EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 စခသံပြားကာကား(၂)စီး၊ဂျမ်ဘာကား(၁)စီးသည် ဗောဓိတာဝါတိုင်ကုန်းမှ မိုးညင်းဖြတ်၍ အနောက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jul 27, 1:31PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

ဗောဓိတာဝါတိုင်ကုန်းမှ ပြန်ဆင်းလာသော စခသံပြားကာကား(၂)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့တွင်းသို့ ဆက်လက်ဦးတည်နေပြီး ကျန်(၁)စီးသည် စွမ်းရည်ထက်ဂိတ်ဘက်သို့ မောင်းသွားကြောင်းသတင်းရရှိ။

#EIO
Jul 27, 1:37PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ စခသံပြားကား(၂)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့တွင်းသို့ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 27, 1:46PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

ဗောဓိတာဝါတိုင်ကုန်းမှ ဆင်းလာသောကင်းထွက်စခများနှင့် GTC မှ ထွက်လာသောစခကင်းများသည် မိုးညင်းဗောဓိလမ်းပိုင်းတွင်ကျန်ရှိနေသေးကြောင်းသတင်းရရှိ။

#EIO
Jul 27, 2:20PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှကင်းထွက်စခများ‌ မြေနဲအောင်သာလမ်းကူးတွင် လက်နက်ငယ်များပစ်‌ဖောက်ကြောင်းသတင်းရရှိ။

#EIO
Jul 27, 2:30PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာ နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်တွင်ရပ်ထားကြောင်းသတင်းရရှိ။

#EIO
Jul 27, 2:45PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မုံရွာ🚨

မုံရွာ နမခမှ ထွက်လာသော နောက်ထပ် စခသံပြားကာကား(၁)စီးသည် မအူဂိတ်ဖြတ်၍ တောင်သို့ဆက်လက်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Jul 27, 2:45PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်တွင်ရပ်ထား‌သော စုစုပေါင်း စခသံပြားကာကား(၂)စီးသည် အအ အပြည့်ပါ ကြောင်းသတင်းရရှိ။ #EIO Jul 27, 2:48PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်တွင်ရပ်ထား‌သော စုစုပေါင်း စခသံပြားကာကား(၂)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ပြန်လည်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Jul 27, 3:04PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်တွင်ရပ်ထား‌သော စုစုပေါင်း စခသံပြားကာကား(၂)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ပြန်လည်ဦးတည်ကြောင်းသတင်းရရှိ။ #EIO Jul 27, 3:04PM 📬သတင်းပို့ရန် @EagleInformationOperator
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်တွင်ရပ်ထား‌သော စုစုပေါင်း စခသံပြားကာကား(၂)စီးသည် မအူဂိတ်ဖြတ်၍ မုံရွာမြို့တွင်းသို့ပြန်လည်ဝင်ရောက်ကြောင်းသတင်းရရှိ။

#EIO
Jul 27, 3:08PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
🚨မုံရွာ🚨

(3:42)အချိန်တွင် မုံရွာ‌တောင်၊မြေနဲနှင့်မအူကြားသို့ ရောက်ရှိနေသော စခကင်းများသည် စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်ရောက်သွားပြီး မအူဆီတန်းနဲ့တံတားဖြူဘက်သို့ ရောက်ရှိနေသော စခကင်းများသည်လည်း မအူဂိတ်သို့ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Jul 27, 4:35PM
📬သတင်းပို့ရန် @EagleInformationOperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
‼️လမ်းပိုင်းဆိုင်ရာ အသိပေး ထုတ်ပြန်ချက်‼️ (၂၇၊၇၊၂၀၂၅) မုံရွာတောင်၊‌မြေနဲ၊မိုးညင်း၊ဗောဓိလမ်းတစ်လျှောက်တွင် စခများခြေရှုပ်နေသောကြောင့် (မြေနဲ-မိုးညင်း-ဗောဓိ)လမ်းပိုင်း၊(ဗောဓိ-ကျောက်ကာ)လမ်းပိုင်း၊‌(ဗောဓိ-မုံရွေး)လမ်းပိုင်းတို့အား သွားလာခြင်း (လုံးဝ-လုံးဝ)မ…
‼️လမ်းပိုင်းဆိုင်ရာ အသိပေး ထုတ်ပြန်ချက်‼️

(၂၇၊၇၊၂၀၂၅)

မုံရွာတောင်၊‌(မြေနဲ-မိုးညင်း-ဗောဓိ)လမ်းပိုင်း၊(ဗောဓိ-ကျောက်ကာ)လမ်းပိုင်း၊‌(ဗောဓိ-မုံရွေး)လမ်းပိုင်းတို့အား ပြန်လည် အသုံးပြု၍ ရပြီဖြစ်ကြောင်း မိဘပြည်သူများထံသို့ ပြန်လည် အသိပေးအကြောင်းကြား အပ်ပါသည် ။

ယခုလို ပူးပေါင်းပါဝင် အကူအညီပေးကြပါသော မိဘပြည်သူများ အားလုံးကို တော်လှန်ရေး(အဖွဲ့စည်း)များ၏ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည် ။

မိဘပြည်သူများနှင့်တော်လှန်ရေးရဲဘော်များအားလုံး ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#EIO
July 27, 4:30PM
📬သတင်းပို့ရန်
@EagleInformationOperator
🙏5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️လမ်းပိုင်းဆိုင်ရာ အသိပေး ထုတ်ပြန်ချက်‼️ (၂၇၊၇၊၂၀၂၅) မုံရွာတောင်၊‌(မြေနဲ-မိုးညင်း-ဗောဓိ)လမ်းပိုင်း၊(ဗောဓိ-ကျောက်ကာ)လမ်းပိုင်း၊‌(ဗောဓိ-မုံရွေး)လမ်းပိုင်းတို့အား ပြန်လည် အသုံးပြု၍ ရပြီဖြစ်ကြောင်း မိဘပြည်သူများထံသို့ ပြန်လည် အသိပေးအကြောင်းကြား အပ်ပါသည် ။ …»
"တော်လှန်ရေး လောကဓံတွင်းမှာ အာဏာနှင့်ငွေကြေးဒဏ် ခံနိုင်ကြဖို့လို"

🔹လင်းသစ် (မဟာဝိဇ္ဇာ)

တော်လှန်ရေး လေးနှစ်ကျော်ကာလမှာ သံဝေဂရစရာတွေက အများသား။ နေ့စဉ် မြေပြင်မှာ၊ လိုင်းပေါ်မှာ တွေ့မြင်ကြားသိနေရတာတွေထဲက မထော်မနန်း၊ မတော်မတည့်တွေအကြောင်း ပေါင်လှန်ထောင်းရ ဦးမည်။

အထူးသဖြင့် အာဏာနှင့်ငွေကြေး၏ ဖြားယောင်းမှုဒဏ်ကို မလွန်ဆန်နိုင်ကြသူတွေ။

လူရဲ့ မွေးရာပါ သဘောသဘာဝကိုက သက်တောင့်သက်သာနေလိုခြင်း၊ သူတပါးလေးစားမှု/ အလေးထားမှုကို ခံယူလိုခြင်း၊ မိမိ၏ အရေးပါအရာရောက်မှုကို ပြသလိုခြင်း၊ ထင်ပေါ်ထင်ရှားလိုခြင်း စသည့်အနုသဘာဝများက အတွင်းစိတ်တွင် ကပ်ငြိနေတတ်ကြသည်။

"ရေဆန်မှာ ချောခဲ့သမျှ ရေစုန်မှာ မောဖို့သာပြင်" ဆိုတဲ့ စိုင်းထီးဆိုင် သီချင်းထဲကလိုပဲ မိုးထဲရေထဲ နဖူးကချွေး ခြေမကျ ရုန်းကန်နေရတုန်းက ဖြူစင်ခဲ့တဲ့ စိတ်တွေဟာ လက်နက်၊ အာဏာ၊ ငွေကြေး၊ ပြည့်စုံမှု စတာတွေနဲ့လည်းတွေ့ရော ကိုယ်ကျင့်တရားတွေက လွယ်လွယ်ပဲ ဒူးထောက်ပေးလိုက်ကြတာတွေကို ကြည့်ပြီး စိတ်မချမ်းသာရတာ အမှန်။

ဒါက တော်လှန်ရေး လောကဓံမို့ ရှောင်ပြေးလို့လည်း မရ။ စစ်တိုက်တာက ပန်းနဲ့ပေါက်တမ်းကစားတာ မဟုတ်လို့ ခံယူချက် ရှိမှ၊ မှန်မှ၊ ခိုင်မြဲမှ တော်လှန်ရေးခရီးကြမ်းထဲ အပင်သန် ရှင်ကျန်ခဲ့နိုင်တာမျိုးမို့ တော်ရုံစွန့်လွှတ်မှုမျိုးနဲ့တော့ မရတာအမှန်။

သို့သော်‌ သို့သော် ကိုင်ထားတဲ့လက်နက်၊ စုဖွဲ့ထားတဲ့အင်အား၊ ရရှိလာတဲ့ အာဏာဟာ အရာရာကို အရောင်ဆိုးပစ်နိုင်စွမ်း၊ အဆိပ်သင့်စေနိုင်စွမ်း ရှိတယ်ဆိုတာ မေ့ထားလို့မရသလို သတိလွတ်လို့လည်း မရပါဘူး။

ငါ ပင်ပင်ပန်းပန်း လုပ်ထားရတာ၊ ငါပေးဆပ်ထားရတာ၊ ငါအသက်နဲ့ ရင်းထားရတာ၊ ငါဘဝနဲ့ ရင်းထားရတာ...စသည်ဖြင့် မင်းဘာလဲ၊ ငါဘာလဲ မူတွေစွဲကြ၊ လူတွေကွဲကြတာတွေလည်း မြင်ရ၏။

တော်လှန်ရေးကလည်း ထမင်းမစားဘဲ တိုက်လို့မရ၊ ကိုယ်လုံးတီးနဲ့လည်း ဟန်ရေးပြနေလို့မရ၊ လောက်လေးဂွနဲ့လည်း သွားစိန်ခေါ်နေလို့မရ။ ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်ဝတ်စုံ၊ စစ်အသုံးအဆောင်၊ ဆေးဝါး၊ ထောက်ပံ့ပို့ဆောင်ရေး ယန္တရား စသည်ဖြင့်လိုအပ်တာတွေအားလုံး ဖြည့်ဆည်းပေးနိုင်ဖို့က ငွေလို၏။

ငွေဆိုတာကလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မို့။
ထိတာနဲ့ ငြိတတ်တာကလည်း သမီးရည်းစားခိုးတွေ့နေရတဲ့အတိုင်း ဘာတွေဖြစ်လာမယ် တပ်အပ်မပြောနိုင်ပေမယ့် ဖြစ်လာတတ်တဲ့ သဘာဝက ရှိနှင့်‌နေပြီးသား၊ သိလည်း သိနေကြပြီးသား။

ကိုယ်ကျင့်တရား မှတ်ကျောက်မှာ ကြံ့ကြံ့ခံ ရပ်နိုင်သူတွေ၊ မှတ်ကျောက်တင် ခံနိုင်သူတွေကသာ တော်လှန်ရေးကို အားကောင်းမောင်းသန်နဲ့ ဆက်လက်မောင်းနှင် နေနိုင်ကြတာပါ။

တော်လှန်ရေးလောကဓံစမ်းသပ်ခန်းထဲက ငွေနဲ့အာဏာအခန်းထဲ ပိတ်မိကျရှုံးခဲ့သူတွေကိုတော့ မပြောလိုတော့ပါဘူး။

သို့သော် တော်လှန်ရေး၏ အစိတ်အပိုင်းအားလုံးတွင် ကဏ္ဍအသီးသီးမှ ကျရာတာဝန် ထမ်းပိုးနေကြသော ရဲဘော်ရဲဘက်များကိုတော့ ထပ်မံ မဆုံးရှုံးလိုတော့တာ အမှန်။

လက်နက်နှင့် အာဏာ၏ သဘာဝက မောက်မာလာ‌စေတတ်၏၊ ဆင်ခြင်တုံတရားကို တိုက်စား‌စေတတ်၏၊ နှလုံးသားကို ညစ်နွမ်းစေတတ်၏။

ငွေကြေးက မိမိရဲဘော်၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံ၊ မိမိ၏အနာဂတ်မှသည် မိမိကိုယ်ကိုပင် သစ္စာဖောက်စေတတ်၏။

ထိုလောကဓံကို ခံနိုင်ရည်ရှိလာစေရန်အတွက် တော်လှန်ရေး ဘက်တော်သားတိုင်း ပြင်ဆင်ထားသင့်ကြပေသည်။

ငွေကြေးသည် ဘဝတစ်ခု မဟုတ်ပါ။
အာဏာသည် ဘဝတစ်ခု မဟုတ်ပါ။

ဖြောင့်မတ်မှန်ကန်၍ တည်ကြည်ရဲရင့်သော ကိုယ်ကျင့်တရားသည်သာ လူတိုင်း၏ ယုံကြည်ကိုးစား အားထားရာ ဖြစ်၏။ (သာဓကအားဖြင့် အမေစုကို ကြည့်ပါလေ။)

ကိုယ်ကျင့်တရား ဆုံးရှုံးသောသူသည် လူတို့၏ ကဲ့ရဲ့ရှုတ်ချ၊ ပြစ်တင်ခံရခြင်းအားဖြင့် ကျဉ်းမြောင်းသောဘဝတွင် လိပ်ပြာတလန့်လန့်ဖြင့် ညှိုးငယ်စွာ အသက်ဆက်ရပေလိမ့်မည်။ (သာဓက အားဖြင့် မင်းအောင်လှိုင်ကို ကြည့်ပါလေ။)

ကိုယ်ကျင့်တရားဖြောင့်မတ် မှန်ကန်သူတို့ကား သွားလေရာ နှစ်လိုဖွယ်ကြိုဆိုခံရခြင်း၊ လေးစားယုံကြည်ခံရခြင်းအားဖြင့် လွတ်လပ်ပေါ့ပါး နွေးထွေးသောဘဝတွင် အေးချမ်းပျော်ရွှင် နေနိုင်ကြသည်ပင်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန် နှင့် ပြည်သူအများကြား အတွေးအခေါ် ယူဆချက် ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ ပြည်သူ့ပန်းတိုင်သို့ ပေးပို့လာသော ဆောင်းပါးများထဲက ရွေးချယ်၊ တည်းဖြတ်ကာ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဖော်ပြပါ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့အစည်း၏ နိုင်ငံရေးအာဘော်အား ကိုယ်စားမပြုပါ။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆွေးနွေးမှတ်ချက်များ ရေးသားနိုင်ပါသည်။]

ပြည်သူ့ပန်းတိုင်
#People's Goal
👍2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏31
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
🥰42