EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨မုံရွာ🚨

ရွာထောင်ဂိတ်မှ စခများသည် စက်မှုဇုန်၊ငြိမ်းချမ်းရေးပဲခွဲစက် လမ်းဆုံတွင် ရောက်ရှိ‌နေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:13AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ် မှ ထွက်လာသော စခများသည် ကူတောရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:18AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊မိုးညှင်းဘုရားတွင် အထိုင်ဝပ်ကျင်းချ‌နေသော စခများမှ စခတချို့သည် မိုးညှင်းဘုရားအနီးပတ်ဝန်းကျင်တွင် ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:25AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (#Route Direction) ၊ အချိန် (#Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ တာဝန်သိစိတ်ဖြင့် သတင်းများအားပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာကူးယူဖြန့်ဝေနိုင်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EagleInformationOperator
http://www.eagleinformationoperators@gmail.com
👍31
မိုးလေဝသသတင်း

BBM အောက်တိုဘာလ ၄
သတင်း ဦးထွန်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မနက် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင် အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”(MATMO)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း တောင်တရုတ်ပင်လယ်ပြင်၌ တိုင်ဖွန်းမုန်တိုင်း “မတ်မို” အဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခကင်းများသည် မြေနဲ နှင့် မိုးညှင်းလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 9:08AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨အသိပေး၊သတိပေးခြင်း🚨

(မုံရွာ-သာစည်)လမ်းပိုင်းတွင် စခများသည် လမ်းသွားလမ်းလာ ပြည်သူကားများအား အတင်းအကြပ် ငွေကြေးတောင်းခံခြင်း၊ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများကို နေ့စဉ်ပြုလုပ်နေကြောင်းသတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကြပါရန်🙏

#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊မိုးညှင်းဘုရားတွင် အထိုင်ဝပ်ကျင်းချ‌နေသော စခများမှ စခတချို့သည် မိုးညှင်းဘုရားအနီးပတ်ဝန်းကျင်တွင် ကင်းပတ်နေကြောင်းသတင်းရရှိ။ #EIO Oct 4, 8:25AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊မိုးညှင်းဘုရားတွင် အထိုင်ဝပ်ကျင်းချ‌နေသော စခများမှ စခတချို့သည် မိုးညှင်းဘုရားအနီးပတ်ဝန်းကျင်တွင် ကင်းပတ်ပြီး မိုးညှင်းဘုရားအတွင်းသို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 4, 9:26AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခကင်းများသည် မြေနဲ နှင့် မိုးညှင်းလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Oct 4, 9:08AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်ထွက် စခကင်းများသည် မြေနဲ နှင့် မိုးညှင်းလမ်းဆုံမှ စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Oct 4, 9:55AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🔴 အကြောင်းကြားစာ

ယခုလက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း
မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်များ၏ ဈာပနကိစ္စအားလုံးကို
သက်ဆိုင်ရာ စစ်ကြောင်းများမှ တာဝန်ယူ ဆောင်ရွက်ပေးလျက်
ရှိပါသည်။

📌 တာဝန်ကိုယ်စီနဲ့ မအားမလပ်နေသောကြောင့်
ကျွန်တော်တို့ စစ်ကြောင်းများတွင် အလှူခံခြင်း မရှိပါ။
ညိုးငယ်စွာဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်နေကြပါသည်။

👉 ဆိုရှယ်မီဒီယာပေါ်တွင်

ဒဏ်ရာရပုံများ၊ နာရေးကိစ္စများကို အလှူငွေရှာဖွေရန်
တင်ဆက်ခြင်း၊ ပေးပို့ခြင်းများ ရှိနေပါက
သက်ဆိုင်ရာ ဗျူဟာစစ်ကြောင်းများထံ
တိုက်ရိုက် ဆက်သွယ် တိုင်ကြားနိုင်ပါသည်။

ဗျူဟာ ၃၂ စစ်ကြောင်းများ

🚩 Cobra Column – ၁
🚩 ကျားသစ်နက် စစ်ကြောင်း
🚩 Venom စစ်ကြောင်း (Cobra Column – ၂)

#ဗျူဟာ၃၂
#CobraColumn

တရားဝင်စစ်ကြောင်းpageတွေဖြစ်ပြီး၊
သက်ဆိုင်ရာ စစ်ကြောင်းထောက်ပို့ တာဝန်ခံများ တာဝန်ယူ နေသည့် link များပါခင်ဗျာ။

လွှဲမှားမှူ တစုံတရာများတွေ့ပါက သက်ဆိုင်ရာ pageများမှ၊တိုက်ရိုက်မေးမြန်းနိုင်သလို၊ တိုင်ကြားခြင်းများလည်း ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။ 🙏🙏🙏

🚩Cobra cloumn စစ်ကြောင်း
CobraColumn's Tarpehhser
https://www.facebook.com/profile.php?id=61565837582936

🚩ကျားသစ်နက်စစ်ကြောင်း
https://www.facebook.com/Black.Panther.Column?

🚩Venom စစ်ကြောင်း ( CobraColumn-၂)
https://www.facebook.com/profile.php?id=100089647594834
👍1
သီတင်းကျွတ်ပွဲ ဖျော်ဖြေဖို့အတွက် ဖြူဖြူထွေးနဲ့ မိုးညို ဂန့်ဂေါ ခလရ ၅၀ သို့ ရောက်နေ
================

အောက်တိုဘာ ၄ ၊ ၂၀၂၅။

Zalen

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ဂန့်ဂေါမြို့ပေါ်မှာ ကျင်းပပြုလုပ်မယ့် သီတင်းကျွတ်ပွဲတော်အတွင်း ဖျော်ဖြေဖို့အတွက် ဆယ်လီ ဖြူဖြူထွေး နဲ့ မောင်မိုးညိုတို့ ဂန့်ဂေါ ကိုရောက်ရှိနေကြပြီလို့ ဒေသခံတွေထံကနေ သတင်းရရှိပါတယ်။

သူတို့ နှစ်ယောက်ကတော့ ဒီကနေ့ အောက်တို ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်မှာ ဟယ်လီကော်ပတာနဲ့ ခလရ ၅၀ တပ်ရင်းထဲကို ပို့ဆောင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

"ဂန့်ဂေါသီတင်းကျွတ်မှာဖျော်ဖြေဖို့ရောက်ကြတာတဲ့ ။ ရဟတ်ယာဉ်နဲ့လာပို့တာတဲ့။ မိုးညို နှင့် ဖြူဖြူထွေးလို့ကြားတယ်။ ဒီကနေ့ ၃ နာရီလောက်ကရောက်ကြတာ" လို့ Zalen ကိုပြောပါတယ်။

ဆက်ပြီး ဆယ်လီ ဖြူဖြူထွေး နဲ့ မိုးညို တို့က သီ တင်းကျွတ် ဖျော်ဖြေပွဲအတွက်သီးသန့်မဟုတ်ဘဲ မဲဆွယ်အကြိုစည်းရုံးရေးလုပ်ဖို့အတွက်ပါ ခေါ်ထားတာဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဂန့်ဂေါသီတင်းကျွတ်ပွဲတော်ကိုတော့ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ "တူယှဉ်နွှဲပျော် ယောမြေသီတင်းကျွတ်ပွဲတော်" နာမည်နဲ့ ၃ ရက်တိတိကျင်းပသွားမယ်လို့ သိရပါတယ်။

သတင်း - ယောနေ

#Zalen
👍4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာရောက် စခများသည် စက်တဲများအားမီးစတင်ရှိူ့၍ ဖျက်ဆီးနေကြောင်းသတင်းရရှိ။ #EIO Oct 4, 9:30AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာသို့ရောက်ရှိနေသော မုံရွာနယ်၊ဖန်ခါးကျင်းရွာမှ စခများသည် မုံရွာနယ်နှင့်ဘုတလင်နယ်အစပ် တံတားကျိုးအနီးသို့ ပြန်လည်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 11:54AM
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
သတင်းထုတ်ပြန်ကြေညာချက်

BWM Mission 46

🟰🟰🟰🟰🟰🟰🟰🟰🟰🟰

မင်းအောင်လှိုင်တည်းခိုနေသော
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့
၁၀၇ မမရှော့ဒုံးများဖြင့်တို-က်-ခို-က်ခြင်း

💢💢💢💢💢💢💢💢💢💢💢💢💢💢
ရက်စွဲ။ ။ ၂၀၂၅ခုနှစ်၊ အောက်တ်ုဘာ ၄

🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰🟰

BWM Telegram Channel

https://t.me/BraveWarriorsforMyanmar/170

တွင်လည်းကြည့်ရှုနိုင်ပါသည်။
👍1
မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ လာတက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ကျရောက်သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲ သို့ လာရောက်တက်ချိန် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်၊ မနက် ၆ နာရီ ၁၅ မိနစ် အချိန် မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတက်ရန် ပြင်ဦးလွင်မှ မန္တလေးသို့ ရောက်ရှိလာပြီး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းတွင် ခေတ္တဝင်ရောက်တည်းခိုခဲ့သည်ဟု သတင်းရရှိသဖြင့် ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မန်းတက္ကသိုလ်ရာပြည့်ပွဲတွင် မင်းအောင်လှိုင်က အရပ် သားပြည်သူ အများအပြားကို လူသားဒိုင်းဖြစ်အကာအကွယ် ယူပြီး ပွဲတက်မည်ဖြစ်ရာ အခမ်းအနားကို တိုက်ခိုက်ခြင်းက နေရာအတိအကျ ဖြစ်၍ ပိုမိုလွယ်ကူသော်လည်း အရပ်သားပြည်သူများပါ ထိခိုက်မည်ကို ရှောင်ရှားလိုသောကြောင့် မင်းအောင်လှိုင်ခေတ္တတည်းခိုရာ လပခ အတွင်းသို့သာ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများ၏ အကအခုန်များဖြင့် လူသားဒိုင်းလုပ်ထားသောကြောင့် မန်းတက္ကသိုလ်ရာပြည့်ပွဲတက်နေသော မင်းအောင်လှိုင်ကို ထပ်မံတိုက်ခိုက်ရန် အခွင့်မသာခဲ့သော်လည်း လပခ အတွင်းသို့ ပစ်ခတ်ထားမှုကြောင့် ၎င်း၏ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း၊ ယနေ့မစ်ရှင်မှာ နာရီပိုင်းအတွင်း လျှပ်တပျက်စီစဉ်ရသော မစ်ရှင် ဖြစ်သော်လည်း စစ်ခေါင်းဆောင်ကို အမှန်တကယ်ခြိမ်းခြောက် နိုင်သော မစ်ရှင်ဖြစ်သည့် အတွက်ကူညီအားဖြည့်ပေးသော် နယ်မြေခံ မဟာမိတ်တို့ကို အထူးကျေးဇူးတင်ကြောင်း Brave Warriors for Myanmar (BWM) တာဝန်ရှိသူက ပြောဆိုသည်။

"မင်းအောင်လှိုင် လပခမှာ လာတည်းတယ်လို့သိရလို့ ချက်ချင်းစီစဥ်လိုက်ရတာပါ။ ရှော့တိုက်ဒုံး ၂ လုံးစလုံး လပခထဲကိုကျတယ်လို့သိရပါတယ်။
ပစ်ပြီးမကြာခင်မှာ လေယာဥ်နဲ့ပတ်ရှာပါတယ်။ လပခဝန်းကျင်ရော မန်းမြို့ပေါ်ရောပတ်ဝဲနေတာ။ ရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်" ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ မစ်ရှင်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နှင့် ရတနာပုံတပ်ဦးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး BWM ၏ Mission 46 အဖြစ် အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် မင်းအောင်လှိုင်က မန္တလေးတက္ကသိုလ်ရာပြည့် အခမ်းအနားသို့ တက်ရောက်ပြီး ဖွင့်ပွဲ ဖွင့်လှစ်ခြင်း၊ အမှတ်တရ စကားပြောခြင်း၊ တက္ကသိုလ်အဆောက်အအုံများကို ကြည့်ရှု စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Eleven နှင့် BWM ။
🫡31
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်းတပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
🫡3