EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
စစ်ကော်မရှင်တပ်က အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တွေကို ရှေ့တန်းမှာ အသုံးပြုလာ

ဖက်ဒရယ် FM | စက်တင်ဘာလ ၁၁ ရက်

စစ်ကော်မရှင်တပ်က အိန္ဒိယနိုင်ငံသား ကသည်းသူပုန် (ULFA) အဖွဲ့တွေကို အသုံးပြုပြီး စစ်ဆင်ရေးလုပ်နေတယ်လို့ NUG အမှတ် ၁ စစ်ဒေသက ဒီကနေ့ ထုတ်ပြန်ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာပဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ အိန္ဒိယနိုင်ငံသား ကသည်းသူပုန် (ULFA) တချို့ အပါအဝင် ၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာအပေါ် ရည်ညွှန်းပြီး စစ်ဒေသ ၁ က ထုတ်ပြန်ထားတာပါ။

အဲဒီနေ့ တိုက်ပွဲအတွင်းမှာ အလောင်း ၄ လောင်း၊ လက်နက် ၅ လက်၊ စစ်သုံးပစ္စည်းတွေနဲ့အတူ မူးယစ်ဆေးဝါး ၃ မျိုးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်မှာ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ ရှမ်းနီပြည်သူ့စစ် SNA၊ အိန္ဒိယကသည်းလက်နက်ကိုင်အဖွဲ့ (ULFA) နဲ့ နာဂ (NSAC) ပူးပေါင်းအင်အား ၁၃၀ ခန့်ပါဝင်တယ်လို့ စစ်ဒေသ ၁ က ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ အိန္ဒိယ ကသည်းလက်နက်ကိုင်အဖွဲ့နဲ့ နာဂအဖွဲ့တွေကို ဒီနှစ်ဩဂုတ်လမှာ စတင်အသုံးပြုလာပြီး သူတို့ဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေနဲ့အတူ ပါလာခဲ့တာလို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်ကလည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သုံ့ပန်း ၁ ဦး၊ အလောင်း ၃ လောင်းနဲ့ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - NUG အမှတ် ၁ စစ်ဒေသ (စက်တင်ဘာလ ၂ ရက်က ကလေးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့တဲ့ အိန္ဒိယကသည်းသူပုန်အဖွဲ့ဝင်နဲ့ စစ်လက်နက်ပစ္စည်းများအား တွေ့ရစဉ်)

#စစ်ကော်မရှင် #အိန္ဒိယကသည်း #ရှေ့တန်း #အသုံးပြုလာ #NUG #အမှတ်၁စစ်ဒေသ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
__________________________________________________________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federal_fm
👍2
Media is too big
VIEW IN TELEGRAM
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ
သူ့ခေါတ် သူ့အခါက ပေးအပ်လာတဲ့
သမိုင်းပေးတာဝန်ကို
ဘယ်လောက်ကျေပွန်အောင်
ထမ်းဆောင်ခဲ့သလဲဆိုတာနဲ့ တိုင်းတာရလိမ့်မယ်။

#ဗန်းမော်တင်အောင်
🥰2🫡2😢1
🚨ယင်းမာပင်🚨

ယင်းမာပင်နယ်၊အကျိုးကန်းကုန်းမှ စခများသည်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 11, 5:12PM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
"ပြည်သူက စစ်-- လို့ခေါ်တယ်ဆိုတာ အကြောင်းမဲ့ မဟုတ်ဘူး။ လူစိတ်မရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို တပ်မတော်လို့ သတ်မှတ်ပြီးတော့ တိုင်းပြည်အိမ်ဦးခန်းဆက်ထားဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ဟန်သာရှိပြီး အဆံမရှိတဲ့တပ်၊စိတ်ဓာတ်၊ ကျင့်ဝတ်၊စည်းကမ်းအားလုံး ချွတ်ခြုံကျပြီး နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ၊ မီးရှို့၊ လည်လှီး သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင်မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ဒီလိုအကြမ်းဖက်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ဆက်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း ပြည်သူတွေအနေနဲ့ စိတ်ဒုံးဒုံးချပြီး ဖြစ်ပါတယ်။"

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

PVTV နှင့် အင်တာဗျူးမှ ကောက်နုတ်ချက်

#SpringRevolution
#PVTV
#QUOTES
🥰2
🚨မုံရွာ🚨

စွမ်းရည်ထက်ဂိတ်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Sep 11, 8:56 Pm
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
🚨မတ္တရာ🚨

မတ္တရာမြို့တွင်းမှ စခများသည်လက်နက်ကြီးဖြင့် မြောက်အရပ်သို့ ရမ်းသမ်းပစ်ခတ်ထားကြောင်းသတင်းရရှိ။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 11, 10:44PM
📬သတင်းပို့ရန် @EagleInformationOperator
🙏1
အတိတ်မှာ အိပ်မောကျတဲ့
ညဆိုးတွေ မလိုချင်တော့ဘူး။
နာကျင်မှုနဲ့ နိုးထရတဲ့
မနက်ခင်းတွေလည်း ကင်းဝေးချင်တယ်။
သန်းခေါင်ထက်မှာတဝဲလဲလဲ ဖြစ်နေတဲ့
လမ်းတွေမ‌လျှောက်ချင်ပေမယ့်၊
ရောင်နီလာမှာ ကြိုသိတဲ့
မနက်ခင်းကိုလည်း မမြင်ရမှာ ကြောက်ပြန်တယ်။
အကြောက်တရားနဲ့ အုပ်ချုပ်ချင်တဲ့ လူတစ်စုကို
ကြောက်စိတ်နဲ့ပဲ တန်ပြန်
တော်လှန် အနိင်ယူမယ်.....။

Kemono ....

#EIO
🥰4
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰3
အထွေထွေထိုးစစ်ပြင်ဆင်ခြင်း
တော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်းအားဖန်တီးနိုင်ရေး တနိုင်ငံလုံး အတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်လျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက် ထားနိုင်ခြင်း နှင့် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း မရပ်မနား တိုက်ပွဲဝင်နေခြင်းသည် အဆိုပါ အလှည့်အပြောင်းအားဖန်တီးရန် အခြေအနေပေးမှုနှင့် အခင်းအကျင်းများ ရရှိထားခြင်းဖြစ်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ် ဆင်နွှဲနိုင်ရန်အတွက် မိမိတပ်ကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက် ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ အထူးသဖြင့် ယခုအချိန်တွင် တပ်တည်ဆောက်ရေးကို အထူးအားစိုက်ဆောင်ရွက် နေသည်။ တော်လှန်ရေးအစပြုစဥ်က အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့တပ်ဆင်၍ ချက်ချင်း တိုက်ပွဲဝင်ခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယခုအခါ တပ်ပုံစံကျလေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတို့ကို ဆောင်ရွက်ရင်း တဖက်တွင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းစုစည်းမှုကို အားပြုလုပ်ဆောင်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှ ကောက်နုတ်ချက်
👍2
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အစီရင်ခံစာမှ ကောက်နုတ်ချက်
👍3