EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.53K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ရေဦး🚨 ရေဦးတိုင်းရင်းခွေးခြံမှ ထွက်လာသောစခကားကြီး(2)စီးသည် ရေဦးဂါဝီဘက်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Sep 14, 10:05AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ရေဦး🚨

ရေဦးတိုင်းရင်းခွေးခြံမှ ထွက်လာသောစခကားကြီး(2)စီးသည် ရေဦးဂါဝီဂိတ်တွင် စခအအများချထားခဲ့ပြီး မြို့ထဲသို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Sep 14, 10:17AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
မိုးရာသီအတွင်း မိုင်းအန္တရာယ် ပိုများနိုင်ပါတယ်!
မိုးများပြီး မြေပြင်ပြောင်းလဲမှုကြောင့် မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်း တွေဟာ တခြားနေရာတွေကိုရွှေ့သွားနိုင်ပါတယ်။

အရင်က မိုင်းအန္တရာယ်ရှိတယ်လို့ အမှတ်အသားပြုထားတဲ့ နေရာတွေကို မသွားပါနဲ့။ အမှတ်အသားတွေဟာ ရှိခဲ့ဖူးသည့်တိုင် ပျောက်ပျက်သွားတာ၊ မရှိတာ (သို့မဟုတ်) မိုးရေတွေနဲ့ မျောပါ ပျောက်ဆုံးနေနိုင်တယ် ဆိုတာကို သတိပြုပါ။

တိုက်ပွဲတွေဖြစ်ဖူးတဲ့ နေရာအနီးတဝိုက်က ရေကြီး ရေလျှံဖြစ်ဖူးတဲ့ လမ်းငယ်တွေ၊ လယ်ကွင်းတွေ (သို့မဟုတ်) အဲ့ဒီနေရာအနီးတဝိုက် နေရာတွေကို ရှောင်ရှားပါ။ ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ ရေနဲ့ရွှံ့နွံတွေ၊ အမှိုက်တွေ အောက်မှာ ဖုံးကွယ်နေနိုင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ နေအိမ်၊ အိမ်ခြံဝင်း (သို့မဟုတ်) အများသုံးနေရာတွေထဲကို ရွေ့လျားသွားနိုင်တာကြောင့် အပျက်အစီး/အမှိုက်သရိုက်တွေ ဖယ်ရှားတဲ့အခါ သတိပြုကြရမှာဖြစ်ပါတယ်။

မိသားစုလုံလုံခြုံခြုံနေဖို့ သတိထားကြပါစို့

#EORE
#Photo by (နိုးနိုးကြားကြား)
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
🚨ရေဦး🚨

ရေဦးတိုင်းရင်းခွေးခြံမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 14, 10:45AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
IHLရဲ့ မူကို ဆန့်ကျင်တဲ့ စက်ဆုပ်ရွံရှာဖွယ် ရုပ်သံ (၂) ခု
#####################################

🔹Cloverleaf

သိပ်မကြာသေးမီက အွန်လိုင်းပေါ်၌ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင် ၂ ခုကို ကြည့်ရှုမိပြီးတဲ့နောက် စက်ဆုပ်ရွံရှာဖွယ်အဖြစ် မှတ်ချက် ပေးမိပါတယ်။

International Humanitarian Law (IHL) ရဲ့ အခြေခံမူအရ တိုက်ပွဲမှာမပါဝင်တဲ့သူများ (သို့မဟုတ်) တဖက် တပ်နယ်မြေမှာ ဆက်လက် မတိုက်ခိုက်နိုင်တော့တဲ့သူတွေကို အကာအကွယ်ပေးခြင်းအပိုင်းမှာ အရပ်သားများ၊ ထိန်းသိမ်းခံထားရသူများ၊ ဒဏ်ရာရနေတဲ့ တိုက်ခိုက်ရေးသမားများကို လူသားဆန်မှု ရှိရမှာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီရုပ်သံတွေအရ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံတွေ အနေနဲ့ လူသားဆန်မှု ပျောက်ဆုံးနေတာကိုလည်း တွေ့ရပါတယ်။

ထိုရုပ်သံဖိုင် (၂) ခုကတော့ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းတိုက်နယ်မှာ အရပ်သားပြည်သူတစ်ဦးကို စစ်တပ်က ကျူးလွန်ခဲ့တဲ့ ခေါင်းဖြတ်သ-တ်မှုရုပ်သံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တစ်ဦးက အရပ်သားလို့ယူဆရသူတစ်ဦးကို ယောက်ျားချင်း အဓမ္မကျင့်တဲ့ ရုပ်သံတွေပဲ ဖြစ်ပါတယ်။

ပထမဆုံးကြည့်မိတဲ့ မင်းကွန်းဒေသမှာဖြစ်ပျက်ခဲ့တဲ့ ရုပ်သံမှာ မြစ်ကမ်းနဖူးရှိ အိမ်ဝန်းတစ်ခုအတွင်း သက်လတ်ပိုင်းအမျိုးသားတစ်ဦးရဲ့ မျက်လုံးတွေကို အဝတ်စည်းကာ လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ ထိုးသူကထိုး၊ ခုတ်သူကခုတ် စိမ်ပြေနပြေ လုပ်ဆောင်‌နေခဲ့ကြတာကို တွေ့ရပါတယ်။

လက်ပြန်ကြိုးတုပ်ထားတာကြောင့် ပြန်ပြီးမခုခံနိုင်သူတစ်ဦးကို လူသ-တ်တဲ့အတွေ့အကြုံရဖို့အတွက် ဝင်သ-တ်သူတွေပင် ပါဝင်ကြောင်း ရုပ်သံမှာ တွေ့ရပါတယ်။

ဦးခေါင်းပြတ်သွားတဲ့ အခါမှာလည်း ဦးခေါင်းကို အလောင်းရဲ့ ဝမ်းဗိုက်ပေါ်တင်ပြီး ဆူဆူညံညံ အောင်ပွဲခံခဲ့ကြတာကိုလည်း တွေ့ရပြန်ပါတယ်။ အင်မတန် စက်ဆုပ်ရွံရှာဖွယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒုတိယရုပ်သံမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ဌာနေပြည်သူ့စစ်လို့ ယူဆရတဲ့ ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်တစ်စုက အမျိုးသားနှစ်ဦး ဖမ်းဆီးထားပြီး ကိုယ်လုံးတီးအနေအထားနဲ့ မှောက်လျက်ရှိနေသူတစ်ဦးကို အော်ဟစ်မာန်မဲကာ ယူနီဖောင်းဝတ်တစ်ဦးက ကိုယ်လုံးတီးအမျိုးသားကို အဓမ္မပြုကျင့်ခြင်း ဖြစ်သည်။ ကျန်ရှိတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေကလည်း တစုံတရာ တားမြစ်ကန့်ကွက်ခဲ့တာ မရှိကြောင်း တွေ့ရပါတယ်။

အထက်‌ဖော်ပြပါရုပ်သံနှစ်ခုကို ကြည့်ရှုပြီးတဲ့နောက်မှာ အတော်စိတ်မချမ်းမသာ ဖြစ်ခဲ့ရပြီး အဲ့ဒီရုပ်သံတွေ ဘယ်လိုထွက်ပေါ်လာခဲ့သလဲဆိုတာကို လိုက်လံ ရှာ‌ဖွေကြည့်မိပါတယ်။

မင်းကွန်းဒေသက ခေါင်းဖြတ်သ-တ်တဲ့ရုပ်သံမှာ စစ်မှုထမ်းဥပဒေအရ စစ်တပ်က အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်သည် ၄ ဦး လက်နက်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ ခိုလှုံလာရာမှာ သူတို့ကိုင်ဆောင်တဲ့ဖုန်းအတွင်းက ရရှိကြောင်း သိရပါတယ်။

အဲ့ဒီစစ်သည် (၄) ဦးဟာ စစ်ကြောင်းထိုးရာလမ်းတလျောက်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မနှစ်မြို့တာကြောင့် ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဩဂုတ်လ ၂၀ ရက်နေ့မှာ အခွင့်အခါကောင်းကြုံတာနဲ့တပြိုင်နက် သေနတ် ၂ လက်ယူပြီး မင်းကွန်းဒေသအနီးတဝိုက်က ဒေါင်းစစ်သည်စစ်ကြောင်းထံ လက်နက်ချ ခိုလှုံခဲ့ကြကြောင်း တွေ့ရပါတယ်။

ဒါပေမယ့် ရမခလက်အောက်ခံ ဌာနေပြည်သူ့စစ်ယူနီဖောင်းဝတ်လက်နက်ကိုင်တစ်စုရဲ့ ယောက်ျားချင်း အဓမ္မပြုကျင့်သည့်ရုပ်သံနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ အချိန်နဲ့ နေရာတွေကို ရှာဖွေ‌တွေ့ရှိခြင်း မရှိသေးပါဘူး။

မင်းကွန်းဖြစ်စဉ်တောင် အခုလို ဘက်ပြောင်းခိုလှုံလာသူတွေက သက်သေအထောက်အထားများ ယူဆောင်လာခဲ့လို့သာ စစ်ကော်မရှင်တပ်က ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများကို သက်သေအဖြစ် ရရှိခဲ့တာပါ။

(သက်သေမရှိ၊ မှတ်တမ်းလည်းမရရှိ‌သေးတဲ့ အခုလို စစ်ရာဇဝတ်မှုဖြစ်စဉ်မျိုးတွေ နောက်ကွယ်မှာ ဘယ်လောက်တောင် ရှိနေခဲ့ကြမလဲ စဉ်းစားစရာပါ။)

IHL အရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထားပြီး ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ယခုလို သ-တ်ဖြတ်တာ၊ အကြမ်းဖက်တာဆို ပိုလို့တောင် ဆိုးဝါးပါတယ်။

ဂျီနီဖာကွန်ဗင်းရှင်း (၄) ရပ်၊ အာတီကယ် ၃ မှာ အပြည်ပြည်ဆိုင်ရာ မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ လက်နက်ချပြီးသူ၊ ဖျားနာသူ၊ ထိခိုက်ဒဏ်ရာရရှိထားသူနဲ့ အခြားအကြောင်းကြောင့် တိုက်ပွဲမဝင်နိုင်တော့သူတွေအပေါ် ဆောင်ရန်အနေနဲ့ လူသားဆန်စွာ ပြုမူဆက်ဆံဖို့ သတ်မှတ်ဖော်ပြထားပါတယ်။ ရှောင်ရန်အနေနဲ့ လူ့ကိုယ်ခန္ဓာကို သ-တ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တခုခုကို ဖြတ်တောက်ပစ်ခြင်းနဲ့ နှိပ်စက်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း၊ လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း၊ တရားရုံးတစ်ခုက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေမရှိဘဲ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကွပ်မျက်ခြင်းများ ဆောင်ရွက်ခြင်းတို့ကို မပြုလုပ်ဖို့ သတ်မှတ်ဖော်ပြထားပါတယ်။

အထက်‌ဖော်ပြပါရုပ်သံတွေမှာတော့ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ရှောင်ရန်အချက်တွေကို တမင်သက်သက် ကျုးလွန်နေတာကို တွေ့ရပါတယ်။
👍1
သို့ဖြစ်၍ တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ နိုင်ငံရဲ့ တရားဝင်တပ်မတော်လို့ ကြွေးကြော်ထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့‌တွေက (အခုလို) အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ဖောက်ဖျက်ကျုးလွန်နေကြတဲ့ သက်သေတွေကို စုဆောင်းခြင်း၊ အများသိ‌အောင် ချပြခြင်းများဖြင့် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ကမ္ဘာကသိအောင် ဆောင်ရွက်ကြရန် လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။ ဒါမှသာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာကသိရှိပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထိထိရောက်ရောက် အရေးယူနိုင်မှာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။
👍1
🚨ယင်းမာပင်🚨

ယင်းမာပင်၊ရွှေတောင်ဦးအကျိုးကန်းကုန်းမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 14, 12:13PM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏2
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အထူးလိုအပ်လျက်ရှိသော ထိရောက်သည့် ဆေးကုသခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းဖြစ်ပြီး ဤကိစ္စအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်။

The junta’s deliberate refusal to provide the urgent and effective medical treatment she requires constitutes a politically motivated threat to her life. The terrorist military must bear full responsibility for any consequences that may arise.

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” မှ ကောက်နုတ်ချက်
The excerpt from the “Statement on the Health of State Counsellor Daw Aung San Suu Kyi of
the Republic of the Union of Myanmar”

#SpringRevolution
#PVTV
#QUOTES
💯2
"သို့ - ရဲဘော်"

မင်းဟာ စစ်သားကောင်းတစ်ယောက်ဆိုရင်...
-မင်းစားနေတဲ့ထမင်း ဘယ်သူကျွေးသလဲဆိုတာ သိတယ်။
-မင်းဝတ်နေတဲ့အဝတ် ဘယ်သူဆင်ပေးသလဲဆိုတာ သိတယ်။
-မင်းနေတဲ့လိုင်းခန်း ဘယ်သူ့ငွေနဲ့ဆောက်သလဲဆိုတာ သိတယ်။
-မင်းဆိုနေတဲ့ သစ္စာ (၄) ချက်ရဲ့ အဓိပ္ပာယ်ဘာလဲဆိုတာ သိတယ်။
-မင်းအာဂုံဆောင်နေတဲ့ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် (၁၀) ပါးကို နားလည်ရတယ်။

ပြည်သူလူထုဟာ မင်းအပေါ်တာဝန်ကျေတယ်။
-မင်းကြိုက်တတ်တဲ့ အရက်ကစပြီး မင်းရဲ့ စားဝတ်နေရေးအဆုံး ပြည်သူက အပြည့်အဝ ထောက်ပံ့ပေးထားတယ်။
-မင်းက ပြည်သူလူထုကို ဘာများ အလုပ်အကျွေး ပြန်ပြုဖူးပြီလဲ။

ပြည်သူရဲ့ ချစ်ခြင်း၊ မုန်းခြင်း ဘာကွာသလဲဆိုရင်...
-ပြည်သူချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကောင်းသောဂုဏ်သတင်းနဲ့ ကျော်‌စောတယ်။
-ပြည်သူမုန်းတဲ့ ဂဠုန်ဦးစောဟာ နာမည်ဆိုးနဲ့ ကျော်‌စောတယ်။
-ဇူလိုင် ၁၉ မှာ ပြည်သူတွေ ဗိုလ်ချုပ်အောင်ဆန်းကို ဝမ်းနည်းလွမ်းဆွတ်ကြတယ်။
-ဇူလိုင် ၁၉ မှာ ပြည်သူတွေ ဂဠုန်ဦးစောကို ကျိန်ဆဲကြတယ်။
-ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုဝင်တွေ ဂုဏ်ယူစွာ အလေးပြုရတယ်။
-ဇူလိုင် ၁၉ မှာ ဂဠုန်ဦးစောရဲ့ မိသားစုဝင်တွေ မျက်နှာမပြရဲကြဘူး။

ဒါကိုမှ သဘောမပေါက်သေးရင် 
သေချာတယ်..
မင်းဟာ အမြီးပေါက်နေပြီ..။

🔹မောင်ဝေဖြိုး(တိုင်းဧရာ)


[ဖော်ပြပါ ကဗျာအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ကဗျာ၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ကဗျာကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
👍4
Forwarded from BBM
မြန်မာနိင်ငံအတွက် UNHCR က အကူအညီတိုးမြှင့်ရန် တောင်းဆိုသော်လည်း ဆွီဒင်နိင်ငံကဖွံ့ဖြိုးရေးကူညီမှု ရပ်ဆိုင်းမယ်လို့ထုတ်ပြန်

BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သော်လည်း တစ်ဖက်တွင်မူ ဆွီဒင်နိုင်ငံက မြန်မာ့ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

UNHCR မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ နေထိုင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ငလျင်ဒဏ်သင့် ဒေသခံလူမှုအသိုင်းအဝိုင်းများထံ သွားရောက် လေ့လာချက်များအရ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းနဲ့ နိုင်ငံတကာမှ တိုးမြှင့်ကူညီပေးရန် လိုအပ်ကြောင်း UNHCR က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

UNHCR ရဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၈.၃ သန်း လိုအပ်သော်လည်း ယခုအချိန်အထိ လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း သာ ရရှိသေးကြောင်း ဖော်ပြထားပါတယ်။

“ပြည်တွင်းမှာ နေရပ်စွန့်ခွာနေထိုင်ကြရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ဒေသတွင်းရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးလိုအပ်ပြီး သူတို့ရရှိပိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့အတူပါလာတဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို တောင်းဆိုကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတို့က မြန်မာနိုင်ငံ အကျပ် အတည်းကို အဖြေရှာရန် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမယ်” လို့ မဟာမင်းကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူညီများပေးအပ်သော ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွီဒင်နိုင်ငံက လာမည့် ၂၀၂၆ ခုနှစ်တွင် ကူညီမှုများရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဆွီဒင်နိုင်ငံဟာ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့များအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၆၅ သန်းခန့်ထောက်ပံ့ခဲ့ပြီး ယခုကဲ့သို့ ဖြတ်တောက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်ရေးသမားများအတွက် ထိခိုက်နစ်နာမည်ဖြစ်ကြောင်း Human Right Myanmar ထုတ်ပြန်ချက်တွင် ပါဝင်ပါတယ်။

မြန်မာနိုင်ငံရှိပြည်သူများနဲ့ ဒေသအတွင်းရှိဒုက္ခသည်များကိုကူညီနိင်ရန်အတွက် နိုင်ငံတကာ အသိုင်း အဝိုင်းထံမှ ပိုမိုကြီးမားသောငွေကြေးပံ့ပိုးမှုလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိနေပါတယ်။
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည် အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့် အချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ မိဘပြည်သူများအား အထူးသတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန် -
@EagleInformationOperator
👍3