EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
Forwarded from AA Info Desk
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကို ခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများဖြင့် စုပေါင်းကာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များ ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် ဖြစ်ပွားခဲ့သော နှစ်နာရီကျော်ကြာ တိုက်ပွဲအတွင်း အထိနာတပ်လန်ခဲ့သော စကခ (၁၇) လက်အောက်ခံ တပ်ရင်းများထဲမှ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သော ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်မှ စတင်၍ ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။

ဤစစ်ကြောင်းသည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခင်ရက်များ၌ စွန်တက်ကျေးရွာ၏ အရှေ့တောင်ဘက်မှ ထိုးစစ်ဆင်ရာတွင် ထိရောက်မှုမရှိဘဲ တပ်လန်သွားခဲ့သောကြောင့် နောက်ထပ်တစ်နေရာမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပုံပေါက်သည်။ သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် ဤစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းနည်းတူ အထိနာကာ အထိအခိုက် အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန်သွားခဲ့ရပြန်သည်။ (၈) နာရီနီးပါးကြာ မိမိတို့၏ ခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့သည်။ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

အခြားသောနေရာတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ရန်သူ သည် မိမိတို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤစစ်ကြောင်းသည်လည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းများ နည်းတူ အထိနာပြီး တပ်လန်ခဲ့ရသည်။ လက်ရှိအချိန်တွင် ရန်သူသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် မိမိတို့အား ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိသည်။ ရန်သူ၏ ဤတတိယစစ်ကြောင်း ထိုးစစ်အတွင်း မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် မိမိတို့နှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မိမိတို့ထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲ သတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
👏2
🚨မုံရွာ🚨

မအူဂိတ်ရှိ စခ များမှ လက်နက်ငယ်များရမ်းသန်းပစ်ဖေါက်နေကြောင်းသတင်းရရှိ

#EIO
Sep.10,10:13pm
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
အထွေထွေထိုးစစ်ဖြင့် တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား
=====================
စက်တင်ဘာ ၁၀ Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စက်တင်ဘာလ ၁၀ရက်နေ့ PVTV သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် လက်ရှိတော်လှန်ရေးအခြေအနေနှင့် အထွေထွေထိုးစစ်ဆင်ရေးအစီအမံများအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေလုပ်ရမယ့်အလုပ်လို့ပဲ ကျနော်တို့နားလည်တယ်။ ဒီအလုပ်ကို လုပ်နိုင်ဖို့လည်း အခြေအနေပေးမှုတွေ အခင်းအကျင်းတွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက်တပ်ဖြန့်ထားပြီးလည်း ဖြစ်တယ်။ ကျနော်တို့ရဲ့ ညီနောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆိုရင်လည်း ဒေသအလိုက် မရပ်မနားတိုက်ပွဲဝင်နေကြချိန်လည်း ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ကျနော်တို့ ဟန်ချက်ညီ ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်"လို့ ပြောကြားထားပါတယ်။

ဦးရည်မွန်က လက်ရှိစစ်ကောင်စီ၏ အဓိကဆုံးရှုံးမှုနှစ်ခုကို ထောက်ပြခဲ့ပြီး ပထမအချက်မှာ စစ်ဝါဒ၏ ကျဆုံးမှုဖြစ်ကာ ဒုတိယအချက်မှာ ပြည်သူလူထု၏ စစ်တပ်အပေါ် စက်ဆုပ်ရွံရှာမှုဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ အယူအဆကို တော်လှန်ရေးအင်အားစုအားလုံးက တညီတညွတ်တည်း ပယ်ချထားပြီးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က NCA၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲတွေကို လက်ခံမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

ထို့ပြင် စစ်တပ်အား "စစ်ခွေး" ဟု ပြည်သူများက ခေါ်ဆိုနေခြင်းသည် အကြောင်းမဲ့မဟုတ်ကြောင်း၊ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုက စစ်တပ်ကို တပ်မတော်အဖြစ် လက်ခံရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုထားပါတယ်။

"ဟန်သာရှိပြီး အဆံမရှိတဲ့တပ်၊ စိတ်ဓာတ်၊ ကျင့်ဝတ်၊ စည်းကမ်း အားလုံး ချွတ်ခြုံကျပြီးတော့မှ နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ၊ မီးရှို့၊ လည်လှီး၊ သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ဒီလို လူမဆန်တဲ့ အကြမ်းဖက်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ဆက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း ပြည်သူတွေအနေနဲ့ စိတ်ဒုံးဒုံးချပြီးဖြစ်ပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။
👍2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး}
🙏4
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰4
🚨မုံရွာ🚨

တောပုပျူရွာမှ ထွက်လာသော စခပခများ ပရစ်ကုန်း တောင်ရွာ ၊မြောကိရွာထိပ်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Sep 11, 8:40AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

စွမ်းရည်ထက် ဂိတ်မှ စခများသည် မြန်မာ့မဏ္ဍိုင်သို့ရောက်ရှိနေကြောင်းသတင်းရရှိ


#EIO
Sep.11,8:45am
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွေးတိုးဂိတ် မှ ထွက်လာသော စခ များသည်ကြေးမုံရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep.11,8:55am
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မြန်မာ့မဏ္ဍိုင်သို့ရောက်ရှိနေသော စခများ သည် မြေနဲ မိုးညှင်းလမ်းဆုံသို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep.11,9:07am
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

တောင်ကုန်းရွာထဲသို့ရောက်ရှိနေသော စခများသည် လက်နက်ငယ် များပစ်ဖောက်နေကြောင်းသတင်းရရှိ


#EIO
Sep.11,9:13am
📬သတင်းပို့ရန် @EagleInformationOperator
👍2
Media is too big
VIEW IN TELEGRAM
ကာကွယ်ရေးဝန်​ကြီး ဦးရည်မွန်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း (ဒုတိယပိုင်း)
👍4
🚨ယင်းမာပင်🚨

ယင်းမာပင်နယ်၊အကျိုးကန်းကုန်းမှစခများသည်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Sep 11, 1:45PM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
“အိမ်သုံး လျှပ်စစ်ပစ္စည်း၊ မော်တာနှင့် အဝတ်လျှော်စက် ပြုပြင်သင်တန်း သင်တန်းဆင်း”

ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာန၏ “အိမ်သုံး လျှပ်စစ်ပစ္စည်း၊ မော်တာနှင့် အဝတ်လျှော်စက် ပြုပြင်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ” ကို စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် မော်တာ၊ အဝတ်လျှော်စက်များ စစ်ဆေးပြုပြင်ခြင်းကို (၆) ပါတ်တာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပါသည်။

ယခု ပေါင်းစည်းလမ်းအသက်မွေးသင်တန်းတွင် CDM စစ်သား/ရဲသား၊ CDM အရပ်ဘက်နှင့် တက်ကြွလှုပ်ရှားသူ (၁၁) ယောက် တက်ရောက်ခဲ့ပြီး (၉) ဦး သင်တန်းဆင်းအောင်မြင်ခဲ့ပါသည်။

တော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍမှ အားဖြည့်ပါဝင်ခဲ့ကြသည့် CDMr များနှင့် တက်ကြွလှုပ်ရှားသူများ၏ဘဝ ဆက်လက်ရှင်သန်ရပ်တည်‌ရေး၊ တိုးတက်ရေးတို့အတွက် တထောင့်တနေရာမှ အားဖြည့်ပေးသည့်အနေဖြင့် ဤသင်တန်းကို စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့၏ အနည်းမျှသော ဤအားထုတ်မှုသည် တော်လှန်ရေးခရီးကြမ်းထဲ ခက်ခဲပင်ပန်းနေသူတို့အတွက် အားအင်တရပ်၊ မျှော်လင့်ချက်တစ၊ နွေးထွေးမှုတခု ဖြစ်လာစေမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

ဆက်လက်၍လည်း ဤကဲ့သို့သော သက်မွေးမှု စွမ်းရည်မြှင့်သင်တန်းများကို အလျဉ်းသင့်သလို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြည်သူ့ပန်းတိုင်က အသိပေးအပ်ပါသည်။

သင်တန်း ဖြစ်မြောက်‌အောင်မြင်ရေးအတွက် ကြိုးပမ်းအားထုတ်သူ၊ ပံ့ပိုးပေးသူ၊ သင်ကြားပြသပေးသူ၊ သင်တန်းတက်ရောက်ပေးသူနှင့် ဝန်းရံအားပေးသူ အားလုံးတို့ကို ပြည်သူ့ပန်းတိုင်က အထူးပင် ကျေးဇူးတင်ရှိပါသည်။
🥰1👏1
မော်လိုက်မြို့ရှိ ပျူစောထီးရွာ အများအပြားကို တော်လှန်ရေးအဖွဲ့များ ဆက်တိုက်သိမ်းပိုက်၊ မြို့နှစ်မိုင်ပတ်လည်သာ စစ်တပ် အုပ်စိုးထားနိုင်

11 Sept 2025 By Garcia Ni / MPA

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများကို တော်လှန်ရေးအဖွဲ့များက ဆက်တိုက်သိမ်းပိုက်နိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

မော်လိုက်မြို့နယ်အတွင်း ပြီးခဲ့သည် သြဂုတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ချင်းတွင်းမြစ်အရှေ့ကမ်း စစ်ကောင်စီဂိတ်စခန်းများနှင့် မော်လိုက်မြို့အထက်ပိုင်းရှိ ပျူစောထီးကျေးရွာများကို တော်လှန်ရေးအဖွဲ့များက တောက်လျှောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

" တိုက်နေတာတော့ကြာပြီ။ ပျူစောထီးရွာတွေကို တစ်ရွာပြီးတစ်ရွာတောက်လျှောက်သိမ်းနေတာဗျ။ တိုက်ပွဲလည်းဆက်ဖြစ်နေတာ။ စစ်ရေးသတင်းဆိုတော့ ဒီလောက်ပဲပြောလို့ရတယ်"ဟု မော်လိုက်မြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက MPAကိုပြောသည်။

လက်ရှိတွင် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ ပျူစောထီးကျေးရွာများ၊ စစ်ကောင်စီဂိတ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မော်လိုက်မြို့ နှစ်မိုင်ပတ်လည်ကိုသာ စစ်ကော်မရှင်က နယ်မြေစိုးမိုးထားနိုင်ကြောင်းသိရသည်။

" မြစ်အရှေ့ဘက်ကမ်းကတော့ PDFနယ်မြေဖြစ်သွားပြီ။ မြစ်အနောက်ဘက်ကမ်းကလည်း ကင်းတပ်၊ ရှားပင်၊ မော်လိုက်ကလေး သုံးရွာပဲကျန်တော့တယ်။ နားပင်၊ ကျောက်ပြင်ကုန်း၊ နောင်ပိန်းရွာတွေလည်း PDF တွေသိမ်းပြီးပြီ။ တော်တော်များခဲ့ပြီ၊ မော်လိုက်အနီးအနား တစ်မိုင်နှစ်မိုင်ပဲရှိတော့မှာပေါ့ အလွန်ဆုံး "ဟု စစ်ကော်မရှင်နှင့်နီးစပ်သည် မော်လိုက်မြို့ပေါ်ဒေသခံအမျိုးသားတစ်ဦးက MPAကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးအများအပြားသေဆုံး၍ မော်လိုက်မြို့ပေါ်သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြရပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

" ဆေးရုံမှာဆိုလည်း ပြည့်လို့ပါ့။ လက်မှန်တဲ့သူနဲ့၊ ပေါင်မှန်တဲ့သူနဲ့ ဗိုက်မှန်တဲ့သူနဲ့ နည်းတာမဟုတ်ဘူး။ သေတဲ့သူလည်းသေပဲ"ဟု ၎င်းကဆိုသည်။

ထိုသို့ ပြင်းထန်နေသည့်တိုက်ပွဲအခြေအနေများကြောင့် မော်လိုက်မြို့ပေါ်ဒေသခံပြည်သူများအနေဖြင့် ကလေးမြို့နှင့် အခြားနယ်ဘက်ကျေးရွာများသို့ ထွက်ခွာရှောင်တိမ်းနေ​ကြသူများလည်း ရှိကြောင်းသိရသည်။

" ပိုက်ဆံရှိတဲ့လူ တော်တော်များများကတော့ ရှောင်ကြတယ်။ မလွယ်ဘူးလေ ရှောင်ဖို့ကလည်း။ ပိုက်ဆံအတော်ကုန်တာ။ ကျမတို့ကတော့မရှောင်ပါဘူး။ အခြေအနေကြည့်နေရတာပါ့။ အသံတခုခုကြားရင် အိမ်ထဲတံခါးပိတ်နေတော့တာ"ဟု အသက်သုံးဆယ်ဝန်းကျင် မော်လိုက်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မော်လိုက်မြို့စစ်ကောင်စီတပ်များနှင့် ချင်းတွင်းမြစ်အရှေ့ခြမ်းနယ်မြေစိုးမိုးမှုရယူထားသည့် တော်လှန်ရေးတပ်များအကြား လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုများ ရှိနေပြီး လက်နက်ကြီးကြောင့် မော်လိုက်မြို့ဒေသခံပြည်သူ ၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။


စာတည်း-ကိုဆန်း
👍1👏1
အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ရေး နယ်မြေတချို့ကို စွန့်ကောင်းစွန့်ရလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ပြောဆို

🟥စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို လုံး၀ လက်မခံဘဲ စစ်ရေး၊ နိုင်ငံရေး၊ လူထုနည်းဖြင့် ဆန့်ကျင်တိုက်ဖျက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ရေး နယ်မြေတချို့ကို စွန့်ကောင်းစွန့်ရလိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထုတ်ဖော်ပြောဆိုသည်။

NUG ၏ မီဒီယာဖြစ်သော PVTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ပြီး စစ်ကောင်စီက အိမ်နီးချင်းအာဏာရှင်နိုင်ငံတချို့၏ ပြောင်ပြောင်တင်းတင်း ရပ်တည်ထောက်ခံမှု ရရှိလာသောအခါ စိတ်ဓာတ်စစ်ဆင်ရေးများဖြင့် ထိုးစစ်တချို့ကို အရဲကိုးလုပ်လာကြောင်း၊ ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်တပ်၏ ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းနိုင်ရေးအတွက် နယ်မြေတချို့ကို စွန့်ကောင်းစွန့်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

"အခုအချိန် အကြမ်းဖက်စစ်အုပ်စုကို ပိုပြီးတော့ အတင့်ရဲလာစေတဲ့ အဓိကအကြောင်းကတော့ အာဏာရှင် နိုင်ငံတချို့ပေါ့ဗျာ။ အဲဒီနိုင်ငံတွေရဲ့ ပြောင်ပြောင်တင်းတင်းရပ်တည်ထောက်ခံမှု ရလာတဲ့အချက်ကို အဲဒီအချက်ကိုပဲ အသုံးချ ဆိုက်ဝါးထည့်ရင်းနဲ့ ထိုးစစ်တချို့ အရဲကိုးလုပ်လာတဲ့သဘော ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင်တော့ ဒီအချိန်မှာနယ်မြေတချို့ စွန့်ကောင်းစွန့်ရမယ်။ ဒါပေမဲ့ စစ်မျက်နှာအတိုင်း ရန်သူ့ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ဖို့ပေါ့။ ဒါကို ကျွန်တော်တို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ လတ်တလော အရေးကြီးတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ TNLA ဆိုရင် ဒါ နောင်ချိုကို လက်လွှတ်ခဲ့ရတယ်။ မန္တလေးဒေသ PDF တွေလည်း သပိတ်ကျင်းကို လက်လွှတ်ခဲ့ရတာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်က ဒါ ခံစစ်တွေတိုက်ဖို့ သင့်တော်တဲ့အချိန် မဟုတ်ဘူးဗျ။ အဲဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင်ပြန်ထွက်ပေးတဲ့ သဘောပါပဲ။ အခုဆိုရင် ဒါ လှုပ်ရှားစစ်နဲ့ ရန်သူကို ပြန်ထိုးနေတဲ့အချိန်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်" ဟု ဦးရည်မွန်က ဆိုသည်။

ထို့ပြင် ပြည်တွင်းရေးကို စွက်ဖက်နေသော တစ်ဖက်နိုင်ငံကြီးကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး ဟန့်တားမှုတချို့ ဖြစ်နေသော်လည်း တော်လှန်ရေးတပ်များအနေဖြင့် ဆက်လက် တိုက်ခိုက်နိုင်ကြောင်း ပြောဆိုသည်။

"လက်နက်ခဲယမ်းမီးကျောက်နဲ့ ပတ်သက်ရင် လိုအပ်ချက်ကြီးကြီးမားမားရှိနေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် အခုလိုအချိန်ပေါ့ တစ်ဖက် နိုင်ငံကြီးက ပြည်သူ့ရန်သူ စစ်အုပ်စုဘက်က ဗြောင်ကျကျရပ်၊ ကျွန်တော်တို့ ပြည်တွင်းရေးဝင်စွက်၊ နောက်ကျွန်တော်တို့ရဲ့ ညီနောင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအပေါ် ခြိမ်းခြောက်ကျပ်ကိုင် ဖိအားပေးနေတာကတော့ စစ်လက်နက်ပစ္စည်းရရှိရေးမှာ ဟန့်တားမှု တချို့ ဖြစ်နေတယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ရှာလို့စုလို့ရခဲ့သလောက် ရနေပါတယ်။ တစ်ဖက်မှာ ကိုယ်တိုင်ထုတ်လုပ်ရေးနဲ့ နည်းပညာအပိုင်းပေါ့ ။ ဒါဟာလည်းတိုးတက်နေတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်လာတာကတော့ အရေးကြီးတဲ့ တိုးတက်မှုလို့ဆိုရပါမယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်နိုင်ပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ထိုးစစ်ဆင်နေခြင်းနှင့်အတူ ရွေးကောက်ပွဲကိုလည်း ကျင်းပရန် ကြိုးပမ်းနေကြောင်း၊ စစ်တပ်က သူ၏ အမာခံ နိုင်ငံရေးပါတီကို အမည်ခံအာဏာလွှဲပြောင်းပေးပြီး တရားဝင်မှု ရှာချင်နေကြောင်း၊ NUG အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ လူထုနည်းဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေပေမဲ့ သူကိုယ်တိုင်လည်း မဝံ့မရဲဘဲဆိုတာကိုတော့ ကျွန်တော်တို့တွေ့ရတယ်ဗျ။ ဘာ့ကြောင့်လဲ တရားမျှတမှုလည်းမရှိ ဒီအတုအယောင် အလိမ်အညာရွေးကောက်ပွဲ တကယ်ဂုဏ်သိက္ခာရှိတဲ့ ဘယ်နိုင်ငံကမှ ထောက်ခံလိမ့်မယ်မဟုတ်ဘူးဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ သူတို့ကို ထိုက်တန်သလောက် အသိအမှတ်ပြုနေတဲ့ အိမ်နီးချင်းနိုင်ငံကနေ ပြီးတော့လည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ပေါ့ဗျာ။ ကျွန်တော်တို့ တွန်းအားပေးနေတယ်လို့လည်း ကျွန်တော်တို့ သတိပြုမိတယ်။ ပြည်သူအများစုကတော့ ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ ဒါကို ပြတ်ပြတ်သားသားဆန့်ကျင်ကြလိမ့်မယ်ဆိုတာ သိကြပါတယ်။ စစ်အုပ်စုလို့ပြောမယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဆိုတာကတော့ သူ့ရဲ့ ကိုယ်ပွားအမာခံနိုင်ငံရေးပါတီပေါ့ဗျာ။ အဲ့တော့ ဒီရွေးကောက်ပွဲမှာ အဲ့လိုစစ်အုပ်စုရဲ့အမာခံနိုင်ငံရေးပါတီနဲ့ သူ့ရဲ့ နောက်မီးစွဲတွေ၊ လက်ဝေခံတွေတော့ ဝင်ပြိုင်ကြပါလိမ့်မယ်။ အာဏာသိမ်းပြီးတော့ တရားမဝင်ယူထားတဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲတစ်ခုနဲ့ သူ့ရဲ့ အမာခံနိုင်ငံရေးပါတီကို အမည်ခံလွှဲပြောင်းပေးပြီးတော့မှ တရားဝင်မှု ရှာချင်တဲ့အဓိပ္ပာယ်လို့ အဲဒီလို ပြောရပါလိမ့်မယ်" ဟု ဦးရည်မွန်က ဆိုသည်။
👍2
ယင်းအပြင် များမကြာမီ NUG အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်ကြရန် အရေးကြီး ၎င်းက ဆိုသည်။

"တကယ်တော့ဒီအချိန်က စစ်အုပ်စုအနေနဲ့ သူ ခေါင်းပြန်ထောင်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြစ်တင်ဝေဖန်နေရမယ့်အချိန်တော့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အားသာချက်တွေပိုပြီးတော့အားကောင်းအောင် အားနည်းချက်တွေကိုလည်း လိုအပ်သလိုဖြည့်ဆည်းနိုင်အောင် ကျွန်တော်တို့အားလုံးအတူတကွ ဝိုင်းရုန်းကြရမယ့်အချိန်လို့တော့ ကျွန်တော်တို့ဒီလို ကြည့်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်တစ်ပေါက်ဖြစ်နေမယ်ဆိုရင်တော့ ရန်သူဝမ်းသာလိမ့်မယ်။ ရန်သူရဲ့ ဆိုက်ဝါးအသုံးချတာ ဖြစ်လိမ့်မယ်လို့တော့ပြောလိုပါတယ်ဗျ" ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုသည်။
👍2
နာဂဒေသ ပကဖတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲနှင့် လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာများ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ခြင်းအခမ်းအနား။
🥰3