🚨မုံရွာ🚨
မုံရွာတောင်၊မအူဂိတ် မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။
အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
#EIO
Aug 3, 10:20AM
📬သတင်းပို့ရန် @EagleInformationOperator

🙏5
🚨ရန်ကုန်-ပဲခူးလမ်း🚨
(ရန်ကုန်-ပဲခူး) ကောလိပ်လမ်းမကြီး အနီး မြို့ရှောင်လမ်းဆုံတစ်နေရာတွင် စည်ပင် (မပြေးနိုင်သည့် ဗိုက်ပူနံကား) (၂)ကောင် လက်နက်ပါ ကြောင်းသတင်းရရှိ။
#EIO
Aug 3,11:45AM

👍4
🚨မုံရွာ🚨
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၄)စီးသည် တောင်သို့ ဦးတည်နေကြောင်းသတင်းရရှိ။
#EIO
Aug 3, 1:20PM

👍2
တပ်ပေါင်းစု သဏ္ဍန်ဖွဲ့စည်းဖို့လိုအပ်နေတဲ့တော်လှန်ရေး
ဆောင်းပါးကဏ္ဍ မင်းသော်
"စစ်တပ်ကို လက်နက်ကိုင်ထားတဲ့လူအုပ်ကြီးနဲ့ ရေရှည်မှာတိုက်လို့မရဘဲ စစ်တပ်ကို စစ်တပ်လိုပြန်တိုက်မှသာ အနိုင်ရမယ်" ဆိုတဲ့ စကားကို တော်လှန်ရေးထဲပါဝင်သူအကုန်လုံးအနေနဲ့ ရင်းနှီးကြမယ်လို့ထင်ပါတယ်။ ဒီစကားဟာ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအစကနေ
ယနေ့အချိန်ထိ ကြားနေရတဲ့ စကားဖြစ်သလို ယနေ့အချိန်ထိလည်း မှန်နေဆဲစကားလို့ပဲ ဆိုချင်ပါတယ်။ နွေဦးတော်လှန်ရေးအစ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို စတင်လျှောက်လမ်းဖို့ နိုင်ငံအနှံ့ကလူငယ်တွေ ပြင်ဆင်ကြ၊ စုဖွဲ့ကြတဲ့အချိန်မှာ ဝါရင့်လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေက လူငယ်တွေကို ယခုကဲ့သို့ ဆုံးမမှာကြားခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ဒီစကားမျိုးကို ဝါရင့်တော်လှန်ရေးခေါင်းဆောင် တစ်ယောက်၊ နှစ်ယောက်လောက်ကသာ ပြောတာမျိုးမဟုတ်ဘဲ နှစ်ပေါင်းများစွာ စစ်တပ်ကိုဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ခေါင်းဆောင်ပေါင်းများစွာက ပြောဆိုဆုံးမခဲ့တာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ "စစ်တပ်ကို စစ်တပ်လိုတိုက်မှသာ အနိုင်ရမယ်" ဆိုတဲ့စကားနဲ့ပတ်သတ်ပြီး အနည်းငယ် ပြောချင်ပါတယ်။ လူထုတင်မြှောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်ကို လက်မခံနိုင်လို့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ မြို့ကောတောပါမကျန် အလွှာပေါင်းစုံကလူငယ်တွေများစွာဟာ အထက်မှာပြောခဲ့တဲ့အတိုင်း လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ရပါတယ်။ လူငယ်တွေဟာ နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ သွားရောက်စစ်ပညာသင်ပြီး သူတို့တစ်ခါမှ စိတ်တောင်မကူးဖူးခဲ့တဲ့ ကြမ်းတမ်းလှပါတယ်ဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့ကြပါတယ်။ ဒီမိုကရေစီကိုမြတ်နိုးပြီး စစ်တပ်ရဲ့ လက်နက်အားကိုးဖြင့်အနိုင်ကျင့်ဗိုလ်ကျတာတွေကို မနှစ်သက်လွန်းလို့သာ လက်နက်ကိုင်ခဲ့ရပေမဲ့ အရပ်သားဘဝကနေလာကြတဲ့ သူတွေဖြစ်တာကြောင့် စစ်ပုံကျမှုနဲ့ အမိန့်နာခံမှုတို့မှာတော့ အစောပိုင်းကာလတွေအတွင်း အနည်းငယ်လိုအပ်ချက်ရှိခဲ့ပါတယ်။
ဆိုတော့ကာ တိုက်ပွဲတစ်ပွဲ၊ စစ်ပွဲတစ်ပွဲရဲ့ အောင်မြင်ခြင်းအဓိကသော့ချက်ဟာ သေနတ်ပစ်တက်ရုံ၊ လက်နက်ကိုင်ထားရုံတင်မဟုတ်ဘဲ အမိန့်နာခံမှု၊ စစ်စည်းကမ်းနားလည်လိုက်နာမှုတွေနဲ့လည်း တိုက်ရိုက်အချိုးကျနေတာကြောင့် ထိုစဥ်က တော်လှန်ရေးလူငယ်အများစုဟာ လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီးတစ်ခုပုံစံသာ ဖြစ်ခဲ့ပြီး စစ်တပ်တစ်ခုအသွင်မရောက်ရှိခဲ့ပါဘူး။
ဒါပေမဲ့ နှစ်တွေကြာလာပြီး တိုက်ပွဲအတွေ့အကြုံတွေများလာတာနဲ့အမျှ တိုင်းရင်းသားဒေသမှာအခြေပြုတပ်တည်ထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေသာမက ကိုယ့်သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအဆုံး အတော်များများဟာ အတိုင်းအတာတစ်ခုအထိ စစ်ပုံကျလာတာမျိုးတွေ တွေ့ရပါတယ်။
ဒီလိုစစ်ပုံကျလာတာမျိုး၊ လက်နက်ကိုင်ထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်တပ်တစ်ခုသဏ္ဍာန်ရှိလာတာမျိုးဟာ အမှန်တကယ်ကောင်းမွန်လှပါတယ်။ ဒါပေမဲ့ စစ်ပုံကျတာတစ်ခုတည်းသာမက တပ်ပေါင်းစုသဏ္ဍန်ဖြစ်ရေးကလည်း စစ်တပ်ကိုအမြစ်ဖြတ်တော်လှန်ရာမှာ အရေးကြီးတယ်ဆိုတာ သတိမှုသင့်ပါသေးတယ်။ ဥပမာ စစ်တပ်ရဲ့ တပ်ခွဲအဆင့် တပ်ရင်းအဆင့်လောက်ရှိတဲ့ စစ်ကြောင်းတွေကို စစ်တပ်သဏ္ဍန်ဖြစ်ပြီးသား တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်ချေမှုန်း
ဖို့လွယ်ပေမဲ့ ဗျူဟာအဆင့်၊ တပ်မအဆင့်နဲ့ ကြည်း၊ရေ၊လေ အားလုံးပေါင်း နိုင်ငံတော်အဆင့် ထိုးစစ်မျိုးကိုတော့ ဘယ်လိုမှယှဥ်နိုင်မှာမဟုတ်ပါဘူး။ ဒါဟာအရှိတရားပါ။
ဆိုတော့ အထက်ကစကားကိုပြန်ယူသုံးပြီးပြောရမယ်ဆိုရင် "နိုင်ငံတော်အဆင့်စစ်တပ်ကို စစ်တပ်သဏ္ဍန်ရှိပြီးသား တပ်ဖွဲ့အုပ်ကြီးနဲ့ ရေရှည်မှာတိုက်လို့မရဘူး"လို့ပဲ ဆိုချင်ပါတယ်။ ဘယ်လောက်ပဲ တပ်ဖွဲ့တစ်ခုချင်းစီအလိုက်ထူးချွန်ပြီး တော်နေပါစေ ၊ ဗျူဟာမြောက်တဲ့ပူးပေါင်းစစ်ဆင်မှုမရှိရင်တော့ ရေရှည်မှာ လုံးပါးပါးရမှာအမှန်ပါပဲ။ ဒါဟာ ယခုနောက်ပိုင်း ရေပန်းစားနေတဲ့ "တပ်ပေါင်းစု"ဆိုတဲ့ စကားနဲ့အဓိပ္ပာယ်တူမယ်ထင်ပါတယ်။ တပ်ပေါင်းစုသဏ္ဍန်နဲ့ ဗျူဟာမြောကတိုက်ခိုက်တဲ့အချိန်မှာ ဘယ်လောက်ထိအောင်မြင်မှုရခဲ့လဲဆိုတာမျိုးကို ကျွန်တော်တို့ဟာ ၁၀၂၇ကဲ့သို့ ဥပမာကောင်းများစွာကို ကြည့်ပြီးမြင်နိုင်သလို တပ်ပေါင်းစုသဏ္ဍန်မဟုတ်ဘဲ စစ်တပ်ရဲ့အလုံးအရင်းထိုးစစ်ကို ကိုယ့်နယ် ကိုယ်တော်လှန်ဆိုတဲ့သဘောနဲ့ထားရင် ဘယ်လိုဆုံးရှုံးနစ်နာရလဲဆိုတာကိုလည်း နောင်ချို၊သပိတ်ကျင်းဘက်ကအခြေအနေတွေကိုကြည့်ပြီးလဲ မြင်နိုင်ပါတယ်။
ဒီနေရာမှာ ၅ နှစ်နီးပါးအထိရောက်လာပြီဖြစ်တဲ့ လက်နက်ကိုင်လမ်းစဥ်မှာ တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်လက်နက်ပစ္စည်းနဲ့ တိုက်ရည်ခိုက်ရည်တို့နဲ့ပတ်သတ်ပြီး စစ်တပ်ကို ကောင်းကောင်းကြီးတုံ့ပြန်နိုင်တဲ့အခြေအနေတစ်ခုထိရောက်နေပြီဖြစ်ပြီး အထက်မှာပြောခဲ့သလို အားလုံးပါဝင်တဲ့ တပ်ပေါင်းစုသဏ္ဍန် အစုအဖွဲ့နဲ့ နည်းဗျူဟာကျကျသာ ထိုးစစ်ဆင်နိုင်ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းတွေက တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိခဲ့တဲ့ အောင်မြင်မှုမျိုးထက်ပိုမိုကောင်းမွန်တဲ့ အောင်မြင်မှုတွေရရှိမှာသေချာတယ်လို့ပဲ ဆိုချင်ပါတော့တယ်။
#BBM

❤3👍1🫡1
🚨မုံရွာ🚨
မုံရွာတောင်၊မအူဂိတ်မှ စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Aug 3, 1:58PM
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာတောင်၊မအူဂိတ်မှ စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူသို့ရောက်ရှိနေကြောင်းသတင်းရရှိ။
#EIO
Aug 3, 1:58PM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨
မုံရွာတောင်၊မအူနှင့်မြေနဲကြားသို့ရောက်ရှိနေသောစခများသည်လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။
#EIO
Aug 3, 2:21PM

🙏2
စကစအတွက် လူသစ်စုဆောင်းပေးနေသူ ညောင်ဦးမြို့နယ်မှရာအိမ်မှူးရဲ့သား ပေါ်တာဆွဲခံရ
BBM-သြဂုတ်၃
သတင်း-မင်းသော်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကောင်ပင်စီကျေးရွာမှ ရာအိမ်မှူးဌေးမောင်ရဲ့သားအပါအဝင် လူငယ်(၃)ဦးကို စစ်ကောင်စီမှ ပေါ်တာဆွဲသွားခဲ့ပြီး လက်ရှိအချိန်ထိ အဆိုပါလူငယ်တွေနဲ့အဆက်သွယ်မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ် သြဂုတ်လ၂ရက်(မနေ့)ညနေက ရာအိမ်မှူး ဌေးမောင်ရဲ့သားအပါအဝင် လူငယ်(၃)ယောက်ဟာ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပေါ်မှာရှိတဲ့ အရက်ဆိုင်မှာ အရက်ထိုင်သောက်နေချိန် စစ်တပ်က ပေါ်တာဆွဲ
ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။
"မနေ့ကညနေပိုင်းကို အရက်ဆိုင်ထဲထိ ဝင်ပြီးပေါ်တာဆွဲတာ ၊ ညောင်ဦးမြို့နယ် ကောင်ပင်စီရွာကရာအိမ်မှူးဦးဌေးမောင်ရဲ့ သားအပါလူငယ်(၃) ယောက်ပါသွားတယ်၊ ခုထိအဆက်အသွယ်မရကြသေးဘူး"ဟု ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
အဆိုပါရာအိမ်မှူးဌေးမောင်ဟာ ကျေးရွာအုပ်စု ဥက္ကဌ သိန်းပိုနဲ့ ပူးပေါင်းပြီး စစ်ကောင်စီလူသစ်ရရေးအတွက် စစ်မှုထမ်းလူစာရင်းစုဆောင်းရာမှာ တက်ကြွစွာပါဝင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအပတ်စဥ်(၁)အတွက် စတင်လူစုဆောင်းစဥ်ကလည်း ဥက္ကဌသိန်းပိုနဲ့ အဆိုပါရာအိမ်မှူးဌေးမောင်တို့ဟာ ၎င်းတို့ကျေးရွာအုပ်စုအတွင်းမှ စံပြအနေနဲ့ စုဆောင်းမယ်လို့ ကြွေးကြော်ပြီး လူငယ်တွေကို မဲနှိုက်စေခဲ့တယ်လို့ သိရပါတယ်။
" ရာအိမ်မှူးဌေးမောင်က စစ်တပ်အတွက် လူလိုက်စုပေးနေတဲ့သူ၊ အခုသူ့သားကိုယ်တိုင် ပေါ်တာဆွဲခံလိုက်ရပြီ၊ ပစ သင်တန်းအစတုန်းကဆိုရင်လည်း ကျေးရွာက စံပြလုပ်ဖြစ်ရမယ်ဆိုပြီး ဥက္ကဌနဲ့ပေါင်းကြွေးကြော်ခဲ့သေးတယ်"ဟု အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။
အဆိုပါရာအိမ်မှူးနဲ့ ဥက္ကဌတို့ရဲ့ အတင်းအကြပ်လူသစ်စုဆောင်းမှုကြောင့် ညောင်ဦးမြို့နယ်၊ ကောင်ပင်စီကျေးရွာမှ လူငယ်တစ်ဦးဟာ စစ်မှုထမ်းအပတ်စဥ်(၁)သင်တန်းကို သွားတက်ခဲ့ရပြီး အဆိုပါသင်တန်းမှာပင် နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

👍6
Forwarded from BPLA
YouTube
ကြက်သွေးရောင်ဆည်းဆာ - အပိုင်း(၁)
"ကြက်သွေးရောင်ဆည်းဆာ" - အပိုင်း(၁)
ချစ်ခြင်းတွေ၊ စွန့်လွှတ်အနစ်နာခံခြင်းတွေနဲ့ ကိုယ့်ဆီမလာမယ့်အလင်းရောင်ဆီ ရောက်အောင်ကြိုးစားမှု
Brought to you by
- BPLA - VENTURE
- Écran d'Or Média @ecrandormedia
- Auxiliary Intelligence @AuxiliaryIntelligence…

စေတနာ့ဝန်ထမ်း သင်ကြားရေး ဆရာမ/ဆရာများ ခေါ်ယူခြင်း
#YaungNi
#socialdevelopment
https://www.facebook.com/yaungnischool?mibextid=ZbWKwL

❤2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator

🙏4
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️အထူးမေတ္တာရပ်ခံချက်‼️
စခယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် စခယာဉ်တန်းများအနီး နေထိုင်ခြင်း၊ လိုက်ပါ မောင်းနှင်ခြင်း (လုံးဝလုံးဝ) မပြုလုပ်ကြပါရန်နှင့် စခဂိတ်များ အနီးတွင် ကြာမြင့်စွာ နေထိုင်ပြောဆိုခြင်းများ မပြုလုပ်ကြပါရန်၊မိဘပြည်သူများနှင့်ခရီးသွားပုဂ္ဂိုလ်များ၊တော်လှန်ရေးရဲဘော်များအနေဖြင့် မလွှဲမရှောင်သာဖြတ်သန်းသွားလာရမည်၊ခရီးသွားလာရမည်ဆိုပါကလည်း မြေပြင်သတင်းများချန်နယ်များ၊သက်ဆိုင်ရာဒေသခံတော်လှန်ရေးအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး အသိပေးချက်၊သတိပေးချက် သတင်းများကို ပြည်သူအချင်းချင်း ရိုင်းပင်းကူညီ၍ မိမိရရှိသောသတင်းများအားလည်းပြန်လည်၍ အသိပေးဝေမျှခြင်းများပြုလုပ်ကြပါရန် #EIO အဖွဲ့ဝင်များမှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။
#Admin Team

♦️အထူးကျေးဇူးတင်ရှိခြင်း♦️
တော်လှန်ရေးအောင်ဖို့ တိုက်ပွဲဝင်နေကြသော၊အလုပ်လုပ်နေကြသည့် ရဲဘော်များ ဘေးကင်းစွာနှင့် အလုပ်လုပ်နိုင်ဖို့၊ အပြစ်မဲ့ မိဘပြည်သူတွေ ဘေးကင်းကြစေဖို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)တွင် ယုံကြည်စိတ်ချစွာဖြင့် အချိန်နဲ့တပြေးညီ သတင်းပို့၊သတင်းယူပြီး ကိုယ်ထူကိုယ်ထ ပါဝင်နေကြသောအနယ်နယ်အရပ်ရပ်မှ၊မြို့နယ်ပေါင်းစုံမှ သတင်းတာဝန်ခံ ညီအကိုမောင်နှမတစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်ပါသည်။အချင်းချင်း ရိုင်းပင်းကူညီဖေးမပြီး၊အာဏာရှင်စနစ်အဆုံးသတ်အချိန်အထိ ပြည်သူကိုအလုပ်အကျွေးပြုရင်း အတူတကွ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့လို့ ဆန္ဒပြုရင်း။။ ။။
#Admin

🤝4❤2🫡2
🚨စစ်ကိုင်း🚨
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၇)စီး ယာဉ်တန်းသည် စစ်ကိုင်း၊တမခ(၃၃)သို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ။
#EIO
Aug 4, 10:50AM
📬သတင်းပို့ရန် @EagleInformationOperator
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၇)စီး ယာဉ်တန်းသည် စစ်ကိုင်း၊တမခ(၃၃)သို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ။
#EIO
Aug 4, 10:50AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨
မုံရွာမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၄)စီးသည် မုံရွာနယ်၊ဇလုပ်အဝိုင်းပတ်တွင်ရပ်ထားကြောင်းသတင်းရရှိ။
Update -ပြည်သူအသွားအလာများအားအစစ်ဆေးပြုလုပ်နေကြောင်းသိရ။
မိဘပြည်သူများအနေဖြင့် ဂရုစိုက်၍သွားလာကြပါရန်🙏
#EIO
Aug 4, 11:27AM