Dawei Watch
✔
10.7K subscribers
29.3K photos
34 videos
36 files
21.9K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
ထားဝယ်ရေကြီး၊ တောင်ပြိုကပ်ဘေးကို ကူညီမည့် ပန်းချီပြပွဲ

Dawei Watch | ဓာတ်ပုံသတင်း

ထားဝယ်မြို့၊ ကမ်းနားလမ်း၊ ယဉ်ကျေးမှုပြတိုက် နောက်ကျောဘက်ရှိ လှိုင်းခတ်သံ ပန်းချီပြခန်းတွင် အောက်တိုဘာလ ၂၄ ရက်မှစ၍ အောက်တိုဘာလ ၃၀ ရက်အထိ ရန်ပုံငွေပန်းချီပြပွဲတစ်ခု ပြုလုပ်နေသည်။

ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပု (ပန်းပညာရှင်) အစည်းအရုံးဝင် ပန်းချီဆရာ၊ ဆရာမနှင့် ဝါသနာရှင် စုစုပေါင်း ၂၇ ဦး၏ အမျိုးအစားစုံ ပန်းချီကား ၁၂၄ ကား ပြသထားသည်။ ပန်းချီကားတန်ဖိုး အနိမ့်ဆုံးဈေး ကျပ်ငါးသောင်းမှ အမြင့်ဆုံးဈေး ငါးဆယ့်ငါးသိန်းကျပ်အထိ ပါဝင်သည်။

ပန်းချီကားရောင်းရငွေများကို ပန်းချီဆရာများ၏ ဆန္ဒအရ ၅၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်အထိ ရေကြီး၊ တောင်ပြိုကပ်ဘေးသင့်ဒေသကို ကူညီမည်ဟု သိရသည်။

ထားဝယ်ဒေသထွက် အိုး၊ ဆီမီးခွက်နှင့် သပိတ်အိုးများကို ဆေးရောင်ဖြင့် အလှဆင်ရောင်းချခြင်းနှင့် လက်ရေးပန်းချီ (ဒန်းဆိုးခြင်း) ရေးဆွဲခြင်းတို့ဖြင့် လူငယ်စေတနာဝန်ထမ်းများက ရန်ပုံငွေရှာဖွေနေကြသည်။
❤5🔥1
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေးတက်

Dawei Watch | အောက်တိုဘာ ၂၈

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေနှင့် ထိုင်းဘတ်ဈေး တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၁၅၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၇၀ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းလည်း ဆက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၃၅ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
👍2🔥1
ထိုင်းဆောက်လုပ်ရေးတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

အလုပ်လုပ်ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု၊ တရားမဝင် ဝင်ရောက်လာမှုတွေနဲ့ အရေးယူထားပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/10/2026/139713/
😢4🔥1😘1
ရေဖြူတွင် မြစ်ကူးတံတားအနီး မိုင်းနင်းမိ၍ ညီအစ်မနှစ်ဦး ဒဏ်ရာရ

“မသွားရဘူးလို့ သတိပေးထားတဲ့နေရာလည်း ဖြစ်တယ်။ တစ်နေ့က ရွာသားတစ်ယောက် သွားတာ ဘာမှမဖြစ်ဘူးဆိုတော့ သူတို့လည်း သွားခဲ့ပုံရတယ်”

ဒေသခံတစ်ဦး

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/10/2026/139718/
😢3🔥2❤1
ဖူးခက်တွင် ကားတိုက်ခံရပြီး မြန်မာအမျိုးသမီးတစ်ဦးသေဆုံး

မြန်မာအမျိုးသမီး လမ်းဖြတ်ကူးဖို့ ရပ်နေချိန် ကားဝင်တိုက်တာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/10/2026/139721/
😢3🔥2
ကျိုက်ထိုတွင် စစ်အာဏာရှင်တပ် တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ရှစ်ဦးသေဆုံး၊ ၁၀ ကျော် ဒဏ်ရာရ

တိုက်ပွဲ မဖြစ်ဘဲ ကျေးရွာတွေကို လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေတယ်လို့ KNU က ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/10/2026/139724/
❤1👍1🤬1
ဘန်ကောက်တွင် တရုတ်အလုပ်ရှင်ကို သတ်ပြီးထွက်ပြေးနေသော မြန်မာစုံတွဲနှစ်တွဲကို ရဲတပ်ဖွဲ့ အပူတပြင်းရှာ

လုပ်အားခလည်း မပေးသလို ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်တာကြောင့် စကားများရန်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://migrantdaweiwatch.com/28/10/2026/105064/
❤2👏1
မောတောင်တွင် စစ်ဘေးရှောင်များ ငှက်ဖျားအဖြစ်များပြီး ခြင်ထောင်များလိုအပ်

“ခြင်ထောင် ထောင်ပြီး အိပ်လားမေးရင် ခြင်ထောင်မရှိတဲ့သူက ပိုများနေတယ်”

ကျန်းမာရေးဆရာမတစ်ဦး

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/10/2026/139731/
😢2👍1🔥1😁1
မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းမိလို့ အမ်ဘတ်ပေ ပြန်တောင်းပန်

တရုတ်ကုမ္ပဏီတွေဘက်က ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံနေရပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/10/2026/139735/
😁2🤮1
ထားဝယ် ရေကြီးတောင်ပြိုကပ်ဘေးကို ကူညီမယ့် ပန်းချီပြပွဲ

DaweiWatch | ရုပ်သံ

ပန်းချီကားရောင်းရငွေရဲ့  á…၀ ရာခိုင်နှုန်းက ရာနှုန်းပြည့်အထိ ကူညီလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

https://youtu.be/lR3PQFfGfX8
👍2🔥1
ကျိုက်ထိုမှာ စစ်အာဏာရှင်တပ်တိုက်ခိုက်လို့ တစ်ပတ်အတွင်း အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ

DaweiWatch | ရုပ်သံ

တိုက်ပွဲမဖြစ်ဘဲ လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ á€•စ်ခတ်တဏတွ္ကဟ္ဏင်အ ထိခိုက်သေဆုံးခဲ့ကြတာပါ။

https://youtu.be/pIPvb9bl1go
😢2❤1😁1