတ်ကြောင်းသတင်းရရှိ။

#EIO
Oct 29, 1:32PM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨မုံရွာ🚨

မုံရွာတောင်၊ဆားကျင်းရွာ အနောက်လမ်းဆုံတွင် စခများရောက်ရှိနေပြီး လမ်းသွားလမ်းလာများပြည်သူများအား အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Oct 29, 1:50PM
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြာပိုင်ရွာတောင်ဘက် ထန်းခြံအနီးသို့ ရောက်ရှိနေပြီး မီးစတင်ရှို့နေကြောင်းသတင်းရရှိ။ Update - ယာခင်းများရှင်းလင်းပြီး ပခ မသာများမီးရှိူ့နေခြင်းဖြစ်ကြောင်းသိရပြီးလက်နက်ငယ်များလည်းပစ်ခတ်ကြောင်းသတင်းရရှိ။…
🚨မုံရွာ🚨

မုံရွာတောင်၊‌ကြာပိုင်ရွာတောင်ဘက် ထန်းခြံအနီးသို့ ရောက်ရှိနေသော တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောပုပျူရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Oct 29, 2:17PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (#Route Direction) ၊ အချိန် (#Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ တာဝန်သိစိတ်ဖြင့် သတင်းများအားပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာကူးယူဖြန့်ဝေနိုင်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
တရုတ်၏ ကြားဝင် ညှိနှိုင်းမှုဖြင့် မိုးကုတ်နှင့်မိုးမတ်မြို့များမှ TNLA တပ်များ ဆုတ်ခွာရန် သဘောတူညီပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ ၂၉

TNLA က သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမတ်မြို့များမှ ဆုတ်ခွာရန် သဘောတူညီလိုက်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း ယနေ့ TNLA က သတင်းထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တိုတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုများပြုလုပ်နိုင်ခဲ့ပြီး သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တို့မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

TNLA ၏ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုဘဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၀၀ နာရီ ၀၀ မိနစ် အချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန် အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း TNLAက သတင်းထုတ် ပြန်သည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်က ကျောက်မဲ၊ နောင်ချို၊ သီပေါကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့ပြင် TNLA က မိုးကုတ်နှင့် မိုးမိတ်မြို့များကိုပါ ထပ်မံ စွန့်လွှတ်မည်ဖြစ်သော ကြောင့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူမြို့များသာ TNLA လက်ထဲတွင် ကျန်ရှိတော့မည်ဖြစ်သည်။

#KTM
🤬1
မုံရွာ - မန္တလေးလမ်းပိုင်းမှာ ပျူစောထီးအဖွဲ့ မိုင်းထိ

အောက်တိုဘာ-၂၉၊ ၂၀၂၅။ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာ - မန္တလေးလမ်းပိုင်းမှာ ခရီးသွားကားတွေကို ငွေတောင်းဖို့ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ မိုင်းထိပြီး ၂ဦးသေဆုံးကြောင်း MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၂၆ရက် မနက် ၆နာရီ မိနစ် ၄၀ခန့်က မုံရွာ-မန္တလေးလမ်းပေါ်ကို ခရီးသွားကားတွေဆီကနေ ငွေတောင်းဖို့ ထွက်လာတဲ့ အင်အား ၂၀ ပါ ပျူစောထီးအဖွဲ့ကို ပဒေသာမိုင်း ၃လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နေရာမှာတင် ပျူစောထီး တစ်ဦးသေဆုံးကာ ၆ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရသွားသူများထဲမှ တစ်ဦးလည်း ထပ်မံသေဆုံးခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

"ပြည်သူကားတွေတားပြီး ထပ်မံမိုင်းရှင်းခိုင်းပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြ
ပါလို့ပဲ ပြောချင်ပါတယ်"လို့ MONWYA DYNAMIDE-STF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် ပျူစောထီးအဖွဲ့ရဲ့ ထိခိုက်သေဆုံးမှုတွေကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ထိခိုက်သေဆုံးတဲ့ ပျူစောထီးတွေဟာ တောပူကျေးရွာကဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ခရီးသွားယာဥ်တွေဆီကနေ ငွေညှစ်တာ၊ မုံရွာနယ်တောင်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA၊
MONWYA DYNAMIDE-STF၊ CHINDWIN FIGHTER GROUP.CFGတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နောက်တရက်မှာလည်း မုံရွာ-မန္တလေးလမ်းပိုင်းက မအူစစ်ဆေးရေးဂိတ်အနီးမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ယာဥ်တွေပိတ်မိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခရီးသွားပြည်သူတွေကို လူသားဒိုင်းလုပ်တာ၊ မိုင်းဆင်းရှာခိုင်းတာတွေ ပြုလုပ်လေ့ရှိတာကြောင့် ပြည်သူတွေသတိပြုသွားလာကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

(ပျူစောထီး ကို မိုင်းဆွဲတိုက်ခိုက်စဥ်။ ဓါတ်ပုံ-File Video)
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ-ဘုတလင်🚨 မုံရွာ နမခနှင့် ဖန်းခါင်းကျင်းရွာမှ ထွက်လာသောစခများသည် ဘုတလင်နယ်ဇီးတောရွာ ပေလမ်းရှိ ပြည်သူပိုင်တိုက်တန်းများတွင် ကင်းများအဖြစ်ဝပ်ကျင်းချနေကြပြီးစခ အအ အများအပြားလည်း ကျန်ရှိနေဆဲဖြစ်ပြီး စခတချို့သည် ဖန်ခါးကျင်းရွာသို့ ပြန်လည်ရောက်ရှိနေကြောင်းသတင်းရရှိ။…
🚨ဘုတလင်🚨

ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ ယမန်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော မုံရွာ နမခနှင့် ဖန်းခါင်းကျင်းရွာမှ ထွက်လာသောစခများသည် ပေလမ်းတွင် ပြည်သူကားများအားတားဆီး၍ ငတ်ကြီးကျ တောင်းရမ်းစစ်ဆေးနေကြောင်းသတင်းရရှိ။

#EIO
Oct 29, 3:20PM
📬သတင်းပို့ရန် @EagleInformationOperator
🤬1
ထုတ်ပြန်ကြေညာချက် (၂/၂၀၂၅)

“ပြည်သူထံသို့ အသိပေးတင်ပြခြင်း”

၂၀၂၅ ခုနှစ် ၊ အောက်တ်ိုဘာလ (၂၉)ရက်
🫡1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ ယမန်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော မုံရွာ နမခနှင့် ဖန်းခါင်းကျင်းရွာမှ ထွက်လာသောစခများသည် ပေလမ်းတွင် ပြည်သူကားများအားတားဆီး၍ ငတ်ကြီးကျ တောင်းရမ်းစစ်ဆေးနေကြောင်းသတင်းရရှိ။ #EIO Oct 29, 3:20PM 📬သတင်းပို့ရန်…
🚨ဘုတလင်🚨

ဘုတလင်နယ်၊ဇီးတောအနောက်ရွာသို့ ယမန်နေ့ကတည်းကရောက်ရှိပြီး ညအိပ်ဝပ်ကျင်းချနေသော မုံရွာ နမခနှင့် ဖန်းခါင်းကျင်းရွာမှ ထွက် စခများသည် လက်နယ်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Oct 29, 6:40PM
📬သတင်းပို့ရန် @EagleInformationOperator
👍2