EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခများသည် ကူတောရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Oct 7, 2:45PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခများသည် ကူတောရွာထိပ်သို့ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 7, 2:59PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် နတ်ထိပ်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 7, 2:58PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာ-‌ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#Eagle Information Operator
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 (edit) မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် မအူဂိတ်တွင်သာရပ်ထားကြောင်းသတင်းရရှိ။ #EIO Oct 7, 3:15PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် မအူဂိတ်တွင် စခများချထား၍ မုံရွာမြို့တွင်းသိူ့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 3:30PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 7, 3:49PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Oct 7, 3:49PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် အောင်ချမ်းသာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 7, 4:02PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် ကျောက်ကာလမ်းအတိုင်း အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Oct 7, 4:19PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် မိုးကောင်းဘုရားဂိတ်ဖြတ်၍ ကျောက်ကာလမ်းအတိုင်း အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 7, 4:24PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
ထားဝယ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး ကျဆုံးခြင်း

အောက်တိုဘာ(၇)၊၂၀၂၅။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အကျဉ်းထောင်တွင် ၅၀၅-က/ ပေါက်ကွဲ-၅တို့ဖြင့် ထောင်ဒဏ်(၈)နှစ် မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၄၈)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးသည် ၂၀၂၅ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့တွင် နှလုံး ဆီးချို ကျောက်ကပ်ရောဂါများဖြင့် အသက်သေဆုံးခဲ့ပါသည်။

ကိုအောင်ကိုဦးသည် ၂၀၂၁အစောပိုင်းကာလတွင် အာဏာသိမ်းစစ်တပ်အား ငြိမ်းချမ်းစွာဆန္ဒပြသည့် လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့တွင် ရှင်မုတ္ထီးရွာနေအိမ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးပြီး ပုဒ်မ၅၀၅ကနှင့် ပေါက်ကွဲ၅ တို့ဖြင့် အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်သို့ ပိုဆောင်ခံခဲ့ရသူဖြစ်သည်။

နဂိုမူလရောဂါအခံကြောင့် ထားဝယ်အကျဉ်းထောင်တွင်အကျဉ်းချခံရစဉ်ကတည်းက ဆေးဝါးကုသမှုကို မကြာခဏ ကုသမှုခံနေရသူဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းတို့ကြောင့်သေဆုံးခဲ့ရပါသည်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့သည့်အတွက် PPNM အနေဖြင့် ကျန်ရစ်သူ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရပါသည်။

နိုင်ငံ ရေးအကျဉ်းသားကို အောင်ကိုဦး ကောင်းရာသုဂတိလားပါစေ။
မတရားဖမ်းဆီးဆီးခံထားရသည့် နိုင်ငံ ရေးအကျဉ်းသားများအားလုံး လွတ်မြောက်ပါစေ။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)

#နိုင်ငံရေးအကျဉ်းသား
#PPNM
#ထားဝယ်
😢1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဆီတန်းနှင့်တံတားဖြူ သို့ရောက်ရှိနေသောစခကင်းများ မအူဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 5:05PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨ချောင်းဦး🚨

ချောင်းဦး၊ရေပိုးစားမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Oct 7, 5:20 PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊ကူတောရွာထိပ်သို့ရောက်ရှိနေ‌သောစခများ စွမ်းရည်ထက်ဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 5:28 PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊‌တန်ပိုဟောင်းသို့ရောက်ရှိနေ‌သောစခများသည် စွမ်းရည်ထက်ဂိတ်သို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 7, 5:44PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
မနေ့ညက စကမ စက်တပ်လေထီးတွေကြောင့် အရပ်သားတွေ အထိအခိုက်များပြီး mass casualty incident ဖြစ်ရပြန်တယ်။ အရင်ကတည်းက စကမ စက်တပ်လေထီးတွေက ညဘက်အလင်းအားနည်းချိန် low light condition တွေမှာ တိုက်ခိုက်နိုင်စွမ်းရှိတယ်ဆိုတာ သိထားရပြီးသား ဖြစ်ပါတယ်။ မီးထွန်းပွဲဆိုတော့လည်း စက်တပ်လေထီးပေါ်က‌နေ ကြည့်ရင် မီးရောင်တွေနဲ့ လူစုလူဝေးကို သေချာမြင်နေရမှာပါ။

ဖြစ်တာကတော့ ဖြစ်သွားပြီ။ ဘာ့ကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ် အပြန်အလှန်အပြစ်တင်ကြတာထက် ဒါမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်ရအောင် လိုအပ်တာတွေ ဆက်လုပ်ဖို့က ပိုအရေးကြီးပါတယ်။

ပထမဦးဆုံးလုပ်ရမှာကတော့ အခုလို အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သေဆုံးစေတာအတွက် နိုင်ငံတကာမီဒီယာမှာ သတင်းပါလာအောင် ကြိုးစားသင့်ပါတယ်။ Recreational, hobby အတွက် ရည်ရွယ်တဲ့ စက်တပ်လေထီးကို စကမ က လက်နက်အဖြစ်သုံးနေတယ်‌ဆိုတာကို ဖော်ပြရမှာပါ။

ပြီးရင်တော့ ယခုလို လေကြောင်းတိုက်ခိုက်မှုတွေ ကာကွယ်ရာမှာ အခြေခံအကျဆုံးအချက်တွေဖြစ်တဲ့
- လေကြောင်းအန္တရာယ် ကြိုတင်သတိပေးတဲ့စနစ် early warning network တွေ စီစဉ်ထားရှိတာ
- အကာအကွယ် ဗုံးခိုကျင်းတွေ ထားရှိတာ
- လူစုလူဝေး ရှောင်ရှားတာတွေကို ပိုမိုလုပ်ဆောင်ဖို့ အားထည့်ရတော့မှာပါ။

စစ်တပ်ကနေ စက်တပ်လေထီးတွေအသုံးပြုပြီး terror bombing လုပ်နေတာ 2025 ဒီဇင်ဘာလောက်ဆို တစ်နှစ်ပြည့်တော့မှာပါ။ လောလောဆယ်အထိတော့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ စက်တပ်လေထီးတွေကို ပစ်ချဖို့ ထိရောက်တဲ့ လက်နက်တွေ မရှိသေးပါဘူး။ ငွေကြေးအခက်အခဲအပြင် လက်နက်ခဲယမ်းရရှိဖို့ လမ်းကြောင်းအခက်အခဲတွေက အဟန့်အတား ကြီးကြီးမားမား ဖြစ်နေဦးမှာပါ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အမာခံနယ်မြေမရှိသေးတဲ့ စစ်ကိုင်းလို ဒေသမျိုးမှာက သင့်တော်တဲ့ လက်နက်ရဖို့ ပိုမိုခက်ခဲမှာ အသေအချာပါပဲ။

စက်တပ်လေထီးတွေကို တန်ပြန်ဖို့ လက်နက်တပ်ဆင်မယ်ဆိုရင်တော့ အဖြေက နှစ်ခုပဲ ရှိတယ်လို့ မြင်ပါတယ်။
- ပွိုင့်ဖိုက် 0.5 လို စက်သေ‌နတ်ကြီးတွေကို ယာဉ်တင်ထားပြီး အလင်အားနည်းချိန် ပစ်မှတ်ကိုမြင်နိုင်ဖို့ thermal sight တပ်ဆင်တာ
- FPV ဒရုန်းတွေနဲ့ ဝင်တိုက်တာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းနှစ်ခုစလုံးက ဒရုန်းတွေကို ပစ်ချဖို့အတွက် ထိရောက်မှုရှိတယ်ဆိုတာကို ယူကရိန်းစစ်မြေပြင်မှာ သက်သေပြထားပြီး ဖြစ်ပါတယ်။

ရုရှားရဲ့ Geran-2 (Shahed-136) ဒရုန်းတွေကို ပစ်ချဖို့အတွက် ယူကရိန်းမှာ စက်သေနတ်ကြီးတွေကို pick up ကားတွေ‌ပေါ်တင်တယ်၊ ညဘက်မြင်နိုင်အောင် thermal sight တွေ တပ်ဆင်ပြီး mobile anti-aircraft team တွေအဖြစ် လှုပ်ရှားကြတာ ဖြစ်ပါတယ်။ Spotter က ရန်သူဒရုန်းကို မြင်နိုင်အောင် search light, ဆလိုက်မီးတွေနဲ့ပါ ညအမှောင် ကောင်းကင်ထဲ မီးထိုးပြီး ရှာကြပါတယ်။

မြန်မာပြည်တွင်းမှာတော့ ပွိုင့်ဖိုက် စက်သေနတ်ကြီးတွေ ရှိပြီးသားပါ။ စခတွေဆီက သိမ်းမိတဲ့
- M2 Browning HMG
- MA-16 (STK 50) HMG တွေရှိတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလက်ထဲ တရုတ်ကဝင်လာတဲ့ Type 54 HMG တွေ ရှိထားကြပါတယ်။

စခတွေဆီက သိမ်းမိတဲ့ ပွိုင့်ဖိုက်အလက်ရေကတောင် ပိုများဦးမယ် ထင်ပါတယ်။ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာဆိုရင် ပွိုင့်ဖိုက်တွေကို ယာဉ်ပေါ်တင်ပြီး technical အဖြစ် အသုံးပြုကြတာကိုလည်း မကြာမကြာတွေ့ရပါတယ်။ တစ်ခုရှိတာက လေကြောင်းပစ်မှတ်တွေကို ချိန်ရွယ်ပစ်ခတ်ဖို့ anti-aircraft sight လေယာဉ်ပစ် ချိန်ဆိုက်ဒ်တော့ ပါလေ့မရှ်ိဘူးပေါ့လေ။

- ပွိုင့်ဖိုက်ကျည်ကမှ အမြင့်ရှိ စက်တပ်လေထီးကို ခြိမ်းခြောက်နိုင်လောက်တဲ့ ballistic performance ရနိုင်မယ်။
- thermal sight ပါမှ day/night မရွေး ပစ်မှတ်ကို ရှာဖွေနိုင်မယ်။
- ကားပေါ်တင်ထားတာက အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို လှုပ်ရှားနိုင်စွမ်းရှိစေမှာပါ။

FPV ဒရုန်းကတော့ အထူးတလည်သိပ်ပြောစရာ မလိုတော့ပါဘူး။ ရန်သူဒရုန်းကို ဝင်တိုက်နိုင်တယ်၊ အခွင့်အရေးကြုံရင် ရဟတ်ယာဉ်တွေပါ FPV ဒရုန်းရဲ့ ပစ်မှတ်ဖြစ်သွားနိုင်တယ်ဆိုတာကို မြန်မာပြည်တွင်းမှာရော၊ ယူကရိန်းမှာရော သက်သေပြထားတဲ့ ဖြစ်ရပ်တွေ ရှိပြီးသားပါ။ ဒီလို FPV ဒရုန်းတွေက စစ်ကိုင်းရှိတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်လာဖို့ လိုနေပါတယ်။

ရိုင်ဖယ်နဲ့ ကျည်ရဖို့တောင် ရုန်းကန်နေရတဲ့ အဖွဲ့တွေကို HMG, thermal sight, FPV တွေ ပြောရတာက သိပ်တော့ မသင့်တော်လှဘူးပေါ့လေ။ ဒါပေမယ့် လက်နက်အင်အားနည်းတဲ့ ဒေသတွေမှာ စကမ စက်တပ်လေထီးတွေရဲ့ အန္တရာယ်က ပိုဆိုးလာနေတာကြောင့် တန်ပြန်ဖို့ နည်းလမ်းတွေကတော့ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

Tactical Raptor
Raptorone
1👍1
လေကြောင်းအားကိုး၍ ခေါင်းထောင်လာသည့် စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်အင်အားစုများ စုစည်းရန်လို (ဆောင်းပါး)
DVB

“စစ်တပ်က မြေပြင်စစ်ပွဲတွေမှာ လေကြောင်း အလေးသာမှု ဆိုတဲ့ဟာကိုပဲ တစိုက်မတ်မတ် အသုံးချလာတာ ဖြစ်တဲ့အတွက် သူတို့အတွက် ပြောင်းပြန်ဆိုးကျိုးက လေယာဉ်မပါရင် အောက်က အဖွဲ့တွေက စစ်မတိုက်တတ်တော့ဘူး။ ဟိုအရင်တွေတုန်းက လေယာဉ်အကူတောင်းဖို့ဆိုတာ ဗိုလ်တယောက်တောင် တောင်းလို့မရဘူး။ အခုခေတ်မှာက ပြည်သူ့စစ်ကပါ တောင်းလာတယ်။ လေယာဉ်မလာရင် ကျမယ်၊ မကျရင်တောင် နာမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ ဂျိုင်ရိုကော့ပတာတို့ ပါရာမော်တာတို့ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ဒါ့အပြင် ဒရုန်းနဲ့ ကင်းထောက်တာတွေ ဒရုန်းတိုက်ခိုက်မှုမှာလည်း စိုးမိုးလာအောင် အဓိက လေကြောင်း အလေးသာမှု ဆိုတဲ့ဟာကို နည်းပေါင်းစုံနဲ့ အားပြုလာတယ်လို့ ပြောရမယ်။”
ဆောင်းပါးအပြည့်အစုံhttps://burmese.dvb.no/archives/727758
#DVB #လေကြောင်းတိုက်ခိုက် #စစ်တပ် #တော်လှန်ရေးအင်အားစု #article
👍1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#EIO
#Eagle Information Operator
(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏6
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
6🥰1
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခများသည် ကူတောရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 8, 9:21AM
📬သတင်းပို့ရန် @EagleInformationOperator
👍1