EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
တန့်ဆည်နယ် တနယ်ရွာက နေအိမ် ၁၀ အိမ်နဲ့ စပါးကျီတွေကိုမီးရှို့ပြီး စစ်အုပ်စုရွာထဲကနေ ပြန်ဆုတ်

ထက်ဖြိုး/MFP ၊ အောက်တိုဘာ - ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် တနယ်ရွာကို စစ်အုပ်စုကအောက်တိုဘာလ ၁ ရက်နေ့က စတင်ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၁၀ အိမ်နဲ့ စပါးကျီတွေကို မီးရှို့ပြီးဖျက်ဆီးကာ အောက်တိုဘာလ ၃ ရက် ဒီကနေ့မနက်ပိုင်းက ရွာထဲကနေ ဆုတ်ခွာသွားပြီဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

မကြိတ်ခွဲရသေးတဲ့ စပါးတွေကို မီးရှို့ဖျက်ဆီးသွားပေမဲ့ ဆန်တွေကိုတော့ တန့်ဆည်မြို့ပေါ်က စစ်အုပ်စုန်စခန်းကို ကားနဲ့သယ်ဆောင်သွားတယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ကထုတ်ပြန်ထားပါတယ်။

“တနယ်က စကစတွေက ကန့်ဘလူ ဇီးကုန်းသကြားစက်ဘက် ပြန်ဝင်သွားပြီဗျ။ ရေဦးနယ်ကစစ်ကြောင်းကလည်း ကန့်ဘလူဘက်ပြန်ဆုတ်သွားပြီ။ ရေဦးရော၊ တန့်ဆည်ရောမှာ စစ်ကြောင်းမရှိတော့ဘူး”လို့ တန့်ဆည်မြို့နယ်ရဲဘော်တစ်ဦးက ပြောပါတယ်။

တန့်ဆည်နဲ့ ရေဦးနယ်ကို မြေပြင်ကနေ စစ်ကြောင်းတွေထွက်လာခဲ့ပေမဲ့ လေကြောင်းကနေလည်း ခပေါင်းကြိုင်ရွာနဲ့ ဖန်းခါးဇင်ရွာတွေကို ဗုံးကြဲခံရတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာ စစ်အုပ်စုစစ်ကြောင်းတွေက အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း ကျေးရွာပေါင်း ၁၀၀ကျော် နေအိမ်ပေါင်း ၅၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အောက်တိုဘာလ ၂ ရက် ဒီနေ့မှာ Taze News က ထုတ်ပြန်ပါတယ်။

#Mandalay_Free_Press_MFP
#အည#စစ်ကိုင်း #မန္တလေး #မကွေး
မြေရှိရင် ငွေရှိရမယ်လို့ NUGဝန်ကြီးပြော
-----

မိုနာ/BVJ_ အောက်တိုဘာ ၃၊ ၂၀၂၅

တော်လှန်ရေးတပ်ဖွဲ့စိုးမိုးဒေသတွေကနေ အခွန်တွေကောက်ခံနေမှုကနေ ဝင်‌ငွေရရှိမှုဟာ အခုနှစ်အတွင်းပိုများလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

“ယခင်ကထက်စာရင် ၂၀၂၄နဲ့ ၂၀၂၅မတူတော့ဘဲ ၂၀၂၅မှာ ပိုမိုပြီးတော့ ကောင်းကောင်းနဲ့ အခွန်အတုတ်ကောက်ယူမှုနဲ့ဝင်ငွေရရှိလာတယ်လို့ ကျနော်ဖြေချင်ပါတယ်။ ဒီအချိန်မှာ ဘယ်လောက်ရတယ် ဘယ်လိုဆိုတာကိုတော့ကျနော့်အနေနဲ့မဖြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကလျို့ဝှက်ထားရမှာဖြစ်ပါတယ်။ ပြည်သူမှပြည်သူသို့ ပါဝင်မှုတွေနဲ့ ယခုလိုမြေပြင်မှာရှိတဲ့ မြေရှိရင်ငွေရှိနိုင်အောင် ကျနော်တို့စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကိုပေါင်းပြီးတော့ တော်လှန်ရေးအတွက် လိုအပ်တဲ့ဘဏ္ဍာငွေအင်အားတောင့်တင်းရေး စီစဉ်ဆောင်ရွက်နေပါတယ်လို့” ဒေါက်တာဇော်ဝေစိုးက NUGပြန်ကြားရေးPVTVနဲ့သီးသန့်အင်တာဗျူးမှာ ပြောတာပါ။

စိုးမိုးဒေသဟာ မလေးရှားနိုင်ငံလောက်ကျယ်နေပြီဖြစ်တာကြောင့် အဲ့ဒီနေရာဒေသတွေကနေ သယံဇာတတွေ၊ စိုက်ပျိုးမွေးမြူရေးတွေ၊ အသက်မွေးဝမ်းကြောင်းတွေ၊ကုန်သွယ်စီးပွားရေးတွေ ပြုလုပ်နေကြပြီဖြစ်ကြောင်းနဲ့ အိန္ဒိယ ၊တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း ဒီ border tradeတွေကနေ မှန်ကန်တဲ့ဝင်ငွေရရှိစေရေးအတွက်လည်း အခုမြေပြင်မှာ စီစဉ်ကြပ်မတ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြေပြင်မှာဖြစ်ပျက်နေတဲ့ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက်ချစားမှုတွေအပေါ်မှာလည်း ကိုင်တွယ်ဆောင်ရွက်မှုတွေလုပ်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။

“တော်လှန်ရေးပေါ်မှာအမြတ်ထုတ်တာကို လုံးဝခွင့်မလွှတ်ဘူး။ ကျ‌နော်တို့ ရဲဘော်တွေ တယောက်ချင်းစီရဲ့ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ထားရတာကြောင့် တကျပ်တပြားမှ တော်လှန်ရေးပေါ်ကနေအမြတ်မထုတ်သင့်ပါဘူး။ အမြတ်ထုတ်တဲ့သူကိုကျနော်တို့ အရေးယူရမှာပဲဖြစ်ပါတယ်။ ကျနော်အမြတ်ထုတ်ရင် ကျ‌နော့်ကိုအရေးယူရမှာဖြစ်ပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး မြေပြင်မှာအရေးယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ရက်မှာ NUGလက်အောက်ခံ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တရားသူကြီးအဖွဲ့က ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦးကို NUG ယာယီသမ္မတက တာဝန်မှရပ်စဲလိုက်ကြေညာခဲ့ပါတယ်။
ဘာကြောင့်ရပ်စဲလိုက်သလဲဆိုတာကို တိတိကျကျမပြောထားပေမယ့် အဖွဲ့ဝင်အချင်းချင်းကြားတွင် ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ဆက်လက်တာဝန်ပေးအပ်ဖို့မသင့်တာကြောင့်လို့ ဖော်ပြထားပါတယ်။

#BVJ
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် တောင်အရပ်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Oct 3, 5:07PM
📬သတင်းပို့ရန် @EagleInformationOperator
1👍1
အညာက ဗမာတွေအတွက် ဒိုင်း
ဗမာ့ဒိုင်း
================

လေးစားရပါသော
တော်လှန်မိဘပြည်သူများ နှင့် ရဲဘော်ရဲဘက်တို့
ခင်ဗျာ။

ကျနော်တို့
အညာဒေသမှာ
စစ်ရေးအရှိန်ထပ်မံမြှင့်တင်နိုင်ရေး၊
စကမ ပြန်လည်စိုးမိုးမှုမရရှိစေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံမှုကို
ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်
ကျနော်တို့ BLDF ရဲဘော်များမှ စဥ်ဆက်မပြတ်
တိုက်ပွဲဝင်လျှက်ရှိပါတယ် ခင်ဗျာ။

တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ
ကျနော် တို့ BLDF ရဲ့ တိုက်ပွဲဝင်ပုံရိပ်၊ activity ပုံရိပ်တွေကို ချပြနိုင်ဖို့ အတွက်
ပြီးတော့
တပ်ဦးရဲဘော်များအတွက် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များဖြည့်တင်းပေးနိုင်ရေးနှင့် ရဲဘော်များ သက်သာချောင်ချိရေးအတွက်
ယခု ဗမာ့ဒိုင်း Pageကို တည်ထောင်လိုက်ရပါတယ်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် တပ်ဦး ရဲဘော်တို့ကို စောင့်ကြည့် ထောက်ပံကူညီဝန်းရံပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျာ

တပ်ဦးရဲဘော် Burma တို့ရဲ့ဗမာ့ဒိုင်း pageကိုRCS နဲ့ ဝိုင်းဝန်းပေးကြပါအုံးဗျ။

https://www.facebook.com/share/1BUxHeXYuz/
3🥰1🫡1
ကျင့်ဝတ်ထိန်းကျောင်း၊ ရဲဘော်ကောင်း

#Frontline_Ethics
#စစ်ရေးပစ်မှတ်မဟုတ်
#Civilians_Are_Not_A_Target

https://www.facebook.com/share/16Lvs7HmHc/
👍1🫡1
🚨မြင်းမူ🚨

မြင်းမူနယ်၊ထီး‌ဆောင်းခွေးခြံမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Oct 3, 9:20PM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
⚜️တိုက်ပွဲသတင်းထုတ်ပြန်ခြင်း⚜️

၂၀၂၅ အောက်တိုဘာ ၃ ရက်နေ့
ညနေ ၄နာရီ ၂၆ မိနစ် တိုက်ပွဲသတင်း

-မင်းတုန်းမြို့နယ် ကျောက်တိုင် တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်အုပ်စု ဂိတ်စခန်းမှ တပ်ချိန်းပြီး ပြန်လာသော အင်အား (၆၀) ၀န်းကျင်ခန့် စခ ကား(၂) စီး( ဖောကားအနီ(၁)စီးနှင့် စစ်စိမ်းရောင် ဖောကား (၁)စီး )အား သရက်မြို့နယ် အတွင်းရှိ သရက် - မင်းတုန်းလမ်း ပဲ့မခန်းရွာ လမ်းပေါက်တွင် ခြုံခိုပြောက်ကျား တိုက်ခိုက်ခဲ့သည် ။

-ယနေ့နံနက် အ‌စောပိုင်းအချိန်တွင် တပ်ချိန်းရန် အလာတွင် လွှတ်ပေးပြီး အပြန်မှ အသင့်နေရာယူ စောင့်ကြိုပြီး ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။

- ကားမောင်းလာစဉ် လမ်းတစ်လျှောက်၌ သံသယရှိသည့်နေရာတွေကို လက်ဦးမှုယူကာ ပစ်ခတ်ရှင်းလင်းမှုလုပ်ရင်း မောင်းလာခဲ့ပြီး တချို့နေရာများတွင် ရှေ့က ခြေလျင်ဆင်းလျှောက်ပြီးမှ ကားကို နောက်က‌နေဖြည်းဖြည်းချင်း မောင်းလာခဲ့ကြခြင်းဖြစ်သည် ။

- ပစ်ခတ်မှု ဖြစ်သည့်အချိန်တွင် စခ အားလုံးသည် ကားပေါ်တွင် ရှိနေပြီးအစုလိုက်အပြုံလိုက် ၀ရုန်းသုန်းကားဖြင့် ကားမှောက်လုနီးပါးထိဖြစ်သွားခဲ့ပါသည်။ ရှေ့မှ စစ်စိမ်းရောင်ကားကို လွှတ်ပေးပြီး နောက်မှပါသော ဖောကားအနီကို အဓိကထား ချေမှုန်း တိုက်ခိုက်ပစ်ခတ်ခဲ့ပါသည် ။

- ထိုသို့ပစ်ခတ်စဉ် ရှေ့မှ မောင်းသွားသော စစ်စိမ်းရောင်ကားမှ ရပ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံဖြင့် တရပ်စပ် ပြန်လည်ပစ်ကူပေး သဖြင့် အပြန်အလှန် တိုက်ပွဲပြင်းထန်သွားခဲ့ပါသည် ။

- ဖောကားအနီ၏ အတွင်း၌ သဲအိတ်များစီပြီး အကာကွယ်ယူထားသဖြင့် အထိခိုက်နည်းသည်ဟု သိရပါသည် ။

- စစ်အုပ်စု (၂) ကောင် သေဆုံးပြီး (၇) ကောင် ဒဏ်ရာရသည်ဟုကနဦးသိရပါသည် ။

- သေဆုံး (၂) ဦး‌လုံးသည် တပ်သားအဆင့်များဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် ဗိုလ် တစ်ယောက်နှင့် ဒုတပ်ကြပ် အဆင့် တစ်ဦးဖြစ်သည်ဟု ကပစ(၂) မှ ဖရဲသီးထံမှ ပြော၍သိရပါသည်။

- ကိုယ့်ဘက်ရဲဘော်များမှ မိဘပြည်သူများ၏ ပို့သသောမေတ္တာကြောင့် အထိခိုက်တစ်စုံတစ်ရာမရှိခဲ့ပါ။

တိုက်ပွဲကြာချိန် - ၅ မိနစ်ခန့်ရှိပြီး စခအလောင်းများနှင့် ဒဏ်ရာရ စခများအား ကပစ(၁၂) ထဲသို့သာ သယ်ဆောင်မောင်း၀င်သွားကြောင်းနောက်ဆက်တွဲသိရှိရပါသည်။

- Photo/Video မရလိုက်ပါသဖြင့် အောက်ပါ တာဝန်ခံအမည်နှင့် တွဲ၍တိုက်ပွဲသတင်းအားထုတ်ပြန်လိုက်ပါသည်၊

မြေပြင်သတင်းများအား မိဘပြည်သူလူထုထံ အချိန်နှင့်တပြေးညီ ပေးပို့ပေးသော သတင်းမီဒီယာများအား အထူးကျေးဇူးတင်ပါသည် ။

ကိုသာချို
တာ၀န်ခံ
ပြန်ကြားရေးဌာန
ဗမာပြည်ကာကွယ်ရေးတပ် - USBA

#EIO
#USBA ပြန်ကြားရေးတာဝန်ခံမှ ပေးပို့လာသောတိုက်ပွဲသတင်းအား လိုအပ်တာဖြည့်စွက်၍မူရင်းအတိုင်းပြန်လည်တင်ပြလိုက်ပါသည်။

https://www.facebook.com/share/17YAxQz5sE/
3
🚨မြင်းမူ🚨

မြင်းမူနယ်၊ထီးဆောင်း‌ခွေးခြံမှစခများသည် ထီးဆောင်းရွာအတွင်းဝင်ရောက်၍ ပြည်သူနေအိမ်များထဲမှ ပြည်သူပိုင်ပစ္စည်းများအားဝင်ရောက်ခိုးယူပြီး ရွာထဲ၌တွေ့သောပြည်သူများအားလည်းဖမ်းဆီးမှူပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Oct 3, 11:10PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#EIO
Oct 4, 5:00AM
#Eagle Information Operator
(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
2🥰1
🚨ဘုတလင်🚨

ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာ၏တောင်ဘက် စေတနာဆီဆိုင်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 6:44AM
📬သတင်းပို့ရန် @EagleInformationOperator
🙏21
ငါတို့ဟာ ဒီမိုကရေစီပင်လယ်ပြင်ကို ဦးတည်ပြေးလွှားနေတဲ့ မြစ်ချောင်းညီအစ်ကိုမောင်နှမတွေ
===================================

ဒီအန်အေ စစ်စရာမလို။
အသားအရောင် လူမျိုး ဘာသာ
အဆင့်အတန်းတွေ တူစရာ မလို။
ဘယ်နေရာကနေမဆို
အာဏာရှင်ကိုတော်လှန်နေရင်
ငါတို့ဟာ ညီအစ်ကိုမောင်နှမတွေ။

မင်း ခြေထောက်ကိုထိတဲ့ မိုင်းစဟာ
ငါတို့ ခြေထောက်ကိုမှန်တယ်။
မင်းခေါင်းကိုထိတဲ့ လက်နက်ကြီးအစဟာ
ငါတို့နှလုံးသားကို ပြာကျတာပဲ။
မင်းမျက်လုံံးက ကျတဲ့မျက်ရည်ဟာ
ငါတို့မျက်ဝန်းမှာ ရွှဲရွှဲစိုတယ်။
မင်းခန္ဓာကိုယ်က စီးကျတဲ့ သွေးတွေဟာ
ငါတို့ခန္ဓာကိုယ်မှာ ချင်းချင်းနီတယ်။

ငါးနှစ်ထဲရောက်လာပြီ။
ဘာကြောင့် ညာကြောင့်ဆိုပြီး
အကြောင်းပြချက်တွေ အမျိုးမျိုးချိတ်ဆွဲ
တော်လှန်ရေးကို လက်ပြ မသွားတဲ့
ပုန်ကန်သူတွေရဲ့ခံနိုင်ရည်စွမ်းဟာ
အခုချိန်ထိ ငါကူးခတ်နေနိုင်တဲ့
အကြောင်းပြချက်ပဲ။

လွဲနေရင် ပြန်ဆွဲမယ်။
စောင်းနေရင် ပြန်ပြောင်းမယ်။
သိသိရက်နဲ့ နှုတ်ဆိတ်နေတာဟာ
မိတ်ဆွေဝတ္တရား မကျေပွန်တာ။
တော်လှန်ရေးဝတ္တရား မကျေပွန်တာ။
ငါကတော့ အဲ့ဒီလိုပဲ ယူဆရဲ့။

ဒီလမ်းဟာ ဘယ်လောက်ကြမ်းမလဲ
ငါတို့ သိရဲ့။
အိမ်ပြန်ခရီးဟာ
အလံကို ကိုင်မြှောက်ပြီးပြန်မလား။
အလံကို ခြုံပြီး ပြန်မလား။
ဒီနှစ်နည်းပဲရှိတယ်ဆိုတာ
ငါတို့ သိရဲ့။
ဒါပေမယ့် ငါတို့ ဆက်လျှောက်မယ်။
ငါတို့ ဆက်လျှောက်ဆဲ။

ငါတို့ဟာ
အာဏာရှင်ကျောက်ဆောင်ကို တွန်းတိုက်ရင်း
ဒီမိုကရေစီပင်လယ်ပြင်ကို ဦးတည်ပြေးလွှားနေတဲ့
မြစ်ချောင်းညီအစ်ကိုမောင်နှမတွေ။

ပန်းနုဝင်း
#MyitKwae
4
မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ် အတွဲ (၄)၊ အမှတ်စဉ် (၅)တွင် ဖော်ပြထားသော ကဗျာကဏ္ဍမှ ကဗျာ တစ်ပုဒ်ဖြစ်ပါသည်။
4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဘုတလင်🚨 ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာ၏တောင်ဘက် စေတနာဆီဆိုင်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Oct 4, 6:44AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ဘုတလင်🚨

မုံရွာနယ်၊ဖန်းခါးကျင်းရွာမှ ထွက်လာသော စခများသည် ဘုတလင်မြို့နယ်၊အနောက်ဇီးတောရွာထဲတွင်စခ(၁)ဖွဲ့နှင့် စေတနာဆီဆိုင်ရှေ့လမ်းမပေါ်တွင် စခ(၁)ဖွဲ့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 7:23AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

ရွာထောင်ဂိတ်မှ စခများသည် စက်မှုဇုန်၊ငြိမ်းချမ်းရေးပဲခွဲစက် လမ်းဆုံတွင် ရောက်ရှိ‌နေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:13AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ် မှ ထွက်လာသော စခများသည် ကူတောရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:18AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊မိုးညှင်းဘုရားတွင် အထိုင်ဝပ်ကျင်းချ‌နေသော စခများမှ စခတချို့သည် မိုးညှင်းဘုရားအနီးပတ်ဝန်းကျင်တွင် ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Oct 4, 8:25AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (#Route Direction) ၊ အချိန် (#Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ တာဝန်သိစိတ်ဖြင့် သတင်းများအားပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာကူးယူဖြန့်ဝေနိုင်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EagleInformationOperator
http://www.eagleinformationoperators@gmail.com
👍31