EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨ချောင်းဦး🚨

ငါးယှန်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Aug 1, 8:18PM
📬သတင်းပို့ရန် @EagleInformationOperator
👍3🙏1
ချဉ်ဖတ်

ကာတွန်း - ညိုမြ
😁4👍1
🚨အရာတော်🚨

အရာတော်နယ်၊ စခတ(၁၀)မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်း၍ပစ်ခတ်ထားကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Aug 1, 10:53PM
📬သတင်းပို့ရန် @EagleInformationOperator
🙏51
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨အရာတော်🚨 အရာတော်နယ်၊ စခတ(၁၀)မှ စခများသည် ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်း၍ပစ်ခတ်ထားကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏
🚨အရာတော်🚨

အရာတော်နယ်၊ စခတ(၁၀)မှ စခများသည် ထပ်မံ၍ ဟောင်ဝပ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Aug 1, 11:27PM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏5
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
4🥰1
🚨မုံရွာ🚨

(6:15)AM အချိန်တွင် မုံရွာ စက်မှုဇုန် ရထောင်ဂိတ်မှ စခများသည် စက်မှုဇုန် ငြိမ်းချမ်းရေးလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Aug 2, 6:55AM
📬သတင်းပို့ရန် @EagleInformationOperator
🙏51
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 (6:15)AM အချိန်တွင် မုံရွာ စက်မှုဇုန် ရထောင်ဂိတ်မှ စခများသည် စက်မှုဇုန် ငြိမ်းချမ်းရေးလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Aug 2, 6:55AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာ၊စက်မှုဇုန် ငြိမ်းချမ်းရေးလမ်းဆုံသို့ ရောက်ရှိနေ သောစခများသည်ပြည်သူများအား အစစ်ဆေးပြုလုပ်နေပြီးဘေးပတ်လည်တွင် ကင်းပုန်းများလည်းရှိကြောင်းသတင်းရရှိ။

#EIO
Aug 2, 8:30AM
📬သတင်းပို့ရန် @EagleInformationOperator
👍3🙏2
🚨မုံရွာ🚨

မုံရွာတောင်၊တောပုပျူရွာမှ စခပခများသည် သီတာရုံထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Aug 2, 8:37AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာ စက်မှုဇုန် ရွာထောင်ဂိတ်မှ စခ ခမ အအ(၈)ကောင်ခန့်သည် လယ်ဇင်ရွာအနောက်ထွက် လှည်းဘီးနားသို့ ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Aug 2, 10:05AM
📬သတင်းပို့ရန် @EagleInformationOperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊GTC‌ကျောင်းအတွင်းမှ စခများသည်ကျောင်းရှေ့ထွက်၍ ပြည်သူအသွားအလာအများအား အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိ။

ဂရုစိုက်၍သွားလာကြပါရန်🙏

#EIO
Aug 2, 10:13AM
📬သတင်းပို့ရန် @EagleInformationOperator
🙏5
🚨စစ်ကိုင်း🚨

(၁၁:၃၀)ချိန်တွင် အရှေ့မှ လာသော ကန်ဒါ ကား (၁)စီးနှင်် ADV ကား (၁)စီး စုစုပေါင်း (၂)စီး၊စခအအအပြည့်သည် သစခ (၇၂) နုန်းတွင်း ခွေးခြံအတွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Aug 2, 11:55AM
📬သတင်းပို့ရန် @EagleInformationOperator
👍41
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊တောပုပျူရွာမှ စခပခများသည် သီတာရုံထိပ်သို့ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Aug 2, 8:37AM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊တောပုပျူရွာမှ စခပခများသည် သီတာရုံထိပ်မှ တောပုပျူရွာသို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Aug 2, 5:16PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည် အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆိုအရေးအသားများဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့် အချိန်တွင် ကျရောက်သည့် နေရာအတိအကျများ နှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊ လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ မိဘပြည်သူများအား အထူးသတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန် -
@EagleInformationOperator
🙏3
🚨မုံရွာ🚨

မုံရွာမြို့ထဲမှထွက်လာသော စခ အိမ်စီးကား(၅)စီးသည် အီကိုကျောင်းအနောက်ဘက် ကျောက်ကာလမ်းပေါ်တွင်‌ရောက်ရှိနေပြီး စခများသည် အနီးဝန်းကျင်တွင်ဖြန့်ထားကြောင်းသတင်းရရှိ။

#EIO
Aug 2, 6:19PM
📬သတင်းပို့ရန် @EagleInformationOperator
🙏4
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ
၂။ တရေးတမောအိပ်စက်အနားယူပါ
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ
၆။ ရေများများသောက်ပေးပါ
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပါစေ🙏

#EIO
#Admin Team
📬သတင်းပေးပို့ရန်
@EagleInformationOperator
🙏5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ့ခေါတ် သူ့အခါက ပေးအပ်လာတဲ့ သမိုင်းပေးတာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတာနဲ့ တိုင်းတာရလိမ့်မယ်။ #ဗန်းမော်တင်အောင်
၃၀.၇.၂၀၂၅ ယင်းမာပင်ခရိုင်တပ်ရင်း ၆
ဒုတပ်ရင်းမှူး ဦးကံ (ခ) ဗိုလ်စစ်မုန်း ရန်သူ့စခန်းသိမ်းတိုက်ပွဲမှာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပါတယ်
အင်မတန်ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရသလို ရဲဘော်တွေအတွက် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တော့တဲ့ နေ့ရက်တစ်ခုလဲဖြစ်ပါတယ်

ဒီနွေဦးတော်လှန်ရေးအတွင်းမှာ မိမိကိုယ်ကျိုးကို မငဲ့ကွက်ပဲ ရဲရင့်စွာတိုက်ပွဲနေကြတဲ့ ရဲဘော်တွေအများကြီးရှိသလို မြင့်မြတ်စွာ ကျဆုံးသွားကြတဲ့ ရဲဘော်တွေ (၅၀၀၀) ကျော်သွားခဲ့ပါပြီ။ ထို့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးညစ်ယုတ်မာမှုကြောင့် အသက်အိုးအိမ် ဆုံးရှုံးသွားခဲ့ရတဲ့ ပြည်သူပေါင်းများစွာရှိနေပါတယ်။

ဒီတော်လှန်ရေးတိုက်ပွဲဟာ အရင်းအနှီး ကြီးမားသလို
တစ်နိုင်ငံလုံး စစ်မှန်သောလွတ်မြောက်မှုရရှိခဲ့ရင် နောင်မျိုးဆက်တွေအတွက် ကောင်းမွန်သောဘဝများကို ပိုင်ဆိုင်နိုင်ကြမှာ မလွဲဧကန်ပင်ဖြစ်သည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ စုပေါင်းအားနဲ့ ဖြုတ်ချကြစို့ 💪

#ယင်းမာပင်ခရိုင်တပ်ရင်း ၆

#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)မှလည်း
ထပ်တူဝမ်းနည်းရပါကြောင်း။

#ငြိမ်းချမ်းရာဘုံဘဝမှ ကောင်းမွန်စွာအနားယူနိုင်ပါစေ🫡
🫡10
စစ်ရေးသတင်းပေါက်ကြားမှုက
စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့
အချက်တွေများထဲမှ တစ်ချက်ပါပဲ။

ဒါကြောင့်မို့ စစ်ရေးသတင်းကို (လုံးဝ) မပေါက်ကြားဖို့အတွက် ဘယ်စစ်တပ်မဆို သူ့ရဲ့တပ်သားတွေကို သင်ပေးပြီးသားဖြစ်သလို၊ သတင်းပေါက်ကြားစေတဲ့ တပ်သားကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးလေ့ရှိကြပါတယ်။

ဒါပေမဲ့ အခုကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ PDF အပါအဝင် တခြားတော်လှန်ရေးအဖွဲ့တွေရဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးစစ်ရာကို လုပ်နေတယ်၊ စစ်သားလုပ်နေရပေမဲ့ သူတို့ဟာ Volunteer စစ်သားတွေဖြစ်ကြတယ်လို့ ခံယူထားကြတဲ့အတွက်၊ စစ်သား စစ်စစ်ကြီးတွေလို စည်းကမ်းတွေ၊ အမိန့်စီးဆင်းမှု၊ လုပ်နိုင်စွမ်းတွေမှာ အားနည်းချက်တွေ အများကြီးပါပဲ။

ဒီမိုကရေစီကို အပြည့်အဝ ခံစားလာရတဲ့ ရပ်ဝန်းက လာခဲ့တဲ့သူတွေများတာမို့၊ ပုံမှန်ထက်ပိုပြီး စစ်သားမဆန်နိုင်ကြသလို၊ စစ်သားပီသဖို့ အတင်းတိုက်တွန်းပြုပြင်ရင်လည်း တော်လှန်/တိုက်ခိုက်မည့်သူ ဘယ်သူမှ ကျန်တော့မှာမဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ သူတို့ဟာ အမိန့်ဆိုတာကြီးကို သိပ်မုန်းကြလို့ပါပဲ။ အဲ့ဒါကြောင့် ကျနော်တို့မှာ ဒီမိုကရေစီမကျ၊ စစ်တပ်မကျနဲ့ အပေးအယူပုံစံမျိုး၊ မိသားစု၊ညီအကိုလိုမျိုး သွားရပါတယ်။

အဲ့လိုသွားရတဲ့အခါ အားနည်းချက်၊ အားသာချက်ဆိုတာတွေက အများကြီး ပေါ်လာတာပဲ။

ပြောချင်တဲ့အကြောင်း အရင်းရောက်ပါပြီ။

(အဲ့လိုဆိုတော့ကား).. ရဲဘော်တစ်‌ယောက်ဆီတိုင်းက စစ်ရေးသတင်းကို မရေးရ မပြောရဆိုတဲ့ အမိန့်ကို သိပေမဲ့လည်း အပေါ်မှာရေးထားတဲ့ အနေအထားတွေကြောင့် သူတို့ဟာ လုပ်ရဲကြတယ်၊ ပြောရဲကြတယ်။

ပြောရတဲ့ အကြောင်းအရင်းတွေလည်း များစွာရှိပါတယ်။ တချို့က ထင်ပေါ်ကျော်ကြားချင်လို့၊ တချို့က ဖန်ငွေရှာချင်လို့၊ တချို့ကြတော့လည်း မွေးရာပါ ကြွားဝါချင်တဲ့စိတ်ကြောင့်၊ အဲ့လိုပုံစံတွေ အများကြီးကြောင့်ပါပဲ။

သတင်းတွေ ပေါက်ကြားလာတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါပဲ။ တချို့က သူတို့ အကောင့်က ရေးတင်တာ၊ ပြောဆိုတာမျိုး၊ တချို့ကြတော့လည်း သူတို့ရဲ့ မိသားစု၊ သူတို့ရဲ့မိတ်ဆွေတွေကို ပြောရင်း အဲ့ကတဆင့် ပေါက်ကြားတာမျိုး၊ ဒါတောင် တခြားသော အကြောင်းအရင်းများစွာ ကျန်သေးတယ်။

ဆိုတော့ကား....
စစ်ရေးသတင်း လုံခြုံမှုက စစ်ပွဲတိုင်းရဲ့ အသက်ပါပဲ။

ဒါကြောင့်မို့ ကိုယ့်ရဲ့ လုပ်ရပ်တခု၊ အပြောအဆိုတခုက ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ကိုယ့်အစုအဖွဲ့၊ အားလုံးရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေကို မရိုက်ချိုးမိစေကြဖို့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြဖို့ပဲ မျှော်လင့်ပါတယ် ။

တော်လှန်ရေး တပ်စုတိုင်း၊တပ်ဖွဲ့တိုင်းမှာ လူပေါင်းစုံရှိကြပါတယ်။
သူတို့ရဲ့ရှင်သန်ကြီးထွားလာခဲ့တဲ့ ပတ်ကျင်၊ နောက်ခံအသိုင်းအဝိုင်း၊ IQ,EQ ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အကျင့်စာရိတ္တ၊ သည်းခံနိုင်မှု၊ လုပ်ကိုင်နိုင်စွမ်းနဲ့ လိမ္မာပါးနပ်မှု ဆိုတဲ့ အကြောင်းအရာ၊ အချင်းအရာတွေကြောင့် ပြဿနာမျိုးစုံကလည်း ရှိနေဆဲ၊ ရှိနေမြဲပါပဲ။

အဲ့နေရာကိုမတူကွဲပြားမှုများစွာရှိနေတဲ့ နေရာလို့ခေါ်ပါတယ်။ အဲ့ဒီ့ မတူကွဲပြားမှုမှာ အားနည်းချက်တွေ ရှိကောင်းရှိနေမှာ မှန်သော်လည်းပဲ၊ ရှေ့ဆောင်ဦးရွက်ပြုကြတဲ့ ခေါင်းဆောင်တွေရဲ့ ဘယ်လို Control လုပ်နိုင်မလဲပေါ် မူတည်ပြီးတော့လည်း အများကြီး ကွဲပြားခြားနားပါတယ်။

ကမ္ဘာပေါ်မှာ အလှပဆုံးသော၊ အအောင်မြင်ဆုံးသော အရာတွေက မတူကွဲပြားမှုဆိုတဲ့ အကြောင်းအရင်းကပဲ မွေးဖွားရှင်သန်လာခဲ့တာပါ။

သူ့အလိုလိုတော့ ရလာလိမ့်မည်မဟုတ်ပါဘူး။

အသုံးချတတ်ခြင်းပေါ်မှာပဲ မူတည်ပါတယ်။

#Jack(2022 Memories)
#EIO
📬သတင်းပို့ရန်
@EagleInformationOperator
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «စစ်ရေးသတင်းပေါက်ကြားမှုက စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့ အချက်တွေများထဲမှ တစ်ချက်ပါပဲ။ ဒါကြောင့်မို့ စစ်ရေးသတင်းကို (လုံးဝ) မပေါက်ကြားဖို့အတွက် ဘယ်စစ်တပ်မဆို သူ့ရဲ့တပ်သားတွေကို သင်ပေးပြီးသားဖြစ်သလို၊ သတင်းပေါက်ကြားစေတဲ့ တပ်သားကိုလည်း ထိရောက်တဲ့…»