EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
Forwarded from Khit Thit Media
စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ် ခွာလျှင် ပစ်သတ်ခြင်း၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းများကို စစ်တပ်က လုပ်ဆောင်နေဟု အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဇူလိုင် ၁၆

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းတွင် အဓိက တိုက်ခိုက်ခိုင်းပြီး ပြန်ဆုတ်ခွာလျှင် အရာရှိများက ပစ်သတ်ခြင်း၊ စစ်မှုထမ်းတပ်သားများကို မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း အလင်းဝင် တပ်သားသစ် ၂ ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ အမှတ် ၁ ရပ်ကွက်မှ မောင်အောင်သက်ထွန်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်တပ်ထဲသို့ ရောက်ရှိခဲ့ကာ စစ်မှုထမ်း အပတ်စဉ် ၆/၂၀၂၄ ကို တက်ရောက်ခဲ့ရကြောင်း၊ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်သို့ ပို့ဆောင်ခံခဲ့ရကာ ရခိုင်စစ်မြေပြင်နှင့် ငဖဲမြို့နယ်၊ ပဒါန်း၊ နတ်ရေကန် စစ်စခန်းသို့ ရောက်ရှိခဲ့ပြီး ယခုဇူလိုင်လအတွင်း AA ထံတွင် အလင်းဝင်ရောက်ခဲ့သည်။

အလားတူ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကနာရပ်ကွက်မှ မောင်နေလင်းအောင်သည် အလုပ်ပြန်ချိန် ညပိုင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲသို့ သွပ်သွင်းခံရကြောင်း၊ ဟိုပုံး စစ်သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ / ၂၀၂၄ တက်ရောက်ခဲ့ပြီး တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ သို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းနောက် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် စစ်စခန်းတွင် တာဝန်ကျစဉ် AA ထံသို့ ထွက်ပြေး အလင်းဝင်ရောက်ခဲ့သည်။

၎င်းတို့ ၂ ဦး၏ ထွက်ဆိုချက်အရ စစ်တပ်တွင် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များကို စစ်ကောင်စီတပ်၏ အရာရှိများက ရိုက်နှက်သတ်ဖြတ်ခြင်း၊ ရှေ့တန်းတွင် အသေခံခိုင်းခြင်းများ၊ မူးယစ်ဆေးဝါး အသုံးပြုစေခြင်းနှင့် အနိုင်ကျင့်ခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။

"ပြည်သူ့စစ်တွေကို ရှေ့တန်းမှာထားပြီး ရန်သူ့ဘက်က ဖိအားများလို့ ပြန်ပြီးဆုတ်လာပြီးဆိုရင်လည်း နောက်က အရာရှိများနဲ့ အရာခံများက မင်းတို့ ဘာလို့ ပြန်ဆုတ်တာလဲဆိုပြီး ပစ်တယ်။ ကျနော့်ရှေ့မှာတင်ပဲ ကျနော့်သူငယ်ချင်းကို သေနတ်နဲ့ပစ်တာ နောက်စိပွင့်သွားပါတယ်။ အဲဒီလိုမြင်ရတဲ့အခါ ကျနော်တို့လည်း ကြောက်တာပေါ့။ ရှေ့တက်ဆိုရင် တက်ရတာပေါ့။ ထွက်ပြေးတဲ့ လူတွေလည်းရှိပါတယ်။ ထွက်ပြေးတဲ့လူတွေလည်း မလွတ်မြောက်တာများတယ်။ ကျနော့် သူငယ်ချင်း ပစ ဆိုရင်လည်း ကိုရခိုင်လေးတို့ ကိုထွန်းမင်းတို့ဆိုရင် ပြန်မိတဲ့အခါကျတော့ AA စနိုက်ပါ လမ်းကြောင်း တောင်စောင်းတွေ အပင်တွေမှာ လက်ပြန်ကြိုးတွေတုပ်ပြီး တစ်နေကုန် ကြိုးနဲ့ ချိတ်ထား။ ဒီဘက်က ပစ်ရင်လည်း သေပေါ့။ အဲဒီလိုမျိုးလုပ်တာလည်းရှိတယ်။ ဟိုဘက်က လှမ်းပစ်ရင်လည်း သေရင် မြေမြှုပ်လိုက်မယ်ပေါ့။ ထွက်ပြေး မလွတ်မြောက်တဲ့လူတွေကို မြင်ပြီးတော့ ပစတွေက ကိုယ့်ခြေထောက်တွေ ကိုယ်ပြန်ပစ်တယ်။ ပေါင်တွေကို ပြန်ပစ်တယ်။ အဲဒီလို ပြန်ပစ်ပြီးတော့ ၄ ယောက်လောက်မြင်ခဲ့ဖူးတယ်။ အဲဒီလို ပြန်ပစ်တယ်ဆိုရင် သူတို့က ဆွဲခေါ်သွားပြီးတော့ ကမ္ဘာလုံးကြီးထဲ ခြောက်ပေါက်ထဲမှာ ထားတယ်။ ဆေးလည်း မကုပေးဘူး။ ဒီအတိုင်းပဲထားတယ်။ သေရင် သေပေါ့။ ပုတ်ရင်ပုတ်ပေါ့။ ပုတ်လို့ မသေဘူးဆိုရင်လည်း ထောင်ချမယ်လို့ အရာရှိတွေက ကြိမ်းဝါးတယ်" ဟု အလင်းဝင် စစ်မှုထမ်းတပ်သား နေလင်းအောင်က ပြောဆိုသည်။

ထို့ပြင် မူးယစ်ဆေးဝါးများကို အသုံးပြုခွင့်ပေးထားပြီး နောက်တန်းထောက်ပို့တပ်ထံသို့ မူးယစ်ဆေးဝါး ဖုန်းဆက်၍ မှာယူနိုင်ကြောင်း သိရှိရသည်။

" မူးယစ်ဆေးဝါးသုံးစွဲကြတာလည်းဟုတ်တယ်။ ကုန်းပေါ်မှာ သုံးကြတယ်။ ကျနော်လည်း သုံးဖူးပါတယ်။ WY သုံးကြတာ။ ပဒါန်းက ထောက်ပို့တွေဆီမှာ ဖုန်းဆက်ပြီးတော့ မှာမှ ရတာ။ ၁ လုံးကို ၃သောင်းကျတယ်။ BE ဆီ တစ်လီတာကိုတော့ ၃ သောင်းကနေ ၈ သောင်းအထိ ပေါက်တယ်" ဟု စစ်မှုထမ်းတပ်သား နေလင်းအောင်က ရှင်းပြသည်။

အလားတူ အလင်းဝင် စစ်မှုထမ်းတပ်သားအောင်သက်ထွန်းကလည်း စစ်ကောင်စီတပ်မှ အရာရှိများက ထွက်ပြေးသော စစ်မှုထမ်းတပ်သားသစ်များကို AA က ပစ်သတ်မည်၊ လည်လှီးသတ်မည်ဟု ဝါဒဖြန့်ထားကြောင်း၊ ထို့ကြောင့် အလင်းဝင်လိုသော စစ်သားများမှာ မပြေးရဲ ဖြစ်ကြကြောင်း၊ လက်တွေ့တွင်မူ အလင်းဝင်တပ်သားများကို တော်လှန်ရေးတပ်များက နွေးထွေး ပျူငှာစွာ ဆက်ဆံသည်ကို တွေ့ရှိရကြောင်း ပြောဆိုသည်။

"အလင်းဝင်ရင် သတ်မယ် ပြုမယ်လို့ ဗိုလ်ကြီးတွေက ပြောတော့ ကြောက်ခဲ့ပါတယ်" ဟု တပ်သား အောင်သက်ထွန်းက ပြောဆိုပြီး အလင်းဝင် တပ်သား နေလင်းအောင်ကလည်း "ပစတွေ တော်တော်များများ ရှေ့မှာ ထိုးကျွေးခံရတာများတော့ အလင်းဝင်တယ်။ မင်းတို့ကောင်တွေ အလင်းဝင်ရင်လည်း ပစ်သတ်မှာပဲ။ လည်လှီးသတ်မယ်။ မင်းတို့အသက်က ပေးရမှာပဲလို့ ပြောဖူးတယ်" ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်း သင်တန်းများကို လစဉ် ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်း အပတ်စဉ် ၁၅ အထိ ရောက်ရှိလာပြီဖြစ်သည်။
👍42
🚨မုံရွာ🚨

မုံရွာစက်မှူ့ဇုန်လမ်း၊မအူဂိတ်ထွက်သံပြားကာ(၂)စီးသည် ကြယ်ဇင်မင်းဆီဆိုင်လမ်းနှင့်ငြိမ်းချမ်းရေးလမ်းဆုံတွင် စခများ၊ကင်းများချထားကြောင်းသတင်းရရှိ။

#EIO
Jul 16, 7:42AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
‼️မြေပြင်ကင်းထောက်များအလိုရှိသည်‼️

(စစ်အာဏာရှင်စနစ်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်) ဆောင်ပုဒ် ဖြင့် မိမိတို့ #EIO {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး} သည် ကျင့်ဝတ်စည်းကမ်းနှင့်အညီရပ်တည်နေခြင်းဖြစ်ပါသည်။

မိဘပြည်သူများဘေးကင်းစေရေး နှင့် တော်လှန်ရေးရဲဘော်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် စခ ကားတန်းများ၊(စခ+ပခ)များ၏ တပ်တည်၊တပ်လှုပ် သတင်းများ၊မြေပြင်လှုပ်ရှားမှုသတင်းများနှင့် နေ့စဉ်ယုတ်မာရက်စက်‌နေသော စခများ၏ လေကြောင်းဖြတ်သန်းမှုများကို အချိန်နှင့်တပြေးညီ မိမိတို့
#EIO ချန်နယ်အနေဖြင့် ပြန်လည်ဝေမျှပေးနိုင်ရန်အတွက် သတင်းပေးပို့နိုင်သော မြေပြင်ကင်းထောက်များ အလိုရှိပါသည်။

မိတ်ဆွေ၏ သတင်းပေးပို့မှုကို
#EIO အနေဖြင့် အလေးအနက် တန်ဖိုးထားပါသည်။

Be safe, Be strong, Be of help !

#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန်
@EagleInformationOperator
🙏5
🚨မုံရွာ🚨

မုံရွာနယ်မြောက်ခြမ်း၊မင်းတဲရွာတွင် ညအိပ်တပ်စွဲသော စခများသည် မင်းတဲရွာအနောက်‌‌ဖောက်လမ်းအတိုင်း သပြေတောရွာဘက်သို့ ဦးတည်ထွက်နေကြောင်းသတင်းရရှိ။စခ အအ မသိရသေးပါ။

#EIO
Jul 16, 8:00AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

မုံရွာတောင်၊ပုရစ်ကုန်းတောင်ရွာ အောင်မိုးတိုက်တွင်စခများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jul 16, 7:57AM
📬သတင်းပို့ရန် @EagleInformationOperator
👍4
🚨မုံရွာ🚨

မုံရွာ၊ကားလေးကွင်းမီးပွိုင့်တွင် စခများ ကင်းချထားကြောင်းသတင်းရရှိ။

Update - မုံရွာလဝကဂိတ်၊ညောင်ပင်သာဂိတ်၊ရေဦးဂိတ်တွင်လည်း စခရခကင်းများအရှေ့ထွက်နေကြောင်းသိရ။(9:03)AM

#EIO
Jul 16, 8:45AM
📬သတင်းပို့ရန် @EagleInformationOperator
👍3
"လက်စားချေခြင်းဟာ မပြီးဆုံးနိုင်တဲ့ သံသရာဖြစ်တယ်"

🔹သားနတ်သျှင်နောင် - တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃)စစ်ဒေသခွဲ စစ်သုံ့ပန်းထိန်းသိမ်းရေးတာဝန်ခံ

မေး - အခုလက်ရှိ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သားတွေ၊ ဘက်ပြောင်းလာတဲ့ စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဘယ်လိုမျိုး ခွဲခြားထိန်းသိမ်းထားသလဲ။ ဘယ်လိုအခြေအနေမျိုးမှာ ဖမ်းဆီးရမိတဲ့ စစ်သားတွေကို စစ်သုံ့ပန်းလို့ခေါ်လဲ။ ထိန်းသိမ်းထားရမှု အပေါ်မှာရော ဘယ်လိုခံယူချက်၊ ဘယ်လိုစိတ်အခြေနေမျိုးနဲ့ ထားရှိကြပါသလဲ။

ဖြေ - ကျွန်တော်တို့ရဲ့ စစ်သုံ့ပန်းဥပဒေမှာ စစ်သုံ့ပန်းအဖြစ်သတ်မှတ်တဲ့ အမျိုးအစား (၅)မျိုးရှိပါတယ်။
(၁)ကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်တွေကို (ဖမ်းဆီးရမိခဲ့လျှင်) စစ်သုံ့ပန်းအဖြစ် သတ်မှတ်ပါတယ်။
နံပါတ်(၂)ကတော့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
နံပါတ်(၃)ကတော့ ပြည်သူ့စစ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပါတယ်။
နံပါတ်(၄)ကတော့ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ အခြားလက်နက်ကိုင်အဖွဲ့ဝင်တွေပါ။
နံပါတ်(၅)ကတော့ ဖမ်းဆီးရမိခဲ့မယ်ဆိုရင် စစ်သုံ့ပန်းအဖြစ် သတ်မှတ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့သူတွေပေါ့။

အဲ့ဒီ(၅)မျိုးကိုတော့ ကျွန်တော်တို့ရဲ့ စစ်သုံ့ပန်းတွေအဖြစ်နဲ့ သတ်မှတ်ပါတယ်။ ကျွန်တော်တို့စခန်းမှာ စစ်သုံ့ပန်းတွေကို ဘယ်လို ခွဲခြားထိန်းသိမ်းသလဲဆိုတော့ ကျွန်တော်တို့စခန်းမှာ အိမ်ထောင်သည်တွေရယ်၊ အိမ်ထောင်မရှိသူတွေရယ် ခွဲခြားထားပါတယ်။ အဲ့ဒီမှာမှ အိမ်ထောင်သည်တွေကို သူတို့မိသားစုနဲ့နေနိုင်အောင် သီးခြားအခန်းတွေ ပြုလုပ်ပေးပြီး လုံခြုံရေးတင်းကျပ်စွာနဲ့ ထားရှိပေးထားပါတယ်။

ကလေးသူငယ်တွေနဲ့ပတ်သက်ရင်တော့ ကျောင်းနေအရွယ် ကလေးသူငယ်တွေကို NUG ပညာရေးဌာနနဲ့ ချိတ်ဆက်ပေးပြီး ကျွန်တော်တို့ ဒီစခန်းမှာပဲ ကျောင်းငယ်တွေ ဖွင့်လှစ်ပေးတာရှိတယ်။ ကျွန်တော်တို့စခန်းမှာဆိုရင် ကလေးငယ်တွေအတွက် အားကစားကွင်းတွေ လုပ်ပေးထားတာရှိတယ်။ ဒီကလေးငယ်တွေရဲ့ မိဘတွေကတော့ စစ်သုံ့ပန်းတွေမို့ ကလေးငယ်တွေအတွက် အပြင်နဲ့လည်းမစိမ်းအောင် အပြင်မှာရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေဆိုရင် ကျွန်တော်တို့ စခန်းမှာ ဒီကလေးငယ်တွေအတွက် လုပ်ပေးခဲ့တာတွေ ရှိပါတယ်။ သီးခြား ထိန်းသိမ်းတဲ့ဟာတွေပေါ့။

ဟုတ်ကဲ့ပါခင်ဗျ။ ဒီတာဝန်စပေးကတည်းက အမျိုးသားညီညွတ်ရေးအစိုး တာဝန်ရှိသူတွေက ကျွန်တော်တို့ကို သေသေချာချာ ပြောလိုက်တာ ရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ "တစ်ယောက်နဲ့တစ်ယောက် လက်စားချေခြင်းဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ သံသရာဖြစ်တယ်။ ကျွန်တော်တို့ဟာ အနာဂတ်မှာ ကောင်းမွန်တဲ့ ဖယ်ဒရယ်တပ်မတော်ကို တည်ဆောက်ဖို့ လိုတယ်။ အဲ့ခါမှာ စစ်သားတွေက ကျင့်ဝတ်နဲ့အညီ ပြုမူဖို့လိုတယ်။

တိုက်ပွဲကြားမှာ ပြင်းပြင်းထန်ထန်နဲ့ ကျွန်တော်တို့ရဲ့ ခွန်အားတွေ အကုန်သုံးပြီး ချေမှုန်းမှာဖြစ်ပါတယ်။ လက်နက်ချပြီး အညံ့ခံလာခဲ့တဲ့ စစ်သုံ့ပန်းတွေဆိုရင်တော့ ကျွန်တော်တို့ဟာ သူတို့ကို ညှာတာထောက်ထားပြီးတော့မှ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ဖို့၊ ဂျီနီဗာကွန်ဗန်းရှင်း၊ နောက် IHL ဒါတွေနဲ့ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ ဒါတွေကို တသွေမတိမ်း ဆောင်ရွက်ပါ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွန်ချက်တွေ၊ မူဝါဒတွေကို မမှိတ်မသုန်ဆောင်ရွက်ပါ။" ဆိုတဲ့ စကားရှိထားပြီးသား။

ကျွန်တော်တို့မှာ နာကြည်းချက်တွေရှိခဲ့ပါတယ်။ ကျွန်တော့်ရဲဘော်တွေဆိုရင်လည်း မိသားစုဝင်တွေ သ-တ်ဖြတ်ခံရတာတွေ ရှိမယ်၊ အနိုင်ကျင့်ခံရတာတွေ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါတွေရှိခဲ့ပါတယ်။ သို့သော်ငြားလည်း ကျွန်တော်တို့သည် မိမိရဲ့စိတ်ခံစားချက်ထက် ကျွန်တော်တို့ရဲ့ အလုပ်၊ ကျွန်တော်တို့ရဲ့ တာဝန်၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ဦးတည်ရမှာ ဖြစ်တဲ့အတွက် ယနေ့ ကျွန်တော့် စခန်းမှာဆိုရင် ဂျီနီဗာကွန်ဗန်းရှင်းနဲ့အညီ၊ IHL နဲ့အညီ၊ နောက် ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်တဲ့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်း စောင့်ရှောက် ထားရှိပါတယ်ခင်ဗျ။

မေး - အချို့အဖွဲ့အစည်းတွေ၊ အချို့ဒေသတွေမှာ စစ်သုံ့ပန်းတွေအပေါ် အထိန်းကွပ်မဲ့တွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုးတွေ ရှိတယ်လို့ မြင်ရတွေ့ရတယ် ဆိုပြီးတော့ ဝေဖန်နေကြတယ်။ ဒီအပေါ်မှာရော ဘာများပြောချင်တာမျိုးတွေ ရှိသလဲရှင့်။ ပြီးတော့ နောက်တစ်ခုက ဒါတွေဟာ လုပ်သင့်ရဲ့လား၊ မလုပ်သင့်ဘူးလား ဆိုတာကိုလည်း ကျွန်မတို့ကို ဆွေးနွေးပေးပါဦးရှင့်။

ဖြေ - စစ်သုံ့ပန်းတွေကို တရားလက်မဲ့လုပ်တာကတော့ စစ်သုံ့ပန်းတွေကိုမှ မဟုတ်ပါဘူး။ မြန်မာပြည်မှာ မွေးဖွားတဲ့ ဘယ်လူမျိုးကိုမဆို၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမဆို တရားလက်မဲ့ လုပ်တာတော့ ကျွန်တော်တို့ လက်မခံဘူး။ ကျွန်တော်နဲ့ပတ်သက်ပြီး၊ စခန်းနဲ့ပတ်သက်ပြီး ကျွန်တော်နည်းနည်းလေး ပြောချင်ပါတယ်။ ကျွန်တော်တို့ လိုချင်တာ ငြိမ်းချမ်းပြီးတော့ တိုးတက်တဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ ဒါကို ဂရုစိုက်ဖို့လိုပါတယ်။
1
ကျွန်တော်လည်း အဆဲခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က လူ့အခွင့်အရေးနဲ့ သိပ်ညီတယ်ဆိုပြီးတော့ ခဏခဏ အဆဲခံရတဲ့အထဲမှာ ကျွန်တော်က နံပါတ်(၁)ပါ။ အဲ့တော့ တချို့ဆိုပြောတယ် ဒီကောင် ဒလန်များဖြစ်ပြီလားပေါ့။ မဟုတ်ပါဘူး ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ ပြဿနာကြီးကြောင့် ကျွန်တော်တို့ အခုလို ဖြစ်ကုန်ကြတာပါ။

စစ်တပ်က စစ်တပ်အလုပ်မလုပ်တဲ့အတွက် အကုန်လုံးဟာ နေရာတွေ အကုန်လွဲပြီး လုပ်‌နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို တကယ်ပြောင်းလဲချင်ရင်တော့ ဆဲပါစေ၊ ပြောပါစေ ကျွန်တော်တို့က အမှန်တိုင်းပြောမယ်။ ဘယ်သူမဆို ဒီတိုင်းပြည်မှာ တရားမျှတမှု ရသင့်ပါတယ်။ စစ်သုံ့ပန်းတွေဆိုပြီးတော့ ကိုယ့်အထဲရောက်တိုင်း ကျွန်တော်တို့ အနိုင်ကျင့်နေတယ်ဆိုရင် ကလဲ့စားချေခြင်း သံသရာလည်မှာမို့လို့ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေမဲ့လုပ်တာတွေရော၊ စစ်သုံ့ပန်းကစလို့ မည်သူမဆိုလုပ်တာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။

မေး - ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေက တော်လှန်ရေးအပေါ်မှာ အမြင်ပြောင်းလဲလာတာတွေ၊ သဘောထားပြောင်းလဲလာတာတွေ၊ သူတို့ရဲ့ယုံကြည်ချက်၊ ခံယူချက်တွေက တစ်စုံတစ်ရာ ပြောင်းလဲလာတာမျိုးရော ရှိလား။ ဘယ်လိုအခြေနေမျိုးတွေ ရှိနေသလဲရှင့်။

ဖြေ - ဒီစကားပြောရင်တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျွန်တော့်စခန်း ဗုံးလာကြဲမလား မသိဘူး။ သူကပြောဖူးတယ်၊ စစ်သုံ့ပန်းတွေက စစ်ပြန်တိုက်နေလို့ သူဒါကိုလုံးဝ လုံးဝ တော်တော်‌လေးဆန့်ကျင်ပြီး ပြောထားတာရှိတယ်။ ကျွန်တော်ပြောချင်တာ တစ်ခုပါပဲ။ DSA ကျောင်းဆင်းမဟုတ်တဲ့ စစ်သည်တွေအကုန်လုံးက အရင်ကစစ်ပွဲတွေမှာလည်း ကျွန်တော်တို့နဲ့ ကူတိုက်ပေးနေပါတယ်။ ကရင်ပြည်နယ်မှာ။ အချိန်မရွေးလည်း တိုက်ဖို့ အဆင်သင့်ရှိပါတယ်။

တစ်ချို့လူတွေကတော့ ကျွန်တော့်ကို ပြောကြတယ်။ ဒီလိုမေတ္တာထားတာ ဘာပြောင်းလဲမှာမို့လို့လဲ။ ကျွန်တော်တို့မေတ္တာထားတဲ့ အပြောင်းအလဲ ရှိပါတယ်။ ဒီနေ့ ကျွန်တော့်ဆီက စစ်သုံ့ပန်းတွေအကုန်လုံးက စစ်တိုက်ဖို့ အဆင်သင့်ပါပဲ။ နောက်တစ်ခု ပြောချင်တာ ရိက္ခာတို့ဘာတို့ ကိစ္စပေါ့။ ဒါနည်းနည်းလေး ပြောချင်ပါတယ်။ ဒါ နားလည်မှုလည်း လွဲမှာစိုးလို့။ ဒါကTalk showဆိုတော့လေ။

ကျွန်တော်တို့အနေနဲ့ ပြည့်စုံနေတာ မဟုတ်ပါဘူးဗျ။ ဒီကလေးတွေ စာသင်ဖို့၊ သုံ့ပန်းတွေ စားဖို့သောက်ဖို့၊ ဆေးကုဖို့ အကုန်လုံးက အမျိုးသားညီညွတ်ရေးအစိုးရက အမြဲတစေထောက်ပံ့နေနိုင်တယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တောထဲဝင်လာကတည်းက ထောက်ပံ့မှု တစ်ခုခုရမှ တော်လှန်ရေးလုပ်မယ် ဆိုတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်က ဒီတာဝန်ကို ယူတဲ့နေ့က စပြီးတော့ ဒီစခန်း တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျွန်တော်လုပ်နိုင်သမျှအားနဲ့ ရုန်းခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့စခန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဥပဒေနဲ့အညီ ဆေးဝါးစောင့်ရှောက်မှု ပေးပါတယ်။ မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးပါတယ်။ လူသားဆန်စွာ ရှင်သန်ခွင့် ပေးပါတယ်။ အဲ့ဒါတွေအတွက် ကျွန်တော်တို့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ထောက်ပံ့မှုကို အများကြီး ရနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မူဝါဒလမ်းစဉ်တွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ ဘာကြောင့်လဲ။ တိုင်းပြည် လွတ်လပ်ချင်လို့၊ တိုင်းပြည် ငြိမ်းချမ်းချင်လို့၊ တိုင်းပြည် ပြောင်းလဲချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မူဝါဒနဲ့အညီ ငါတို့ ဘာလုပ်နိုင်လဲ ဆိုတာကိုပဲ ကျွန်တော်တို့ လုပ်နေတာ ဖြစ်ပါတယ်။

ပြည်သူ့ပန်းတိုင်
#People's Goal
1
🚨ချောင်းဦး🚨

ချောင်းဦး၊နတ်ရေကန်မှ စခများသည် လက်နက်ကြီးဖြင့် အရှေ့အရပ်သို့ ရမ်းသန်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jul 16, 10:25AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2👍1
🚨ရန်ကုန်-ပဲခူးလမ်းပိုင်း🚨

အင်းတကော အဝင် ဇရပ်ကွင်းဂိတ်တွင် စခများသည် အစစ်အဆေးပိုမိုတင်းကျပ်‌ပြီး မှတ်ပုံတင်စစ်ဆေး၊ကားများအစစ်ဆေးပြုလုပ်‌နေကြောင်းသတင်းရရှိ။

#EIO
Jul 16, 10:35AM
📬သတင်းပို့ရန် @EagleInformationOperator
🙏2
🚨ပဲခူးလမ်းပိုင်း🚨

ပဲခူးဘက်မှ Sinotruck (4)စီး၊မိုးကာအုပ် (2)စီး ဇရပ်ကွင်းဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 16, 10:45AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
မိုးရာသီအတွင်း မိုင်းအန္တရာယ် ပိုများနိုင်ပါတယ်!
မိုးများပြီး မြေပြင်ပြောင်းလဲမှုကြောင့် မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်း တွေဟာ တခြားနေရာတွေကိုရွှေ့သွားနိုင်ပါတယ်။

အရင်က မိုင်းအန္တရာယ်ရှိတယ်လို့ အမှတ်အသားပြုထားတဲ့ နေရာတွေကို မသွားပါနဲ့။ အမှတ်အသားတွေဟာ ရှိခဲ့ဖူးသည့်တိုင် ပျောက်ပျက်သွားတာ၊ မရှိတာ (သို့မဟုတ်) မိုးရေတွေနဲ့ မျောပါ ပျောက်ဆုံးနေနိုင်တယ် ဆိုတာကို သတိပြုပါ။
တိုက်ပွဲတွေဖြစ်ဖူးတဲ့ နေရာအနီးတဝိုက်က ရေကြီး ရေလျှံဖြစ်ဖူးတဲ့ လမ်းငယ်တွေ၊ လယ်ကွင်းတွေ (သို့မဟုတ်) အဲ့ဒီနေရာအနီးတဝိုက် နေရာတွေကို ရှောင်ရှားပါ။ ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ ရေနဲ့ရွှံ့နွံတွေ၊ အမှိုက်တွေ အောက်မှာ ဖုံးကွယ်နေနိုင်ပါတယ်။
မြေမြှုပ်မိုင်းနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ နေအိမ်၊ အိမ်ခြံဝင်း (သို့မဟုတ်) အများသုံးနေရာတွေထဲကို ရွေ့လျားသွားနိုင်တာကြောင့် အပျက်အစီး/အမှိုက်သရိုက်တွေ ဖယ်ရှားတဲ့အခါ သတိပြုကြရမှာဖြစ်ပါတယ်။

မိသားစု လုံလုံခြုံခြုံနေဖို့ အခုကစပြီး သတိထားကြပါစို့။

#EORE
#ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်သတိပေးမှု
#မိုးရာသီသတိထားစို့

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏4
#EORE
#ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်သတိပေးမှု
#မိုးရာသီသတိထားစို့

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏2