EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ န
ိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း၂
၀၂၅ ခုနှစ်စက်တင်ဘာလ ၁၅ ရက်နေ့ယန
ေ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှကြီးမှူးကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဥက္ကဋ္ဌ နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စား လှယ်များ၊ တအာင်းအမျိုးသားပါတီမှတာဝန်ခံများ၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသော အထူးဖိတ်ကြားထားသည့်ကိုယ်စားလှယ်များ၊ နှင့် တော်လှန်ရေးမိတ်ဆွေများကို မင်္ဂလာအပေါင်းခညောင်းပါစေကြောင်း ပထမဦးဆုံး ဆုတောင်းမေတ္တာပို့အပ်ပါတယ်။ယနေ့ ကျရောက
်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကကြီးမှူးကျင်းပခြင်းကြောင့် အထူး ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ကျွန်တော်တို့န
ိုင်ငံဖြတ်သန်းခဲ့တဲ့ အတိတ်သမိုင်းကို လေ့လာကြည့်ရင်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ တိုက်ရိုက် ဆက်နွှယ်ပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ အခုလည်း ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကိုဖြိုချတိုက်ပွဲဝင်နေတဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ထင်ရှားပါတယ်။ နွေဦးတော်လှန်ရေးမှာတော့ဒီမိုကရေစီအရေး သက်သက်သာမကပဲ၊ ဖက်ဒရယ်အရေးအတွက်ပါ တော်လှန်တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးတစ်ရပ်ဖြစ်တာကိုတွေ့ရပါတယ်။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အစားထိုး တည်ဆောက်နိုင်ခြင်းဟာကျွန်တော်တို့ ဖြတ်သန်း နေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်း ပ,ပျောက်အောင် မလုပ်နိုင်ဘူးဆိုရင်၊ ဒီမိုကရေစီအခွင့်အရေးတွေကို အပြည့်အဝမရရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ ဒီမိုကရေစီဆိုတာလွတ်လပ်ခ
ွင့်နဲ့ တရားမျှတမှုအပေါ်မှာ အခြေခံသလို၊ တာဝန်ယူမှု / တာဝန်ခံမှု ဆိုတာ တွေအပေါ်မှာလည်းအခြေခံပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိမှုနဲ့ လည်း ချိတ်ဆက်နေပါတယ်။စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့၊ ပြည်သူ့လွတ်လပ်ခွင့် ပျောက်ဆုံးနေလိမ့်မယ်လို့ပြောနိုင်ပါတယ်။ စစ်အာဏာရှင်စနစ် အသက်ဝင်နေသရွေ့၊ ပြည်သူတွေဟာ တရားမျှတမှုကိုလည်း မရရှိနိုင်သလို၊တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကိုလည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီမိုကရေစီဖြစ်ထွန်းရေးဟာစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေ တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ဘဲ၊ဒီမိုကရေစီစနစ် ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။အခုဆိုရင် စစ်အာဏာရှင်စနစ်ကိုခေါင
်းစဉ်အမျိုးမျိုးပြောင်းပြီး သက်ဆိုးရှည်အောင် လုပ်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့အတုအယောင်ရွေးကောက်ပွဲကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကော်မရှင်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက် ပွဲနဲ့ ပုံမှားရိုက်ဖို့ ကြိုးစားနေပါတယ်။ပြည်တွင်းအင်အားစုတချို့ကလည်း အတုအယောင်ရွေးကောက်ပွဲ မှန်းသိပေမယ့်၊ ဒါဟာ အဖြေရဲ့ လမ်းစများဖြစ်မလားဆိုပြီးမျှော်ကိုးနေတာကို တွေ့ရပါတယ်။ ဒီလို မျှော်ကိုးမှုဟာ လူထုရဲ့ ဒီမိုကရေစီအခွင့်အရေးအတွက်လား၊စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ဝိုင်းဝန်းချီးမြှောက်နေခြင်းလားဆိုတာလည်း မသဲမကွဲဖြစ်နေပါတယ်။ကျွန်တော်တို့အနေနဲ့ လူထုကို လှည့်ဖြားတဲ့ မည်သည့်နိုင်ငံရေးလှည့်ကွက်မျိုးကိုမဆို၊ကန့်ကွက်ရှုတ်ချကြောင်း ပြောကြားလိုပါတယ်။ စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲဟာ ပ
ြည်သူလူထုရဲ့ ထွက်ပေါက် မဟုတ်ဘဲ စစ်အာဏာရှင် ခေါင်းဆောင်တွေရဲ့နိုင်ငံရေးထွက်ပေါက် ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အသက်ရှုပေါက်ချောင်လေလေ၊ ပြည်သူလူထုဟာအသက်ရှုကြပ်လေလေ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးနဲ့စစ်မှန်တဲ့ လူထုလွတ်လပ်ခွင့် များ အာမခံချက်ရှိရေးကို အားသွန်ကြိုးပမ်းနေပါတယ်။ အဲသည့်လိုကြိုးပမ်းတဲ့နေရာမှာ လူထုနိုင်ငံရေး နည်းလမ်းတွေ အပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့သံတမန်နည်းလမ်းတွေကိုလည်း ပေါင်းစပ် အသုံးပြုပြီး ကြိုးစားနေကြပါတယ်။ တိုင်းပြည်နဲ့လူ့အဖွဲ့အစည်းတစ်ခုလုံးမှာ စစ်မှန်တဲ့ ဒီမိုကရေစီမူဘောင်တွေ အသက်ဝင်ရေးနဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများခိုင်ခိုင်မာမာ အသက်သွင်းတည်ဆောက်နိုင်ရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးပဲဖြစ်ပါတယ်။နိုင်ငံတည်ဆောက်ရေးဟာ တော်လှန်ရေး မအောင်မြင်ဘဲနဲ့ ကျကျနန တည်ဆောက်လို့ မရနိုင်ဘူးဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ တော်လှန်ရေးနဲ့ တည်ဆောက်ရေးဟာ တွဲဖက်နေတာကြောင့်၊ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အောင်မြင်စွာ တော်လှန်ပြီး ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်နိုင်ဖို့ဟာ အင်မတန်အရေးကြီးကြောင်း
🥰1
ပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာကတော့၊ နွေဦးတော်လန်ရေ
းဟာ ကတ္တီပါလမ်းကို ဖြတ်လျှောက်နေတဲ့ တော်လှန်ရေးမဟု
တ်ဘူးဆိုတာကို ပြောကြားချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာခရီးကြမ်းကိုလည်း ဖြတ်သန်းနေရသလို၊ အချိုးအကွေ့တွေကိုလည်း ဖြတ်သန်းနေကြ ရပါတယ်။ ဒါ့အပြင်နိုင်ငံရေးမိုးသက်မုန်တိုင်းတွေနဲ့ နိုင်ငံရေးချောက်ကမ်းပါးတွေကိုလည်း ကျော်ဖြတ် နေရပါတယ်။လက်ရှိ ၂၀၂၅ ခုနှစ်ဟာ ပိုမိုအကဲဆတ်တဲ့ နိုင်ငံရေးမုန်တိုင်းတွေနဲ့ ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်အဖြစ်သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးဟာ အနိမ့်အမြင့်၊ အတက်အကျ တွေကြားထဲမှာပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေပါတယ်။ ကျွန်တော်တို့ဟာ နည်းဗျူဟာ အပြောင်းအလဲနဲ့မဟာဗျူဟာ အလှည့်အပြောင်းတွေကို ပြောင်းလဲကျင့်သုံးမှုတချို့ ရှိပေမယ့် မူလပန်းတိုင်နဲ့မူလရည်မှန်းချက်ကို ဘယ်သောအခါမှ သွေဖည်ခြင်းမရှိဘူးဆိုတာ ပြောကြားလို ပါတယ်။ နွေဦးတော်လှန်ရေးဟာရှေ့နှစ်လှမ်းတိုး - နောက်တစ်လှမ်းဆုတ် ပုံစံမျိုးနဲ့ တရွေ့ရွေ့ ရှေ့ကို ချီတက်နေပါတယ်။အဲသည့်အတွက် ကျွန်တော်တို့ဟာ အနှောက်အယှက်၊ အဟန့်အတားတွေကို မမှုဘဲ ဆက်လက်ချီတက်တိုက်ပွဲဝင်နိုင်အောင်၊မိမိတို့ တော်လှန်ရေးသက်လုံနဲ့ နိုင်ငံရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့ တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….အရေးတော်ပုံမုချအောင်ရမည်...
👍1🥰1
🚨မုံရွာ🚨

နမခ မှထွက်လာသော အင်အားပြည့်ပါ (၁၂)ဘီးကား (၄)စီး သည်အလုံဖြတ်၍တောင်ဘက်သို့ဦးတည်ထွက်လာနေကြောင်းသတင်းရရှိ

#EIO
Sep 15, 1:00PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

စခသံပြားကာကား အခွံ(၃)စီးသည် မုံရွာနယ်၊ကျောက်ကာ‌တောင်ရွာမှ အီကိုကျောင်းအတွင်းသို့ရောက်ရှိနေသော စခများအားတင်ဆောင်၍ ကျောက်ကာလမ်းအတိုင်းအနောက်သို့ဦးတည်ပြီး မုံရွာ၊နမခသို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Sep 15, 1:07PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

နမခ မှထွက်လာသော (၁၂)ဘီးကား (၅)စီးသည် မုံရွာ၊အိုးရှင်းဇက်ဆိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep 15, 1:23PM
📬သတင်းပို့ရန် @EagleInformationOperator
👍4
Forwarded from BBM
ရေဦးမြို့အ၀င်အထွက် ဂိတ်တွေမှာ စစ်ကောင်စီက မဲပေးစက်တွေချထားပြီး ပြည်သူတွေကို ခြိမ်းခြောက်ကာ မဲမပေးမနေရ နှိပ်ခိုင်းနေ

BBM-စက်တင်ဘာ ၁၄
သတင်း-Richard

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အ၀င်အထွက် ဂိတ်တွေမှာ စစ်ကောင်စီက မဲပေးစက်တွေ ချထားပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို မဲမပေးမနေရ နှိပ်ခိုင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့၀င် Black က BBM ကိုပြောပါတယ်။

စက်တင်ဘာလ၁၄ရက်နေ့ကတည်းကစတင်ပြီး ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး မြို့အနီးအနားရှိ ကျေးရွာ ၄ ရွာမှ ပြည်သူတွေဟာ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ နမခ မှ တက်လာတဲ့ Mi-17 ရဟတ်ယာဉ်ကလည်း ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်းမှာ ဆင်းသက်ခဲ့ပြီး မဲပေး စက်များချထားခဲ့တယ်လို့သိရှိရပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြို့အနီးအနားရှိ ကျေးရွာတွေမှ ပြည်သူတွေကို ရွေးကောက်ပွဲမှာ ပူးပေါင်း ပါဝင်ဖို့ မဲဆွယ်စည်းရုံးရေးတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ပြည်သူ့စစ်တွေနဲ့လည်း အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

“ရေဦးမြို့ အ၀င်အထွက် ဂိတ်တွေမှာ စခတွေက မဲမပေးမနေရဆိုပြီး မဲပေးစက်တွေချထားတာရှိတယ်။ ခြိမ်းခြောက်တာမျိုးတွေလည်းရှိတယ်ကိုကြီး။ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အသွားအလာမလုပ်ဖို့ တိုက်တွန်းထားကြတယ်”လို့ အဆိုပါရဲဘော်က ဆက်လက်ပြောကြားပါတယ်။

ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ ပုလဲ၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ရွှေဘိုစတဲ့ မြို့နယ်တွေမှာ ဖြန့်ကျက်ပြီးက စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေဦး-ဒီပဲယင်းကား လမ်းပိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ပြီး စစ်ရေး အခြေအနေအရကြောင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် နည်းလမ်းမျိုးစုံနဲ့ မဲကောက်ယူလာနေတာပဲဖြစ်ပါတယ်။

#BBM #News #UpdateNews #YeU
🤬1
🚨မုံရွာ🚨

စွမ်းရည်ထက်ဂိတ်မှ စခ များသည် ကူတောရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep.15,2:26pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ စခများသည် ကူတောရွာထိပ် နှင့် ကူတော-ကြာပိုင် လမ်းဆုံသို့ရောက်ရှိ၍လက်နက်ငယ်များရမ်းသန်းဖောက်နေကြောင်းသတင်းရရှိ

#EIO
Sep.15,2:26pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

စွမ်းရည်ထက်ဂိတ်မှ စခများသည်မြန်မာ့မဏ္ဍိုင်ဆီဆိုင်သို့ရောက်ရှိ‌နေကြောင်းသတင်းရရှိ။

#EIO
Sep.15,2:28pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

တောပုရွာမှ ပျုခွေးများသည် ပုရစ်ကုန်းရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Sep.15,2:28pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မအူဂိတ်မှ စခများသည်ဆီတန်းနှင့် တံတားဖြူဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိ

Sep.15,2:53pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
This media is not supported in your browser
VIEW IN TELEGRAM
"ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ" ဟု ကမ္ဘာ့အကြီးဆုံး Transgender အလှမယ်ပြိုင်ပွဲ စင်မြင့်ထက်မှ ကြွေးကြော်

AAMIJ / စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံ၊ Pattaya မြို့၌ နှစ်စဉ်ကျင်းပနေသော ကမ္ဘာ့အကြီးဆုံးနှင့် အထင်ရှားဆုံး transgender အလှမယ်
ပြိုင်ပွဲဖြစ်တဲ့ Miss International Queen ပြိုင်ပွဲ (You Is U 2025) တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူ စိုင်း သာရ (Sine Thara) က စင်မြင့်ပေါ်မှနေ၍ "ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ" ဟု ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

Miss International Queen ပြိုင်ပွဲသည် ရိုးရှင်းသောအလှမယ်ပြိုင်ပွဲတစ်ခုမျှသာမကဘဲ LGBTQ+ အသိုင်းအဝိုင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် ရည်ရွယ်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံ၊ Pattaya မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။

#aamij #AungSanSuuKyi #lgbtqia #YouIsU2025 #missinternationalqueen2025 #thailand
🥰2
🚨မုံရွာ🚨

မုံရွေးတိုးဂိတ်မှစခများသည် ကြေးမုံရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep.15,3:13pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨ချောင်းဦး🚨

မြပုလဲဂိတ် မှ စခများသည် ခင်မွန် ရွှေစည်းခုံဘုရားမုဒ်မှ ကားလမ်းအတိုင်း မြောက်ဘက်သို့ခြေလျင်ထွက်နေကြောင်းသတင်းရရှိ။

#EIO
Sep.15,3:14pm
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မအူဂိတ်မှ စခများသည်ဆီတန်းနှင့် တံတားဖြူဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိ Sep.15,2:53pm 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မအူဆီတန်းနှင့် တံတားဖြူဘက်သို့ရောက်ရှိနေသောစခများ သည်လက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရရှိ

Sep.15,2:23pm
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွေးတိုးဂိတ်မှစခများသည် ကြေးမုံရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ #EIO Sep.15,3:13pm 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွေးတိုးဂိတ်မှ ကြေးမုံရွာမီးသတ်ရုံးနားသို့ရောက်ရှိနေသောစခများ သည်လက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Sep.15,3:20pm
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨မုံရွာ🚨 မုံရွာတောင်၊မအူဂိတ်မှစခများသည် မုံရွာမြို့အဝင်ကားများကိုအတင်းအကျပ်စစ်ဆေးနေပြီး အိမ်စီးကားများကို အဓိကထား၍စစ်ဆေးနေကြောင်းသတင်းရရှိ။ #EIO Sep.15, 10:22AM 📬သတင်းပို့ရန် @EagleInformationOperator»