EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် တောင်အရပ်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 3, 5:07PM
📬သတင်းပို့ရန် @EagleInformationOperator
1👍1
အညာက ဗမာတွေအတွက် ဒိုင်း
ဗမာ့ဒိုင်း
================

လေးစားရပါသော
တော်လှန်မိဘပြည်သူများ နှင့် ရဲဘော်ရဲဘက်တို့
ခင်ဗျာ။

ကျနော်တို့
အညာဒေသမှာ
စစ်ရေးအရှိန်ထပ်မံမြှင့်တင်နိုင်ရေး၊
စကမ ပြန်လည်စိုးမိုးမှုမရရှိစေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံမှုကို
ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်
ကျနော်တို့ BLDF ရဲဘော်များမှ စဥ်ဆက်မပြတ်
တိုက်ပွဲဝင်လျှက်ရှိပါတယ် ခင်ဗျာ။

တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ
ကျနော် တို့ BLDF ရဲ့ တိုက်ပွဲဝင်ပုံရိပ်၊ activity ပုံရိပ်တွေကို ချပြနိုင်ဖို့ အတွက်
ပြီးတော့
တပ်ဦးရဲဘော်များအတွက် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များဖြည့်တင်းပေးနိုင်ရေးနှင့် ရဲဘော်များ သက်သာချောင်ချိရေးအတွက်
ယခု ဗမာ့ဒိုင်း Pageကို တည်ထောင်လိုက်ရပါတယ်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် တပ်ဦး ရဲဘော်တို့ကို စောင့်ကြည့် ထောက်ပံကူညီဝန်းရံပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျာ

တပ်ဦးရဲဘော် Burma တို့ရဲ့ဗမာ့ဒိုင်း pageကိုRCS နဲ့ ဝိုင်းဝန်းပေးကြပါအုံးဗျ။

https://www.facebook.com/share/1BUxHeXYuz/
3🥰1🫡1
ကျင့်ဝတ်ထိန်းကျောင်း၊ ရဲဘော်ကောင်း

#Frontline_Ethics
#စစ်ရေးပစ်မှတ်မဟုတ်
#Civilians_Are_Not_A_Target

https://www.facebook.com/share/16Lvs7HmHc/
👍1🫡1
🚨မြင်းမူ🚨

မြင်းမူနယ်၊ထီး‌ဆောင်းခွေးခြံမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Oct 3, 9:20PM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
⚜️တိုက်ပွဲသတင်းထုတ်ပြန်ခြင်း⚜️

၂၀၂၅ အောက်တိုဘာ ၃ ရက်နေ့
ညနေ ၄နာရီ ၂၆ မိနစ် တိုက်ပွဲသတင်း

-မင်းတုန်းမြို့နယ် ကျောက်တိုင် တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်အုပ်စု ဂိတ်စခန်းမှ တပ်ချိန်းပြီး ပြန်လာသော အင်အား (၆၀) ၀န်းကျင်ခန့် စခ ကား(၂) စီး( ဖောကားအနီ(၁)စီးနှင့် စစ်စိမ်းရောင် ဖောကား (၁)စီး )အား သရက်မြို့နယ် အတွင်းရှိ သရက် - မင်းတုန်းလမ်း ပဲ့မခန်းရွာ လမ်းပေါက်တွင် ခြုံခိုပြောက်ကျား တိုက်ခိုက်ခဲ့သည် ။

-ယနေ့နံနက် အ‌စောပိုင်းအချိန်တွင် တပ်ချိန်းရန် အလာတွင် လွှတ်ပေးပြီး အပြန်မှ အသင့်နေရာယူ စောင့်ကြိုပြီး ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။

- ကားမောင်းလာစဉ် လမ်းတစ်လျှောက်၌ သံသယရှိသည့်နေရာတွေကို လက်ဦးမှုယူကာ ပစ်ခတ်ရှင်းလင်းမှုလုပ်ရင်း မောင်းလာခဲ့ပြီး တချို့နေရာများတွင် ရှေ့က ခြေလျင်ဆင်းလျှောက်ပြီးမှ ကားကို နောက်က‌နေဖြည်းဖြည်းချင်း မောင်းလာခဲ့ကြခြင်းဖြစ်သည် ။

- ပစ်ခတ်မှု ဖြစ်သည့်အချိန်တွင် စခ အားလုံးသည် ကားပေါ်တွင် ရှိနေပြီးအစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားဖြင့် ကားမှောက်လုနီးပါးထိဖြစ်သွားခဲ့ပါသည်။ ရှေ့မှ စစ်စိမ်းရောင်ကားကို လွှတ်ပေးပြီး နောက်မှပါသော ဖောကားအနီကို အဓိကထား ချေမှုန်း တိုက်ခိုက်ပစ်ခတ်ခဲ့ပါသည် ။

- ထိုသို့ပစ်ခတ်စဉ် ရှေ့မှ မောင်းသွားသော စစ်စိမ်းရောင်ကားမှ ရပ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံဖြင့် တရပ်စပ် ပြန်လည်ပစ်ကူပေး သဖြင့် အပြန်အလှန် တိုက်ပွဲပြင်းထန်သွားခဲ့ပါသည် ။

- ဖောကားအနီ၏ အတွင်း၌ သဲအိတ်များစီပြီး အကာကွယ်ယူထားသဖြင့် အထိခိုက်နည်းသည်ဟု သိရပါသည် ။

- စစ်အုပ်စု (၂) ကောင် သေဆုံးပြီး (၇) ကောင် ဒဏ်ရာရသည်ဟုကနဦးသိရပါသည် ။

- သေဆုံး (၂) ဦး‌လုံးသည် တပ်သားအဆင့်များဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် ဗိုလ် တစ်ယောက်နှင့် ဒုတပ်ကြပ် အဆင့် တစ်ဦးဖြစ်သည်ဟု ကပစ(၂) မှ ဖရဲသီးထံမှ ပြော၍သိရပါသည်။

- ကိုယ့်ဘက်ရဲဘော်များမှ မိဘပြည်သူများ၏ ပို့သသောမေတ္တာကြောင့် အထိခိုက်တစ်စုံတစ်ရာမရှိခဲ့ပါ။

တိုက်ပွဲကြာချိန် - ၅ မိနစ်ခန့်ရှိပြီး စခအလောင်းများနှင့် ဒဏ်ရာရ စခများအား ကပစ(၁၂) ထဲသို့သာ သယ်ဆောင်မောင်း၀င်သွားကြောင်းနောက်ဆက်တွဲသိရှိရပါသည်။

- Photo/Video မရလိုက်ပါသဖြင့် အောက်ပါ တာဝန်ခံအမည်နှင့် တွဲ၍တိုက်ပွဲသတင်းအားထုတ်ပြန်လိုက်ပါသည်၊

မြေပြင်သတင်းများအား မိဘပြည်သူလူထုထံ အချိန်နှင့်တပြေးညီ ပေးပို့ပေးသော သတင်းမီဒီယာများအား အထူးကျေးဇူးတင်ပါသည် ။

ကိုသာချို
တာ၀န်ခံ
ပြန်ကြားရေးဌာန
ဗမာပြည်ကာကွယ်ရေးတပ် - USBA

#EIO
#USBA ပြန်ကြားရေးတာဝန်ခံမှ ပေးပို့လာသောတိုက်ပွဲသတင်းအား လိုအပ်တာဖြည့်စွက်၍မူရင်းအတိုင်းပြန်လည်တင်ပြလိုက်ပါသည်။

https://www.facebook.com/share/17YAxQz5sE/
3
🚨မြင်းမူ🚨

မြင်းမူနယ်၊ထီးဆောင်း‌ခွေးခြံမှစခများသည် ထီးဆောင်းရွာအတွင်းဝင်ရောက်၍ ပြည်သူနေအိမ်များထဲမှ ပြည်သူပိုင်ပစ္စည်းများအားဝင်ရောက်ခိုးယူပြီး ရွာထဲ၌တွေ့သောပြည်သူများအားလည်းဖမ်းဆီးမှူပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Oct 3, 11:10PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#EIO
Oct 4, 5:00AM
#Eagle Information Operator
(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
2🥰1
🚨ဘုတလင်🚨

ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာ၏တောင်ဘက် စေတနာဆီဆိုင်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 6:44AM
📬သတင်းပို့ရန် @EagleInformationOperator
🙏21
ငါတို့ဟာ ဒီမိုကရေစီပင်လယ်ပြင်ကို ဦးတည်ပြေးလွှားနေတဲ့ မြစ်ချောင်းညီအစ်ကိုမောင်နှမတွေ
===================================

ဒီအန်အေ စစ်စရာမလို။
အသားအရောင် လူမျိုး ဘာသာ
အဆင့်အတန်းတွေ တူစရာ မလို။
ဘယ်နေရာကနေမဆို
အာဏာရှင်ကိုတော်လှန်နေရင်
ငါတို့ဟာ ညီအစ်ကိုမောင်နှမတွေ။

မင်း ခြေထောက်ကိုထိတဲ့ မိုင်းစဟာ
ငါတို့ ခြေထောက်ကိုမှန်တယ်။
မင်းခေါင်းကိုထိတဲ့ လက်နက်ကြီးအစဟာ
ငါတို့နှလုံးသားကို ပြာကျတာပဲ။
မင်းမျက်လုံံးက ကျတဲ့မျက်ရည်ဟာ
ငါတို့မျက်ဝန်းမှာ ရွှဲရွှဲစိုတယ်။
မင်းခန္ဓာကိုယ်က စီးကျတဲ့ သွေးတွေဟာ
ငါတို့ခန္ဓာကိုယ်မှာ ချင်းချင်းနီတယ်။

ငါးနှစ်ထဲရောက်လာပြီ။
ဘာကြောင့် ညာကြောင့်ဆိုပြီး
အကြောင်းပြချက်တွေ အမျိုးမျိုးချိတ်ဆွဲ
တော်လှန်ရေးကို လက်ပြ မသွားတဲ့
ပုန်ကန်သူတွေရဲ့ခံနိုင်ရည်စွမ်းဟာ
အခုချိန်ထိ ငါကူးခတ်နေနိုင်တဲ့
အကြောင်းပြချက်ပဲ။

လွဲနေရင် ပြန်ဆွဲမယ်။
စောင်းနေရင် ပြန်ပြောင်းမယ်။
သိသိရက်နဲ့ နှုတ်ဆိတ်နေတာဟာ
မိတ်ဆွေဝတ္တရား မကျေပွန်တာ။
တော်လှန်ရေးဝတ္တရား မကျေပွန်တာ။
ငါကတော့ အဲ့ဒီလိုပဲ ယူဆရဲ့။

ဒီလမ်းဟာ ဘယ်လောက်ကြမ်းမလဲ
ငါတို့ သိရဲ့။
အိမ်ပြန်ခရီးဟာ
အလံကို ကိုင်မြှောက်ပြီးပြန်မလား။
အလံကို ခြုံပြီး ပြန်မလား။
ဒီနှစ်နည်းပဲရှိတယ်ဆိုတာ
ငါတို့ သိရဲ့။
ဒါပေမယ့် ငါတို့ ဆက်လျှောက်မယ်။
ငါတို့ ဆက်လျှောက်ဆဲ။

ငါတို့ဟာ
အာဏာရှင်ကျောက်ဆောင်ကို တွန်းတိုက်ရင်း
ဒီမိုကရေစီပင်လယ်ပြင်ကို ဦးတည်ပြေးလွှားနေတဲ့
မြစ်ချောင်းညီအစ်ကိုမောင်နှမတွေ။

ပန်းနုဝင်း
#MyitKwae
4
မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ် အတွဲ (၄)၊ အမှတ်စဉ် (၅)တွင် ဖော်ပြထားသော ကဗျာကဏ္ဍမှ ကဗျာ တစ်ပုဒ်ဖြစ်ပါသည်။
4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာ၏တောင်ဘက် စေတနာဆီဆိုင်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Oct 4, 6:44AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ဘုတလင်🚨

မုံရွာနယ်၊ဖန်းခါးကျင်းရွာမှ ထွက်လာသော စခများသည် ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာထဲတွင်စခ(၁)ဖွဲ့နှင့် စေတနာဆီဆိုင်ရှေ့လမ်းမပေါ်တွင် စခ(၁)ဖွဲ့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 7:23AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

ရွာထောင်ဂိတ်မှ စခများသည် စက်မှုဇုန်၊ငြိမ်းချမ်းရေးပဲခွဲစက် လမ်းဆုံတွင် ရောက်ရှိ‌နေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:13AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ် မှ ထွက်လာသော စခများသည် ကူတောရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:18AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊မိုးညှင်းဘုရားတွင် အထိုင်ဝပ်ကျင်းချ‌နေသော စခများမှ စခတချို့သည် မိုးညှင်းဘုရားအနီးပတ်ဝန်းကျင်တွင် ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:25AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (#Route Direction) ၊ အချိန် (#Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ တာဝန်သိစိတ်ဖြင့် သတင်းများအားပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာကူးယူဖြန့်ဝေနိုင်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EagleInformationOperator
http://www.eagleinformationoperators@gmail.com
👍31
မိုးလေဝသသတင်း

BBM အောက်တိုဘာလ ၄
သတင်း ဦးထွန်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မနက် ၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဖိလစ်ပိုင်ပင်လယ်ပြင် အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်းမုန်တိုင်း“မတ်မို”(MATMO)သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း တောင်တရုတ်ပင်လယ်ပြင်၌ တိုင်ဖွန်းမုန်တိုင်း “မတ်မို” အဖြစ် ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခကင်းများသည် မြေနဲ နှင့် မိုးညှင်းလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 9:08AM
📬သတင်းပို့ရန် @EagleInformationOperator
👍3