EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨မုံရွာ🚨

စခအိမ်စီးကား(၁၀)စီးသည် ကျောက်ကာလမ်းအတိုင်းအရှေ့သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Sep 13, 10:20AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨ယင်းမာပင်🚨

ယင်းမာပင်၊ရွှေတောင်ဦးအကျိုးကန်းကုန်းမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 13, 10:15AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨မုံရွာ🚨

မုံရွာနယ်၊မင်းတဲရွာသို့‌ရောက်ရှိနေသော စခများသည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 13, 10:15AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ အခန်းကဏ္ဍ

တူမီးလက်လုပ်သေနတ်ဖြင့် စတင်တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေးရဲဘော်များကို စုစည်းလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ ထူထောင်ခဲ့ရာတွင် ယခုအချိန်အထိ PDF တပ်ရင်းတပ်ဖွဲ့ စုစုပေါင်း (၃၅၆) ဖွဲ့ကို ထူထောင်ထားပြီးဖြစ်သည်။ အမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်ရာတွင် ၁။ စစ်ရုံးချုပ် ၂။ တိုင်းစစ်ဌာန ၃။ ခရိုင်စစ်ဌာန/နည်းဗျူဟာ ၄။ တပ်ရင်းတပ်ဖွဲ့ ဟူ၍ အဓိကကွပ်ကဲမှုအဆင့် (၄) ဆင့် ရှိသည်။ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ နှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်သောနယ်မြေများကို စစ်ဒေသအဖြစ်ဖွဲ့စည်းလျက် စစ်ဆင်ရေးကွပ်ကဲမှုတွင် မဟာမိတ်တပ်မှူးများက တာဝန်ယူဆောင်ရွက်ကြသည်။ ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိုင်းစစ်ဌာန (၁၀) ခု ဖြင့် စုဖွဲ့တည်ဆောက် နိုင်ခဲ့ပြီဖြစ်သည်။ တိုင်းစစ်ဌာနများမှာ စစ်ကိုင်းတိုင်းစစ်ဌာန၊ မကွေးတိုင်းစစ်ဌာန၊ မန္တလေးတိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ) တိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်းစစ်ဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ အထူးတိုင်းစစ်ဌာန တို့ ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ယန္တရားကို မြို့နယ် (၂၃၅) ခုတွင် တည်ဆောက်ထားနိုင်ခဲ့ပြီး မြို့နယ် (၁၈၃) ခုတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရန် အထောက်အကူပြုနိုင်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ နှင့် စစ်ရေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဟန်ချက်ညီ ဖော်ဆောင်လျက်ရှိသည်။ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန် ဦးတည်၍ တနိုင်ငံလုံး ပြည်သူ့ခုခံတွန်းလှန်စစ်နှင့်အတူ တိုင်းရင်းသားနယ်မြေများရှိ စစ်ဆင်ရေး အသီးသီးတွင်လည်း ညီညွတ်တက်ကြွစွာဖြင့် လက်တွဲတိုက်ပွဲဝင်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှ ကောက်နုတ်ချက်
👍3
စစ်ကိုင်းတိုင်းအတွင်းရှိ💦🌀🌈

ကျွန်းလှ ကန့်ဘလူ တန့်ဆည် ဒီပဲယင်း ရေဦး ခင်ဦး ရွှေဘို ဝက်လက် စစ်ကိုင်း မြင်းမူ မြောင် ချောင်းဦး အရာတော် ဘုတလင် ကနီ မုံရွာ ဆားလင်းကြီး ပုလဲ ယင်းမာပင် မင်းကင်း ကလေး ကလေးဝ မော်လိုက် ခမ်းပတ် တမူး ကောလင်း ဝန်သို ပင်လည်ဘူး မြို့သစ် ဟုမ္မလင်း ဖောင်းပြင် ဗန်းမောက် အင်းတော် ကသာ ထီးချိုင့် လေရှီး ဆွမ္မရာ ထမံသီ ခန္တီး လဟယ် ပန်ဆောင် နန်းယွန်း။

12/9/2025မှ16/9/2025ရက်နေ့ ၅ ရက်အတွင်း အချို့ဒေသတွေမှာ ရုတ်တရက် နေရာကွက် မိုးများနိုင်သလို အချို့ဒေသတွေမှာ လေပြင်းတိုက် မိုးခြိမ်းမိုးကြိုးပစ်တာမျိုးတွေ ကြုံရနိုင်ပါတယ်။

#EIO
Sep.13,11:44am
📬သတင်းပို့ရန် @EagleInformationOperator
🙏4
တနင်္သာရီတွင်စစ်တပ်တိုက်လေယာဉ်ကိုပူးပေါင်းတပ်ပစ်ခတ်၊ ထိခိုက်ပြီးမြိတ်ဘက်ပြန်လှည့်သွားဟုKNU ထုတ်ပြန်

■“သူတို့ မြိတ်မြို့ပြန်ဆင်းတဲ့အချိန်မှာ လေယာဉ်က မီးခိုးထွက်တယ်။ မီးခိုးထွက်ပြီးတော့မြိတ်မြို့ကနယ်မြေခံတွေတွေ့ရှိချက်ကတော့တောင်ပံ
အထက်လား မီးခိုးတွေတအားထွက်တယ်။ ခန့်မှန်းချက်အရတော့ လေယာဉ်ရဲ့ တောင်ပံတဖက်ထိခိုက်တာလို့တော့ သိတယ်” - KNLAသတင်းရင်းမြစ်

စက်တင်ဘာ ၁၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထား
ဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် စစ်ကောင်စီ၏တိုက်လေယာဉ်ကိုစက်တင်ဘာ
၁၂ရက်က ပစ်ခတ်ခဲ့ရာ ထိခိုက်မှု ရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်
သည်။

စစ်​ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်ဗုံးလာကြဲစဥ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ
တော် (KNLA)တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၁၁)နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်များးက ပစ်ခတ်ခဲ့‌ခြင်းဖြစ်ပြီး ဂျက်ဖိုက်တာလေယာဉ်ထိခိုက်မှုရှိခဲ့၍ မြိတ်မြို့ဘက်သိုပြန်လှည့်ခဲ့ဟု ဖော်ပြသည်။စစ်တပ်၏ တိုက်​လေယာဥ်အမျိုးအစားအ​သေးစိပ်ကိုမူမသိရ​သေး​ပေ။

“ကျနော်တို့တပ်မဟာ(၄)မှာအာဏာသိမ်းအကြမ်း
ဖက်တပ်ရဲ့ လေယာဉ်ကို ပထမအကြိမ်ပစ်ခတ်တယ်လို့ပြောလို့ရတယ်။သူတို့ သုံးတာဂျက်ဖိုက်တာအမျိုးအစားဖြစ်တယ်၊ကျနော်တို့ သတင်းရရှိတဲ့အပေါ်မှာ သူတို့ မြိတ်မြို့ပြန်ဆင်းတဲ့အချိန်မှာ လေယာဉ်က မီးခိုးထွက်တယ်။ မီးခိုးထွက်ပြီးတော့မြိတ်မြို့က နယ်မြေခံတွေတွေ့ရှိချက်က
တော့ တောင်ပံအထက်လား မီးခိုးတွေတအားထွက်တယ်။ ခန့်မှန်းချက်အရတော့ လေယာဉ်ရဲ့ တောင်ပံတဖက်ထိခိုက်တာလို့တော့ သိတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် မြန်မာ-ထိုင်းနယ်စပ် မောတောင်လမ်းပိုင်းထိန်းချုပ်နိုင်ရေး ၂၀၂၄ ဒီဇင်ဘာက
တည်းက ထိုးစစ်ဆင်လာရာ သိန်ခွန်းကျေးရွာအနီးဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးရှေ့မတိုးနိုင်သည့် အခြေအနေတွင် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေခြင်းဖြစ်သည်။

“စစ်ကြောင်းဝင်ထိုးနိုင်ဖို့ လေယာဉ်ကို အသုံးပြုတယ်။ပြီးတော့သူတို့ဒရုန်းအသုံးပြုတယ်။ အဓိကတော့ နယ်စပ်ကို ပြန်ထိန်းချုပ်နိုင်ဖို့ တအားသုံးလာတာပေါ့။” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

သို့​သော်တော်လှန်ရေးပူးပေါင်းတပ်များကစစ်ကောင်စီ မထိုးဖောက်နိုင်ရေးခုခံလျက်ရှိဟု အ
သိပေးသည်။

(စစ်တပ်၏ တိုက်​လေယာဥ်တစ်စီး )
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
12 Sep 2025 2:30 pm ယနေ့ မွန်းလွဲပိုင်း ၂:၃၀ အချိန်မှစ၍ ရေဦး-ဒီပဲယင်းလမ်းပိုင်းအား စစ်ရေးအခြေအနေအရရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်ထားကြောင်း မသိပေးအကြောင်းကြားအပ်ပါသည်။ ပြန်လည်အသုံးပြုခွင့်မည့်ရက်ကို ရေဦးမြို့နယ်ပြည်ည်သူ့ကာကွယ်ရေးအဖွဲ့(Facebook page)မှ …
13 Sep 2025
3:50 pm

ယနေ့ ၁၃၊ ၉ ၊၂၀၂၅ ညနေပိုင်း ၃:၅၀ မိနစ်အချိန်မှစ၍ ရေဦးမြို့နယ်မှ ရေဦးမြို့တွင်းသို့ ပုံမှန်အတိုင်း မနက် ၆:၀၀ မှ ညနေ ၆:၀၀ အတွင်း သွားလာခွင့် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

#ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
🥰3
🚨မုံရွာ🚨

မုံရွာတောင်၊မုံရွေးတိုးဂိတ်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Sep 13, 7:39PM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
This media is not supported in your browser
VIEW IN TELEGRAM
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
👍2
🚨ရေဦး🚨

ရေဦးမြို့ အတွင်းမှ ထွက်လာ သော စခ ခမ အင်အား (၄၀) ကျော်၀န်းကျင် ခန့်သည် လက်နက် အထုတ်အပိုး အပြည့် အစုံဖြင့် စိုက်ကွင်း ဘက်ဆီသို့ ရောက်ရှိ နေကြောင်းသတင်းရရှိ။

#EIO
Sep 14, 6:30AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ရေဦး🚨 ရေဦး၊စိုက်ကွင်းဘက် ရောက်ရှိနေသောစခများမှ ပေလမ်းအတိုင်း ရှေ့ကင်းတိုးတဖွဲ့ထွက်နေကြောင်းသတင်းရရှိ။ #EIO Sep 14, 7:35AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ရေဦး🚨

ရေဦး၊စိုက်ကွင်းဘက် ရောက်ရှိနေသောစခများမှ ပေလမ်းအတိုင်း ရှေ့ကင်းတိုးနှစ်ဖွဲ့သည် လက်နက်ငယ်များပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Sep 14, 7:45AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
Forwarded from BBM
မိုးလေဝသသတင်း

BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း

ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်‌တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

မကွေးတိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးတိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီ တိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍1
🚨ရေဦး🚨

ရေဦးတိုင်းရင်းခွေးခြံမှ ထွက်လာသောစခကားကြီး(2)စီးသည် ရေဦး ကြာဖူးအဝိုင်းပတ်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Sep 14, 9:50AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာနယ်၊ကျောက်ကာတောင်ရွာမှ အနောက်ချောင်းရိုးအတိုင်းထွက်လာသော စခများသည် ညောင်ပင်ရွာမကြီးမှတဆင့် အနောက်သို့ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင် အထိုင်ချတပ်စွဲ၍ ဝပ်ကျင်းချနေသော စခများလည်း ရှိနေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စခများအထိုင်ချတပ်စွဲထားသောနေရာများအားဖြတ်သန်းခြင်း၊အနီးဝန်းကျင်သို့သွားလာခြင်းများကို (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတိပေးထုတ်ပြန်ချက်များကို အစဉ်လေးစားလိုက်နာကြပါရန် မိဘပြည်သူများအားတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO
Sep 14, 9:58AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအတွက် ညီညွတ်မှု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ Kim Aris နှင့် ယနေ့တွင် ကျွန်တော် တွေ့ဆုံခဲ့ပါသည်။

စစ်အာဏာရှင်ကို အဆုံးသတ်ရန်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ကျွန်တော်တို့၏ သန္နိဋ္ဌာန်ကို အခိုင်အမာ ထပ်မံ အတည်ပြုခဲ့ကြပါသည်။

ကျွန်တော်တို့၏ ဆွေးနွေးချက်များထဲတွင်
- မြန်မာလူထု ရင်ဆိုင် ကြုံတွေ့နေရသည့် လူသားဘေးဒုက္ခ အကျပ်အတည်းဆိုင်ရာ အရေးပေါ်အခြေအနေ

- ကျွန်တော်တို့ နိုင်ငံသားများ၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မည့် ခိုင်မာ အားကောင်းပြီး တာဝန်ယူ တာဝန်ခံမှုရှိသည့် ခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်များ

- နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို ဦးတည်သည့် ပထမအဆင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားအားလုံးကို ချက်ခြင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရေး စသည်တို့ ပါဝင်ပါသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနှင့် အမြင်သစ် ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်း နှစ်ကျောင်းအား အကြမ်းဖက် စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငယ်ရွယ်သည့် ကျောင်းသားကျောင်းသူများ အသက် ဆုံးရှုံးခဲ့ရသည့်အပေါ် အထူးပင် ဝမ်းနည်း ကြေကွဲရကြောင်း ကျွန်တော်တို့ အတူတကွ ထုတ်ဖော် ပြောဆိုခဲ့ကြပါသည်။ ကျောင်းသားကျောင်းသူများ အိပ်မောကျနေချိန် ညသန်းခေါင်ကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူတို့၏ အပြစ်မဲ့ အိပ်မက်များ ဆုံးရှုံး ပျက်စီးသွားခဲ့ရပါသည်။


အကြမ်းဖက် စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီတွင် အရပ်သားများပေါ် အကြမ်းဖက် တိုက်ခိုက်နေသည့် လုပ်ရပ်များ ရပ်တန်းက ရပ်ရမည် ဖြစ်ပါသည်။

သွေးစည်း ညီညွတ်မှုများမှ တဆင့်သာ မြန်မာလူထုအားလုံးအတွက် ရေရှည်ခိုင်မာသော လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် တရားမျှတမှုတို့ကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

#FederalMyanmar #StrengthThroughSolidarity #EndDictatorship
👍1