EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့ခေါတ် သူ့အခါက ပေးအပ်လာတဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတာနဲ့ တိုင်းတာရလိမ့်မယ်။ #ဗန်းမော်တင်အောင်
၃၀.၇.၂၀၂၅ ယင်းမာပင်ခရိုင်တပ်ရင်း ၆
ဒုတပ်ရင်းမှူး ဦးကံ (ခ) ဗိုလ်စစ်မုန်း ရန်သူ့စခန်းသိမ်းတိုက်ပွဲမှာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါတယ်
အင်မတန်ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရသလို ရဲဘော်တွေအတွက် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တော့တဲ့ နေ့ရက်တစ်ခုလဲဖြစ်ပါတယ်

ဒီနွေဦးတော်လှန်ရေးအတွင်းမှာ မိမိကိုယ်ကျိုးကို မငဲ့ကွက်ပဲ ရဲရင့်စွာတိုက်ပွဲနေကြတဲ့ ရဲဘော်တွေအများကြီးရှိသလို မြင့်မြတ်စွာ ကျဆုံးသွားကြတဲ့ ရဲဘော်တွေ (၅၀၀၀) ကျော်သွားခဲ့ပါပြီ။ ထို့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးညစ်ယုတ်မာမှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်သူပေါင်းများစွာရှိနေပါတယ်။

ဒီတော်လှန်ရေးတိုက်ပွဲဟာ အရင်းအနှီး ကြီးမားသလို
တစ်နိုင်ငံလုံး စစ်မှန်သောလွတ်မြောက်မှုရရှိခဲ့ရင် နောင်မျိုးဆက်တွေအတွက် ကောင်းမွန်သောဘဝများကို ပိုင်ဆိုင်နိုင်ကြမှာ မလွဲဧကန်ပင်ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ စုပေါင်းအားနဲ့ ဖြုတ်ချကြစို့ 💪

#ယင်းမာပင်ခရိုင်တပ်ရင်း ၆

#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)မှလည်း
ထပ်တူဝမ်းနည်းရပါကြောင်း။

#ငြိမ်းချမ်းရာဘုံဘဝမှ ကောင်းမွန်စွာအနားယူနိုင်ပါစေ🫡
🫡10
စစ်ရေးသတင်းပေါက်ကြားမှုက
စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့
အချက်တွေများထဲမှ တစ်ချက်ပါပဲ။

ဒါကြောင့်မို့ စစ်ရေးသတင်းကို (လုံးဝ) မပေါက်ကြားဖို့အတွက် ဘယ်စစ်တပ်မဆို သူ့ရဲ့တပ်သားတွေကို သင်ပေးပြီးသားဖြစ်သလို၊ သတင်းပေါက်ကြားစေတဲ့ တပ်သားကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးလေ့ရှိကြပါတယ်။

ဒါပေမဲ့ အခုကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ PDF အပါအဝင် တခြားတော်လှန်ရေးအဖွဲ့တွေရဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးစစ်ရာကို လုပ်နေတယ်၊ စစ်သားလုပ်နေရပေမဲ့ သူတို့ဟာ Volunteer စစ်သားတွေဖြစ်ကြတယ်လို့ ခံယူထားကြတဲ့အတွက်၊ စစ်သား စစ်စစ်ကြီးတွေလို စည်းကမ်းတွေ၊ အမိန့်စီးဆင်းမှု၊ လုပ်နိုင်စွမ်းတွေမှာ အားနည်းချက်တွေ အများကြီးပါပဲ။

ဒီမိုကရေစီကို အပြည့်အဝ ခံစားလာရတဲ့ ရပ်ဝန်းက လာခဲ့တဲ့သူတွေများတာမို့၊ ပုံမှန်ထက်ပိုပြီး စစ်သားမဆန်နိုင်ကြသလို၊ စစ်သားပီသဖို့ အတင်းတိုက်တွန်းပြုပြင်ရင်လည်း တော်လှန်/တိုက်ခိုက်မည့်သူ ဘယ်သူမှ ကျန်တော့မှာမဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ သူတို့ဟာ အမိန့်ဆိုတာကြီးကို သိပ်မုန်းကြလို့ပါပဲ။ အဲ့ဒါကြောင့် ကျနော်တို့မှာ ဒီမိုကရေစီမကျ၊ စစ်တပ်မကျနဲ့ အပေးအယူပုံစံမျိုး၊ မိသားစု၊ညီအကိုလိုမျိုး သွားရပါတယ်။

အဲ့လိုသွားရတဲ့အခါ အားနည်းချက်၊ အားသာချက်ဆိုတာတွေက အများကြီး ပေါ်လာတာပဲ။

ပြောချင်တဲ့အကြောင်း အရင်းရောက်ပါပြီ။

(အဲ့လိုဆိုတော့ကား).. ရဲဘော်တစ်‌ယောက်ဆီတိုင်းက စစ်ရေးသတင်းကို မရေးရ မပြောရဆိုတဲ့ အမိန့်ကို သိပေမဲ့လည်း အပေါ်မှာရေးထားတဲ့ အနေအထားတွေကြောင့် သူတို့ဟာ လုပ်ရဲကြတယ်၊ ပြောရဲကြတယ်။

ပြောရတဲ့ အကြောင်းအရင်းတွေလည်း များစွာရှိပါတယ်။ တချို့က ထင်ပေါ်ကျော်ကြားချင်လို့၊ တချို့က ဖန်ငွေရှာချင်လို့၊ တချို့ကြတော့လည်း မွေးရာပါ ကြွားဝါချင်တဲ့စိတ်ကြောင့်၊ အဲ့လိုပုံစံတွေ အများကြီးကြောင့်ပါပဲ။

သတင်းတွေ ပေါက်ကြားလာတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါပဲ။ တချို့က သူတို့ အကောင့်က ရေးတင်တာ၊ ပြောဆိုတာမျိုး၊ တချို့ကြတော့လည်း သူတို့ရဲ့ မိသားစု၊ သူတို့ရဲ့မိတ်ဆွေတွေကို ပြောရင်း အဲ့ကတဆင့် ပေါက်ကြားတာမျိုး၊ ဒါတောင် တခြားသော အကြောင်းအရင်းများစွာ ကျန်သေးတယ်။

ဆိုတော့ကား....
စစ်ရေးသတင်း လုံခြုံမှုက စစ်ပွဲတိုင်းရဲ့ အသက်ပါပဲ။

ဒါကြောင့်မို့ ကိုယ့်ရဲ့ လုပ်ရပ်တခု၊ အပြောအဆိုတခုက ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ကိုယ့်အစုအဖွဲ့၊ အားလုံးရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေကို မရိုက်ချိုးမိစေကြဖို့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြဖို့ပဲ မျှော်လင့်ပါတယ် ။

တော်လှန်ရေး တပ်စုတိုင်း၊တပ်ဖွဲ့တိုင်းမှာ လူပေါင်းစုံရှိကြပါတယ်။
သူတို့ရဲ့ရှင်သန်ကြီးထွားလာခဲ့တဲ့ ပတ်ကျင်၊ နောက်ခံအသိုင်းအဝိုင်း၊ IQ,EQ ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အကျင့်စာရိတ္တ၊ သည်းခံနိုင်မှု၊ လုပ်ကိုင်နိုင်စွမ်းနဲ့ လိမ္မာပါးနပ်မှု ဆိုတဲ့ အကြောင်းအရာ၊ အချင်းအရာတွေကြောင့် ပြဿနာမျိုးစုံကလည်း ရှိနေဆဲ၊ ရှိနေမြဲပါပဲ။

အဲ့နေရာကိုမတူကွဲပြားမှုများစွာရှိနေတဲ့ နေရာလို့ခေါ်ပါတယ်။ အဲ့ဒီ့ မတူကွဲပြားမှုမှာ အားနည်းချက်တွေ ရှိကောင်းရှိနေမှာ မှန်သော်လည်းပဲ၊ ရှေ့ဆောင်ဦးရွက်ပြုကြတဲ့ ခေါင်းဆောင်တွေရဲ့ ဘယ်လို Control လုပ်နိုင်မလဲပေါ် မူတည်ပြီးတော့လည်း အများကြီး ကွဲပြားခြားနားပါတယ်။

ကမ္ဘာပေါ်မှာ အလှပဆုံးသော၊ အအောင်မြင်ဆုံးသော အရာတွေက မတူကွဲပြားမှုဆိုတဲ့ အကြောင်းအရင်းကပဲ မွေးဖွားရှင်သန်လာခဲ့တာပါ။

သူ့အလိုလိုတော့ ရလာလိမ့်မည်မဟုတ်ပါဘူး။

အသုံးချတတ်ခြင်းပေါ်မှာပဲ မူတည်ပါတယ်။

#Jack(2022 Memories)
#EIO
📬သတင်းပို့ရန်
@EagleInformationOperator
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «စစ်ရေးသတင်းပေါက်ကြားမှုက စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့ အချက်တွေများထဲမှ တစ်ချက်ပါပဲ။ ဒါကြောင့်မို့ စစ်ရေးသတင်းကို (လုံးဝ) မပေါက်ကြားဖို့အတွက် ဘယ်စစ်တပ်မဆို သူ့ရဲ့တပ်သားတွေကို သင်ပေးပြီးသားဖြစ်သလို၊ သတင်းပေါက်ကြားစေတဲ့ တပ်သားကိုလည်း ထိရောက်တဲ့…»
‼️အသိပေး၊သတိ‌ပေးပန်ကြားချက်‼️

နယ်မြေတိုင်းမှာ အချိန်မရွေးထိတွေ့မှုတွေရှိနေကြပါတယ်။ ခုချိန်မှာ အသံတိတ်လှုပ်ရှားရမယ့်အချိန်လည်းဖြစ်ပါတယ်။မိမိစကားတစ်ခွန်း၊ပို့စ်တစ်ခုက ရန်သူ့အတွက် အချက်အလက်သော်လည်ကောင်း၊ပိုမိုဖိအားသော်လည်ကောင်းဖြစ်စေနိုင်တာမို့ တိတ်ဆိတ်စွာဘဲ အကောင်းဆုံးရင်ဆိုင်သွားကြပါလို့ အားပေးပါရစေ။

♦️တိုက်ပွဲသတင်းနဲ့ပတ်သတ်လျှင် သတင်းဦးဖြန့်ခြင်း၊လိုင်း‌ပေါ် တင်ခြင်းဖြင့် နာမည်မကြီးချင်ကြပါနဲ့ခင်ဗျာ။

♦️သတင်းမှန်ဖို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်မိဘပြည်သူအားလုံး ဘေးကင်းဖို့က အဓိကပါ။

♦️အချိန်တန်ရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊တာဝန်ရှိသည့် တပ်ရင်း၊တပ်ဖွဲ့များမှ တိုက်ပွဲသတင်းများနှင့်မစ်ရှင်များအား တရားဝင်ထုတ်ပြန်ကြေငြာပါလိမ့်မည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်
@EagleInformationOperator
@EagleInformationOperator_bot
🙏42
🚨စစ်ကိုင်း🚨

စစ်ကိုင်း၊အုန်းတော တကရ (၆၀၀၅)မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် မြောက်အရပ်သို့ (၃)ကြိမ် ရမ်းသမ်းပစ်ခတ်ထားကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Aug 2, 9:59PM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Admin Team
#Eagle Information Operator
#EIO {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး}

⚜️သတင်းချန်နယ်ကြည့်ရှုရန် https://t.me/eagleinformation

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်
http://t.me/EagleInformationOperator

⚜️သတင်းစကားဝိုင်း Chat Box - https://t.me/+tsDZ-XpH__g0MjA9

⚜️#EIO Facebook Page - https://www.facebook.com/profile.php?id=61565209585989

⚜️#EIO twitter - https://x.com/Eagleeio?t=bR2YWtb6ihIHbSj4xNGVCA&s=35
🙏5
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
4🥰1
🚨ဝက်လက်🚨

ဝက်လက်နယ်၊စဉ့်ကိုင်မှ စခများသည် တောင်ရိုးအနောက်ဘက်မှ အတန်းလိုက် မြောက်ဘက်သို့ ဦးတည်ထွက်‌နေကြောင်းသတင်းရရှိ။

#EIO
Aug 3, 6:51AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခများသည်ကူတောရွာထိပ်သို့ရောက်ရှိပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Aug 3, 7:50AM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏2
🚨မုံရွာ🚨

မုံရွာတောင်၊တောပုပျူရွာမှ စခပခများသည် ပုရစ်ကုန်းတောင်ရွာထိပ်သို့ရောက်ရှိပြီး ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Aug 3, 8:18AM
📬သတင်းပို့ရန် @EagleInformationOperator
👍2🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဝက်လက်🚨 ဝက်လက်နယ်၊စဉ့်ကိုင်မှ စခများသည် တောင်ရိုးအနောက်ဘက်မှ အတန်းလိုက် မြောက်ဘက်သို့ ဦးတည်ထွက်‌နေကြောင်းသတင်းရရှိ။ #EIO Aug 3, 6:51AM 📬သတင်းပို့ရန် @EagleInformationOperator
🚨ဝက်လက်🚨

ဝက်လက်နယ်၊စဉ့်ကိုင် မြောက်ရွာ အုန်းပင်ချောင်မှ အနောက်ထွက်လာသော စခများသည် စဉ့်ကိုင်‌မြောက်ရွာ၏အနောက်ဘက်တွင် ပြည်သူအဆောက်အဦးတစ်လုံးအားမီးရှို့ဖျက်ဆီးခဲ့ပြီး စဉ့်ကိုင်မြောက်ရွာဘက်သို့ ပြန်လည်‌ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Aug 3, 7:45AM
📬သတင်းပို့ရန် @EagleInformationOperator
3👍2😢1
🚨ရန်ကုန်-ပဲခူးလမ်း🚨

(ရန်ကုန်-ပဲခူးလမ်း)ဂိတ်တိုင်းတွင် စခရခ ကင်းရှိကြောင်းသိရပြီး ဒဘယ်ကပ်(၁)စီးသည် မီးတန်းဖွင့်၍ ဇရပ်ကွင်းဘက်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Aug 3,9:29AM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
🚨မုံရွာ🚨

ယမန်နေ့ နေ့လည်အချိန်က မုံရွာ၊စက်မှုဇုန် ရွာထောင်ဂိတ်မှ စခများသည် မြို့ပတ်လမ်း ဝေဇယန္တာကျောင်းအနီးဝန်းကျင် လမ်းဘေးဝဲယာတွင် နင်းမိုင်းများထောင်ထားခဲ့ကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများနှင့် တလရ ရဲဘော်များအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

#EIO
Aug 3, 9:45AM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
ရန်ကုန်တွင် စစ်မှုထမ်းဆင့်ခေါ်မှုများကို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး ပြင်ပသို့ ထုတ်မပြောရန် နှင့် ပေါက်ကြားလျှင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ ဩဂုတ် ၃

ရန်ကုန်တွင် စစ်မှုထမ်းဆင့်ခေါ်မှုများကို ယခု စစ်မှုထမ်းအပတ်စဉ် ၁၆ မှစတင်၍ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ပြီး ပြင်ပသို့ ထုတ်ပြောခြင်းမပြုရန် ညွှန်ကြားလာကြောင်း မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များထံမှ သိရှိရသည်။

ယခု ဩဂုတ်လအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် စစ်မှုထမ်းရန် လူငယ်များကို ဆင့်ခေါ် မှတ်ပုံတင်ခိုင်းရာတွင် ယခင်ကဲ့သို့ ပွင့်လင်းမြင်သာမရှိတော့ဘဲ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ကာ စာရင်းသွင်းခြင်း၊ စာပေးပို့၍ စစ်မှုထမ်းအဖြစ် မှတ်ပုံတင်ခိုင်းခြင်း၊ ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ကောက်ယူခြင်းများ လုပ်ဆောင်လာကြောင်း ပုဇွန်တောင်မြို့နယ်မှ စစ်မှုထမ်းဆင့်ခေါ်ခံရသူ လူငယ်တစ်ဦး၏ အုပ်ထိန်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"စစ်မှုထမ်း စာရင်းသွင်းဖို့ ဆင့်ခေါ်စာမှာလည်း လျှို့ဝှက်ဆိုပြီးပါတယ်။ အကြောင်းကြားစာမှာလည်း လျှို့ဝှက်ဆိုပြီးရေးထားတယ်။ ပြီးတော့ စစ်မှုထမ်းရမယ့် အခြေအနေတွေကိုလည်း လျှို့ဝှက်ဆိုပြီး အပြင်ကို ထုတ်ပြောမရဘူးဆိုပြီး ရုံးမှာ ခေါ်ပြောတယ်။" ဟု အဆိုပါ အုပ်ထိန်းသူက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်ကလည်း စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူမြင်ကွင်းတွင် ပေါ်ပေါ်တင်တင် လုပ်ဆောင်လျှင် လူငယ်များ ထွက်ပြေးမှုများ ရှိလာ၍ လျှို့ဝှက်စွာ လုပ်ဆောင်ရန်၊ ယခု စစ်မှုထမ်း အပတ်စဉ် ၁၆ မှစတင်၍ စစ်မှုထမ်းဆင့်ခေါ်မှု လုပ်ငန်းစဉ်များအားလုံးကို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအဖြစ် သတ်မှတ်သည်ဟု ် ဗဟိုစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားလာသည်ဟု ပြောဆိုသည်။

"လူငယ်တွေ နာမည်စာရင်းရွေးတာကအစ လျှို့ဝှက်ဖို့ ။ ထွက်ပြေးတာတွေ မဖြစ်စေဖို့ လျှို့လျှို့ဝှက်ဝှက် လုပ်ကြဖို့ ညွှန်ကြားတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေးကလည်း စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်နဲ့ အကျုံးဝင်လို့ အပြင်ကို သတင်းမထွက်ဖို့ သိုသိုသိပ်သိပ်လုပ်ဖို့လည်း ညွှန်ကြားတယ်" ဟု မရမ်းကုန်းမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ယင်းဥပဒေအရ စစ်သား၊ ရဲ၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများနှင့် ပြည်သူများအားလုံး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားလျှင် သေဒဏ်နှင့်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ၏ ပုဒ်မ ၁၆ တွင် မည်သူမဆို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များအနက် လျှို့ဝှက်ချက် တစ်ရပ်ရပ်ကို ဥပဒေနှင့်အညီ လွှဲပြောင်းပေးခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူတစ်ဦးဦးထံသို့ လွှဲပြောင်းပေးခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ အလားတူ မည်သူမဆို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း ဥပဒေပါ တားမြစ်တစ်ခုခုကို ကျူးလွန်ရာတွင် အားထုတ်ခြင်း၊ အားပေးကူညီခြင်းနှင့် ပူးပေါင်းကြံစည်ခြင်း ပြုလုပ်သူများကို အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များတွင် စစ်တပ်၏ ဗျူဟာများ၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကိစ္စရပ်များ၊ စစ်တပ် ရေယာဉ်၊ လေယာဉ်၊ အခြားယာဉ်၊ စက်ယန္တရား၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတို့နှင့်သက်ဆိုင်သည့် နည်းပညာများ၊ နည်းစနစ်များ၊ ထုတ်လုပ်တပ်ဆင်မှုပညာရပ်များနှင့် သတင်းအချက်အလက်များ အပါအဝင် စစ်ဘက်ဆိုင်ရာ နည်းပညာများ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းစနည်းများ၊ ပါဝင်ကြောင်း သိရှိရသည်။

#KhitThitMidea
👍3🙏1
ရန်ကုန်တွင် စစ်မှုထမ်းဆင့်ခေါ်မှုများကို စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး ပြင်ပသို့ ထုတ်မပြောရန် နှင့် ပေါက်ကြားလျှင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်

#KhitThitMidea
👍3🤬1
🚨မုံရွာ🚨

အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများ၊
ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်းသိရှိရပါသည်။ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ ကိစ္စအရေးကြီးငယ်ရှိ၍ သွားလာရမည် ဆိုပါက သက်ဆိုင်ရာ တလရအဖွဲ့အစည်းများ၏သတိ‌ပေး ထုတ်ပြန်ချက်များ၊နယ်မြေခံများ နှင့် အချိတ်ဆက်လုပ်ပြီးမှသာ သွားလာခြင်းများ ပြုလုပ်ကြပါရန်၊အချင်းချင်းကူညီရိုင်းပင်းကြပါရန် Eagle Information Operator အဖွဲ့ မှ အနူးညွတ် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏


#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#Eagle Information Operator
📬သတင်းပို့ဆက်သွယ်ရန်
@EagleInformationOperator
🙏4
🚨မုံရွာ🚨

မုံရွာ‌တောင်၊မအူဂိတ် မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Aug 3, 10:20AM
📬သတင်းပို့ရန် @EagleInformationOperator
🙏5