EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
Eagle Information Operator ချန်နယ်သည် ကိုယ်ထူကိုယ်ထ အနေဖြင့် အနယ်နယ်အရပ်မှဒေသပေါင်းစုံ အိုင်အိုများ၊ပြန်ကြားရေးသမားများ၊သတင်းတာဝန်ခံများ၊စုပေါင်း၍လုပ်ကိုင်နေကြသောချန်နယ်ဖြစ်ပြီး၊ကိုယ်ပိုင်ထောက်လှမ်းသတင်းများကို တင်ပေးယုံသာမက ပြည်သူများနှင့်‌တော်လှန်ရေးရဲဘော်များအဆင်ပြေချောမွေ့စွာ သတင်း ရယူကြည့်ရူနိုင်ရန် ရည်စူးပြီး အခြားသတင်းဌာနများမှ သတင်းများကိုလည်း မူရင်းအာဘော်မပျက် ဒီမိုကရေစီစံနှုန်းတခုဖြစ်သော Intellectual Property Right (ဉာဏမူပိုင်ခွင့်) အား လေးစားသောအားဖြင့် Source Credit ပေး တင်ပြပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ #Eagle Information Operator ချန်နယ်မှသတင်းများကို ကော်ပီယူသုံးစွဲမည်၊ဖြန့်‌ဝေမည်ဆိုပါကလည်း လေးစားသမှုဖြင့် #EIO Credit ပေးခြင်းဖြင့်သာဖြန့်ဝေ ပေးကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။


#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
💯21👍1
‼️အသိပေးပန်ကြားချက်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Fb page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်အတွက် ကြိုးစား၍လုပ်ဆောင်ပေးနေပါသည်။

#EIO သည် မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝလုံးဝ)အလျင်းမရှိပါ။ ကိုယ်ထူကိုယ်ထ လုပ်ကိုင်ဆောင်ရွက်နေသော (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)ဖြစ်ပါသည်။

#EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

#EIO Founder #BG
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👍4👏1
‼️မြေပြင်ကင်းထောက်များအလိုရှိသည်‼️

(စစ်အာဏာရှင်စနစ်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်) ဆောင်ပုဒ် ဖြင့် မိမိတို့ #EIO {ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး} သည် ကျင့်ဝတ်စည်းကမ်းနှင့်အညီရပ်တည်နေခြင်းဖြစ်ပါသည်။

မိဘပြည်သူများဘေးကင်းစေရေး နှင့် တော်လှန်ရေးရဲဘော်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်အတွက် စခ ကားတန်းများ၊(စခ+ပခ)များ၏ တပ်တည်၊တပ်လှုပ် သတင်းများ၊မြေပြင်လှုပ်ရှားမှုသတင်းများနှင့် နေ့စဉ်ယုတ်မာရက်စက်‌နေသော စခများ၏ လေကြောင်းဖြတ်သန်းမှုများကို အချိန်နှင့်တပြေးညီ မိမိတို့
#EIO ချန်နယ်အနေဖြင့် ပြန်လည်ဝေမျှပေးနိုင်ရန်အတွက် သတင်းပေးပို့နိုင်သော မြေပြင်ကင်းထောက်များ အလိုရှိပါသည်။

မိတ်ဆွေ၏ သတင်းပေးပို့မှုကို
#EIO အနေဖြင့် အလေးအနက် တန်ဖိုးထားပါသည်။

Be safe, Be strong, Be of help !

#Admin Team
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန်
@EagleInformationOperator
👍1👏1
❝ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ ❞

▬▬▬▬▬▬▬▬▬▬

ကျနော်တို့ဟာ NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့ချိန်ထိ ဒီနိုင်ငံအတွက် ဒီတော်လှန်ရေးကို ဦးဆောင်မယ့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားကြပါတယ်။ အားကိုး အားထားလည်း ပြုပါတယ်။ ဒါက အခုချိန်ထိ ပါပဲ။

ဒါပေမယ့်၊ မထောက်မညှာဘဲ၊ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု အမြင်တွေမပါဘဲ တော်လှန်ရေးအကျိုးကို ရှေးရှုပြီး ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ လက်ရှိ စုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်။ ဒီသုံးသပ်ချက်က ကျနော့်အနေနဲ့ တော်လှန်ရေးကာလ အချိန်လေးနှစ်ကျော်ငါးနှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံအရပ်ရပ်ကို ခြုံငုံပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ဒီစကားက တော်လှန်ရေးကို အမြန် ပြီးမြောက်အောင်မြင်စေလိုတဲ့ စိတ်၊ NUG ကို တော်လှန်ရေးအစိုးရအဖြစ် တကယ်အလုပ်ဖြစ် အားကောင်းစေလိုတဲ့ စိတ်အပြည့်နဲ့ ပြောဆိုတင်ပြခြင်း ဖြစ်ပါတယ်။

“NUG အလုပ်ဖြစ်ဖို့လိုတယ်၊ ခေါင်းဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် NUG အားကောင်းဖို့ လိုအပ်တယ်” အစရှိတဲ့ အကြောင်းအရာတွေကို ကျနော်တို့အနေနဲ့ NUG အစိုးရက အမြင့်ဆုံးသော တာဝန်ရှိသူများအပါအဝင် အဆင့်ဆင့်သော NUG တာဝန်ရှိသူများကို လူတွေ့ကော အွန်လိုင်းကပါ အပ်ကြောင်းထပ်အောင် ထပ်ခါထပ်ခါ တင်ပြ၊ အကြံပြုခဲ့ပါတယ်၊ အခုလည်း တင်ပြ၊ အကြံပြုနေဆဲပါ။ ဘာတွေကို၊ ဘယ်အကြောင်းအရာ ဘယ်ကဏ္ဍတွေကို ဘယ်လိုမျိုး ပြင်ဆင်ပြောင်းလဲသင့်တယ်ဆိုတဲ့ အသေးစိတ်ကိစ္စအချို့ကိုလည်း ကိုယ်ဉာဏ်မီသမျှ စုစည်း အကြံပြုပါတယ်။

ဒီလို အကြံပြုတင်ပြခဲ့တာကလည်း အခု (၂၀၂၅) ခုကျမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ သုံးနှစ်လောက်ကတည်းက ဖြစ်ပါတယ်။ ဒီတော်လှန်ရေးအတွက် NUG အားကောင်းရေး လိုအပ်ပုံ၊ ဒီအတွက် ပြင်ဆင်ပြောင်းလဲရေး အရေးကြီးတို့ကို ပြည်သူလူထုထံသို့လည်း လူမှုကွန်ယက်မီဒီယာများကတဆင့် အခါအားလျော်စွာ အသိပေးတင်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက သမ္မတ ဒူဝါကြီးကိုယ်တိုင်က “တော်လှန်ရေးအတွက် NUG အစိုးရကို လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ်၊ ဒါ့ကြောင့် NUG အတွင်း ပြင်ဆင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်မယ်” ဆိုတဲ့သဘောမျိုးကို ပြည်သူလူထုကို အသိပေးခဲ့စဉ်က ကျနော်တို့ ပြည်သူလူထုအနေနဲ့ အလွန်ပဲ စိတ်အားတက်ခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်တွေသာ တဖြည်းဖြည်းရွေ့လာတယ်၊ အခုချိန်ထိ NUG မှာ တကယ်ထိရောက်တဲ့၊ တကယ်လက်တွေ့ကျတဲ့ ပြင်ဆင်ပြောင်းလဲမှုမျိုးကို ကျနော်တို့လူထုအနေနဲ့ မတွေ့ရပါဘူး။

ကျနော့်အမြင်ကို တင်ပြရလျှင် ဒီပြည်သူ့တော်လှန်ရေးကြီးကို အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အင်အားတွေကို စုစည်းရယူနိုင်တာက NUG အစိုးရမှာသာလျှင် အလားအလာနဲ့ အခွင့်အလမ်း အရှိဆုံးဖြစ်ပါတယ်။ ဒီကောက်ချက်အပေါ် အနည်းငယ် ရှင်းလင်း တင်ပြခွင့်ပြုပါ။

အခုချိန်ထိ NUG မှာ တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ တရားဝင်မှုနဲ့ လူထုထောက်ခံမှု (de’ jure Legitimacy and Public Support) ရှိနေဆဲဖြစ်ပါတယ်။ NUG အပေါ် လူထုထောက်ခံမှုအနေနဲ့ စတင်ဖွဲ့စည်းစဉ်ကနဲ့ နှိုင်းယှဉ်ရင် အတိုင်းအတာတခုထိ ကျဆင်းကောင်း ကျဆင်းသွားနိုင်ပေမယ့် တော်လှန်ရေးအောင်ဖို့အတွက် လုံလောက်တဲ့ လူထုထောက်ခံမှု ရှိနေဆဲဖြစ်ပါတယ်။

စစ်ရေးကဏ္ဍအတွက် လိုအပ်တဲ့ လူအင်အား (Man Power) ရရှိဖို့အတွက်လည်း စစ်ကိုင်း၊ မကွေး၊ မန္တလေး အစရှိတဲ့ ဒေသများတွင်းက လူငယ်လူရွယ်တွေနဲ့ပဲတောင် လိုတာထက် ပိုတဲ့အရေအတွက်ကို ရနိုင်ပါတယ်။ ဒီတိုက်ခိုက်ရေးအင်အားတွေကို စနစ်တကျ စုစည်းတည်ဆောက်နိုင်တဲ့ အခွင့်အလမ်းကလည်း NUG မှာပဲ ရှိပါတယ်။ ဒါပေမယ့် NUG ဟာ ဒီအခွင့်အလမ်းကို လုံးလုံး အသုံးမချနိုင်ပါဘူး။

NUG အနေနဲ့ အခုထိ ဒီပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျ မှန်ကန်သော ဆင့်ကဲကွပ်ကဲအုပ်ချုပ် ထောက်ပံ့မှုစနစ် (Chain of Command) မတည်ဆောက်နိုင်သေးပါဘူး။ အခုချိန်ထိ အများစုသော PDF ပကဖ တွေဟာ တကယ်စစ်တိုက်လို့ရတဲ့ “တပ်” ဖြစ်မနေဘဲ “လက်နက်ကိုင်ထားတဲ့ လူအုပ်ကြီး” သာ ဖြစ်နေပါတယ်။ ပြန့်ကျဲနေတဲ့ ဒီတိုက်ခိုက်ရေးအင်အား “အရေအတွက်” တွေကို စနစ်တကျ မစုစည်းနိုင်တဲ့အခါ “အရည်အသွေး” လည်း တက်မလာတော့ပါဘူး။ ပိုဆိုးတာကတော့ “တပ် တည်ဆောက်ရေး” ကို လက်တွေ့ကျကျ မလုပ်နိုင်တဲ့အခါ နဂိုက မိမိအားသာချက်ဖြစ်တဲ့ ရှိရင်းစွဲ “အရေအတွက်” တောင် တဖြည်းဖြည်းနဲ့ လုံးပါး ပါးလိုက်လာ၊ ကျဆင်းလာပါတော့တယ်။ ဒါက စစ်ရေးတိုက်ပွဲမျက်နှာစာအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်ချက်ကြီးပါ။
ဒီထက် ပိုဆိုးတာကတော့ တော်လှန်ရေး အချိန်ကြာလာတဲ့အမျှ တော်လှန်ရေးသမားတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ကျင့်ဝတ်စည်းကမ်း” (Code of Conduct) ဆိုင်ရာ အားနည်းယိုယွင်းမှုတွေပါပဲ။ NUG စိုးမိုးနယ်မြေတွေမှာ နာမည်ကျော်ကြားလှတဲ့ (ပကဖ ပအဖ ပလဖ) “ပ” သုံးလုံး ပြဿနာတွေပေါ့ဗျာ။ အခုဆို အချို့သော PDF တပ်ရင်းတပ်ဖွဲ့တွေလည်း ကျင့်ဝတ်စည်းကမ်းပိုင်းအရ အတော်ကို အားနည်းလျော့ရဲလာတာကို တွေ့လာရပါတယ်။ အတော် စိတ်ပူစရာ ကောင်းတဲ့အခြေအနေပါဗျာ။ NUG အစိုးရဟာ ကိုယ်ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး အစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ တည်ဆောက်ခြင်းအတတ်ပညာ (Institutionalization) အလွန်အားနည်းနေတယ်လို့ သုံးသပ်မိပါတယ်။

အလားတူပဲ ငွေကြေးဘဏ္ဍာရေး (Money Power) ဆိုရင်လည်း NUG ဟာ စီမံခန့်ခွဲနိုင်စွမ်း အလွန်အားနည်းနေတာကို တွေ့ရပါတယ်။ NUG ဟာ ၂၀၂၃ နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့ရရှိလာတဲ့ မိမိစိုးမိုးထိန်းချုပ်နယ်မြေတွေက သဘာဝ သယံဇာတအခြေပြု ဝင်ငွေအရပ်ရပ်ကိုပဲ အကောင်းဆုံး စီမံခန်ခွဲနိုင်မယ်ဆိုရင် ဒီတော်လှန်ရေးအတွက် လုံလောက်တဲ့ ဘဏ္ဍာငွေအင်အားကို ရရှိနိုင်ပြီဖြစ်ပါတယ်။

အခုတော့ စီမံခန့်ခွဲမှု “စွမ်းရည်” ကလည်း အလွန်အားနည်း၊ ချမှတ်ထားတဲ့ ဘဏ္ဍာရေးနဲ့ အခွန်အကောက်ဆိုင်ရာ “မူဝါဒ” တွေကပါ တော်လှန်ရေးကာလနဲ့ မကိုက်ညီတဲ့အခါ ဒီသယံဇာတတွေ၊ ဒီဝင်ငွေတွေက တော်လှန်ရေးအတွက် အကျိုးရှိသင့်သလောက် မရှိဘဲ ဖြစ်နေရပါတယ်။ အခုချိန်မှာ ပြောရရင် တော်လှန်ရေးအတွက် ဘဏ္ဍာငွေကြေးကလည်း NUG အစိုးရရဲ့ စွမ်းဆောင်ရည် အားနည်းချက်ကြောင့် မခက်ခဲသင့်ဘဲ ခက်ခဲနေရတဲ့ ပြဿနာကြီးတရပ် ဖြစ်နေရပါတယ်။

ဘဏ္ဍာငွေကြေးအရ အားနည်းလိုအပ်ချက်တွေ ရှိနေတဲ့အခါမှာ စစ်ရေးတိုက်ပွဲအတွက် လိုအပ်တဲ့ လ-က်-န-က်ခဲယမ်း အပါအဝင် ရုပ်ဝတ္တုပစ္စည်း (Material Power) ကိုလည်း လုံလောက်အောင် ဖြည့်တင်းနိုင်မှု မရှိတော့ပါဘူး။ လုံလောက်တဲ့ ထောက်ပံ့မှု (Logistics Supply) လုပ်မပေးနိုင်ခြင်းကလည်း NUG အတွက် ကိုယ်အတည်ပြုဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်တပ် (PDF, ပကဖ၊ ပလဖ) တွေကို အပြည့်အဝ ကွပ်ကဲအုပ်ချုပ်ဖို့၊ CoC အော်ဒါဝင်ဖို့ အခက်အခဲဖြစ်စေတဲ့ ကြီးမားတဲ့ ပြဿနာကြီးပါ။

ကျနော်တို့ တွေ့မိသလောက် NUG ရဲ့ စစ်ရေးကဏ္ဍမှာ နောက်ထပ်ကြီးမားတဲ့ ပြဿနာတခုက တပ်က (၂) ခုဖြစ်နေတဲ့ ပြဿနာပါ။ ရှင်းအောင်ပြောရရင် PDF နဲ့ ပကဖ ဆိုပြီး တပ် (၂) တပ် ဖြစ်နေတာပါ။ “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့”၊ အတိုကောက် “ပကဖ” လို့ခေါ်တဲ့ အဖွဲ့အစည်းက သီဝရီသဘောတရားက “ပြည်သူ့စစ်” (Militia) ပါ။ မိမိထက် အင်အားသာလွန်တဲ့ ရန်သူကို စစ်ရေးအရ ရင်ဆိုင်ကြရာမှာ ပြည်သူလူထုတရပ်လုံးကို စည်းရုံးစုစည်းနိုင်ဖို့အတွက် “ပြည်သူ့စစ်မဟာဗျူဟာ” ကို ကျင့်သုံးလေ့ရှိတာက သီဝရီအရ မှန်ပါတယ်။ NUG က “ပကဖ” ဖွဲ့တာက သဘောတရားအရ မှန်ကန်ပေမယ့်၊ လိုလည်း လိုအပ်ပေမယ့် အခုချိန်မှာ “ပကဖ” နဲ့ပတ်သတ်ရင် ပြဿနာတွေ၊ ပြောစရာတွေ၊ ပြင်စရာ ပြောင်းစရာတွေ အများကြီး ရှိလာပါပြီ။

အဓိက ပြဿနာကတော့ အမြဲတမ်း တိုက်ခိုက်ရေးတပ် (Regular Army) မဟုတ်တဲ့၊ စစ်သားတပိုင်း အရပ်သားတပိုင်းပဲဖြစ်တဲ့၊ ပြည်သူ့စစ်အဖွဲ့အစည်းဖြစ်တဲ့ “ပကဖ” ထဲမှာ လူအင်အား၊ ငွေအင်အား၊ လ-က်န-က်ခဲယမ်းနဲ့ ရုပ်ဝတ္တုအင်အားများစွာ စုနေတာအပြင် လုပ်ပိုင်ခွင့်တွေပါ အများကြီး စုနေတာ ဖြစ်ပါတယ်။ ဒါက တော်လှန်ရေးအတွက်၊ NUG အတွက် သေသေချာချာ ပြန်လည် သုံးသပ် ပြင်ဆင်ရမယ့် ပြဿနာတရပ် ဖြစ်ပါတယ်။ “ပကဖ” ပြဿနာကို အခု ကွယ်လွန်သွားပြီးဖြစ်တဲ့ အမှတ် (၁) စစ်ဒေသမှူးကြီး KIA စစ်ဦးစီးချုပ် ဒူကဘာ ဂွ (ခေါ်) ဒူကဘာ ခေါင်လွမ်းလည်း မကြာခဏ ပြောခဲ့ဆိုခဲ့ဖူးပါတယ်။

NUG အနေနဲ့ တကယ်ဦးစားပေး လုပ်ဆောင်သင့်တာက အမြဲတမ်းတပ်၊ တိုက်ခိုက်ရေးတပ်ဖြစ်တဲ့ PDF ကို အားကောင်းဖို့၊ CoC (၂) ရပ် ခိုင်မာဖို့ဖြစ်ပါတယ်။ တကယ် စစ်တိုက်နိုင်တဲ့၊ စစ်တိုက်ဖို့အတွက် ကိုက်ညီတဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးရှိတဲ့ “ပကဖ” အင်အားတွေကို အခုချိန်မှာ PDF တွေအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လို့ ရပါပြီ။ “ပြည်သူ့စစ်မဟာဗျူဟာ” မှာ “ပြည်သူ့စစ်” ဆိုတာကိုက အမြဲတမ်းတပ်အတွက် “အရန်အင်အား” ဖြစ်ပါတယ်။ လိုအပ်တဲ့အချိန်၊ ကိုက်ညီတဲ့အချိန်မှာ ပြည်သူ့စစ်အင်အားအချို့ဟာ အမြဲတမ်းတပ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ရန် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်၊ NUG စတင်ဖွဲ့စည်းခဲ့စဉ်က နံပါတ်တစ်ဦးစားပေး စဉ်းစားခဲ့ရတာက “တရားဝင်မှု” (Legitimacy) ပြိုင်ပွဲဖြစ်ပါတယ်။ “အာဏာသိမ်းစစ်အုပ်စုဟာ တရားမဝင်ဘူး၊ လူထု လက်မခံဘူး၊ NUG သာလျှင် တရားဝင်တယ်၊ လူထုထောက်ခံတယ်” ဆိုတဲ့ တရားဝင်မှုဆိုင်ရာ ပြိုင်ပွဲနဲ့ စစ်အုပ်စုကို ထိုးနှပ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တရားဝင်မှု အားကောင်းဖို့၊ ပြည်တွင်း ပြည်ပ ထောက်ခံမှု ရဖို့အတွက်လည်း (၂၀၂၀) ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ EROs နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းက ထင်ရှားသူတွေ၊ CDM နဲ့ လူထုလှုပ်ရှားမှုကဏ္ဍက ထင်ရှားသူတွေ အစရှိသူတွေ စုစည်းစုရုံးကာ NUG ကို ဖွဲ့စည်းခဲ့ကြတာပါ။
👍1
အခု ပြည်သူ့တော်လှန်ရေးခရီးက အချိန်ငါးနှစ်ရှိလာတဲ့အခါမှာ ဒီ “တရားဝင်မှု” သပ်သပ်နဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ မလုံလောက်တော့ပါဘူး။ အခုက မြေပြင်မှာ တကယ်အုပ်ချုပ်ရပါပြီ၊ တကယ်စ-စ်တိုက်ရပါပြီ၊ တကယ် ဘဏ္ဍာရေးကိစ္စတွေ စီမံခန့်ခွဲရပါပြီ၊ တကယ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်နေရပါပြီ။ ဒီတော့ ဦးဆောင်မှု စွမ်းရည်၊ စွမ်းဆောင်နိုင်မှု၊ အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူဘောင်များ ခိုင်မာမှု အစရှိတာများက အထူးအရေးကြီး လိုအပ်လာပါတယ်။ ဒီအတွက် စွမ်းဆောင်ရည် ထက်မြက်ပြည့်ဝဖို့အတွက် လိုအပ်သလို ပြင်ဆင်ပြောင်းလဲရဖို့ပဲ ဖြစ်ပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်ကာလရဲ့ ရွေ့လျားမှု၊ တော်လှန်ရေးရဲ့ ဖြစ်ထွန်းတိုးတက်မှုများနဲ့အညီ NUG ဟာ လိုက်လျောညီထွေ ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။

ဒီမှာ မေးစရာတခု ရှိလာပါတယ်။ ဒီတော်လှန်ရေး အောင်ဖို့က NUG တစုတဖွဲ့တည်းရဲ့ တာဝန်လား၊ NUG တဖွဲ့တည်း ကောင်းနေရုံနဲ့ ဒီတော်လှန်ရေး ပြီးပါ့မလားဆိုတဲ့ မေးခွန်းပါ။ ဟုတ်ပါတယ်၊ ဒီတော််လှန်ရေး အောင်ဖို့က NUG တဖွဲ့တည်းရဲ့ တာဝန် မဟုတ်ပါဘူး။ NUG တဖွဲ့တည်းရဲ့ အစွမ်းသပ်သပ်နဲ့လည်း ဒီတော်လှန်ရေး ပြီးမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ (EROs)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစရှိတဲ့ အဖွဲ့အစည်းကြီးများမှာလည်း ဒီတော်လှန်ရေး အောင်မြင်ဖို့အတွက် တာဝန် ရှိပါတယ်။ ဒီအဖွဲ့တွေ ကိုယ့်တာဝန် ကိုယ်ကျေပွန်ဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သတ်လို့လည်း နောင်မှာ အလျဉ်းသင့်သလို ပြည်သူမှတဆင့် ဝေဖန်ရေး ပေးကာ အကြံပြုချက်များ တင်ပြပါဦးမယ်။

ဒါပေမယ့်၊ ကျနော်တို့လူထုအနေနဲ့ အခုချိန်ထိ လက်ခံယုံကြည်ထားတာက NUG သည် တော်လှန်ရေးအစိုးရ ဖြစ်တယ်၊ ပြည်ထောင်စု အစိုးရဖြစ်တယ်။ ဒီတော်လှန်ရေးအောင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို စုစည်းနိုင်ဖို့ အခွင့်အလမ်းနဲ့ အလားအလာကလည်း NUG မှာသာ ရှိတယ်။ ဒါ့ကြောင့် ဒီတော်လှန်ရေး အောင်ဖို့အတွက် တာဝန်အရှိဆုံးအဖွဲ့နဲ့ ခေါင်းခံရမယ့်အဖွဲ့က NUG သာ ဖြစ်တယ်။ ခေါင်းမခံချင်ဘူးဆိုရင်တော့ အစကတည်းက “ပြည်ထောင်စုအစိုးရ” မလုပ်တာ ကောင်းပါလိမ့်မယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့မှာ နိုင်ငံရေးအရ အားနည်းနေတဲ့ “တရားဝင်မှု” (Legitimacy) ကို လာမယ့် အတုအယောင် ဟန်ပြ လုပ်ပွဲ ရွေးကောက်ပွဲကနေတဆင့် အားဖြည့်ဖို့ လုပ်နေပါပြီ။ အလားတူ စစ်ရေးအရ တိုက်စွမ်းအား “အရေအတွက်” လူအင်အား အားနည်းမှုကို လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး ဖြည့်ဆည်းနေပါတယ်။ တိုက်စွမ်းရည် “အရည်အသွေး” ကိုတော့ တရုပ်၊ ရုရှားအစတဲ့ရှိတဲ့ နိုင်ငံအစိုးရတွေရဲ့ ကူညီမှုနဲ့အတူ Drone အပါအဝင် နည်းပညာအစွမ်းနဲ့ ဖြည့်ဆည်းနေပါပြီ။

ဒီတော်လှန်ရေးကို မှန်ကန်၊ အားကောင်းတဲ့ ခေါင်းဆောင်မှုပြုနိုင်ဖို့အတွက် တပ်ဦးဖြစ်တဲ့ NUG အစိုးရအနေနဲ့ အချိန်မနှောင်းမီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို အခုပြည်သူ့တော်လှန်ရေးကြီးက တောင်းဆိုနေပြီဖြစ်ပါတယ်။

——-

ဆိုရေးရှိစ ဆိုအပ်လှစွာ

ဆိုစများလျား ထားပချေမိ

ငါ့ဝန်ရှိခဲ့။

(စာဆို အရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်လင်္ကာကြီးမှ ကောက်နှုတ်ချက်)

——-

“အမျိုးသားညီညွတ်ရေးအစိုးရ . . . ဒို့အစိုးရ ဒို့အစိုးရ”

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

❏ ရေးသားသူ - ကိုတေဇာ (အရေးတော်ပုံ တပ်သားတဦး)

၇ ရက် ဇူလိုင် ၂၀၂၅

(ဤစာစုကို ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၃ နှစ်ပြည့်နေ့၌ ပြည်သူလူထုသို့ အလေးအနက် တင်ပြသည်)
1👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «အခု ပြည်သူ့တော်လှန်ရေးခရီးက အချိန်ငါးနှစ်ရှိလာတဲ့အခါမှာ ဒီ “တရားဝင်မှု” သပ်သပ်နဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ မလုံလောက်တော့ပါဘူး။ အခုက မြေပြင်မှာ တကယ်အုပ်ချုပ်ရပါပြီ၊ တကယ်စ-စ်တိုက်ရပါပြီ၊ တကယ် ဘဏ္ဍာရေးကိစ္စတွေ စီမံခန့်ခွဲရပါပြီ၊ တကယ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို…»
🚨မြင်းမူ🚨

မြင်းမူမြို့နယ်၊ဝမ်းပြည့်ကျေးရွာ စာသင်ကျောင်းပေါက်တွင် စခများရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jul 7, 8:43PM
📬သတင်းပို့ရန် @EagleInformationOperator
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် တောင်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 7, 8:55PM
📬သတင်းပို့ရန် @EagleInformationOperator
1👍1
🚨မုံရွာ🚨

မုံရွာ၊ကျောက်စစ်ပုံ အမတ(၅၀၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jul 7, 9:07PM
📬သတင်းပို့ရန် @EagleInformationOperator
2👍1🙏1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းများပေးပို့ရန် @EagleInformationOperator
🙏3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
2🥰2
🚨ချောင်းဦး🚨

ချောင်းဦးမြို့နယ်၊ကံကြီးကုန်းပျူရွာမှ ပခများသည် ကား(၁)စီးဖြင့် ရိက္ခာထွက်ယူရန် မြစ်ဆိပ်ကမ်းဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jul 8, 7:05AM
📬သတင်းပို့ရန် @EagleInformationOperator
👍41
🚨စစ်ကိုင်း🚨

စစ်ကိုင်း အုန်းတော တကရ(၆၀၀၅)မှ စခများသည် ဟောင်ဝပ်ဇာလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jul 8, 8:46AM
📬သတင်းပို့ရန် @EagleInformationOperator
🙏3
🚨အရာတော်🚨

အရာတော်နယ်၊အမတ(၃၆၉)မှထွက်လာ‌သောစခများသည် ညောင်ဒူးဘုန်းကြီးကျောင်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jul 8, 9:17AM
📬သတင်းပို့ရန် @EagleInformationOperator
👍2
🚨မြင်းမူ🚨

♦️မြင်းမူ၊အလ္လကပ္ပ‌ကျေးရွာသို့ရောက်ရှိနေသောစခများသည် အိမ်စီးကားများဖြင့်ကင်းပတ်နေကြောင်းသတင်းရရှိ။

♦️မြင်းမူ၊ဂွေးပင်တောမှ စခများသည်အိမ်စီးကား(၁)စီးဖြင့်အရှေ့သို့ထွက်နေကြောင်းသတင်းရရှိ။

#EIO
Jul 8, 10:15PM
📬သတင်းပို့ရန် @EagleInformationOperator
👍2
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည် အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆိုအရေးအသားများဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့် အချိန်တွင် ကျရောက်သည့် နေရာအတိအကျများ နှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊ လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ မိဘပြည်သူများအား အထူးသတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပေးပို့ရန် -
@EagleInformationOperator
🙏31