EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.92K links
Download Telegram
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰2
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့်အတူတကွပူးပေါင်း၍ (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့် Admin Teamသည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ ကိုယ်ထူကိုယ်ထ သတင်းကျင့်ဝတ်စည်းကမ်းနှင့်အညီလုပ်ကိုင်နေကြခြင်းသာဖြစ်ပါသည်။

#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝလုံးဝ)အလျင်းမရှိပါ။#EIO နှင့်ပုံစံတူ၊ဖရိမ်တူ၊သတင်းတင်ပုံ၊စာအရေးအသားတူပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO Admin Teamမှ လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။

#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း (လုံးဝ၊လုံးဝ) မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူမှ ပြည်သူသို့
ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့ဖြစ်သည့်အတွက် #Source Credit ပေးစရာမလို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

{ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ}

စခလေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်း၊ယာဥ်တန်းများ၊(စခ+ပခ)များ၏ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများ၊တလရ ရဲ‌ဘော်များအနေနှင့် တာဝန်သိစိတ်ဖြင့် ယုံကြည်စိတ်ချစွာ မိမိတို့ #EIO - (Eagle Information Operator) Admin Teamအား သတင်းများပေးပို့နိုင်ပါသည်။ အချိန်နဲ့တပြေးညီ သတင်းပေးပို့နိုင်သည့် Facebook Page မက်ဆင်ဂျာ၊တယ်လီဂရမ်ချန်နယ်အကောင့်၊Gmail Accထံတွင်သတင်းပေးပို့နိုင်ပါသည်။၊

Be safe, be strong, be of help !

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformation

⚜️#EIO Telegram Chat Box - https://t.me/+Qz1CdgWbtzM2Njg1

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator
🙏2🥰1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️ #EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့န…»
🚨ချောင်းဦး🚨

ခင်မွန်၊ဘက်စုံခြံမှထွက်လာသော စခ ခမ အအ(၁၀)ကောင်ခန့်သည် လက်နက်ကြီးပါရှိပြီး ရွှေမြင့်မိုရ်ဆေးရုံမြောက်ဘက်မှ အရှေ့ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 28, 9:23AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2👍1
Forwarded from BBM
သီတာယုမွန် ပျူအဖွဲ့ဘက်မှ ဒရုန်း ၁ စီးကို နယ်မြေရှင်းလင်းစဉ် နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

BBM-အောက်တိုဘာ၂၈
သတင်း-ခက်ဆစ်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ သီတာယုမွန် ပျူအဖွဲ့ရဲ့ ဒရုန်း ၁ စီးကို နယ်မြေရှင်းလင်းရေးလုပ်စဉ် သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက BBM ကိုပြောပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အတွင်း အခုရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ သီတာယုမွန် ပျူစောထီးအဖွဲ့ဘက်မှ ဒရုန်း ၁ စီးကို နွားထိုးကြီးမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တာပါ။

"တိုက်ပွဲကနေလို့ ပြောလဲရပါတယ်၊ ကျနော်တို့ ရှင်းလင်းရေးလုပ်ရင်းနဲ့ ရတာပေါ့လေ၊ သူတို့ ပျက်ကျထားတာကို ကျနော့်တို့ ပြန်ပြီးတော့ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ သိမ်းဆည်းရမိခဲ့တာ" လို့ နွားထိုးကြီး ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက BBM ကို ‌ပြောပါတယ်။

သီတာယုမွန် ဦးဆောင်တဲ့ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဘက်မှ ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျခဲ့တဲ့ အဆိုပါ ဒရုန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ပြန်လည်အသုံးပြုလို့ ရတယ်လို့လည်း သိရပါတယ်။

"၂၇ ရက်နေ့က နယ်မြေရှင်းလင်းရေး လုပ်ရင်းနဲ့ နွားထိုးကြီးနယ်ဘက်မှာပါဗျ ရတာက၊ ပြန်လည်အသုံးပြုလို့ ရပါတယ်၊ သီတာယုမွန် ဘက်ကပါဗျ" လို့ နွားထိုးကြီး ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက BBM ကို ‌ဆက်လက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် ၄၀ နီးပါးသေဆုံးခဲ့ပြီး ဒရုန်းဂျမ်မာ၊ ဒရုန်းတွေနဲ့ ကား ၃ စီးအပါအဝင် လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ခဲ့ပါတယ်။

Photo- နွားထိုးကြီး ပကဖ
👍1
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊ခင်မွန် ရပ်သာတွင် စခခမ အအ(၃၀)ခန့်ရောက်ရှိနေပြီး ပြည်သူဓားစာခံများလည်းပါရှိကြောင်းသတင်းရရှိ။

#EIO
Oct 28, 10:26AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွေးတိုးဂိတ်မှ စခများသည် ကားကြုံဖြင့် မြောက်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 28, 10:46AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
Forwarded from MMWeather
နိုဝင်ဘာ ၁ ရက် နေ့လည် ၁၂ နာရီမှ နိုဝင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီအထိ - ၇၂ နာရီ (၃ ရက်)အတွင်း ဆိုင်ကလုန်းမုန်တိုင်း MONTHA အကြွင်းအကျန်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်လာမည့် လေပွေလှိုင်းတို့ရဲ့အရှိန်ကြောင့် -
💦 မြန်မာတနိုင်ငံလုံးမှာ မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့/မြောက်/တောင်)၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသအချို့မှာ နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက် မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။
💦 ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ ၃ ရက်အတွင်း မိုးရေချိန် ၀.၅ လက်မ မှ ၂ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။

တောင်သူများစိုက်ပျိုးလုပ်ကိုင်ရာ တိုင်း/ပြည်နယ်အသီးသီးမှ မြို့နယ်များအတွက် မိုးလေဝသအခြေအနေ ၄ ရက်ကိုတင်ခန့်မှန်ချက် သိလိုလျှင် ကြည့်ရန် - https://www.mmweather.org/divisional-cities-weather

အောက်တိုဘာ ၂၈ ရက် နံနက် ၁၀ နာရီ
WINDY: ECMWF MODEL track and RAIN-ACCUMULATION DATA UPDATE
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ချောင်းဦး🚨 ချောင်းဦးနယ်၊ခင်မွန် ရပ်သာတွင် စခခမ အအ(၃၀)ခန့်ရောက်ရှိနေပြီး ပြည်သူဓားစာခံများလည်းပါရှိကြောင်းသတင်းရရှိ။ #EIO Oct 28, 10:26AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊ခင်မွန် ရပ်သာတွင် စခခမ အအ(၃၀)ခန့်ရောက်ရှိနေပြီး ပြည်သူဓားစာခံများလည်းပါရှိကြောင်းသတင်းရရှိ။

Update - ရှစ်မျက်နှာဘုရား သရက်ခြံတွင်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 28, 11:08AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွေးတိုးဂိတ်မှ စခများသည် ကားကြုံဖြင့် မြောက်သို့ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Oct 28, 10:46AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွေးတိုးဂိတ်မှကားကြုံဖြင့် လိုက်လာသော စခများသည် ကြေးမုံရွာထိပ် ကျားမင်းမုန့်တီဖိုရှေ့သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 28, 11:10AM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨မုံရွာ-ဘုတလင်🚨

မုံရွာ နမခနှင့် ဖန်းခါင်းကျင်းရွာမှ ထွက်လာသောစခများသည် ဘုတလင်နယ်ဇီးတောရွာ ပေလမ်းရှိ ပြည်သူပိုင်တိုက်တန်းများတွင် ကင်းများအဖြစ်ဝပ်ကျင်းချနေကြပြီး စခတချို့သည် ဖန်ခါးကျင်းရွာသို့ ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 28, 11:50AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨မုံရွာ🚨

မုံရွာနယ်၊အက်တောအဝိုင်းပတ်တွင် စခအိမ်စီးကားများနှင့်ဂျမ်ဘာကားသည်ရောက်ရှိနေပြီး သာစည်လမ်း TTC ကျောင်းမှထွက်လာသော စခများသည်လည်း သာစည်လမ်းနှင့် အက်တောအဝိုင်းပတ်အထိ ခြေရှုပ်နေကြောင်းသတင်းရရှိ။

#EIO
Oct 28, 12:00PM
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
ကျနော်တို့ နာတတ်မှန်း လက်တွေ့ပြကြစို့

အာဏာရှင်စနစ်ထောက်ခံသူတွေဟာ ပြည်သူလူထုကို ကျောခိုင်းသူတွေဖြစ်တယ်။ ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားတိုက်ပွဲဝင်နေသူတွေဟာ မြင့်မြတ်သူတွေဖြစ်တယ်။ သူတို့ကို ပျက်ရယ်ပြုတာဟာ ဒီမိုကရေစီတော်လှန်ရေးနဲ့ ပြည်သူတရပ်လုံးရဲ့ နာကျဉ်မှုတွေကို စော်ကားလိုက်တာဖြစ်တယ်။

နေ့စဉ်နဲ့အမျှ သေကျေပျက်စီးနေရတဲ့ လူထုရဲ့ ဒုက္ခဆင်းရဲကို မကြည့်ရက်ဖူး စာနာကူညီချင်တယ်ဆိုရင် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ကြရမှာပဲ။ ထိရောက်တဲ့နည်းလမ်းတခုအဖြစ် အာဏာရှင်တွေနဲ့ပူးပေါင်းတဲ့ အနုပညာသမားတွေကို ကျနော်တို့ လက်မခံဆန့်ကျင်ကြောင်း ထင်ထင်ရှားရှား ဆန္ဒဖေါ်ထုတ်ပြသဖို့အင်မတန် အရေးကြီးပါတယ်။ အဲဒီ ဖက်ခွက်စား (BC နဲ့ SP) ဘာမှန်းမသိဘူးဆိုတဲ့ လူတန်းစားကို
သိအောင်လုပ်ရမယ်။ ကျနော်တို့ နာကြစို့။

#KMS
👍2💯1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်းသတင်းရရှိ။

#EIO
Oct 28, 12:49PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
“From Content to Career" ခေါင်းစဉ်ဖြင့် Video Content ဖန်တီးခြင်း အွန်လိုင်းသင်တန်း ဖွင့်လှစ်”

ပြည်သူပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာနသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူများအား သက်မွေးပညာရပ်တခုခုဖြင့် ကိုယ်ပိုင်ဘဝရပ်တည်နိုင်ရေးအတွက် မြေပြင်သင်တန်းများအပြင် အွန်လိုင်းသင်တန်းများကိုပါ ဖွင့်လှစ်ပေးလျက် ရှိပါတယ်။ 

ဆိုရှယ်မီဒီယာနည်းပညာဖြင့် တဖက်တလမ်းမှ ဝင်ငွေ ဖန်တီးလိုတဲ့ စစ်သား/ရဲ/အရပ်ဖက် CDM များ၊ PDF အဖွဲ့ဝင်ဟောင်းများ၊ တက်ကြွလှုပ်ရှား ပုဂ္ဂိုလ်များအတွက် "From Content to Career" ဆိုတဲ့ Video Content ဖန်တီးခြင်း အွန်လိုင်းသင်တန်းကို အောက်တိုဘာလ (၁၀) ရက်နေ့က စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ယခုအမှတ်စဉ် (၁) သင်တန်းကို လျှောက်ထားသူများပြားလှတဲ့အတွက် ပြည်တွင်းလွတ်မြောက်ဒေသမှာနေသူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်ပေးဆပ်ခဲ့ကြရတဲ့ ရဲဘော်ရဲဘက်တွေကို ဦးစားပေး ရွေးချယ်ကာ သင်တန်းသားဦးရေကိုလည်း (၂၅) ဦးအထိ တိုးမြှင့် လက်ခံခဲ့ပါတယ်။

သင်တန်းကာလ တစ်လကြာမြင့်မှာ ဖြစ်ပြီး 
- Video Content များ ရိုက်ကူးဖန်တီးခြင်း အခြေခံများ၊
- အသုံးများတဲ့ Video Edit နည်းများ၊
- အသံထည့်နည်းစနစ်များ၊
- YouTube၊ Facebook၊ Tiktok ချန်နယ်ပြုလုပ်ကာ Monetization ဝင်ငွေ ရအောင်ဖန်တီးခြင်း
စတဲ့ ပညာရပ်များကို Zoom Sessions၊ Telegram Group Sessions၊ Video Lessons များဖြင့် ပဒေသာချန်နယ်ရဲ့ ပဲ့ကိုင်ရှင် ကိုပဒေသာက သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်းသတင်းရရှိ။ #EIO Oct 28, 12:49PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး ပြည်သူကားများအားတားပြီး မိုင်းရှင်းခိုင်းနေကြောင်သတင်းရရှိ။

#EIO
Oct 28, 12:59PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2