EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
တိုက်ပွဲသတင်း ထုတ်ပြန်ချက် -

ကနီမြို့နယ် ချောင်းမကျေးရွာမှ ခွေးပြေးဝက်ပြေး ပြေးလာသော ခွေးစစ်ကြောင်းအား ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်။

ခွေးနှစ်ကောင် ေ- ဆုံးပြီး MA1 နှစ်လက်၊ 5.56ကျည် 170 နှင့် ကျည်ဘောက် 8 ဘောက် သိမ်းဆည်းရရှိခဲ့ပါသည်။

စစ်ရေးအခြေနေတင်းမာနေစဲဖြစ်လို့ အနောက်မြောက်လွင်ပြင်သို့ ကမ်ပိန်းအား ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်ခဗျာ။

#ULF

#UnionLiberationFront

https://www.facebook.com/profile.php?id=100095091498394&mibextid=ZbWKwL
👏5
NUG Reformမှာကတော့ internal reform နဲ့ external reform နှစ်ပိုင်းရှိပါလိမ့်မယ်။ ဝန်ကြီး ဒုဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ပြည်တွင်းပြန်ဝင်တာ၊ မြေပြင်မှာ အစိုးရရုံး ထူထောင်လည်ပတ်တာ၊ အုပ်ချုပ်ရေးယန္တရား နဲ့ အခွန်လုပ်ထုံးလုပ်နည်းတွေ ပိုပြီးစနစ်ကျအောင် ပြင်ဆင်တာ၊ အဂတိလိုက်စားမှုတွေ အရေးယူတာ၊ အစိုးရဖွဲ့စည်းပုံ ပြောင်းလဲဖို့ စီမံတာ စသဖြင့် အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုတွေကတော့ ဆက်တိုက်ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ external reform နဲ့ပတ်သက်ရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအကြား ညှိနှိုင်းပူးပေါင်းပြီး အားကောင်းတဲ့ဦးဆောင်မှုအသစ်တရပ်ဖော်ထုတ်နိုင်ဖို့ကြိုးစားတာ၊ တဖက်မှာလည်း ပြည်ထောင်စုနဲ့ ပြည်နယ် ဖက်ဒရယ်ယူနစ်တွေအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းအောင်စီမံတာ ဒီဆောင်ရွက်ချက်တွေကိုတော့ အားစိုက်ပြီးတော့ အကောင်အထည်ဖော်နေတဲ့အချိန်ဖြစ်ပါတယ်။

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

PVTV နှင့် အင်တာဗျူးမှ ကောက်နုတ်ချက်
👍3
🚨စစ်ကိုင်း🚨

စစ်ကိုင်း၊အုန်း‌တော တကရ(၆၀၀၅)
မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 12, 8:39 Pm
📬သတင်းပို့ရန် @EagleInformationOperator
🙏3👍1
🚨ယင်းမာပင်🚨

ယင်းမာပင်နယ် တရော်ကျင်းရွာ‌ရောက် စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Sep 12, 8:39 Pm
📬သတင်းပို့ရန် @EagleInformationOperator
🙏3👍1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁၂ /၂၀၂၅)
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်
စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ပတ်သက်၍ ကြေညာချက်

၁။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်တပ်သည် အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာကို ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့ရာ ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားများနှင့် အနီးအနားမှ ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ဦး သေဆုံးပြီး (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိကြောင်း ကနဦး သတင်းများအရ သိရှိရသည်။
၂။ အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက် ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက်တန်တန် အရေးယူအပြစ်ပေးသွားမည်။ မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ် ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး လက်တွဲပူးပေါင်း စုံစမ်းရှာဖွေဖော်ထုတ်သွားမည်။
၃။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူ ဒဏ်ခတ်မှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသက်ဆုံးရှုံးခဲ့ရသော ရခိုင်ပြည်သူ ကျောင်းသားကျောင်းသူများနှင့်အတူ ထပ်တူ ဝမ်းနည်းရပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#Airstrikes
#NUG
#NUGMOE
#NationalUnityGovernment
#SafeSchoolsSafeEducation
#Myanmar
👍2
🚨မြင်းမူ🚨

မြင်းမူနယ်‌၊‌မြောင်လမ်းခွဲ မှ စခများသည် လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေပြီးလက်နက်ကြီးဖြင့်လည်း (၁)ကြိမ်ရမ်းသမ်းပစ်ခတ်ထားကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 12, 10:27PM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰5👏1
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့်အတူတကွပူးပေါင်း၍ မြေပြင်သတင်း၊လေကြောင်းသတင်းများကို အချိန်နှင့်တပြေးညီ (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့် Admin Teamသည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ ကိုယ်ထူကိုယ်ထ သတင်း(ကျင့်ဝတ်-စည်းကမ်း)နှင့်အညီလုပ်ကိုင်နေကြခြင်းသာဖြစ်ပါသည်။

#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝ၊လုံးဝ)အလျင်းမရှိပါ။#EIO နှင့်ပုံစံတူ၊ဖရိမ်တူ၊သတင်းတင်ပုံ၊စာအရေးအသားတူပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO Admin Teamမှ လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။

#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း (လုံးဝ၊လုံးဝ) မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူမှ ပြည်သူသို့
ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့ဖြစ်သည့်အတွက် #Source Credit ပေးစရာမလို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

{ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ}

စခလေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်း၊ယာဥ်တန်းများ၊(စခ+ပခ)များ၏ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများ၊တလရ ရဲ‌ဘော်များအနေနှင့် တာဝန်သိစိတ်ဖြင့် ယုံကြည်စိတ်ချစွာ မိမိတို့ #EIO - (Eagle Information Operator) Admin Teamအား သတင်းများပေးပို့နိုင်ပါသည်။ အချိန်နဲ့တပြေးညီ သတင်းပေးပို့နိုင်သည့် Facebook Page မက်ဆင်ဂျာ၊တယ်လီဂရမ်ချန်နယ်အကောင့်၊Gmail Accထံတွင်သတင်းပေးပို့နိုင်ပါသည်။၊

Be safe, be strong, be of help !

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformationoperator

⚜️#EIO Telegram Chat Group - https://t.me/EagleInformation

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်- @EIO2021_bot
👍2🥰1
🚨မုံရွာ🚨

(၁၂)ရက်နေ့၊နံနက်(၁၁)နာရီအချိန်ခန့်တွင် နမခမှထွက်လာသော စခအအပါ သံပြားကာကား(၃)စီးသည် မုံရွာ၊အီကိုကျောင်းရှေ့တွင် စခအအများချထားခဲ့ပြီး မုံရွာမြို့ထဲသို့ကားအခွံများပြန်လည်ဝင်ရောက်သွားကြောင်းသိရပါသည်။အီကိုကျောင်းတွင်ချထားခဲ့‌သော စခများသည် မုံရွာအီကို‌ကျောင်းမှတဆင့် ဇလုပ်ရွာမှတဆင့် အရှေ့သို့ဦးတည်ပြီး ခြေလျင်တက်လာရာ လမ်းမှာတွေ့ရှိသော အပြစ်မဲ့ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးသွားကြပြီး ညောင်ပင်ရွာ၏ မြောက်ဘက်ရှိ ပြည်သူပိုင်တောနေတဲတချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းထပ်မံသိရပါသည်။ညနေစောင်းအချိန်ခန့်တွင် စခများသည် ညောင်ပင်ရွာသစ်၊ထန်းတောဘုန်းကြီးကျောင်းမှတဆင့် ညောင်ပင်ရွာမကြီး စာသင်ကျောင်းတို့၌‌ လေးဘက်ကုန်း အထိုင်ချနေကြကြောင်း ကနဦးသတင်းများရရှိထားပါသည်။ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင်လည်း အထိုင်ချတပ်စွဲ၍ ဝပ်ကျင်းချနေသော စခများလည်းရှိနေဆဲဖြစ်ပါသောကြောင့် မိဘပြည်သူများအနေဖြင့် စခများအထိုင်ချတပ်စွဲထားသောနေရာများအားဖြတ်သန်းခြင်း၊အနီးဝန်းကျင်သို့သွားလာခြင်းများကို (လုံးလုံးဝ)မပြုလုပ်ကြပါရန်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတိပေးထုတ်ပြန်ချက်များကို အစဉ်လေးစားလိုက်နာကြပါရန် မိဘပြည်သူများအားတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO
Sep 13, 7:50AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️ #EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့န…»
🚨မုံရွာ🚨

မုံရွာတောင်၊ စွမ်းရည်ထက်ဂိတ် မှ စခများသည် ကူတောရွာထိပ်သို့ရောက်ရှိနေပြီး၊တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းမြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Sep 13, 8:43AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 (၁၂)ရက်နေ့၊နံနက်(၁၁)နာရီအချိန်ခန့်တွင် နမခမှထွက်လာသော စခအအပါ သံပြားကာကား(၃)စီးသည် မုံရွာ၊အီကိုကျောင်းရှေ့တွင် စခအအများချထားခဲ့ပြီး မုံရွာမြို့ထဲသို့ကားအခွံများပြန်လည်ဝင်ရောက်သွားကြောင်းသိရပါသည်။အီကိုကျောင်းတွင်ချထားခဲ့‌သော စခများသည် မုံရွာအီကို‌ကျောင်းမှတဆင့်…
🚨မုံရွာ🚨

ယနေ့နံနက်ပိုင်းတွင် ညောင်ပင်ရွာမကြီး စာသင်ကျောင်း၌‌ ညအိပ်လေးဘက်ကုန်း အထိုင်ချခဲ့သော စခများသည် ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင် အထိုင်ချတပ်စွဲ၍ ဝပ်ကျင်းချနေသော စခများရှိရာသို့ ပူးပေါင်းသွားပြီးဖြစ်ကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် စခများအထိုင်ချတပ်စွဲထားသောနေရာများအားဖြတ်သန်းခြင်း၊အနီးဝန်းကျင်သို့သွားလာခြင်းများကို (လုံးဝလုံးဝ)မပြုလုပ်ကြပါရန်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတိပေးထုတ်ပြန်ချက်များကို အစဉ်လေးစားလိုက်နာကြပါရန် မိဘပြည်သူများအားတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO
Sep 13, 9:20AM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
စစ်ကိုင်းနယ် ဘုရားဖြူမှာတပ်စွဲထားတဲ့စစ်တပ်က ပြည်သူတွေ ဖမ်းဆီးဆက်ကြေးတောင်းနေ

စက်တင်ဘာ-၁၂၊၂၀၂၅၊မေ/People's Spring

စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ဘုရားဖြူမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေပူးပေါင်းကာ အနောက်တာ(ရေဝင်တန် ဆည်) ဘက်ကို ဝင်ရောက်ပြီး ပြည်သူတွေ ဖမ်းဆီးကာ ဆက်ကြေးတောင်းတာ တွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ၁၀ ရက်က စစ်ကောင်စီတပ်တွေဟာ မအူပင် ၄ရွာ (သာဒွန်း၊ မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ မအူပင်ကုန်းတန်းလေး)ကိုစစ်ကြောင်းထိုးပြီး ပြည်သူ ၃၀လောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

"မနေ့ကတချို့ပြန်လွတ်တယ်လို့လည်း ပြောတယ်။အတည်မပြုနိုင်သေးဘူး။နောက်ရက် စစ်ကြောင်း ဆက်ဝင်လို့ ပြေးတဲ့ သူတွေလည်း ပြေးကြတုန်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာ၁၁ ရက်ကလည်း အဲဒီစစ်ကြောင်းကပဲ ဒီကျေးရွာတွေကို ထပ်ဝင်ကာ တအိမ်ကို ငွေကျပ် ၅၀၀၀-၁၀၀၀၀အထိ လိုက်လံတောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီရွာတွေဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းက ငါးထပ်ကြီးဘုရားရဲ့ အနောက်ဘက်မှာရှိပြီး ဘုရားဖြူမှာ စစ်အုပ်စုကတပ်စွဲထားတာလည်း တနှစ် လောကါရှိပြီလို့ သိရပါတယ်။

အဲဒီအနီးနားဝန်းကျင်မှာဆိုရင် နောက်ထပ် ဆင်မြေ၊ဒေါင်းမနဲ့ ညောင်ကုန်းရွာ တွေကိုလည်း စစ်တပ်ကတပ်စွဲထားတယ်လို့ သိရပါတယ်။

#People's Spring
👍1🤬1
🚨မုံရွာ🚨

စခအိမ်စီးကား(၃)စီးသည် ဒေါနခြံဖြတ်၍ တောင်သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Sep 13, 10:18AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

စခအိမ်စီးကား(၁၀)စီးသည် ကျောက်ကာလမ်းအတိုင်းအရှေ့သို့ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Sep 13, 10:20AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨ယင်းမာပင်🚨

ယင်းမာပင်၊ရွှေတောင်ဦးအကျိုးကန်းကုန်းမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 13, 10:15AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨မုံရွာ🚨

မုံရွာနယ်၊မင်းတဲရွာသို့‌ရောက်ရှိနေသော စခများသည် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 13, 10:15AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3