EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
Forwarded from MMWeather
ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SCS)ဖြစ်လာနိုင်ပြီး - မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်းအလိုက် ၇ ရက်အတွင်း မိုးရွာသွန်းရရှိနိုင်မည့်အခြေအနေ
အောက်တိုဘာ ၂၅ ရက် ည ၈ နာရီ ၄၀ မိနစ်
=====

🔸ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Depression) 94B သည် အနောက်ဘက်သို့ရွေ့လျားပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင် မုန်တိုင်းငယ်(Deep-Depression – DD) အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm - CS) အဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပါတယ်။

🔸ဆက်လက်၍ အနောက်မြောက်ဘက်ကိုရွေ့လျားပြီး အောက်တိုဘာ ၂၈ ရက်နေ့မှာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm – SCS) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း၊ အဲ့ဒီနေ့ည မှာ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ကမ်းခြေကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်မည့် အိန္ဒိယကမ်းခြေတွင် လေပြင်း တနာရီ ၁၁၀ ကီလိုမီတာနှုန်း (တနာရီ ၆၈.၃၅ မိုင်နှုန်း) Nearly 60 knots တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

🔸သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model အားလုံး၏ ကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားနိုင်မည်မဟုတ်ဘဲ - မြန်မာနိုင်ငံသည် မုန်တိုင်းရွေ့လျားရာလမ်းကြောင်း၏ ညာဘက်တွင်ရှိသော်လည်း မိုးလွန်ကာလ၊ မုတ်သုံဆုတ်ခွာပြီးချိန်နှင့် အရှေ့မြောက်မုတ်သုံလေအားကောင်းချိန် ဖြစ်သဖြင့် မုန်တိုင်းအရှိန်သက်ရောက်မှုအနည်းငယ်သာ ခံရနိုင်ပါတယ်။

🔸အောက်တိုဘာ ၂၆ ရက် မှ နိုဝင်ဘာ ၁ ရက် အထိ ၇ ရက်အတွင်း ပြည်နယ်တိုင်းများအလိုက် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏများ -
=====
💦 ရခိုင်ပြည်နယ်တွင် ၇ ရက်အတွင်း မိုးအများဆုံးရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်/မိုးများနိုင်ပါမယ်။
💦ဧရာဝတီနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများမှာ ၇ ရက် မိုးရေချိန် ၃ လက်မ မှ ၄ လက်မခန့်ရွာသွန်းရရှိနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်၊ မိုးများနိုင်ပါမယ်။
💦မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ဧရိယာတွင် နေရာကွက်၍ မိုးအသင့်အတင့်မှ မိုးများနိုင်၊ ၇ ရက်အတွင်း မိုးရေချိန် ၁.၈ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။
💦ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်တွေမှာ မိုးနည်းနေနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၁.၃၈ လက်မခန့် ရရှိနိုင်ပါမယ်။
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏5
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
👍3🥰2
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 6:28AM
📬သတင်းပို့ရန် @EagleInformationOperator
👍6
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်ပေလမ်းဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 6:39AM
📬သတင်းပို့ရန် @EagleInformationOperator
👍7
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 26, 6:32AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာ-‌ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#Eagle Information Operator
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3👍2
🚨မုံရွာ🚨

ယမန်‌နေ့နံနက်က မုံရွာတောင်၊‌မုံရွေးတိုးဂိတ်မှ ခင်မွန်ရွာထဲဝင်ရောက်နေသော တောပုပျူရွာမှ ပခစခများသည် ယနေ့နံနက်(၃)နာရီ အချိန်ခန့်တွင် တောပုပျူရွာထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:00AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွေးတိုးဂိတ်မှ စခများသည် ကားဖြင့် မြောက်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:24AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊ခင်မွန် ရပ်သာရပ်ဘုန်းကြီးကျောင်းနှင့် ရွာအရှေ့ဘက်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:29AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊‌စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:29AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များပစ်‌ဖောက်နေကြောင်းသတင်းရရှိ။ #EIO Oct 26, 6:28AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များ ထပ်မံ၍ပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 7:49AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ နောက်ထပ် စခပခများသည် အရှေ့ပေလမ်းထိပ်သို့ ဦးတည်ထွက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 8:03AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
👍3🙏3
မိုးလေဝသသတင်း

BBM-အောက်တိုဘာလ ၂၆
သတင်း-ဦးထွန်း

ယနေ့မနက် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ဆက်လက်တည်ရှိနေပါသည်။

အဆိုပါ မုန်တိုင်းငယ် သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့လည်းကောင်း၊ ၂၇-၁၀-၂၀၂၅ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း၊ ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

တနင်္သာရီတိုင်းတွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာ တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါ သည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်မှာ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍5🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် လမ်းသွားလမ်းလာပြည်သူကားများအား ဂိတ်အတွင်းထိဝင်ရောက်ခိုင်းပြီး အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 9:00AM
📬သတင်းပို့ရန် @EagleInformationOperator
👍3🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြေးမုံရွာတွင်းသို့ ရောက်ရှိနေပြီး လက်နက်ငယ်များ ပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Oct 26, 9:30AM
📬သတင်းပို့ရန် @EagleInformationOperator
👍3🙏1
“ကချင်ဒေသရောက် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင်က ထောက်ပံ့”

ကချင်ဒေသရောက် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် CDM စစ်သား၊ ရဲသား မိသားစုများကို ပြည်သူ့ပန်းတိုင်က အခြေခံရိက္ခာနှင့် အခြေခံလူမှုအကူအညီ၊ ကျန်းမာရေး၊ ပညာရေး အကူအညီများ အတွက် (၁၀) သိန်းကျပ် ကို ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရေး ဗဟိုကော်မတီ (KPEZ) အဖွဲ့မှတဆင့် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့အနေနဲ့ ရံပုံငွေရရှိမှု အခြေအနေနဲ့ အခက်အခဲများ အပေါ် မူတည်ပြီး နေရာဒေသ အသီးသီးမှာရှိတဲ့ CDM စစ်သား၊ ရဲသားနဲ့ မိသားစုဝင်များကို ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။
👍2🙏1