EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
ထားဝယ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကျဆုံးခြင်း

အောက်တိုဘာ(၇)၊၂၀၂၅။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အကျဉ်းထောင်တွင် ၅၀၅-က/ ပေါက်ကွဲ-၅တို့ဖြင့် ထောင်ဒဏ်(၈)နှစ် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၄၈)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးသည် ၂၀၂၅ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့တွင် နှလုံး ဆီးချို ကျောက်ကပ်ရောဂါများဖြင့် အသက်သေဆုံးခဲ့ပါသည်။

ကိုအောင်ကိုဦးသည် ၂၀၂၁အစောပိုင်းကာလတွင် အာဏာသိမ်းစစ်တပ်အား ငြိမ်းချမ်းစွာဆန္ဒပြသည့် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့တွင် ရှင်မုတ္ထီးရွာနေအိမ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးပြီး ပုဒ်မ၅၀၅ကနှင့် ပေါက်ကွဲ၅ တို့ဖြင့် အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရသူဖြစ်သည်။

နဂိုမူလရောဂါအခံကြောင့် ထားဝယ်အကျဉ်းထောင်တွင်အကျဉ်းချခံရစဉ်ကတည်းက ဆေးဝါးကုသမှုကို မကြာခဏ ကုသမှုခံနေရသူဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းတို့ကြောင့်သေဆုံးခဲ့ရပါသည်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့သည့်အတွက် PPNM အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည်။

နိုင်ငံ ရေးအကျဉ်းသားကို အောင်ကိုဦး ကောင်းရာသုဂတိလားပါစေ။
မတရားဖမ်းဆီးဆီးခံထားရသည့် နိုင်ငံ ရေးအကျဉ်းသားများအားလုံး လွတ်မြောက်ပါစေ။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)

#နိုင်ငံရေးအကျဉ်းသား
#PPNM
#ထားဝယ်
😢1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဆီတန်းနှင့်တံတားဖြူ သို့ရောက်ရှိနေသောစခကင်းများ မအူဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 5:05PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨ချောင်းဦး🚨

ချောင်းဦး၊ရေပိုးစားမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Oct 7, 5:20 PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊ကူတောရွာထိပ်သို့ရောက်ရှိနေ‌သောစခများ စွမ်းရည်ထက်ဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 5:28 PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊‌တန်ပိုဟောင်းသို့ရောက်ရှိနေ‌သောစခများသည် စွမ်းရည်ထက်ဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 5:44PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
မနေ့ညက စကမ စက်တပ်လေထီးတွေကြောင့် အရပ်သားတွေ အထိအခိုက်များပြီး mass casualty incident ဖြစ်ရပြန်တယ်။ အရင်ကတည်းက စကမ စက်တပ်လေထီးတွေက ညဘက်အလင်းအားနည်းချိန် low light condition တွေမှာ တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာ သိထားရပြီးသား ဖြစ်ပါတယ်။ မီးထွန်းပွဲဆိုတော့လည်း စက်တပ်လေထီးပေါ်က‌နေ ကြည့်ရင် မီးရောင်တွေနဲ့ လူစုလူဝေးကို သေချာမြင်နေရမှာပါ။

ဖြစ်တာကတော့ ဖြစ်သွားပြီ။ ဘာ့ကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ် အပြန်အလှန်အပြစ်တင်ကြတာထက် ဒါမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်ရအောင် လိုအပ်တာတွေ ဆက်လုပ်ဖို့က ပိုအရေးကြီးပါတယ်။

ပထမဦးဆုံးလုပ်ရမှာကတော့ အခုလို အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သေဆုံးစေတာအတွက် နိုင်ငံတကာမီဒီယာမှာ သတင်းပါလာအောင် ကြိုးစားသင့်ပါတယ်။ Recreational, hobby အတွက် ရည်ရွယ်တဲ့ စက်တပ်လေထီးကို စကမ က လက်နက်အဖြစ်သုံးနေတယ်‌ဆိုတာကို ဖော်ပြရမှာပါ။

ပြီးရင်တော့ ယခုလို လေကြောင်းတိုက်ခိုက်မှုတွေ ကာကွယ်ရာမှာ အခြေခံအကျဆုံးအချက်တွေဖြစ်တဲ့
- လေကြောင်းအန္တရာယ် ကြိုတင်သတိပေးတဲ့စနစ် early warning network တွေ စီစဉ်ထားရှိတာ
- အကာအကွယ် ဗုံးခိုကျင်းတွေ ထားရှိတာ
- လူစုလူဝေး ရှောင်ရှားတာတွေကို ပိုမိုလုပ်ဆောင်ဖို့ အားထည့်ရတော့မှာပါ။

စစ်တပ်ကနေ စက်တပ်လေထီးတွေအသုံးပြုပြီး terror bombing လုပ်နေတာ 2025 ဒီဇင်ဘာလောက်ဆို တစ်နှစ်ပြည့်တော့မှာပါ။ လောလောဆယ်အထိတော့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ စက်တပ်လေထီးတွေကို ပစ်ချဖို့ ထိရောက်တဲ့ လက်နက်တွေ မရှိသေးပါဘူး။ ငွေကြေးအခက်အခဲအပြင် လက်နက်ခဲယမ်းရရှိဖို့ လမ်းကြောင်းအခက်အခဲတွေက အဟန့်အတား ကြီးကြီးမားမား ဖြစ်နေဦးမှာပါ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အမာခံနယ်မြေမရှိသေးတဲ့ စစ်ကိုင်းလို ဒေသမျိုးမှာက သင့်တော်တဲ့ လက်နက်ရဖို့ ပိုမိုခက်ခဲမှာ အသေအချာပါပဲ။

စက်တပ်လေထီးတွေကို တန်ပြန်ဖို့ လက်နက်တပ်ဆင်မယ်ဆိုရင်တော့ အဖြေက နှစ်ခုပဲ ရှိတယ်လို့ မြင်ပါတယ်။
- ပွိုင့်ဖိုက် 0.5 လို စက်သေ‌နတ်ကြီးတွေကို ယာဉ်တင်ထားပြီး အလင်အားနည်းချိန် ပစ်မှတ်ကိုမြင်နိုင်ဖို့ thermal sight တပ်ဆင်တာ
- FPV ဒရုန်းတွေနဲ့ ဝင်တိုက်တာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းနှစ်ခုစလုံးက ဒရုန်းတွေကို ပစ်ချဖို့အတွက် ထိရောက်မှုရှိတယ်ဆိုတာကို ယူကရိန်းစစ်မြေပြင်မှာ သက်သေပြထားပြီး ဖြစ်ပါတယ်။

ရုရှားရဲ့ Geran-2 (Shahed-136) ဒရုန်းတွေကို ပစ်ချဖို့အတွက် ယူကရိန်းမှာ စက်သေနတ်ကြီးတွေကို pick up ကားတွေ‌ပေါ်တင်တယ်၊ ညဘက်မြင်နိုင်အောင် thermal sight တွေ တပ်ဆင်ပြီး mobile anti-aircraft team တွေအဖြစ် လှုပ်ရှားကြတာ ဖြစ်ပါတယ်။ Spotter က ရန်သူဒရုန်းကို မြင်နိုင်အောင် search light, ဆလိုက်မီးတွေနဲ့ပါ ညအမှောင် ကောင်းကင်ထဲ မီးထိုးပြီး ရှာကြပါတယ်။

မြန်မာပြည်တွင်းမှာတော့ ပွိုင့်ဖိုက် စက်သေနတ်ကြီးတွေ ရှိပြီးသားပါ။ စခတွေဆီက သိမ်းမိတဲ့
- M2 Browning HMG
- MA-16 (STK 50) HMG တွေရှိတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလက်ထဲ တရုတ်ကဝင်လာတဲ့ Type 54 HMG တွေ ရှိထားကြပါတယ်။

စခတွေဆီက သိမ်းမိတဲ့ ပွိုင့်ဖိုက်အလက်ရေကတောင် ပိုများဦးမယ် ထင်ပါတယ်။ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာဆိုရင် ပွိုင့်ဖိုက်တွေကို ယာဉ်ပေါ်တင်ပြီး technical အဖြစ် အသုံးပြုကြတာကိုလည်း မကြာမကြာတွေ့ရပါတယ်။ တစ်ခုရှိတာက လေကြောင်းပစ်မှတ်တွေကို ချိန်ရွယ်ပစ်ခတ်ဖို့ anti-aircraft sight လေယာဉ်ပစ် ချိန်ဆိုက်ဒ်တော့ ပါလေ့မရှ်ိဘူးပေါ့လေ။

- ပွိုင့်ဖိုက်ကျည်ကမှ အမြင့်ရှိ စက်တပ်လေထီးကို ခြိမ်းခြောက်နိုင်လောက်တဲ့ ballistic performance ရနိုင်မယ်။
- thermal sight ပါမှ day/night မရွေး ပစ်မှတ်ကို ရှာဖွေနိုင်မယ်။
- ကားပေါ်တင်ထားတာက အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို လှုပ်ရှားနိုင်စွမ်းရှိစေမှာပါ။

FPV ဒရုန်းကတော့ အထူးတလည်သိပ်ပြောစရာ မလိုတော့ပါဘူး။ ရန်သူဒရုန်းကို ဝင်တိုက်နိုင်တယ်၊ အခွင့်အရေးကြုံရင် ရဟတ်ယာဉ်တွေပါ FPV ဒရုန်းရဲ့ ပစ်မှတ်ဖြစ်သွားနိုင်တယ်ဆိုတာကို မြန်မာပြည်တွင်းမှာရော၊ ယူကရိန်းမှာရော သက်သေပြထားတဲ့ ဖြစ်ရပ်တွေ ရှိပြီးသားပါ။ ဒီလို FPV ဒရုန်းတွေက စစ်ကိုင်းရှိတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်လာဖို့ လိုနေပါတယ်။

ရိုင်ဖယ်နဲ့ ကျည်ရဖို့တောင် ရုန်းကန်နေရတဲ့ အဖွဲ့တွေကို HMG, thermal sight, FPV တွေ ပြောရတာက သိပ်တော့ မသင့်တော်လှဘူးပေါ့လေ။ ဒါပေမယ့် လက်နက်အင်အားနည်းတဲ့ ဒေသတွေမှာ စကမ စက်တပ်လေထီးတွေရဲ့ အန္တရာယ်က ပိုဆိုးလာနေတာကြောင့် တန်ပြန်ဖို့ နည်းလမ်းတွေကတော့ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

Tactical Raptor
Raptorone
1👍1
လေကြောင်းအားကိုး၍ ခေါင်းထောင်လာသည့် စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်အင်အားစုများ စုစည်းရန်လို (ဆောင်းပါး)
DVB

“စစ်တပ်က မြေပြင်စစ်ပွဲတွေမှာ လေကြောင်း အလေးသာမှု ဆိုတဲ့ဟာကိုပဲ တစိုက်မတ်မတ် အသုံးချလာတာ ဖြစ်တဲ့အတွက် သူတို့အတွက် ပြောင်းပြန်ဆိုးကျိုးက လေယာဉ်မပါရင် အောက်က အဖွဲ့တွေက စစ်မတိုက်တတ်တော့ဘူး။ ဟိုအရင်တွေတုန်းက လေယာဉ်အကူတောင်းဖို့ဆိုတာ ဗိုလ်တယောက်တောင် တောင်းလို့မရဘူး။ အခုခေတ်မှာက ပြည်သူ့စစ်ကပါ တောင်းလာတယ်။ လေယာဉ်မလာရင် ကျမယ်၊ မကျရင်တောင် နာမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ ဂျိုင်ရိုကော့ပတာတို့ ပါရာမော်တာတို့ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဒါ့အပြင် ဒရုန်းနဲ့ ကင်းထောက်တာတွေ ဒရုန်းတိုက်ခိုက်မှုမှာလည်း စိုးမိုးလာအောင် အဓိက လေကြောင်း အလေးသာမှု ဆိုတဲ့ဟာကို နည်းပေါင်းစုံနဲ့ အားပြုလာတယ်လို့ ပြောရမယ်။”
ဆောင်းပါးအပြည့်အစုံhttps://burmese.dvb.no/archives/727758
#DVB #လေကြောင်းတိုက်ခိုက် #စစ်တပ် #တော်လှန်ရေးအင်အားစု #article
👍1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#EIO
#Eagle Information Operator
(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏6
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
6🥰1
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခများသည် ကူတောရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 8, 9:21AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
" ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင် အဖွဲ့ဝင်
ဦးချမ်းငြိမ်းအောင်(စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ "

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့

ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေးကော်မရှင်အဖွဲ့ဝင်ဦးချမ်းငြိမ်းအောင် (စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု)သည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ (၆)ရက်နေ့၎င်း၏ နိုင်ငံရေး (တော်လှန်ရေး)တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေစဉ်အတွင်း မြင့်မြတ်စွာကျဆုံးခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲရပါသည်။

ဦးချမ်းငြိမ်းအောင်သည် နွေဦးတော်လှန်ရေးတွင် မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၊ စစ်ကိုင်းတိုင်းဒေသပိတ်အင်အားစု၊ ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေး ကော်မရှင်နှင့် အခြားပေးအပ်ထားသော တော်လှန်ရေး လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ (၆)ရက်နေ့တွင် စစ်ကော်မရှင်၏ အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အား မိမိတို့အနေဖြင့် ကန့်ကွက်ရှုံချပြီး ကျဆုံးခဲ့ကြသော ဦးချမ်းငြိမ်းအောင်နှင့် ပြည်သူများအတွက် ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်းတင် ရေးထိုးအပ်ပါသည်။

ဦချမ်းငြိမ်းအောင်၏ တော်လှန်ရေးတလျှောက် ရပ်တည်ချက် ယုံကြည်ချက်၊ မဆုတ်မနစ် တာဝန်ထမ်းဆောင်ခဲ့မှုများအတွက် ဦးညွတ်ဂုဏ်ပြုလျက် မပြီးဆုံးသေးသည့် တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ မိမိတို့မှ ဆက်လက်အားထုတ် ကြိုးပမ်းဆောင်ရွက် သွားကြမည်ဟု တော်လှန်ကတိ၊ တော်လှန်သစ္စာပြုအပ်ပါသည်။

ဦးချမ်းငြိမ်းအောင် ကောင်းရာသုဂတိသို့ ရောက်ရှိ ငြိမ်းချမ်းနိုင်ပါစေ။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်
🫡2
“တရားစီရင်ရေးလေဟာနယ်”

🔹ဘုန်းရဲနောင်

တော်လှန်ရေးနယ်ပယ်အတွင်းကပဲဖြစ်ဖြစ် အရပ်သားပြည်သူပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းအတွင်း ပြစ်မှုကျူးလွန်တာတွေ ရှိနိုင်ပါတယ်။ တော်လှန်ရေးရပ်ဝန်းကသူတွေ ပြစ်မှုကျူးလွန်တဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲဆိုတာက အခုချိန်မှာ တရားစီရင်ရေးလေဟာနယ် ဖြစ်နေပါတယ်။

တစ်ဖက်က အကြမ်းဖက်စစ်တပ်ရဲ့ကျူးလွန်မှုတွေကို စောင့်ကြည့်တာတွေ၊ မှတ်တမ်းတင်ထားတာတွေနဲ့ အရေးယူနိုင်ဖို့ ကြိုးစားနေကြချိန်မှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေတွေမှာလည်း တရားစီရင်ရေးကို စနစ်တကျတည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေကြမှာပါ။

အခုလို တော်လှန်ရေးကာလမှာ နိုင်ငံရဲ့ အာဏာတွေကို ဘယ်လိုကျင့်သုံးမလဲဆိုတာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ပြည်သူ့အရေးအရာတွေ စီမံခန့်ခွဲဖို့နဲ့ နစ်နာသူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို ဘယ်လိုကျင့်သုံးကြမလဲ။ အခုလက်ရှိအခြေအနေအရ နယ်မြေခွဲခြားရာမှာ မြန်မာပြည်တွင်းက စစ်ကောင်စီစိုးမိုးနယ်မြေ၊ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဖက်စလုံးက ထိန်းချုပ်ထားတဲ့နယ်မြေ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေနဲ့ ခေတ္တခိုလှုံရာ အိမ်နီးချင်းနိုင်ငံနယ်မြေ ဆိုပြီး အကြမ်းဖျဉ်း ခွဲခြားလို့ရပါတယ်။

အသေးစိတ် ခွဲခြမ်းစိတ်ဖြာရင်တော့ ဒီထက်ပိုများဖို့ပဲ ရှိပါတယ်။ အဲဒီနယ်မြေ‌ဒေသအသီးသီးမှာ ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့ရင် ဘယ်သူ/ဘယ်အဖွဲ့အစည်းက တရားစီရင်မလဲ။ တိတိကျကျပြောရရင် အဲဒီအဖွဲ့အစည်းရဲ့ ဘယ် sector က တာဝန်ယူ စီရင်မလဲ။ စီရင်တဲ့အခါ ဘယ်ဥပဒေ၊ နည်းဥပဒေတွေကို အသုံးပြုမလဲ။ ၂၀၂၁ ခုနှစ်အာဏာမသိမ်းမီအထိ တည်ရှိခဲ့တဲ့ ဥပဒေတွေကိုပဲ ဆက်လက်အသုံးပြုမလား၊ ဒါမှမဟုတ် ပြစ်မှုဖြစ်ပွားတဲ့ နယ်မြေဒေသမှာ ရေးဆွဲပြဌာန်းထားတဲ့ ‌ဒေသန္တရဥပဒေတွေကိုပဲ စွဲကိုင်မလား၊ ဥပဒေမဟုတ်သော ဓလေ့ထုံးတမ်းစဉ်လာများနဲ့ပဲ ဖြေရှင်းမလား၊ တော်လှန်ရေးကာလမို့လို့ (တော်လှန်ရေးဘက်မှာလည်း) စစ်ဥပဒေအရ စစ်ခုံရုံးပဲတင်မလား ဆိုတာကို လုပ်ထုံးလုပ်နည်း ရှင်းလင်းတိကျဖို့ လိုပါတယ်။

အဲသလို တိကျခိုင်မာတဲ့ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်မရှိခဲ့ရင် အုပ်ချုပ်ရေးအမိန့်၊ ဒေသန္တရအမိန့်၊ တပ်ရင်းတပ်ဖွဲ့က ထုတ်ပြန်တဲ့အမိန့် ဆိုတာမျိုးတွေနဲ့ အမျိုးမျိုး ထွေပြားနေမှာပါပဲ။ အဲဒါတွေက အရေးပေါ်အခြေအနေအတွက် ယာယီဖြေရှင်းနည်းသာ ဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝသော၊ အမှီအခိုကင်းသော ဥပဒေပြုရေးအဖွဲ့များရဲ့ အတည်ပြုချက်မပါဘဲ အုပ်ချုပ်ရေးအဖွဲ့ (သို့မဟုတ်) တပ်ရင်းတပ်ဖွဲ့များက ထုတ်ပြန်သော အမိန့်များဟာ ဥပဒေနည်းကျဖို့၊ ဥပဒေနဲ့ညီညွတ်ဖို့ အတော်လေး ခဲယဉ်းပါလိမ့်မယ်။

ဥပဒေအကြောင်း လေ့လာသင်ယူထားတဲ့သူတွေတောင်မှ ဥပဒေအောက်မှာ ကဏ္ဍတွေ များစွာကွဲပြားတာမို့ ဥပဒေပြုရေးအတွက် သီးသန့်လေ့ကျင့်သင်ကြားရပါတယ်။ ဒါ့အပြင် အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှု (public administration) ဆိုတာမျိုးကိုလည်း ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဥပဒေရဲ့သက်ရောက်မှုနယ်ဝန်းကိုလည်း အဓိပ္ပာယ်ဖော်ထုတ်ထားဖို့ လိုအပ်ပါတယ်။

ပြည်သူတွေဟာ စစ်တပ်ရဲ့ဒုက္ခပေးမှုအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးမှာ ရွှေ့ပြောင်းနေထိုင်ရတာတွေ ရှိပါတယ်။ တချို့ကလည်း တော်လှန်ရေးအင်အားစုတွေအဖြစ် တခြားနေရာဒေသတွေမှာ နေထိုင်နေကြပါတယ်။ တချို့ကလည်း အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် ခိုလှုံနေကြရပါတယ်။ ဒီတော့ ဘယ်နယ်မြေမှာ ဘယ်ပုံဘယ်နည်းအရေးယူမယ်ဆိုတာ စနစ်ကျဖို့ လိုအပ်ပါတယ်။

နိုင်ငံပြင်ပမှာဆိုရင် အဲဒီနိုင်ငံရဲ့ဥပဒေနဲ့ပဲ သွားမလား၊ မူရင်းနိုင်ငံရဲ့ဥပဒေနဲ့သွားမလား ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်ထားဖို့ လိုပါတယ်။ တကယ်လို့ နိုင်ငံသားဖြစ်မှု (citizenship) ပြောင်းလဲသွားခဲ့ရင်ရော ဘယ်လိုအရေးယူ စီရင်မလဲဆိုတာကလည်း ထည့်စဉ်းစားရမယ့် ကိစ္စတစ်ရပ်ပါ။ တရားစီရင်ရေးဆိုတာ သက်ဆိုင်သူတွေအားလုံးကို လွှမ်းခြုံနိုင်ဖို့လိုအပ်ပါတယ်။

အဲသလိုမျိုး တိကျသော ဥပဒေပိုင်းဆိုင်ရာ ပြဌာန်းချက်၊ သတ်မှတ်ချက်နဲ့ တရားစီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မဖော်ဆောင်နိုင်ရင်တော့ ကျူးလွန်မှုတွေအတွက် အရေးယူနိုင်တာ၊ အပြစ်ပေးနိုင်တာမျိုး မရှိဘဲ တရားစီရင်ရေးမဟုတ်သော လူမှုပြစ်ဒဏ်ခတ်ခြင်း (social boycott) ဆိုတာမျိုးနဲ့ပဲ ဟိုမရောက်ဒီမရောက်နဲ့ ပြီးဆုံးသွားမလားဆိုတာ စဉ်းစားစရာပါ။

အဲသလောက်နဲ့ပဲ ပြီးဆုံးသွားရင် နစ်နာသူအတွက် တရားမျှတမှု ရနိုင်ပါ့မလား။ အဲဒီ Social punishment ဆိုတာကရော မှန်ကန်တဲ့ လူထုတရားခွင်လား။ ငွေများတရားနိုင် ဆိုတာမျိုးလို ဖော်လိုဝါများ တရားနိုင် ဖြစ်သွားတတ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် စာရင်းဇယားပြုစု၊ ဖြစ်ပွားပုံတွေကို မြေပုံပေါ်မှာတင်၊ statement ထုတ် ဆိုတာမျိုးနဲ့ မှတ်တမ်းမှတ်ရာပြုစုတာမျိုးလောက်ပဲ လုပ်နိုင်မယ်ဆိုရင် မှတ်တမ်းမှတ်ရာတွေသာ တောင်လိုပုံလာပြီး လက်တွေ့အရေးယူလုပ်ဆောင်ချက်မပါလို့ အချိန်ကြာရင် ဆွေးမြေ့သွားပါလိမ့်မယ်။ ဒီမှတ်တမ်းတင်ခြင်းကိစ္စက transitional justice နဲ့ human right violation documentation
လုပ်ငန်းတွေမှာ လိုအပ်ပေမယ့် မှတ်တမ်းတင်ခြင်းတစ်ခုတည်းနဲ့တော့ တရားစီရင်ရေးလုပ်ငန်း လည်ပတ်နိုင်မှာ မဟုတ်ပါဘူး။

ဒါမှမဟုတ် အခုက တော်လှန်ရေးအစိုးရမို့လို့ အသွင်ပြောင်းကာလအစိုးရလက်ထက်မှ ရှင်းကြမယ်ဆိုပြီး နောက်တက်လာမယ့်အစိုးရဆီကိုပဲ လက်လွှဲလိုက်ကြတော့မလား။ transitional justice ကာလကျမှ ရှင်းရမယ်ဆိုရင် တရားဥပဒေရဲ့အသွင်အပြင်တခုဖြစ်တဲ့ ပြစ်မှုကျူးလွန်မှုကို ကြိုတင်ဟန့်တားကာကွယ်ခြင်းဆိုတဲ့ အဓိပ္ပာယ် ကင်းမဲ့နေပါလိမ့်မယ်။

နောက်ကိစ္စနောက်ရှင်းဆိုပြီး တရားလက်လွတ် ကျူးလွန်မှုတွေ ပိုများလာစေပါလိမ့်မယ်။ မီဒီယာပေါ်မှာ ရောက်လာခဲ့တဲ့ တော်လှန်ရေးအင်အားစုထဲက ပြစ်မှုကျူးလွန်တဲ့ကိစ္စရပ်တွေ အတော်များများ ရှိပါတယ်။ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်မှုပုံစံအမျိုးမျိုးတွေကြောင့် မီဒီယာပေါ် မရောက်လာနိုင်တာတွေလည်း ဒီထက်မက ရှိပါလိမ့်မယ်။ အဲဒီထဲမှာ လူသ-တ်မှုတွေ၊ မုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကား/အမြတ်ထုတ်မှုတွေ၊ ငွေကြေးအလွဲသုံးစားမှုတွေ စသည်ဖြင့် အမှုမျိုးစုံ ပါဝင်ပါတယ်။

ဒီလိုကိစ္စတွေအတွက် ဘယ်လိုဥပဒေနဲ့ သွားမလဲ၊ ဘယ်တရားရုံးက စီရင်မလဲ။ ပြည်သူ့အစိုးရကနေ ပြည်သူတွေကို ဥပဒေအရ အကာအကွယ်ပေးရမယ့်တာဝန် ရှိပါတယ်။ ဒါကို သာမန်ပြည်သူတစ်ဦးတစ်ယောက်ချင်းက ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေ လုပ်ငန်းအတွေ့အကြုံနဲ့ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ၊ ပြည်သူက ပေးအပ်ထားတဲ့ တရားဝင်မှုတွေ ရှိမနေတာတွေကြောင့် ဒီလိုကြီးလေးတဲ့တာဝန်တွေကို မဆောင်ရွက်နိုင်ပါဘူး။

တရားရေးဝန်ကြီးဌာနလိုမျိုးက ဒီဟာတွေကို ကိုင်တွယ်ရမှာပါ။ လောက်လောက်လားလားအားကိုးစရာ ဥပဒေနဲ့ နည်းဥပဒေ မရှိရင် အာဏာဟာ ပြောင်းဝကလာတယ် ဆိုတာမျိုး ဖြစ်နေပါလိမ့်မယ်။ ဒါက စစ်အုပ်ချုပ်ရေးရဲ့ တခြားပုံစံတစ်ခုဆီကို ဦးတည်သွားပါလိမ့်မယ်။ အဲဒီ တရားစီရင်ရေးစနစ်ကို ပြည်သူတစ်ဦးတစ်ယောက်ချင်းအနေနဲ့ ထူထောင်လို့မရနိုင်ဘဲ ပြည်သူ့အစိုးရက တတ်သိပညာရှင်တွေ၊ ပညာရပ်ပိုင်းဆိုင်ရာအကူအညီတွေနဲ့ တရားစီရင်ရေးစနစ်ကို တည်ဆောက်ရမှာဖြစ်သလို အများပြည်သူထဲထိ ထဲထဲဝင်ဝင် ပျံ့နှံ့အောင် ဖြန့်ဝေထားဖို့ လိုအပ်ပါတယ်။

ဥပဒေဆိုတာ အကျူးလွန်ခံရသူအတွက်သာမက ကျူးလွန်သူအတွက်လည်း တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လူမှုအဖွဲ့အစည်းအတွက်လည်း တရားမျှတမှု ပေးအပ်နိုင်ရပါမယ်။ ဒီတရားစီရင်မှုလေဟာနယ်ကို ဉာဏ်ပညာနဲ့ ကိုယ်ကျင့်တရား ပူးပေါင်းလို့ ဖြည့်ဆည်းနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ပါတယ်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
🚨မုံရွာ🚨

မုံရွာတောင်၊တောပုပျူရွာမှ စခပခများသည် တောပုပျူရွာ တောင်ဘက်မင်းဇရပ်သို့ ထွက်နေကြပြီး (၆၀)မမ လက်နက်ကြီးလည်း ပါရှိကြောင်းသတင်းရရှိ။

#EIO
Oct 8, 10:46AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨 မုံရွာ - ချောင်းဦး လမ်းပိုင်း ⚠️

(မုံရွာတောင် - ချောင်းဦး) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာဝပ်ကျင်းများမှ ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းရရှိထားပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 Facebook – https://www.facebook.com/eagleinformation
🌐 Telegram – t.me/eagleinformationoperator

#EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe
🙏2
🚨ချောင်းဦး🚨

စစ်ကိုင်းဘက်မှ ထွက်လာသော စခယာဉ်တန်း(၉)စီးသည် နတ်ရေကန်ကျော်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 8, 12:35PM
📬သတင်းပို့ရန် @EagleInformationOperator
👍2