Forwarded from တယ်လီကျန်းမာ - Telekyanmar
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို သင် လုံလောက်အောင် စားသုံးပါသလား။
ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးအတွက် တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အနည်းဆုံး ၄၀၀ ဂရမ် (၂၅ ကျပ်သားခန့်) စားသုံးပါ။
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)
Ref: World Health Organization

👍1🥰1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ယင်းမာပင်🚨 နောက်ထပ်စခကားကြီး(၂)စီးသည် ယင်းမာပင်နယ် ရွှေတောင်ဦး အကျိုးကန်းကုန်းမှ ချင်းတွင်းတံတားဖြတ်၍ မုံရွာဘက်သို့ ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Sep 14, 7:01PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨
နောက်ထပ်စခကားကြီး(၂)စီးသည် ယင်းမာပင်နယ် ရွှေတောင်ဦး အကျိုးကန်းကုန်းမှ ချင်းတွင်းတံတားဖြတ်၍ မုံရွာ၊နမခသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ။
#EIO
Sep 14, 7:22PM
📬သတင်းပို့ရန် @EagleInformationOperator

👍3
🚨မုံရွာ🚨
နမခမှ စခအင်အားပါ ကားကြီးတစ်စီးတောင်ဘက်သို့ဦးတည်ထွက်လာနေကြောင်းသတင်းရရှိ
#EIO
Sep.14,7:33pm

👍4
“ဘဝကို စိတ်က ဦးဆောင်သည်”
🔳 ဆရာတော် ဦးဇောတိက စာအုပ်တွေက ကျွန်တော့်အပေါ် အင်မတန် လွှမ်းမိုးမှုကြီးတဲ့အထဲ ပါပါတယ်။ ဘဝဆိုတဲ့ကျောင်း က ပထမဆုံးပေါ့။ အဲဒီနောက် စာအုပ်အားလုံးလိုလို ကျွန်တော် ဝယ်တယ်။ အကြိမ်ကြိမ် ဖတ်တယ်။ စိတ်ညစ်လည်း ဖတ်တယ်။ လမ်းပျောက်သလို ခံစားနေရရင်လည်း ဖတ်တယ်။
ဟိုရက်ကပဲ တိုက်တိုက်ဆိုင်ဆိုင် အစ်မတစ်ယောက်ဆီကနေ စာအုပ်လက်ဆောင်ရတယ်။ “ဘဝကို စိတ်က ဦးဆောင်သည်” တဲ့။ မဖတ်ရသေးတာမို့ ကျွန်တော့်အတွက်တော့ အသစ်ပေါ့။ စာအုပ်နာမည်နဲ့တင် တွေးစရာ အတော်များများ ရနေပြီ။
🔳 ဒီ ၄ နှစ်ကျော် ၅ နှစ်နီးပါးအချိန်ဟာ ကျွန်တော့်ဘဝမှာ လူ့သဘော လူ့မနောတွေ အတော်သိခွင့်၊ တွေ့ခွင့် ရခဲ့တဲ့ကာလ ဖြစ်ပါတယ်။
လူမှာ စိတ်ကောင်း ဆိုတာ မရှိဘူး။ စိတ်ဆိုးစိတ်ယုတ် ဆိုတာလည်း မရှိဘူး။ ဖြစ်ဖြစ်လာတာ။ ဖြစ်လာတဲ့ စိတ်အလျောက် ကျွန်တော်တို့ ပြုမူကြတယ်။ ပြောဆိုကြတယ်။ တုံ့ပြန်ကြတယ်။ ဒီလိုကနေပဲ လူကောင်းလား၊ လူဆိုးလား ဖြစ်လာကြတာ။
🔳 မနာလိုစိတ်ကြောင့် တပါးသူ ထိခိုက်ပျက်စီးအောင် ကြံစည်လုပ်ဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် ဆွဲချသွားတဲ့သူတွေ အများကြီး မြင်ရတယ်။
လူရာမဝင်တဲ့အခါ ဖြစ်လာတဲ့ သိမ်ငယ်စိတ်ကို မထိန်းနိုင်ရာကနေ အပြောအဆိုတွေ၊ အတွေးအခေါ်တွေက ပိုချော်ထွက်လာတော့၊ ပိုပိုပြီး လူမှုပတ်ဝန်းကျင်ရဲ့ အပြင်ကို ရောက်သွားသူတွေလည်း တွေ့ရတယ်။
ငွေကြေး၊ နာမည်ကျော်ကြားမှု၊ လက်ခုပ်သံ၊ ရာထူး၊ အာဏာ၊ လက်နက် စတဲ့ “စိတ်ကို မူးယစ်စေတတ်သော အရာများ” နဲ့ ထိတွေ့မိပြီး ပြောင်းလဲသွားသူတွေကတော့ ပြောမကုန်နိုင်အောင်ပဲပေါ့။
🔳 တကယ်တော့ စိတ်ဆိုတာ ရှောင်ရှားလို့ မရဘူး။ ဖိနှိပ်လို့လည်း မရဘူး။ ပြင်ပက အာရုံနဲ့ ထိတွေ့ရင် ဖြစ်လာတာကို စိတ်လို့ ခေါ်တာ။ အလိုအလျောက်သဘော ဆန်တယ်။
ကိုယ်အရမ်းမုန်းတီးတဲ့ လူတစ်ယောက်ကို မြင်ရင်၊ သူ့အသံ ကြားမိရင်၊ သူ့အကြောင်း တွေးမိရင် ဒေါသစိတ်က ဘယ်သူ့မှာမဆို ဖြစ်တယ်။
ကိုယ်ကြည့်မရတဲ့သူ ဆဲခံနေရရင်လည်း ဝမ်းသာတဲ့စိတ် ဖြစ်ကြတာပဲ။
တစ်ယောက်ယောက် ကိုယ့်ထက်သာသွားရင်၊ ပိုအဆင်ပြေနေရင် မနာလိုတဲ့စိတ်ရော ကျွန်တော်တို့မှာ မဖြစ်လို့လား။
ဖြစ်ကြတာချည်းပါပဲ။ ဝန်ခံတာရယ်၊ ဝန်မခံတာရယ်။ သတိနဲ့ ကိုင်တွယ်နိုင်တဲ့သူရယ်၊ အဲဒီစိတ်ရဲ့ သားကောင် ဖြစ်သွားသူရယ်ပဲ ကွာကြတာပါ။
🔳 ဒါကြောင့် “ဘဝကို စိတ်က ဦးဆောင်တယ်” ဆိုတာလေး သိပ်သဘောကျမိတယ်။ ဟုတ်လိုက်တာ။ ကိုယ့်ဘဝကို ဒီစိတ်ကပဲ ပြဌာန်းသွားတာပဲ။ ပုံဖော်သွားတာပဲ။ ဦးဆောင်သွားတာပဲ။
မနာလိုစိတ်တွေ၊ သိမ်ငယ်စိတ်တွေ များနေသလား။ အဲဒီစိတ်ကပဲ တပါးသူကိုရော၊ ကိုယ့်ဘဝကိုပါ ရုပ်ဆိုးအကျည်းတန်စေလိမ့်မယ်။
လောဘတွေ၊ ဒေါသတွေနဲ့ ဘာကိုမှ မမြင်နိုင်တော့လောက်အောင် ကန်းနေပြီလား။ စာသင်ကျောင်း၊ ဆေးရုံတွေပါမချန်၊ လူမမည်ကလေးလေးတွေကိုကအစ ရန်သူလို မြင်နေလိမ့်မယ်။
တဏှာရာဂတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်နေလား။ လူမှုရေးမှာ အမှားတွေ ကျူးလွန်မိလိမ့်မယ်။ အရှက်ကွဲရတာတွေ ကြုံလိမ့်မယ်။
ဒီအတွက် စိတ်သန့်ရှင်းရေးက သိပ်အရေးကြီးတာ။ မထိန်းလိုက်နိုင်တာနဲ့ နောင်တရစရာတွေ လုပ်မိသွားတတ်ရော။
🔳 နောင်တကင်းတဲ့သူ ဆိုတာတော့ လောကမှာ အတော်ရှားလိမ့်မယ်။ မပြောသင့်ဘဲ ပြောမိခဲ့တဲ့ စကားတွေ၊ မပို့သင့်ဘဲ ပို့မိခဲ့တဲ့ စာတွေ၊ မလုပ်သင့်ဘဲ လုပ်ခဲ့မိတဲ့ ရွေးချယ်မှုတွေ အများကြီးပေါ့။
ကျွန်တော့်မှာလည်း ရှိတာပဲ။ ပြန်စဉ်းစားကြည့်တဲ့အခါ ဘာကြောင့် မှားသွားသလဲ မေးရင် စိတ်ခံစားချက်ရဲ့ သားကောင် ဖြစ်ခဲ့တာပဲ။
ဒါကြောင့် “စိတ်ဆိုတာ အဖြစ်တရား” ဆိုတဲ့သဘောကို အမြဲနှလုံးသွင်းထားဖို့ လိုတယ်။
🔳 ဒါဆို လောကမှာ Perfect ဖြစ်တဲ့သူ ဘယ်သူမှ မရှိဘူး ဆိုတာလည်း နားလည်သွားမယ်။ ကိုယ် သိပ်ကိုမှ ယုံကြည်လေးစားတဲ့သူမှာလည်း အမှောင်ဘက်ခြမ်း ရှိတယ် ဆိုတာ လက်ခံပေးနိုင်လာတယ်။ ဘယ်သူ့ကိုမှလည်း အလွန်အကြူး မကိုးကွယ်တော့သလို၊ တော်တန်ရုံလောက်နဲ့ ဘယ်သူ့ကိုမှလည်း အထင်သေး ကဲ့ရဲ့ခြင်း သိပ်မရှိတော့ဘူး။ အားလုံးဟာ ကိုယ့်မှာ ဖြစ်လာတဲ့စိတ်နဲ့၊ အဲဒီစိတ်ကို ဘယ်လောက် ကိုင်တွယ်နိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ ကောင်းခြင်း၊ ဆိုးခြင်းတွေ လုပ်နေမိတာလို့ ပိုသဘောပေါက်လာတယ်။
ကိုယ့်မှာ စိတ်ကောင်းလေးတွေ ခဏခဏ ဖြစ်နေအောင် ကြိုးစားမယ်။ မကောင်းတဲ့ စိတ်တွေ ဖြစ်လာတဲ့အခါ သတိထားမိအောင် လေ့ကျင့်မယ်။ ဖြစ်လာတိုင်းမှာ ဒီစိတ်ရဲ့ သားကောင် အဖြစ်မခံဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းမယ်။ ဆင်ခြင်မယ်။ ဒီနည်းကပဲ ကိုယ့်အဆင့်အတန်းကိုယ် မနှိမ့်မိအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
🔳 အမြဲတမ်းလည်း ရေးခဲ့သလို၊ ဓမ္မနဲ့ အဓမ္မ ယှဉ်လာတဲ့အခါ ဓမ္မဘက်က ရပ်တည်ရတာ သိပ်ခက်ပါတယ်။ ဘာလို့ဆိုတော့ အားကြီးသူတွေသာ အနိုင်ကျင့်လို့၊ အကြမ်းဖက်လို့ ရစမြဲမို့ အဲဒီလို မဟုတ်မမှန် လုပ်ခွင့်ရနေပြီ ဆိုကတည်းက သူတို့ဟာ အားတစ်ခုခုတော့ ကြီးနေတာ သေချာပါတယ်။ အဲဒါကို အံတုရင်ဆိုင်မယ်ဆို ကိုယ့်ဘက်မှာ အထိနာဖို့ချည်းပဲ။
ဒါဖြင့် ဘာလို့ အဲဒီလို ရပ်တည်ကြလဲ၊ ရွေးချယ်ကြသလဲ၊ ရင်ဆိုင်ကြသလဲ။ ဒီလိုလုပ်တော့ မင်းတို့ ဘာရလဲလို့ မေးရင် -
‘စိတ်’ ကိုပဲ ရတာပါ။

👍1
ဘာစိတ်လဲ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ်၊ ဘယ်သူ့မျက်နှာကိုမဆို တည့်တည့်ကြည့်ရဲတဲ့စိတ်၊ ကိုယ့်ယုံကြည်ချက်နဲ့ ရွေးချယ်မှု၊ အပြောနဲ့ အလုပ် ထပ်တူကျနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ရှက်နေစရာ မလိုတဲ့စိတ်၊ ဒါတွေပဲ ရလိုက်တာပါ။
🔳 နေသာသလို နေမယ်ဆို ဘာစိတ်တွေ ရမလဲ။ လူခန္ဓာကိုယ်ကတော့ အေးအေးဆေးဆေး သက်သက်သာသာ နေရမယ်။ ဒါပေမဲ့ ကျွန်တော်တို့စိတ်က ပျော်မှာမဟုတ်ဘူး။
ပျော်နိုင်တဲ့သူတွေ ပျော်လိမ့်မယ်။ ဒါ သူတို့ကိစ္စ။ ကိုယ့်ကိစ္စက ကိုယ်တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း ဘာစိတ် ပြန်ရမှာလဲ ဆိုတာကိုသာ စဉ်းစား။ အဲဒီစိတ်ဟာ ကိုယ်လုပ်တဲ့ လုပ်ရပ်ရဲ့ Immediate reward ပဲ။ ချက်ချင်းလက်ငင်းရမယ့် ဆုလာဘ်ပဲ။
🔳 ဘယ်သူ့ဘဝမှာမဆို ဘယ်ကို ရွေးရမယ် မသိတဲ့ လမ်းဆုံလမ်းခွ အခြေအနေတွေ၊ ဦးနှောက်နဲ့ နှလုံးသား အားပြိုင်ရတာတွေ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်ရတာတွေ တချိန်မဟုတ်တချိန် ရှိကြမှာပါပဲ။ နှစ်ဖက်စလုံးမှာ ဘယ်ဘက်ကိုရွေးရွေး နာကျင်ရတာတွေ၊ ထိခိုက်ရတာတွေလည်း ရှိမယ်။
ဘယ်လိုပဲဖြစ်ဖြစ် “ဒီရွေးချယ်မှုကနေ ငါ ဘာစိတ်ကလေး ပြန်ရမှာလဲ” ဆိုတဲ့ မေးခွန်းနဲ့ စစ်ချကြည့်လိုက်ရင်တော့၊ ကျွန်တော် ထင်တယ်၊ အတိုင်းအတာတစ်ခုထိ ရှင်းလင်းသွား၊ အဖြေရသွားပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၄.၉.၂၀၂၅

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

🙏2
This media is not supported in your browser
VIEW IN TELEGRAM
“ဦးကိုနီ (သို့မဟုတ်) နွေဦးမတိုင်ခင်က သူရဲကောင်း”
လူထုအာဏာကို စစ်တပ်က တစ်ဖက်လှည့် လွှမ်းမိုးချုပ်ကိုင်ထားသည့် ၂၀၀၈အခြေခံဥပဒေကို အတွင်းကျကျလေ့လာပြီး စစ်တပ်၏ လိမ်လည်ယုတ်မာမှု ဇာတိရုပ်ကို ဖော်ပြခဲ့သူ၊ သမ္မတလုပ်ခွင့်မရသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် (၂၀၀၈)ခြေဥ၏ ‘ဟာကွက်’ကိုသုံး၍ နိုင်ငံ့ခေါင်းဆောင်အဖြစ် ပို့ဆောင်ပေးခဲ့သူ၊ စစ်တပ်နောက်ခံပြု မျိုးချစ်အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ကြံမှုခံရသူ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ (၂၀၁၇)ခုနှစ်၊ဇန်နဝါရီလ၊(၂၉)ရက်နေ့တွင် ကျဆုံးခဲ့သည်။

👍2
🚨မုံရွာ🚨
မုံရွာနယ်၊ကျောက်ကာတောင်ရွာမှ ယမန်နေ့က အနောက်ချောင်းရိုးအတိုင်းထွက်လာသော စခများသည် ညောင်ပင်ရွာမကြီးမှတဆင့် အနောက်သို့ဆက်လက်ဦးတည်ထွက်လာရာ ယနေ့နံနက်တွင် ရွာတုံရွာ၏အနောက်ဘက်သိပ္ပံကွင်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။ ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင် အထိုင်ချတပ်စွဲ၍ ဝပ်ကျင်းချနေသော စခများလည်း ရှိနေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စခများအထိုင်ချတပ်စွဲထားသောနေရာများအားဖြတ်သန်းခြင်း၊အနီးဝန်းကျင်သို့သွားလာခြင်းများကို (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတိပေးထုတ်ပြန်ချက်များကို အစဉ်လေးစားလိုက်နာကြပါရန် မိဘပြည်သူများအားတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#EIO
Sep 15, 7:50AM

👍2🙏2
အရေးပေါ်သတိပေးကြေငြာချက်
မုံရွာ-အရာတော် လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို ယခုအချိန်မှစ၍ အထူးပင် တားမြစ်၍ ခေတ္တပိတ်ပင်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်သားများသည်
မုံရွာ-အရာတော် လမ်းပေါ် တစ်နေရာ၌ စစ်ကြောင်းထိုး လှုပ်ရှားမှု များ ရှိနေပါသည်။
မိဘပြည်သူများ အနေဖြင့် ယခုချိန်မှ ၍ မုံရွာ- အရာတော် လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
Danger Force - မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့
#EIO
Sep 15, 8:00Am
📬သတင်းပေးပို့ရန်@EagleInformationOperator

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့အတူ ဂျန်ဒါတန်းတူညီမျှတွေ တဆင့်ခြင်းဖော်ဆောင်ကြစို့
~~~~~~~
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီကြေညာစာတမ်းကို ၁၉၉၇ ခုနှစ်က နိုင်ငံတကာ ပါလီမန်များ သမဂ္ဂ (IPU) က အတည်ပြုခဲ့တာ ဒီကနေ့ ဆိုရင် ၂၈ နှစ်တိုင်ခဲ့ပါပြီ။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို နှစ်စဉ်မတူညီတဲ့ ဆောင်ပုဒ် (Theme) တွေနဲ့ သတ်မှတ်ပြီးကမ္ဘာ့ပြည်သူလူထုကြားမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို ဗဟုသုတဖြန့်ဝေခဲ့ကြပါတယ်။
အခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဆောင်ပုဒ်ကတော့ “Achieving gender equality,action by action’’ ဂျန်ဒါတန်းတူညီမျှမှုအတွက် တဆင့်ခြင်းဖော်ဆောင်ကြရေးပဲဖြစ်ပါတယ်။
တကမ္ဘာလုံးက ဒီမိုကရေစီဆုံးရှုံးမှုများအပေါ် ပြန်လည်တည်ဆောက်လိုတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီကြောင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးမှုများကို အများဆုံး ကြုံတွေ့ခံစားနေရပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးမှာတော့ ကျား၊မ၊ လိင်စိတ်ခံယူမှု မတူကွဲပြားသူအားလုံးဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေးခရီးအစကနေ ဒီကနေ့အထိတိုင် ကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခြင်း၊မြေပြင်သပိတ်တိုက်ပွဲများတွင်ပါဝင်ခြင်း၊ လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်ခြင်းနဲ့ တော်လှန်ရေးအတွက်ထောက်ပို့ခြင်း စတာတွေမှာ ကျရာနေရာကနေ ပုံစံမျိုးစုံနဲ့တွန်းလှန်တိုက်ပွဲဝင်နေကြပါတယ်။
တဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ ကျား၊မ လိင်စိတ်ခံယူမှုကွဲပြားသူ ဘယ်သူ့ကိုမဆို စစ်အာဏာကိုဆန့်ကျင်တဲ့ နိုင်ငံသားတိုင်းကို အကြမ်းဖက်မှုတွေနဲ့ ဘက်ပေါင်းစုံကလူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ စစ်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့ချိန်ကစလို့ နိုင်ငံတဝန်းမှာရှိတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ပုံစံမျိုးစုံနဲ့အကြမ်းဖက်သတ်ဖြတ်တာတွေ၊တရားလက်လွတ်ဖမ်းဆီးတာတွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူညီမျှရေးစတဲ့ လူသားတိုင်းရသင့်တဲ့ အခွင့်အရေးတွေကို သွေဖယ်ပြီး အာဏာတည်မြဲရေးကိုသာ တစိုက်မတ်မတ်ရှေးရှုပြီး အကြမ်းဖက်မှုတွေကိုဆက်တိုက်ကျူးလွန်နေပါတယ်။
ဒီတိုက်ပွဲဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့တင် မဟုတ်ပါဘူး။ အခုနှစ်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ဆောင်ပုဒ်အတိုင်း အနာဂတ်မှာ အားလုံး တန်းတူညီမျှတဲ့၊ လူ့အခွင့်အရေး အပြည့်အဝရတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ဖြစ်ပါတယ်။
တော်လှန်ရေးနဲ့အတူ ဂျန်ဒါတန်းတူညီမျှရေခြေလှမ်းတွေ တဆင့်ချင်းဖော်ဆောင်နိုင်ဖို့ တော်လှန်ရေး၊ နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာ ဂျန်ဒါတန်းတူညီမျှစွာပါဝင်နိုင်ဖို့ဟာလည်း အလေးထားရမယ့်အချက်တွေပဲဖြစ်ပါတယ်။
ဒါကြောင့် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ဖျက်ရင်း ဒီမိုကရေစီတိုက်ပွဲနဲ့အတူ ဂျန်ဒါတန်းတူညီမျှရေးနဲ့ လူ့အခွင့်အရေးရှိတဲ့ လူမှုဝန်းကျင်တစ်ခုကို အလေးထားပြီး အနာဂါတ်နိုင်ငံတော်ကိုတည်ဆောက်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
#InternationalDemocracyday2025
#AchievingGenderEquality
#ActionbyAction
#HumanRights
#MoHR

🗓️ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
၁၅.၉.၂၀၂၅ မှ ၂၁.၉.၂၀၂၅ အထိ)
အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
⛈️ ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး အနောက်တောင်မုတ်သုံလေသည် အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပါသည်။ လာမည့် စက်တင်ဘာ(၂၀)ရက်နေ့ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။
☔ မိုးအခြေအနေမှာ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါသည်။
🚨(ယခုရက်သတ္တပတ်အတွင်း (၁၉-၂၀-၂၁)ရက်နေ့များတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများကြောင့် မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြု နေထိုင်သင့်ပါသည်။)
🗓️နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။
#မိုးလေဝသသတင်း
#WeatherForecast
#MOHADM

မုံရွာတောင်၊တောပုပျူရွာမှ စခများ တောပုရွာအနောက်ဘက်တောရကျောင်းနားသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။
Update -တောပုအနောက်ထွက်ပခများ တောပုပြန်ဝင်ကြောင်းသိရ။(9:50AM)
#EIO
Sep 15, 8:47 Am
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာတောင်၊တောပုပျူရွာမှ စခများ တောပုရွာအနောက်ဘက်တောရကျောင်းနားသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။
Update -တောပုအနောက်ထွက်ပခများ တောပုပြန်ဝင်ကြောင်းသိရ။(9:50AM)
#EIO
Sep 15, 8:47 Am
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာနယ်၊ကျောက်ကာတောင်ရွာမှ ယမန်နေ့က အနောက်ချောင်းရိုးအတိုင်းထွက်လာသော စခများသည် ညောင်ပင်ရွာမကြီးမှတဆင့် အနောက်သို့ဆက်လက်ဦးတည်ထွက်လာရာ ယနေ့နံနက်တွင် ရွာတုံရွာ၏အနောက်ဘက်သိပ္ပံကွင်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။ ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင်…
🚨မုံရွာ🚨
မုံရွာနယ်၊ကျောက်ကာတောင်ရွာမှ ယမန်နေ့က အနောက်ချောင်းရိုးအတိုင်းထွက်လာသော စခများသည် ညောင်ပင်ရွာမကြီးမှတဆင့် အနောက်သို့ ဆက်လက်ဦးတည်ထွက်လာရာ ယနေ့နံနက်တွင် ရွာတုံရွာ၏အနောက်ဘက်သိပ္ပံကွင်းမှ အီကိုကျောင်းအတွင်းသို့ဝင်ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိထားပါသည်။။ ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင် အထိုင်ချတပ်စွဲ၍ ဝပ်ကျင်းချနေသော စခများလည်း ရှိနေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စခများအထိုင်ချတပ်စွဲထားသောနေရာများအားဖြတ်သန်းခြင်း၊အနီးဝန်းကျင်သို့သွားလာခြင်းများကို (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတိပေးထုတ်ပြန်ချက်များကို အစဉ်လေးစားလိုက်နာကြပါရန် မိဘပြည်သူများအားတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
#EIO
Sep 15, 8:50AM

🙏3👍1
🚨မုံရွာ🚨
မုံရွာ၊နမခမှ စခသံပြားကာကား (၃)စီးသည် အောင်ချမ်းသာဖြတ်၍တောင်ဘက်သို့ဦးတည်မောင်းနေကြောင်းသတင်းရရှိ။
#EIO
Sep.15, 10:11AM

👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ စခသံပြားကာကား (၃)စီးသည် အောင်ချမ်းသာဖြတ်၍တောင်ဘက်သို့ဦးတည်မောင်းနေကြောင်းသတင်းရရှိ။ #EIO Sep.15, 10:11AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨
မုံရွာ၊နမခမှ စခသံပြားကာကား (၃)စီးသည် ကျောက်ကာလမ်းအတိုင်း အရှေ့သို့ဦးတည်မောင်းနေကြောင်းသတင်းရရှိ။
#EIO
Sep.15, 10:16AM
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာ၊နမခမှ စခသံပြားကာကား (၃)စီးသည် ကျောက်ကာလမ်းအတိုင်း အရှေ့သို့ဦးတည်မောင်းနေကြောင်းသတင်းရရှိ။
#EIO
Sep.15, 10:16AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨
မအူခွေးခြံမှ ခွေးများသည်မအူရွာထိပ်သို့အရပ်ဝတ်များဖြင့်ရောက်ရှိနေကြောင်းသတင်းရရှိ
#EIO
Sep.15,10:18am