"ပြည်သူက စစ်-- လို့ခေါ်တယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူး။ လူစိတ်မရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို တပ်မတော်လို့ သတ်မှတ်ပြီးတော့ တိုင်းပြည်အိမ်ဦးခန်းဆက်ထားဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ဟန်သာရှိပြီး အဆံမရှိတဲ့တပ်၊စိတ်ဓာတ်၊ ကျင့်ဝတ်၊စည်းကမ်းအားလုံး ချွတ်ခြုံကျပြီး နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ၊ မီးရှို့၊ လည်လှီး သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင်မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ဒီလိုအကြမ်းဖက်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ဆက်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း ပြည်သူတွေအနေနဲ့ စိတ်ဒုံးဒုံးချပြီး ဖြစ်ပါတယ်။"
ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
PVTV နှင့် အင်တာဗျူးမှ ကောက်နုတ်ချက်
#SpringRevolution
#PVTV
#QUOTES

🥰2
🚨မုံရွာ🚨
စွမ်းရည်ထက်ဂိတ်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။
#EIO
Sep 11, 8:56 Pm
📬သတင်းပို့ရန် @EagleInformationOperator

👍1🙏1
🚨မတ္တရာ🚨
မတ္တရာမြို့တွင်းမှ စခများသည်လက်နက်ကြီးဖြင့် မြောက်အရပ်သို့ ရမ်းသမ်းပစ်ခတ်ထားကြောင်းသတင်းရရှိ။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Sep 11, 10:44PM

🙏1
အတိတ်မှာ အိပ်မောကျတဲ့
ညဆိုးတွေ မလိုချင်တော့ဘူး။
နာကျင်မှုနဲ့ နိုးထရတဲ့
မနက်ခင်းတွေလည်း ကင်းဝေးချင်တယ်။
သန်းခေါင်ထက်မှာတဝဲလဲလဲ ဖြစ်နေတဲ့
လမ်းတွေမလျှောက်ချင်ပေမယ့်၊
ရောင်နီလာမှာ ကြိုသိတဲ့
မနက်ခင်းကိုလည်း မမြင်ရမှာ ကြောက်ပြန်တယ်။
အကြောက်တရားနဲ့ အုပ်ချုပ်ချင်တဲ့ လူတစ်စုကို
ကြောက်စိတ်နဲ့ပဲ တန်ပြန်
တော်လှန် အနိင်ယူမယ်.....။
Kemono ....

🥰4
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

🙏3
အထွေထွေထိုးစစ်ပြင်ဆင်ခြင်း
တော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်းအားဖန်တီးနိုင်ရေး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက် ထားနိုင်ခြင်း နှင့် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း မရပ်မနား တိုက်ပွဲဝင်နေခြင်းသည် အဆိုပါ အလှည့်အပြောင်းအားဖန်တီးရန် အခြေအနေပေးမှုနှင့် အခင်းအကျင်းများ ရရှိထားခြင်းဖြစ်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ် ဆင်နွှဲနိုင်ရန်အတွက် မိမိတပ်ကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက် ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ယခုအချိန်တွင် တပ်တည်ဆောက်ရေးကို အထူးအားစိုက်ဆောင်ရွက် နေသည်။ တော်လှန်ရေးအစပြုစဥ်က အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့တပ်ဆင်၍ ချက်ချင်း တိုက်ပွဲဝင်ခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယခုအခါ တပ်ပုံစံကျလေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတို့ကို ဆောင်ရွက်ရင်း တဖက်တွင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းစုစည်းမှုကို အားပြုလုပ်ဆောင်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှ ကောက်နုတ်ချက်

👍2
စစ်ကိုင်းနဲ့ ဝက်လက်အစပ် ဧရာဝတီမြစ်ဘေးကရွာတွေကို စစ်အုပ်စု စစ်ကြောင်းနှစ်ခုနဲ့ စီးနင်းမီးရှို့သတ်ဖြတ်နေ
ထက်ဖြိုး/ MFP ၊ စက်တင်ဘာ - ၁၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ္မကားရွာအထိုင်စခန်းက စစ်အုပ်စုနဲ့ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ရွာစစ်အုပ်စု စစ်ကြောင်းတွေဟာ ဧရာဝတီမြစ်နဲ့ ဗျူဟာလမ်းမကြီးကြားထဲက ရွာတွေကို စစ်ကြောင်းနှစ်ခုနဲ့ စီးနင်းမီးရှို့သတ်ဖြတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လကျော်ကတည်းက စစ်ကိုင်းနဲ့ ဝက်လက်အစပ်က ရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးလိုက် အထိုင်စခန်းတွေကို ပြန်ဝင်သွားလိုက် လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အခုတစ်ကြိမ်မှာတော့ စစ်ကြောင်းနှစ်ခုက နေအိမ် ၅၀ ကျော်နဲ့ ရဲဘော်တစ်ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သွားတယ်လို့ စစ်ကိုင်းမြို့နယ်ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တိုက်ရွာကတော့ မီးရှို့တယ်ဗျ။ အထက်ရွာရော အောက်ရွာရော၊ တလိုင်းကလည်း သုံးလုံးဆိုလားရှို့တယ်။ သတ်ဖြတ်ခံရတာကတော့ အခုမှ စုံစမ်းနေတုန်းဆိုတော့ အတိအကျတော့ မသိရသေးဘူး”
တိုက်ရွာကို စစ်ကြောင်းရောက်ရှိနေချိန်မှာ ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ PDF ရဲဘော်တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး စစ်အုပ်စုက နှိပ်စက်သတ်ဖြတ်သွားတာလို့ သူက ဆိုပါတယ်။
စစ်ကိုင်းနယ် စဉ့်ကိုင်ရွာကနေ ထိုးလာတဲ့စစ်ကြောင်းက တိုက်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် အဲဒီကနေဆင့် တလိုင်းရွာကို ဝင်ရောက်ကာ စက်တင်ဘာလ ၁၂ ရက် ဒီကနေ့မှာ ခက်ခရွာကို ရောက်ရှိသွားသလို ရှိမ္မကားကနေ ထွက်လာတဲ့ စစ်ကြောင်းကလည်း ခက်ခရွာမှာ ပေါင်းဆုံသွားပြီလို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမျာ နေထိုင်တဲ့ ဒေသခံတွေဖမ်းဆီးသတ်ဖြတ် ခံထားရပေမဲ့ စစ်ကြောင်းရှိနေသေးတာကြောင့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်အုပ်စုတပ်တွေက တိုက်ရွာ(အထက်ရွာ)မှာရှိတဲ့ နေအိမ် ၅၀ ခန့်ကို မီးရှို့ဖျက်ဆီးပြီး တလိုင်းရွာကို ဝင်ရောက်ကာ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်မှာ စစ်အုပ်စုက ဇူလိုင်လကနေ ဒီနေ့အထိ နှစ်လကျော်ကြာ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်နေတာကြောင့် ဆားတောင်၊ တလိုင်း၊ တမာကုန်း၊ ငါးရယ်၊ ရှိန်းမကား၊ တလိုင်း ၊ အုန်းသဇင်၊ ရေလည်မှော်၊ ရွာနန်း၊ ကျော်ဇေယျာ၊ တိုက်ရွာ(အထက်)၊ တိုက်ရွာ(အောက်)၊ ခက်ခရွာ(အရှေ့)၊ ခက်ခရွာ(အနောက်)၊ ပုဂံသူ ၊လင်းတလူး ၊ သစ်ချိုကုန်း၊ ချိူင်းကြီး၊ ရွှေပင်ငံ၊ အုန္နဲဘုတ်၊ တောမ စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်က ဒေသခံသောင်းနဲ့ချီ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေပြီး နှစ်လကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဩဂုတ်လ ၁၁ရက်က စစ်ကိုင်းနယ် တောင်ရင်းရွာအနီးဗျူဟာလမ်းပိုင်းကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

12 Sep 2025
2:30 pm
ယနေ့ မွန်းလွဲပိုင်း ၂:၃၀ အချိန်မှစ၍ ရေဦး-ဒီပဲယင်းလမ်းပိုင်းအား စစ်ရေးအခြေအနေအရရက်အကန့်အသတ်မရှိဖြတ်သန်းခွင့်ပိတ်ထားကြောင်း မသိပေးအကြောင်းကြားအပ်ပါသည်။
ပြန်လည်အသုံးပြုခွင့်မည့်ရက်ကို ရေဦးမြို့နယ်ပြည်ည်သူ့ကာကွယ်ရေးအဖွဲ့(Facebook page)မှ ပြန်လည်ကြေငြာပေးသွားမည်ဖြစ်ပါသည်။
#ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)

‼️အသိပေး၊သတိပေး နှိုးဆော်ချက်‼️
Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည် အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့် အချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်းပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ မိဘပြည်သူများအား အထူးသတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန် -@EagleInformationOperator

🙏2👍1
၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ မဟာမိတ်တိုင်းရင်သားတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့ အပြည့်အဝ စိုးမိုးအုပ်ချုပ်လျက်ရှိသည့် နယ်မြေများမှာ တနိုင်ငံလုံးရှိမြို့နယ်စုစုပေါင်း၏ (၁၆) ရာခိုင်နှုန်း၊ ဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားသည့် နယ်မြေများမှာ မြို့နယ်စုစုပေါင်း၏ (၂၄) ရာခိုင်နှုန်းရှိပြီး မြို့နယ်စုစုပေါင်း၏ (၂၁) ရာခိုင်နှုန်းတွင် တော်လှန်စစ်ဖြစ်ပွားလျက်ရှိသည်။ စစ်အုပ်စုသည် မြို့နယ်စုစုပေါင်း၏ (၃၉) ရာခိုင်နှုန်းခန့်ကို လက်နက်ဖြင့် စိုးမိုးဖိနှိပ်အုပ်ချုပ်နေဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှ ကောက်နုတ်ချက်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှ ကောက်နုတ်ချက်
👍3
တိုက်ပွဲသတင်းထုတ်ပြန်ချက်
ကနီ၊ ချောင်းမရွာတွင် အင်အား (၁၀၀) ရှိ စစ်ကြောင်းကို တိုက်ခိုက်၊ ရန်သူ့ဘက်မှ (၃) ဦး သေဆုံး၊ စစ်သုံ့ပန်း (၄) ဦး နှင့် လက်နက်များရ
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတွင် အကြမ်းဖက်စစ်တပ် တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၆) မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ရာ ရန်သူ (၃) ဦး သေဆုံးပြီး စစ်သုံ့ပန်း (၄) ဦးနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့သည်။
ချောင်းမရွာရှိ ရန်သူ့စစ်ကြောင်းကို စက်တင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၁) နာရီကျော်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရန်သူများ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ခြင်းကြောင့် ဘန့်ဘွေးပျူစောထီးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဆုတ်ခွာသွားသည့် စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပကဖ အဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်း ရန်သူ့ထံမှ အလောင်း (၃) လောင်း၊ သုံ့ပန်း (၄) ဦး၊ MA-1 (၄) လက်၊ MA-3 (၁) လက်၊ MG-3 (၁) လက်၊ MAS စနိုက်ပါ (၁) လက်၊ ဂျမ်ပါ (၁) လုံးနှင့် တခြားသော စစ်အသုံးအဆောင် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်

👍4👏1
ရဲဘော်တွေအကျများမှ အလုပ်လုပ်တယ် သတ်မှတ်တဲ့
လူ့အသိုင်းအဝိုင်းကို ကျနော်တို့ရှောင်တယ်
တိုက်ပွဲဝင်
ရဲဘော်တွေအတတ်နိုင်ဆုံးဘေးရန်ကင်းပြီး
ဆေးဝါးရိက္ခာတွေဖူလုံဖို့က ကျနော်တို့ရဲ့ပထမတန်းစား
ဦးစားပေးကိစ္စဖြစ်တယ်
လူငယ်တစ်ယောက်ခြင်းရဲ့ပါဝင်မှုကိုတန်ဖိုးထားလို့
ကျနော်တို့ရဲဘော်တစ်ယောက်ကျဆုံးခြင်းအတွက်
ဘယ်လိုအကြောင်းနဲ့မှ ဖုံးကွယ်သမိုင်းဖျောက်ပစ်ဖို့မစဉ်းစားဘူး
တချို့က ရန်သူဘက်က ဝမ်းသာနေမယ်လို့
အကြံပြုသလို တချို့က အတွင်းသတင်းတွေ ရန်သူသိကုန်မယ်လို့ ခပ်ပေါပေါစကားပြောကြတယ်
တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင်
အဲဒီတိုက်ပွဲအကြောင်း ကျနော်တို့တစ်ဖက်တည်းသိကြတယ်လို့ထင်နေကြတဲ့ အတွေးအမြင်တွေကိုလည်း
အံ့ဩမိတယ်။ တကယ်တော့ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့သတင်းတွေအောက်မှာ ၆၈၀၀ စားတွေက သူတို့အလုပ်သဘောအရ လာလှောင်ကြ ဆဲ ကြတယ်
ဒါက ကျနော်တို့ရဲဘော်အပေါ် ကျနော်တို့ ဘယ်လောက်တန်ဖိုးထားဂုဏ်ယူကြောင်းပြသတဲ့အပေါ် တဖက်လူက
ရန်သူပီပီ မနာလို မရှုစိမ့်လို့ လာပြောကြတာမို့လိုလည်း
ကျနော်တို့ဘက်က ဘာမှတုံ့ပြန်နေမှာမဟုတ်ဘူး။ဘာလို့လဲဆိုရင် ကျနော်တို့နဲ့သူတို့က တန်ဖိုးခြင်းမတူဘူး။အဆင့်နိမ့်ကြေးစားလူသတ်သမားတွေနဲ့ မြင့်မြတ်တဲ့ ပြည်သူ့တော်လှန်ရေးသားရတနာတွေဟာ အတူယှဉ်တွဲ
စကားနာထိုးကြဖို့တောင် တန်မနေဘူး။
အနည်းဆုံးတော့ ကျနော်တို့ရဲဘော်တွေဟာ ရာထူးတာဝန်မခွဲခြားဘဲ သေလွန်တဲ့အခါ တန်းတူညီမျှဂုဏ်ပြုမှုခံရတယ်။တဖက်က အမျိုးယြတ်စစ်တပ်မှာတော့ အလောင်းတွေဟာ ကျီးထိုးထိုး ခွေးစားစားနိုင်ငံအနှံ့မှာ မြင်မကောင်းအောင်ပြန့်ကြဲနေတယ်။
ဒီပို့စ်က ဒီဓာတ်ပုံလေးကိုအကြောင်းပြုပြီးဖြစ်လာတာပါ။ရဲဘော်ပူတင်းရဲ့ ညီအကိုရဲဘော်တွေဟာ သူတို့ရဲ့မုန့်ဖိုးလေးတွေစုပြီး ရှေ့တန်းမြေပြင်နဲ့နီးစပ်တဲ့
နေရာတွေက ကလေးငယ်တွေနဲ့ ဒေသခံတွေကို မုန့်နဲ့အဟာရတွေ တနပ်စာ ဝေမျှကုသိုလ်ယူပေးခဲ့ကြတာဖြစ်ပါတယ်။ နတ်လူသာဓုခေါ်ကြပါစေခင်ဗျ။
နောက်တစ်ခုက ကျနော်တို့ရဲ့ ရွှေဒိုးနတ်ကမ်ပိန်းလေးက
လာမယ့် ၁၈ ရက်နေ့ဆိုရင်ပြီးတော့မှာပါ။ ကမ်ပိန်းရရှိငွေလည်းအနော်ကလေးနည်းပါသေးတယ်။ မိဘပြည်သူများအနေနဲ့ ကျနော်တို့နဲ့အတူတူ လွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်စေချင်ပါတယ်။ လူကိုယ်တိုင်မပါနိုင်ရင် ငွေကြေးအနေနဲ့ပါဝင်ပေးလို့ရပါတယ်။ကော်မတ်မှာဖော်ပြထားတဲ့နိုင်ငံတကာကိုယ်စားလှယ်တွေကနေတဆင့် ငွေကြေးပါဝင်ပေးကြပါလို့တိုက်တွန်းနှိုးစော်ပါတယ်။
#ဆက်သွယ်ရေးကွန်ရက်ကမ်ပိန်း
#Yangonbattalion5102
#ရွှေဒိုးနတ်
#ရန်ကုန်တပ်ရင်း၅၁၀၂
https://www.facebook.com/share/19nfYTYUU5/

🥰3👍2
တော်လှန်ရေးအတွက်
တော်လှန်ရေးခရီးမှာ ပညာရှင် ၊ ပညာတတ်တွေ မပြတ်ရှိိနေဖို့ လိုအပ်ပါတယ် ။
ဒီနေရာမှာ
(၁) တော်လှန်ရေးခရီးထဲ ရောက်နှင့်နေပြီးသား ပညာရှင် / ပညာတတ်များ လမ်းတဝက်ကနေ ပဲ့ထွက်သွားပြီး လျော့နည်းသွားခြင်း မရှိစေဖို့က ပထမဆုံး လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။
(၂) တဖန် ဒီပညာရှင် / ပညာတတ်များကို အရင်းပြု အခြေခံပြီး နောက်ထပ်နောက်ထပ်သော ပညာတတ် / ပညာရှင်များကို စဉ်ဆကိမပြတ်မွေးထုတ်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးလာပါတယ်။
လူဆိုတာ သေမျိုးဖြစ်ပါတယ် ။
သေခြင်းတရားနဲ့ တွေ့ဆုံမိဖို့ဆိုတာ အင်မတန်လွယ်ကူလွန်းတဲ့ ကာလကြီးမှာ (မသေခင်) ပညာအမွေတွေကို စဉ်ဆက်မပြတ်ပေးနိုင်ကြဖို့ လိုပါတယ်။
ဒါမှသာလျှင် ကျွန်တော်တို့ တော်လှန်ရေးအလုပ်မှာ အသစ် အသစ်သော သွေးသစ်များနှင့် အပြည့် ပြည့်လျှံတက်ကြွနေမှာ ဖြစ်ပါတယ်။
ရန်သူက ဗုံးကြဲပေမယ့်လည်း ပညာရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားလို့ မရဘူး ။
ဗုံးကြဲလို့ ပညာရေးအလုပ်ကို ရပ်တန့်လိုက်ရခြင်းက
ရန်သူက ( သူ့အလုပ်သူလုပ်) ဗုံးကြဲပေမယ့်လည်း
မိမိတို့ တော်လှန်ရေးသမားများနှင့် တော်လှန်ပြည်သူများဟာလည်း မိမိတို့ အလုပ်တွေ ပျက်သွားလို့ မဖြစ်ရေးချ မဖြစ်ပါ။
ရန်သူဖြစ်စေချင်တဲ့အတိုင်း မဖြစ်အောင် ကြိုးစားရှင်သန်ခြင်းသည်ပင်လျှင် တော်လှန်ခြင်းမည်ပါတယ်။
ဒါကြောင့် တော်လှန်ရေးနယ်မြေများမှာ ပညာရေးကို ဖြစ်အောင် လုပ်ကြပါ ။
မိဘပြည်သူများကလည်း
ကလေးတွေကို ကျောင်းပို့ဖြစ်အောင် ပို့ကြပါ။
အခြေခံပညာတင်မက အဆင့်မြင့်ပညာတွေကိုလည်း သင်ကြားနိုင်မယ့် အခင်းအကျင်းတွေကို ဝိုင်းဝန်းဖန်တီးပေးကြပါ။
အနုပညာရှင်များကလည်း ပညာရေးနဲ့ ပတ်သက်ပြီး ဖောင်ဒေးရှင်းတွေ ထောင်ကြပါ ။
ပညာသင်ဆုတွေ ပေးကြပါ ။
ဒီနွေဦးတော်လှန်ရေးမှာ
လက်နက်ကိုင်ပြီး တော်လှန်ဖို့အပြင်
ပညာဉာဏ်ဖြင့် တော်လှန်နိုင်ဖို့အတွက်လည်း ရင်းနှီးမြှုပ်နှံကြပါ ။
ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းသည် ယခုလို တော်လှန်ရေးကာလအတွက်ရော
အနာဂါတ်မြန်မာနိုင်ငံတော်အတွက်ပါ ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေမှာ ဖြစ်ပါတယ် ။
ဒေါက်တာစိုးသူရဇော် Facebook မှကူးယူ၍ ပြန်လည်ဖော်ပြခြင်းသာဖြစ်သည်။
#EIO
Sep 12,
📬သတင်းပို့ရန် @EagleInformationOperator
ပညာရေး’ မှာ ရင်းနှီီးမြှုပ်နှံပါ ။
လက်ခံချင်သည်ဖြစ်စေ
လက်မခံချင်သည်ဖြစ်စေ
ကျွန်တော်တို့အားလုံး တော်လှန်ရေးကို ရေရှည်ခရီးအတွက် ပြင်ဆင်ကြရမယ် ။
ကာလရှည်ခရီးလို့ စိတ်ထဲ လက်ခံထားပြီး ပြင်ဆင်မှသာလျှင် (အကယ်လို့) ကာလလတ်နဲ့ဘဲ ပြီးသွားရင်လည်း တော်လှန်ရေးအလွန်ကာလတွေအတွက်ပါ ပြင်ဆင် အုတ်မြစ်ချပြီး ဖြစ်သလို
(တကယ် ) ကာလရှည် ခရီးဖြစ်လာခဲ့ရင်လည်း တော်လှန်ရေးခရီးကို ကျွန်တော်တို့ သက်လုံကောင်းကောင်းနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
ဒီလို ပြင်ဆင် အုတ်မြစ်ချတဲ့အခါမှာ ပညာရေး’ ဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်လာပါတယ် ။တော်လှန်ရေးခရီးမှာ ပညာရှင် ၊ ပညာတတ်တွေ မပြတ်ရှိိနေဖို့ လိုအပ်ပါတယ် ။
ဒီနေရာမှာ
(၁) တော်လှန်ရေးခရီးထဲ ရောက်နှင့်နေပြီးသား ပညာရှင် / ပညာတတ်များ လမ်းတဝက်ကနေ ပဲ့ထွက်သွားပြီး လျော့နည်းသွားခြင်း မရှိစေဖို့က ပထမဆုံး လုပ်ရမယ့် အလုပ်ဖြစ်ပါတယ်။
(၂) တဖန် ဒီပညာရှင် / ပညာတတ်များကို အရင်းပြု အခြေခံပြီး နောက်ထပ်နောက်ထပ်သော ပညာတတ် / ပညာရှင်များကို စဉ်ဆကိမပြတ်မွေးထုတ်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးလာပါတယ်။
လူဆိုတာ သေမျိုးဖြစ်ပါတယ် ။
သေခြင်းတရားနဲ့ တွေ့ဆုံမိဖို့ဆိုတာ အင်မတန်လွယ်ကူလွန်းတဲ့ ကာလကြီးမှာ (မသေခင်) ပညာအမွေတွေကို စဉ်ဆက်မပြတ်ပေးနိုင်ကြဖို့ လိုပါတယ်။
ဒါမှသာလျှင် ကျွန်တော်တို့ တော်လှန်ရေးအလုပ်မှာ အသစ် အသစ်သော သွေးသစ်များနှင့် အပြည့် ပြည့်လျှံတက်ကြွနေမှာ ဖြစ်ပါတယ်။
ရန်သူက ဗုံးကြဲပေမယ့်လည်း ပညာရေးလုပ်ငန်းစဉ်တွေ ရပ်တန့်သွားလို့ မရဘူး ။
ဗုံးကြဲလို့ ပညာရေးအလုပ်ကို ရပ်တန့်လိုက်ရခြင်းက
ရန်သူဖြစ်စေချင်တဲ့ အာသီသ’ပါ ။
ပြဿနာကို ဖြေရှင်းနည်း မဟုတ်ပါဘူး ။
ရန်သူ ဗုံးကြဲပေမယ့်လည်း ထိခိုက်မှု နည်းနိုင်သမျှ အနည်းဆုံးနည်းလမ်းကို ရအောင် အသုံးချပြီး ကိုယ့်ရဲ့ တော်လှန်ပညာရေးစနစ် မရပ်တန့်သွားအောင် ဝါယမစိုက်ထုတ်ခြင်းကသာလျှင် ပြဿနာဖြေရှင်းနည်း အမှန်ဖြစ်သလို
အကြမ်းဖက် ရန်သူကို ပညာ ဖြင့် အံတုခြင်း’ လည်း ဖြစ်ပါတယ် ။ ရန်သူက ( သူ့အလုပ်သူလုပ်) ဗုံးကြဲပေမယ့်လည်း