EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
Forwarded from BPLA
NCO အပတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ NCO(အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အမှတ်(၁၀၇)စစ်ဒေသ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၅) တပ်မဟာမှူးနှင့် အာရက္ခတပ်တော် (AA)မှ တပ်မှူးများအပါအဝင် အခြားမဟာမိတ်ခေါင်းဆောင်များလည်း တက်ရောက်အားပေးခဲ့ကြသည်။

ယခုသင်တန်းကို အာရက္ခတပ်တော်(AA)မှ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ (၅)လခန့်ကြာမြင့်ခဲ့ကာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အပါအဝင် Force For Federal Democracy(FFD)၊ ပကဖ(ရန်ကုန်)၊ သေမင်းတမန် ပကဖ၊ ပကဖ(ကဝ)နှင့် ပကဖ(အင်းတကော်) စသည့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များမှ သင်တန်းသူ၊ သင်တန်းသားများလည်း တက်ရောက်ခဲ့ကြပါသည်။ သင်တန်းအစ၌ စစ်သည် စစ်မေ (၆၆)ဦး တက်ရောက်ခဲ့သည့်အနက် (၅၀)ဦးသာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

- သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
🥰1👏1
🚨မုံရွာ🚨

မြို့တွင်းမှထွက်လာသော စခ သံပြားကာကား(၁)စီး၊အိမ်စီးကား(၂)စီး သည် ဘိုးဘွားရိပ်သာကျော်၍တောင်ဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ

#EIO
Sep.10,8:35pm
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွေးတိုးဂိတ် ရှိ စခများမှ လက်နက်ငယ်များ ရမ်းသန်းပစ်နေကြောင်းသတင်းရရှိ

#EIO
Sep.10, 9:09pm
📬သတင်းပို့ရန် @EagleInformationOperator
🙏1
Forwarded from AA Info Desk
တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကို ခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများဖြင့် စုပေါင်းကာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များ ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် ဖြစ်ပွားခဲ့သော နှစ်နာရီကျော်ကြာ တိုက်ပွဲအတွင်း အထိနာတပ်လန်ခဲ့သော စကခ (၁၇) လက်အောက်ခံ တပ်ရင်းများထဲမှ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သော ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်မှ စတင်၍ ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။

ဤစစ်ကြောင်းသည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခင်ရက်များ၌ စွန်တက်ကျေးရွာ၏ အရှေ့တောင်ဘက်မှ ထိုးစစ်ဆင်ရာတွင် ထိရောက်မှုမရှိဘဲ တပ်လန်သွားခဲ့သောကြောင့် နောက်ထပ်တစ်နေရာမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပုံပေါက်သည်။ သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် ဤစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းနည်းတူ အထိနာကာ အထိအခိုက် အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန်သွားခဲ့ရပြန်သည်။ (၈) နာရီနီးပါးကြာ မိမိတို့၏ ခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့သည်။ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

အခြားသောနေရာတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ရန်သူ သည် မိမိတို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဤစစ်ကြောင်းသည်လည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းများ နည်းတူ အထိနာပြီး တပ်လန်ခဲ့ရသည်။ လက်ရှိအချိန်တွင် ရန်သူသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် မိမိတို့အား ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိသည်။ ရန်သူ၏ ဤတတိယစစ်ကြောင်း ထိုးစစ်အတွင်း မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် မိမိတို့နှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မိမိတို့ထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲ သတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
👏2
🚨မုံရွာ🚨

မအူဂိတ်ရှိ စခ များမှ လက်နက်ငယ်များရမ်းသန်းပစ်ဖေါက်နေကြောင်းသတင်းရရှိ

#EIO
Sep.10,10:13pm
📬သတင်းပို့ရန် @EagleInformationOperator
👍1🙏1
အထွေထွေထိုးစစ်ဖြင့် တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား
=====================
စက်တင်ဘာ ၁၀ Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စက်တင်ဘာလ ၁၀ရက်နေ့ PVTV သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် လက်ရှိတော်လှန်ရေးအခြေအနေနှင့် အထွေထွေထိုးစစ်ဆင်ရေးအစီအမံများအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေလုပ်ရမယ့်အလုပ်လို့ပဲ ကျနော်တို့နားလည်တယ်။ ဒီအလုပ်ကို လုပ်နိုင်ဖို့လည်း အခြေအနေပေးမှုတွေ အခင်းအကျင်းတွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက်တပ်ဖြန့်ထားပြီးလည်း ဖြစ်တယ်။ ကျနော်တို့ရဲ့ ညီနောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆိုရင်လည်း ဒေသအလိုက် မရပ်မနားတိုက်ပွဲဝင်နေကြချိန်လည်း ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ကျနော်တို့ ဟန်ချက်ညီ ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်"လို့ ပြောကြားထားပါတယ်။

ဦးရည်မွန်က လက်ရှိစစ်ကောင်စီ၏ အဓိကဆုံးရှုံးမှုနှစ်ခုကို ထောက်ပြခဲ့ပြီး ပထမအချက်မှာ စစ်ဝါဒ၏ ကျဆုံးမှုဖြစ်ကာ ဒုတိယအချက်မှာ ပြည်သူလူထု၏ စစ်တပ်အပေါ် စက်ဆုပ်ရွံရှာမှုဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ အယူအဆကို တော်လှန်ရေးအင်အားစုအားလုံးက တညီတညွတ်တည်း ပယ်ချထားပြီးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က NCA၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲတွေကို လက်ခံမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။

ထို့ပြင် စစ်တပ်အား "စစ်ခွေး" ဟု ပြည်သူများက ခေါ်ဆိုနေခြင်းသည် အကြောင်းမဲ့မဟုတ်ကြောင်း၊ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုက စစ်တပ်ကို တပ်မတော်အဖြစ် လက်ခံရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုထားပါတယ်။

"ဟန်သာရှိပြီး အဆံမရှိတဲ့တပ်၊ စိတ်ဓာတ်၊ ကျင့်ဝတ်၊ စည်းကမ်း အားလုံး ချွတ်ခြုံကျပြီးတော့မှ နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ၊ မီးရှို့၊ လည်လှီး၊ သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ဒီလို လူမဆန်တဲ့ အကြမ်းဖက်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ဆက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း ပြည်သူတွေအနေနဲ့ စိတ်ဒုံးဒုံးချပြီးဖြစ်ပါတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။
👍2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး}
🙏4
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰4
🚨မုံရွာ🚨

တောပုပျူရွာမှ ထွက်လာသော စခပခများ ပရစ်ကုန်း တောင်ရွာ ၊မြောကိရွာထိပ်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Sep 11, 8:40AM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

စွမ်းရည်ထက် ဂိတ်မှ စခများသည် မြန်မာ့မဏ္ဍိုင်သို့ရောက်ရှိနေကြောင်းသတင်းရရှိ


#EIO
Sep.11,8:45am
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွေးတိုးဂိတ် မှ ထွက်လာသော စခ များသည်ကြေးမုံရွာထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep.11,8:55am
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မြန်မာ့မဏ္ဍိုင်သို့ရောက်ရှိနေသော စခများ သည် မြေနဲ မိုးညှင်းလမ်းဆုံသို့ရောက်ရှိနေကြောင်းသတင်းရရှိ

#EIO
Sep.11,9:07am
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

တောင်ကုန်းရွာထဲသို့ရောက်ရှိနေသော စခများသည် လက်နက်ငယ် များပစ်ဖောက်နေကြောင်းသတင်းရရှိ


#EIO
Sep.11,9:13am
📬သတင်းပို့ရန် @EagleInformationOperator
👍2