EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊ခင်မွန် ရပ်သာရပ်ဘုန်းကြီးကျောင်းနှင့် ရွာအရှေ့ဘက်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:29AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊‌စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:29AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များပစ်‌ဖောက်နေကြောင်းသတင်းရရှိ။ #EIO Oct 26, 6:28AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များ ထပ်မံ၍ပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:49AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ နောက်ထပ် စခပခများသည် အရှေ့ပေလမ်းထိပ်သို့ ဦးတည်ထွက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 8:03AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
👍3🙏3
မိုးလေဝသသတင်း

BBM-အောက်တိုဘာလ ၂၆
သတင်း-ဦးထွန်း

ယနေ့မနက် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

တနင်္သာရီတိုင်းတွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါ သည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍5🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် လမ်းသွားလမ်းလာပြည်သူကားများအား ဂိတ်အတွင်းထိဝင်ရောက်ခိုင်းပြီး အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 9:00AM
📬သတင်းပို့ရန် @EagleInformationOperator
👍3🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြေးမုံရွာတွင်းသို့ ရောက်ရှိနေပြီး လက်နက်ငယ်များ ပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 9:30AM
📬သတင်းပို့ရန် @EagleInformationOperator
👍3🙏1
“ကချင်ဒေသရောက် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင်က ထောက်ပံ့”

ကချင်ဒေသရောက် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင်က အခြေခံရိက္ခာနှင့် အခြေခံလူမှုအကူအညီ၊ ကျန်းမာရေး၊ ပညာရေး အကူအညီများ အတွက် (၁၀) သိန်းကျပ် ကို ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ (KPEZ) အဖွဲ့မှတဆင့် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့အနေနဲ့ ရံပုံငွေရရှိမှု အခြေအနေနဲ့ အခက်အခဲများ အပေါ် မူတည်ပြီး နေရာဒေသ အသီးသီးမှာရှိတဲ့ CDM စစ်သား၊ ရဲသားနဲ့ မိသားစုဝင်များကို ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။
👍2🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းမှ မအူဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 26, 10:17AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
ဂျိုင်ရိုကော်ပတာ အသုံးပြု တိုက်ခိုက်မှုအန္တရာယ်နဲ့ ကာကွယ်နိုင်မယ့် နည်းလမ်း
=================================
စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေကို စစ်အုပ်စုက လေကြောင်းလက်နက် မျိုးစုံ အသုံးပြုကာ တိုက်ခိုက် သတ်ဖြတ်နေပါတယ်။ အထူးသဖြင့် ခုခံတော်လှန်မှု အားကောင်းတဲ့ မြန်မာပြည် အလယ်ပိုင်း အညာဒေသကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ သာမက တန်ဘိုးနည်း၊ စရိတ်သက်သာတဲ့ Paramotor (ပါရာမော်တာ) - စက်တပ်လေထီး၊ Gyrocopter (ဂျိုင်ရိုကော်ပတာ) - ရဟတ်ယာဉ်ငယ်တွေ အသုံးပြုပြီးတော့ပါ နေ့စဉ်ရက်ဆက် ဗုံးကြဲ တိုက်ခိုက်နေတာပါ။

ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာဆိုတာက နိုင်ငံတကာမှာ စူးစမ်းလေ့လာရေးနဲ့ အပျော်စီးအဖြစ် အသုံးပြုကြတဲ့ လေကြောင်းကိရိယာတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ၂၀၂၅ နှစ်ဆန်းပိုင်းက စလို့ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာတွေ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။

စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ အသုံးပြုပြီး လေကြောင်း တိုက်ခိုက်တာကြောင့် လူအများအပြား အသက် သေဆုံးကြရသလို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံဆေးခန်း အစရှိတဲ့ လူအများအပြား အသုံးပြု မီခိုနေတဲ့ အဆောက်အဦးတွေလည်း ပျက်စီးဆုံးရှုံးနေပါတယ်။

ဂျိုင်ရိုကော်ပတာ အသုံးပြုတိုက်ခိုက်မှု အန္တရာယ်နဲ့ တိုက်ခိုက်ခံရချိန် အသက်ဆုံးရှုံးမှု မရှိစေရေး ကာကွယ် နိုင်မယ့် နည်းလမ်းတွေကို MFP က စုစည်း ဖော်ပြထားပါတယ်။

ဂျိုင်ရိုကော်ပတာ (Gyrocopter) ဆိုတာ ဘာလဲ
------------------------
ဂျိုင်ရိုကော်ပတာဆိုတာ ရဟတ်ယာဉ်နဲ့ ဆင်တူတဲ့ လေယာဉ်ငယ် အမျိုးအစား ဖြစ်ပါတယ်။ အပေါ်ဘက် အလယ်တည့်တည့်မှာ ရဟတ်ယာဉ်တွေလို ပျံတက်စေတဲ့ ဒလက်ပန်ကာတစ်ခုနဲ့ နောက်ဘက် အမြီးပိုင်းမှာတော့ လေယာဉ်တွေလို ရှေ့ဘက်ကို ရွေ့လျားစေတဲ့ ဒလက်ပန်ကာ တစ်ခု ပါရှိပါတယ်။ ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးထက် ပိုမိုအသုံးပြုရ လွယ်ကူတာ၊ ပိုပြီး ဘေးကင်းတာ၊ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်တာ၊ တိုက်ခိုက်ရေး လက်နက်ပစ္စည်း အများ အပြား သယ်ဆောင်နိုင်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။

အဓိက သိရှိထားရမယ့် အချက်တွေ
--------------------------
ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးတွေထက် အသံပိုပြီး ဆူညံပါတယ်။
အမျိုးအစားအလိုက် ပျံသန်းနိုင်တဲ့ အကွာအဝေးနဲ့ အမြန်နှုန်းကွာခြားချက်တွေရှိပါတယ်။ အနည်းဆုံး တစ်နာရီကို ပျမ်းမျှ မိုင် (၆၀) ကနေ အမြင့်ဆုံး မိုင် (၁၅၀) ဝန်းကျင်ခန့်အမြန်နှုန်းအထိ ရောက်ရှိနိုင်ပြီး ဆီတိုင်ကီအရွယ်အစားပေါ်မူတည်ပြီး တချို့အမျိုးအစားတွေမှာ အကွာအဝေး မိုင် (၆၀၀) ဝန်းကျင်အထိ ရောက်ရှိနိုင်ပါတယ်။

အမျိုးအစားအလိုက် လူတစ်ဦးကနေ အများဆုံး သုံးဦးအထိ လိုက်ပါစီးနင်းနိုင်ကြပါတယ်။

ဂျိုင်ရိုကော်ပတာဟာ စက်တပ်လေထီးတွေထက် အလေးချိန် အများအပြား ပိုမို တင်ဆောင်နိုင်တာကြောင့် ၁၂၀ မမ မော်တာဗုံးသီးတွေအပြင် တခြား တိုက်ခိုက်ရေး လက်နက်၊ ဗုံးနဲ့ ဝေဟင်ကနေ မြေပြင်ပစ် လက်နက်ငယ်တွေပါ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

ဂျိုင်ရိုကော်ပတာဟာ တိုက်လေယာဉ်၊ ရဟတ်ယာဉ် တွေထက် ကုန်ကျစရိတ် သက်သာတာ၊ ပြုပြင်ထိန်းသိမ်းဖို့ လွယ်ကူတာ၊ ပျံတက်ဖို့ ပြေးလမ်းတိုသာ လိုအပ်တာ၊ တိုက်ခိုက်ရေး လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုတဲ့ လက်နက်ငယ်တွေကို တပ်ဆင်အသုံးပြုနိုင်တာ စတဲ့ အားသာချက်တွေ ရှိပါတယ်။

အသက်အန္တရာယ်က ကာကွယ်ဖို့ ဒါတွေကို လိုက်နာပါ
----------------------------
ဂျိုင်ရိုကော်ပတာ ပျံသန်းလာတဲ့ စက်အင်ဂျင်သံ၊ ဒလက်ပန်ကာသံ စတဲ့ အသံတွေ ကြားရပါက ပတ်ဝန်းကျင်အကို အထူး သတိပြုပါ။

ဂျိုင်ရိုကော်ပတာကို မြင်ပါက ဒါမှမဟုတ် စက်အင်ဂျင်သံနဲ့ ဒလက်ပန်ကာသံတွေ ကြားပါက ဒါမှမဟုတ် အန္တရာယ် သတိပေးချက် ရလျင်ရချင်း အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ပုန်းခိုပါ။

ကျေးရွာတွေ၊ လူထူထပ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံကဲ့သို့ အဆောက်အဦးတွေနဲ့ စစ်ရေး အခြေစိုက် စခန်းတွေကို ဦးတည် တိုက်ခိုက် နိုင်တာကြောင့် အဲ့ဒီလို နေရာတွေကို သတိပြု ရှောင်ရှားပါ။

လူအုပ်စုလိုက် တစ်နေရာတည်း စုဝေးပုန်းခိုတာမျိုး မလုပ်ပါနဲ့ ။ အတတ်နိုင်ဆုံး လူစုခွဲပြီး ပုန်းခိုပါ။

Ref- Aviation Safety Network, Military Information
🙏3
ချောင်းဦးမှာ စစ်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကိုဖမ်းထား

ချောင်းဦး၊ အောက်တိုဘာ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကြောင်းဝင်နေတဲ့ စစ်ကော်မရှင်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီးသွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်မနက် ၇ နာရီခန့်မှာ တောပု၊ မုံရွေးတိုးဂိတ်၊ မြပုလဲ၊ ချောင်းဦးမြို့တို့က ပျူစောထီးနဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေပေါင်းထားတဲ့ အင်အား ၄၀ ခန့်ဟာ ခင်မွန်ရွာထဲရှိ ရပ်သာရပ်ကွက်ထဲဝင်ပြီးဖမ်းဆီးချိန် ကြောက်လန့်ပြီးထွက်ပြေးတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"လိုက်ဖမ်းတော့ အခြားသူလည်းပြေးနေကြတယ်။ သူလည်း ကြောက်အားလန့်အားနဲ့ပြေးနေရင်း ပစ်သတ်ခံရတယ်လို့တော့သိရတယ်။ သူတို့က ရွာထဲဝင်ပြီး ပြည်သူကိုဖမ်းတယ်။ ချောင်းဦးမြို့ထဲ ခေါ်သွားတယ်။ ထွက်ပြေးတဲ့သူကို ပစ်သတ်တာ။ "လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မြေလတ်အသံ
😢3
Forwarded from MMWeather
အောက်တိုဘာ ၂၆ ရက် နေ့လည် ၁၂ နာရီ မှ အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီခွဲအတွင်း ပြည်နယ်တိုင်းများအလိုက် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေများ
Myanmar – 5-Day Rainfall Forecast (Ventusky ICON Model, 26 – 31 Oct 2025)
=====

၅ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန် ပမာဏ ကြိုတင်ခန့်မှန်း -

💦 ရခိုင်ပြည်နယ် - ၃ လက်မ အထက်

💦 ဧရာဝတီတိုင်း - ၂ လက်မ အထက်

💦 တနင်္သာရီတိုင်း - ၁ လက်မ အထက်
💦 မွန်ပြည်နယ် - ၁ လက်မ အထက်
💦 ချင်းပြည်နယ် - ၁ လက်မ အထက်
💦 ပဲခူးတိုင်း - ၁ လက်မ အထက်
💦 ကရင်ပြည်နယ် - ၁ လက်မ အထက်
💦 မကွေးတိုင်း - ၁ လက်မ အထက်

💦 ရန်ကုန်တိုင်း - ၁ လက်မအောက်
💦 မန္တလေးတိုင်း - ၁ လက်မအောက်
💦 ရှမ်းပြည်နယ် - ၁ လက်မအောက်
💦 စစ်ကိုင်းတိုင်း - ၁ လက်မအောက်
💦 ကချင်ပြည်နယ် - ၁ လက်မအောက်
💦 ကယားပြည်နယ် - ၁ လက်မအောက်
💦 နေပြည်တော်ဧရိယာ - ၁ လက်မအောက်

💦 တနိုင်ငံလုံး ၅ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် ပျမ်းမျှ မိုးရေချိန် ၁.၃၃ လက်မ
“Graphic Design အတတ်ပညာဖြင့် အသက်မွေးရပ်တည်လိုသူများအတွက် "Design Your Future" သင်တန်း (online) လျှောက်လွှာခေါ်ယူခြင်း”

ပြည်သူပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာနသည် နွေဦးတော်လှန်ရေးတွင် ကျရာ ကဏ္ဍပေါင်းစုံမှ ပါဝင်နေသူတို့ကို အသက်မွေးပညာရပ်တခုခုဖြင့် ကိုယ်ပိုင်ဘဝရပ်တည်နိုင်ရေးအတွက် မြေပြင်သင်တန်းများနှင့် online သင်တန်းများ ဖွင့်လှစ်ပေးနေပါတယ်။

Graphic Designer အဖြစ် အသက်မွေးဝမ်းကျောင်းပြု၍ တော်လှန်ရေးကိုလည်း တဖက်တလမ်းမှ အထောက်အကူပြုလိုသူ စစ်သား/ရဲ/အရပ်ဖက် CDM များ၊ PDF အဖွဲ့ဝင်ဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများအတွက် "Design Your Future" ဆိုတဲ့ အခြေခံ Graphic Design သင်တန်း (အမှတ်စဉ် - ၁) ကို online ကနေ နိုဝင်ဘာလအတွင်း (အခမဲ့)ဖွင့်လှစ်‌ရန် စီစဉ်နေပါတယ်။ 

သင်တန်းကာလ တစ်လကြာမြင့်မှာ ဖြစ်ပြီး 
- Graphic Design ဖန်တီးခြင်း အခြေခံများ၊
- Light Theory, Color Theory လေ့လာခြင်း၊
- Photoshop Tools များ နှင့် အသုံးချပုံ၊
- ကိုယ်တိုင်ဖန်တီးလေ့ကျင်ခြင်း 
စတဲ့ အကြောင်းအရာများကို Zoom Sessions, Telegram Group Sessions, Video Lessons များဖြင့် တစ်လကြာ သင်ကြားပေးသွားပါမယ်။ 

ထိုင်း/အိန္ဒိယ နယ်စပ် အပါအဝင် ပြည်တွင်းလွတ်မြောက်နယ်မြေများမှ အင်တာနက်ဆက်သွယ်မှုကောင်းမွန်သော နေရာဒေသအသီးသီးရှိ စိတ်ပါဝင်စားသူ၊ ဖန်တီးနိုင်သည့် Laptop အခြေခံပစ္စည်းရှိသူ စစ်သား/ရဲ/အရပ်ဖက် CDM များ၊ PDF အဖွဲ့ဝင်ဟောင်းများ၊ တက်ကြွလှုပ်ရှား ပုဂ္ဂိုလ်များ ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။ 

**နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်ပေးဆပ်ခဲ့ကြရတဲ့ ရဲဘော်ရဲဘက်များ ပါဝင်လျှောက်ထားကြဖို့ အထူးအားပေးပါတယ်။ 

လျှောက်လွှာကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃၀) ရက် နောက်ဆုံးထား၍ အောက်ပါ Form အား ပြည်စုံစွာ ဖြည့်စွက်ပေးပို့ပေးရန် လိုအပ်ပါတယ်။ 

လျှောက်ထားရန် နှိပ်ပါ —> https://forms.gle/fk9MKt6ZPW2MgmHR8
👍2
🚨မုံရွာ🚨

မုံရွာ၊သလ္လာဝတီဆိပ်ကမ်းသို့ စခကားယာဥ်တန်းနှင့် Acid Tank Truckကားများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 26, 4:16PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 4:41Pm
📬သတင်းပို့ရန် @EagleInformationOperator
👍1
Forwarded from Ministry of Human Rights
ချောင်းဦးမြို့နယ်တွင်း အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ခံစားရသူများနဲ့ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီမှုများပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ အပြစ်မဲ့အရပ်သားပြည်သူများ၊ ထိခိုက်ခံစားရသူများနဲ့ စစ်ဘေးတိမ်းရှောင်နေရသူတွေအတွက် ကူညီထောက်ပံ့မှုတွေကို အခုအောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသူများကို အရေးပေါ်ကုသပေးနေတဲ့ ဆေးရုံကိုလည်း လိုအပ်တဲ့ဆေးဝါးတွေ ထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။
ကူညီထောက်ပံ့မှုတွေကိုတော့ တော်လှန်ပြည်သူများ၊ အညာလေ့လာရေးစင်တာနဲ့ We are People အဖွဲ့တွေက ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး လူအခွင့်အရေးတာဝန်ခံတွေက ပူးပေါင်းကူညီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ တိုးမြှင့်လုပ်ဆောင်လာတဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ ပြည်သူလုထုရဲ့ အကူအညီလိုအပ်ချက်တွေလည်း ပိုမိုမြင့်မားလာနေသလို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်ချက်များအတွက် တိုက်ရိုက်ကူညီမှုများနဲ့ ပူးပေါင်းချိတ်ဆက်ကူညီမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။
#Sagaing #ChaungU
#HRfocals
#Groundactivities
#HumanRights
#MoHR #NUG
🟢ဒီပဲယင်းမြို့နယ် ဘုတ္ထန်းရွာကို လေကြောင်းက‌‌နေ ဗုံးကြဲချတိုက်ခိုက်လို့ အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရ

ရဲမာန်၊ အောက်တိုဘာ ၂၆ ရက်၊ ဒီပဲယင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဘုတ္ထန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာ‌ကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

"ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပါဘူး။ ပြည်သူတွေ စိတ်ရှည်ဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုက်ဝါးတွေကို မယုံကြည်ဖို့ တိုက်တွန်းလိုတယ်”လို့ ၎င်းက ပြောပါတယ်။

အဲလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နွား ၂ ကောင်လည်းသေဆုံးခဲ့ရပြီး နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာရှိ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား/ကျောင်းသူအပါအဝင် ၂၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့နယ် ကျခတ်ရွာ ဘုန်းကြီးကျောင်းကို မြေပြင်တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ ကြောင့် ကိုရင် ၃ ပါးအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Telegram
https://t.me/spmnewsagency2019
Forwarded from MMWeather
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းအမည်အကြောင်း
အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်
=====

🔸 အောက်တိုဘာ ၂၅ ရက်နေ့မှစတင်၍ မုန်တိုင်းငယ်(Deep Depression)အဆင့်သို့ ရောက်ရှိလာသည့် - INVEST-94B သည်၊ အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး၊ ထိုင်းနိုင်ငံမှပေးသည့် အလှည့်ကျအမည် MONTHA ဟု ရရှိလာပါမယ်။

🔸 ဆိုင်ကလုန်း MONTHA သည် ရနံ့သင်းပြီးလှပသောပန်း ဟု အဓိပ္ပါယ်ရကြောင်းလည်းသိရပါတယ်။
“ဒေါ့မွန်သာ(Dok MONTHA) သို့မဟုတ် မက်ဂနိုလီယာပန်းကို နတ်ဘုရား၏ကာကွယ်မှုနှင့် ကောင်းချီးမင်္ဂလာများကို ကိုယ်စားပြုသည့် ကောင်းကင်ပန်းအဖြစ် ရိုသေလေးစားကြသည်။ ထိုင်းယုံကြည်မှုတွင် မကောင်းဆိုးဝါးဝိညာဉ်များကို တွန်းလှန်နိုင်ပြီး အပြုသဘောဆောင်သော- သန့်ရှင်းသော စွမ်းအင်ကို ဆွဲဆောင်နိုင်သည့်စွမ်းအားရှိသည်ဟု ယူဆကြသည်။ ပန်း၏ကြော့ရှင်းမှုနှင့် ဝိညာဉ်ရေးရာအရေးပါမှုသည် ၎င်းကို သန့်ရှင်းစင်ကြယ်မှုနှင့် ကံကောင်းခြင်း၏ ထာဝရသင်္ကေတတစ်ခု ဖြစ်စေသည်”

🔸 ဆိုင်ကလုန်းမုန်တိုင်း MONTHA သည် ဆက်လက်၍အားကောင်းလာပြီး အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် အားကောင်းသော-ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm – MONTHA) ဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။

🔸 ကမ္ဘာ့မိုးလေဝသဌာနသို့ပေးပို့အတည်ပြုထားပြီးဖြစ်သည့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ ဆိုင်ကလုန်းမုန်တိုင်းအမည်များ စာရင်းကြည့်ရန် -https://wmo.int/content/tropical-cyclone-naming/northern-indian-ocean-names-arabian-sea-and-bay-of-bengal